gram news
Аватар канала Head of State

Head of State

@leaderaung

"ပြည်သူ့ အကျိုးအတွက် ထမ်းရွက်မည်"

ПроектыENПолитика

10,900подписчиков

Открыть канал

Последние посты

  • Head of State

    22 сент., 04:10

    လယ်ယာကဏ္ဍမှ တန်ဖိုးမြှင့်ထုတ်ကုန်နှင့် ပိုကုန်ဈေးကွက်အထိ ချိတ်ဆက်ဆောင်ရွက်ရန်လို“လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို” ဟူသည့် ရည်မှန်းချက်သည် လယ်ယာကဏ္ဍတစ်ခုတည်းကို ဖွံဖြိုးတိုးတက်စေရန်ပြောကြားခြင်းမဟုတ်ဘဲ လယ်ယာထွက်ကုန်မှ ကုန်ကြမ်း၊ ကုန်ကြမ်းမှ တန်ဖိုးမြှင့်ထုတ်ကုန်၊ ပိုကုန်ဈေးကွက်အထိ တန်ဖိုးကွင်းဆက်တစ်လျှောက် ချိတ်ဆက်ပြီး နိုင်ငံ့ထုတ်ကုန်တိုးတက်လာစေရေးကို ရည်မှန်းသည့် မူဝါဒဦးတည်ချက်တစ်ရပ်လည်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့က “လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ထိုပြင် လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍ၊ နည်းပညာကဏ္ဍနှင့် ဈေးကွက်ရရှိရေးတိုအကြား အပြန်အလှန်ချိတ်ဆက်မှုကို ခိုင်မာအောင် တည်ဆောက်ပြီး ယခင်တန်ဖိုးထက် ပိုမိုမြင့်မားလာအောင် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။WebsiteYou
    Иллюстрация к посту канала Head of StateИллюстрация к посту канала Head of State
  • Head of State

    21 сент., 09:06

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ “လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့” အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်မိန့်ခွန်း ပြောကြား“လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ စက်တင်ဘာ ၂၁ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။နိုင်ငံတော်သမ္မတက လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် နိုင်ငံ့ထုတ်ကုန်တိုးတက်လာစေရေးအတွက် ထုတ်လုပ်မှုမှ ကုန်ကြမ်း၊ တန်ဖိုးမြှင့်ထုတ်ကုန်၊ စက်မှုလုပ်ငန်း၊ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အထိ တန်ဖိုးကွင်းဆက်တစ်လျှောက် အားလုံးပါဝင်နိုင်ရေး ချိတ်ဆက်ဖော်ဆောင်ရန်လိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။WebsiteYouTubeTikTokX(Twitter)FacebookTelegram
    Иллюстрация к посту канала Head of StateИллюстрация к посту канала Head of StateИллюстрация к посту канала Head of StateИллюстрация к посту канала Head of State
    1,49012221Открыть в Telegram
  • Head of State

    20 сент., 11:51

    ချမ်းမြေ့ရိပ်သာကျောင်းတိုက် ပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင် နိကာယရတ္တညူမဟာနာယက၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ၊ ဆဋ္ဌသင်္ဂီတိ ပါဠိပဋိဝိသောဓက၊ သကျသီဟနှင့် အစိုးရသိရီ ပဝရဓမ္မာစရိယ ဘဒ္ဒန္တဇနကာဘိဝံသ၏ ဥတုဇရုပ်ကလပ်တော်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတနှင့် ဇနီး သွားရောက်ဖူးမြော်ကြည်ညိုရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ချမ်းမြေ့ရိပ်သာကျောင်းတိုက် ပဓာန နာယက နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယ ရတ္တညူမဟာနာယက၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ၊ ဆဋ္ဌသင်္ဂီတိ ပါဠိပဋိဝိသောဓက၊ သကျသီဟနှင့် အစိုးရသိရီ ပဝရဓမ္မာစရိယ ဘဒ္ဒန္တဇနကာဘိဝံသ မဟာထေရ်မြတ်ကြီး သည် သက်တော်(၉၉) နှစ်၊ သိက္ခာတော်(၇၉)ဝါအရ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ တော်သလင်းလဆန်း (၈)ရက်၊ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက် (စနေနေ့)၊ ၁၁ နာရီ ၃ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။WebsiteYouTubeTikTokX(Twitter)FacebookTelegram
    Иллюстрация к посту канала Head of StateИллюстрация к посту канала Head of StateИллюстрация к посту канала Head of StateИллюстрация к посту канала Head of State
    1,61010731Открыть в Telegram
  • Head of State

