gram news
Аватар канала Myanmar Liverpool Fan Club

Myanmar Liverpool Fan Club

@liverpool1453

You can view and join @liverpool1453 right away.

ПроектыENСпорт

5,474подписчиков

Открыть канал

Последние посты

  • Myanmar Liverpool Fan Club

    22 сент., 13:15

    🔴 ပေါင် ၁၁၆ သန်းတန် ဗက်ဇ်ရဲ့အပြောင်းအရွှေ့ကြောင့်သာ နည်းပြ အန်ဒိုနီ အီရာအိုလာအနေနဲ့ ဗက်ဇ်ကို နေရာရအောင် အစွမ်းကုန် အသုံးချနေရတာမဟုတ်ရင်၊ လီဗာပူးလ်ရဲ့ ကွင်းလယ်အလယ်တည့်တည့်မှာ ထရီး ညိုနီနဲ့ မက် အယ်လစ်စတာတို့ကို တွဲဖက်ပြီး အခင်းအကျင်း ပြောင်းလဲထားလောက်ပြီ ဖြစ်ပါတယ်။ဒါဆိုရင် ဆိုဘိုစလိုင်းအနေနဲ့လည်း ခံစစ်တာဝန် လျှော့နည်းပြီး သူ အပိုင်နိုင်ဆုံးနဲ့ ခြေစွမ်းအပြနိုင်ဆုံးဖြစ်တဲ့ နံပါတ် ၁၀ တိုက်စစ်ကွင်းလယ် နေရာမှာ လွတ်လပ်စွာ ကစားခွင့် ရရှိလာမှာ ဖြစ်ပါတယ်။ခင်ဗျားတို့အမြင်ရော ဘယ်လိုရှိကြလဲ?
    Иллюстрация к посту канала Myanmar Liverpool Fan ClubИллюстрация к посту канала Myanmar Liverpool Fan ClubИллюстрация к посту канала Myanmar Liverpool Fan Club
  • Myanmar Liverpool Fan Club

    22 сент., 13:05изменён

    🔴 အန်ဒိုနီ အီရာအိုလာဟာ ၁၉၈၃ ခုနှစ် စက်တင်ဘာလက ဂျိုး ဖေးဂန်နောက်ပိုင်း လီဗာပူးလ်အသင်းကို စတင်ကိုင်တွယ်ပြီး ပထမဆုံး လိဂ် ၅ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန် ရယူနိုင်ခဲ့တဲ့ ပထမဆုံး နည်းပြဖြစ်လာခဲ့ပါတယ်။၁၉၈၃ ခုနှစ်တုန်းက ဂျိုး ဖေးဂန် ပြီးတဲ့နောက်ပိုင်း လီဗာပူးလ်ကို တာဝန်ယူခဲ့တဲ့ နည်းပြပေါင်းများစွာ ရှိခဲ့ပေမဲ့ အန်ဒိုနီ အီရာအိုလာ ကတော့ လိဂ် ပထမ ၅ ပွဲမှာ ရှုံးပွဲမရှိ စံချိန်နဲ့အတူ အသင်းမှာ အစကောင်းတစ်ခုကို ရယူပြနိုင်ခဲ့တာဖြစ်ပါတယ်။
    Иллюстрация к посту канала Myanmar Liverpool Fan ClubИллюстрация к посту канала Myanmar Liverpool Fan Club
  • Myanmar Liverpool Fan Club