    18 сент., 02:35

    အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရန်လိုပြီး အဓိကလိုအပ်သည်မှာ အမှန်တကယ်အလုပ်လုပ်ကိုင်လိုစိတ်ရှိရန်သာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြားပြည်သူများအလုပ်အကိုင်ရရှိရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများကို အစိုးရကဖန်တီး ပေးရမည်ဖြစ်ပြီး အဓိကလိုအပ်သည်မှာ အမှန်တကယ်အလုပ်လုပ် ကိုင်လိုစိတ်ရှိခြင်းပင်ဖြစ် ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် အမှာစကားပြောကြားစဉ် ပြောကြားခဲ့ခြင်းဖြစ် ပါတယ်။ထို့ပြင် အလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့် ပတ်သက်၍ မိမိတို့နိုင်ငံတွင် နိုင်ငံ့ဝန်ထမ်း ရွေးချယ်ခေါ်ယူခန့်ထားရေး၌ စနစ်ကျသည့် စံသတ်မှတ်ချက်များရှိရန်လိုပြီး အတန်းပညာ အောင်မြင်မှုများအလိုက် သင့်လျော်မှန်ကန်သည့် အလုပ်အကိုင်အခွင့်အလမ်း များရရှိနိုင်ရေး ဆောင်ရွက်ပေးကြရန်လိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။WebsiteYouTubeTikTokX(Twitter)FacebookTelegram
    Иллюстрация к посту канала Head of StateИллюстрация к посту канала Head of State
    1,0901542Открыть в Telegram
  • Head of State

    17 сент., 07:48

    နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများကို ဒေသအလိုက် အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံတော်သမ္မတ ပြောကြားစက်တင်ဘာ ၁၅ ရက်မွန်းလွဲပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက မိမိတို့နိုင်ငံတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့သည်။ထို့ပြင် နိုင်ငံတော်သမ္မတက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ လူနေမှုအဆင့်အတန်း မြင့်မားစေရေးအတွက် လျှပ်စစ်ဓာတ်အားလုံလောက်စွာ ရရှိရေးသည် အရေးကြီးသကဲ့သို့ အမှန်တကယ် အလုပ်လုပ်ကြရန်လည်း လိုအပ်ပြီး အားလုံးအတူတကွ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံတော်ကြီး မလွဲမသွေ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း
    Иллюстрация к посту канала Head of StateИллюстрация к посту канала Head of State
    1,3201351Открыть в Telegram
  • Head of State

    17 сент., 03:32

    နိုင်ငံတော်သမ္မတဦးမင်းအောင်လှိင် သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခံရပြီးရက်ပေါင်း (၁၆၀) အတွင်း သက်ဆိုင်ရာနိုင်ငံများမှနိုင်ငံ့ခေါင်းဆောင်အသီးသီး၏ ဖိတ်ကြားမှုကြောင့် သွားရောက်ခဲ့သည့် State Visit ၊ Official Visit နိုင်ငံတကာခရီးစဉ်များWebsiteYouTubeTikTokX(Twitter)FacebookTelegram
    Иллюстрация к посту канала Head of StateИллюстрация к посту канала Head of State
    1,990132111Открыть в Telegram
  • Head of State

    16 сент., 03:29

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားချက်မှ ‌ကောက်နုတ်ချက်WebsiteFacebookYouTubeTikTokX(Twitter)Telegram
    Иллюстрация к посту канала Head of StateИллюстрация к посту канала Head of StateИллюстрация к посту канала Head of StateИллюстрация к посту канала Head of State
    2,230132111Открыть в Telegram
  • Head of State

    15 сент., 12:23

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယနေ့ စက်တင်ဘာ ၁၅ ရက်မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ တက်ရောက်အမှာစကားပြောကြားသည်။ထိုသို့ အမှာစကားပြောကြားရာတွင် နိုင်ငံတော်သမ္မတက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှ နိုင်ငံသားများ၏ လူမှုစီးပွားဘဝများသည်လည်း ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်သဖြင့် တည်ငြိမ်အေးချမ်းမှု ရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးတို့အတွက် နိုင်ငံတော်တွင် အတူတကွမှီတင်း နေထိုင်ကြသည့် ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးက ကိုယ်စီအသိရှိစွာဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။WebsiteYouTubeTikTokX(Twitter)FacebookTelegram
    Иллюстрация к посту канала Head of StateИллюстрация к посту канала Head of StateИллюстрация к посту канала Head of StateИллюстрация к посту канала Head of State
    1,470104111Открыть в Telegram
  • Head of State

    15 сент., 09:02

    မြန်မာနိုင်ငံ၏ဖြစ်ပေါ်တိုးတက်မှုများအပေါ် အထူးအလေးထား စိတ်ဝင်စားမှုများအတွက်လည်း ကျေးဇူးတင်ရှိ နိုင်ငံတော်သမ္မတ ပြောကြားအဆွေတော်၏ မြန်မာနိုင်ငံအပေါ် ညီရင်းအစ်ကိုပမာစိတ်ဖြင့် အစဉ်တစိုက်အားပေးထောက်ခံမှုများနှင့် မြန်မာနိုင်ငံ၏ဖြစ်ပေါ်တိုးတက်မှုများအပေါ် အထူးအလေးထား စိတ်ဝင်စားမှုများအတွက်လည်း ကျေးဇူးတင်ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော်(ဆီးနိတ်)ဥက္ကဋ္ဌ ဆမ်ဒက်ဟွန်ဆင်တို့ တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ထို့ပြင် မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်စဉ် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာ၌ အဆွေတော်၏ လမ်းညွှန်မှုဖြင့် ကမ္ဘောဒီးယားနိုင်ငံက အရေးပေါ်ရန်ပုံငွေပေးပို့ကူညီခဲ့သည်ကို အထူးပင်ကျေးဇူးတင်အမှတ်ရနေပါကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။WebsiteFacebookYouTubeTikTokX(Twitter)Telegram
    Иллюстрация к посту канала Head of StateИллюстрация к посту канала Head of State
    1,57093111Открыть в Telegram
  • Head of State

    14 сент., 05:26

    ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး၊ စစ်သံရုံးမိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြားချက်မှ ကောက်နုတ်ချက်WebsiteFacebookYouTubeTikTokX(Twitter)Telegram
    Иллюстрация к посту канала Head of StateИллюстрация к посту канала Head of StateИллюстрация к посту канала Head of StateИллюстрация к посту канала Head of State
    1,9301051Открыть в Telegram
  • Head of State

    12 сент., 09:58

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ကမ္ဘောဒီးယားနိုင်ငံ၏ သမိုင်းဝင် ကမ္ဘာ့အမွေအနှစ် အန်ကောဝပ်ကျောင်းတော်နှင့် Bayon temple သို့ သွားရောက်လေ့လာကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်(State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ယနေ့ စက်တင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိပြည်နယ်ရှိ ကမ္ဘာ့အမွေအနှစ် အန်ကောဒေသအတွင်းမှ ကမ္ဘာကျော် အန်ကောဝပ်ကျောင်းတော်နှင့် Bayon temple သို့ သွားရောက်၍ ကြည့်ရှုလေ့လာခဲ့သည်။နိုင်ငံတော်သမ္မတသည် အန်ကောဝပ်ကျောင်းတော်အတွင်းရှိ ရှေးဟောင်းအဆောက်အအုံများ၊ ခမာဗိသုကာလက်ရာများ၊ ကျောက်ဆစ်ပန်းပုနှင့် နံရံပန်းချီ၊ ရုပ်ကြွလက်ရာများကို လှည့်လည် ကြည့်ရှုလေ့လာပြီး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ထားရှိမှု အခြေအနေများကိုလည်း လေ့လာခဲ့သည်။WebsiteYouTubeTikTokX(Twitter)FacebookTelegram
    Иллюстрация к посту канала Head of StateИллюстрация к посту канала Head of StateИллюстрация к посту канала Head of StateИллюстрация к посту канала Head of State
  • Head of State

    12 сент., 09:56

    12 сент., 06:32

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတအား ဆီရမ်ရိပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Prak Sophoan က ဂုဏ်ပြုနေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်(State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတအား ယနေ့ စက်တင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းတွင် ဆီရမ်ရိပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Prak Sophoan က ဂုဏ်ပြုနေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။WebsiteYouTubeTikTokX(Twitter)FacebookTelegram
    Иллюстрация к посту канала Head of StateИллюстрация к посту канала Head of StateИллюстрация к посту канала Head of StateИллюстрация к посту канала Head of State
  • Head of State

    11 сент., 09:32

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ လွတ်လပ်ရေးကျောက်တိုင်နှင့် ခမည်းတော်ဘုရင် Preah Borom Ratanak Kaudh ကျောက်တိုင်တို့၌ လွမ်းသူ့ပန်းခွေချအလေးပြုကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်(State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ စက်တင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းတွင် ဖနွမ်းပင်မြို့ရှိ လွတ်လပ်ရေးကျောက်တိုင်နှင့် ခမည်းတော်ဘုရင် Preah Borom Ratanak Kaudh ကျောက်တိုင်တို့၌ လွမ်းသူ့ပန်းခွေချ အလေးပြုသည်။WebsiteFacebookYouTubeTikTokX(Twitter)Telegram
    Иллюстрация к посту канала Head of StateИллюстрация к посту канала Head of StateИллюстрация к посту канала Head of StateИллюстрация к посту канала Head of State
  • Head of State

    11 сент., 08:07

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတအား ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ ကိုယ်စား ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော်(ဆီးနိတ်)ဥက္ကဋ္ဌ ဆမ်ဒက်ဟွန်ဆင်က ဂုဏ်ပြုနေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်(State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတအား ယနေ့ စက်တင်ဘာ ၁၁ ရက် နေ့လယ်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ ဘုရင် မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ ကိုယ်စား ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော် (ဆီးနိတ်)ဥက္ကဋ္ဌ ဆမ်ဒက်ဟွန်ဆင်က ဂုဏ်ပြုနေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။အဆိုပါ ဂုဏ်ပြုနေ့လယ်စာစားပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။WebsiteFacebookYouTubeTikTokX(Twitter)Telegram
    Иллюстрация к посту канала Head of StateИллюстрация к посту канала Head of StateИллюстрация к посту канала Head of StateИллюстрация к посту канала Head of State
  • Head of State

    11 сент., 05:34

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ ကိုယ်စား ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့်အထက်လွှတ်တော်(ဆီးနိတ်)ဥက္ကဋ္ဌ ဆမ်ဒက်ဟွန်ဆင်နှင့် တွေ့ဆုံဆွေးနွေးကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်(State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ယနေ့ စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ ကိုယ်စား ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့်အထက်လွှတ်တော်(ဆီးနိတ်)ဥက္ကဋ္ဌ ဆမ်ဒက်ဟွန်ဆင်၊ နှစ်နိုင်ငံမှ တာဝန်ရှိသူများနှင့်အတူ တွေ့ဆုံဆွေးနွေးသည်။WebsiteFacebookYouTubeTikTokX(Twitter)Telegram
    Иллюстрация к посту канала Head of StateИллюстрация к посту канала Head of StateИллюстрация к посту канала Head of StateИллюстрация к посту канала Head of State
  • Head of State

    10 сент., 03:54

    ဒေသတွင်းနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများ တိုးမြှင့်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတ ပြောကြား မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အဓိကဆောင်ရွက်သည့် နိုင်ငံတစ်ခုဖြစ်သည့်အတွက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့်
    Иллюстрация к посту канала Head of StateИллюстрация к посту канала Head of State
  • Head of State

    9 сент., 04:09

    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားတွင် အမှာစကားပြောကြားစဉ် ပြောကြားချက်မှ ကောက်နုတ်ချက် Website Facebook YouTube TikTok X(Twitter) Telegram
    Иллюстрация к посту канала Head of StateИллюстрация к посту канала Head of StateИллюстрация к посту канала Head of StateИллюстрация к посту канала Head of State
    8771521Открыть в Telegram