    22 сент., 12:58

    🔴 ဆာဒီယို မာနေးတစ်ယောက် မွေးရပ်မြေအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ ထပ်မံ ရင်းနှီးမြှုပ်နှံလိုက်ပြန်ပါပြီ။သူ့ရဲ့ မွေးရပ်မြေ ဘမ်ဘာလီရွာလေးမှာ စာသင်ကျောင်း၊ ဆေးရုံ၊ ဗလီနဲ့ ဓာတ်ဆီဆိုင်တွေကို မတည်လှူဒါန်းပေးခဲ့ပြီးတဲ့နောက် အခုလည်း ဒေါ်လာ သန်း ၂၀ ကုန်ကျမယ့် "SM10 AGRO" လို့ အမည်ပေးထားတဲ့ သရက်သီး စိုက်ပျိုးထုတ်လုပ်ရေး စီမံကိန်းကြီးမှာ ရင်းနှီးမြှုပ်နှံလိုက်တာ ဖြစ်ပါတယ်။ဒီစီမံကိန်းမှာ သရက်စိုက်ခင်းတွေ၊ ကုန်ချောထုတ်စက်ရုံတွေ၊ စိုက်ပျိုးရေး လေ့ကျင့်သင်ကြားရေးစင်တာနဲ့ သုတေသနဌာနတွေ ပါဝင်မှာဖြစ်ပြီး ဒေသခံ ၁,၀၀၀ ကျော်အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မှာပါ။"ကျွန်တော်တို့ရဲ့ ကြွယ်ဝချမ်းသာမှုတွေကို အမျိုးတို့ဆီမှာပဲ ရှိနေစေချင်တယ်။ အကျိုးအမြတ်တွေကိုလည်း စီမံကိန်းရှိတဲ့ ကျွန်တော်တို့ ပြည်သူတွေပဲ ခံစားရမယ်" လို့ ဘမ်ဘာလီမှာ ပြုလုပ်ခဲ့တဲ့ သရက်သီးစီမံကိန်း မိတ်ဆက်ပွဲမှာ မာနေးက ပြောကြားသွားခဲ့ပါတယ်။တကယ်ကို လေးစားထိုက်တဲ့ ဆာဒီယိုပါပဲ 👏
    Иллюстрация к посту канала Myanmar Liverpool Fan ClubИллюстрация к посту канала Myanmar Liverpool Fan Club
  • Myanmar Liverpool Fan Club

    22 сент., 12:48

    🔴 ရစ်ချတ် ဟူးချ်စက်တင်ဘာ ၅ ရက်မှာ ထွက်ခွာသွားခဲ့လို့ လီဗာပူးလ်အသင်းက လစ်လပ်နေတဲ့ အားကစားဒါရိုက်တာနေရာအတွက် လူသစ်ရှာဖွေမှုတွေ စတင်နေပါပြီ။လက်ရှိမှာတော့ လီဗာပူးလ်ရဲ့ ပစ်မှတ်က ဘရန်ဖို့ဒ်အသင်းရဲ့ နည်းပညာအတွင်းရေးမှူးလည်းဖြစ်၊ ကင်းထောက်ဟောင်းလည်းဖြစ်သူ လီ ဒိုက်ခ်ဖြစ်နေပါတယ်။ သူဟာ ဒေးဗစ် ရာယာ၊ အီဂေါ သီယာဂို၊ ဘရိုင်ယန် အမ်ဘူမိုနဲ့ ယိုအာနီ ဝီဆာ စတဲ့ ခြေစွမ်းထက် ကစားသမားတွေကို ဘရန်ဖို့ဒ်ဆီ ခေါ်ယူဖို့ အဓိက လမ်းညွှန်ပေးခဲ့သူလည်း ဖြစ်ပါတယ်။
    Иллюстрация к посту канала Myanmar Liverpool Fan ClubИллюстрация к посту канала Myanmar Liverpool Fan Club
  • Myanmar Liverpool Fan Club

    21 сент., 12:53

    🔴 လီဗာပူးအသင်းဟာ ဒဏ်ရာပြဿနာသာ မရှိခဲ့ရင် ဘရိုက်တန် တောင်ပံကစားသမား မင်တေးကို အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ခေါ်ယူသွားဖို့ ရှိခဲ့ပါတယ်။အသက် ၂၂ နှစ်အရွယ် ဂမ်ဘီယာ တောင်ပံကစားသမား ရန်ကူဘာ မင်တေးသာ ဒဏ်ရာမရခဲ့ရင် လီဗာပူးအသင်းဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာတင် သူ့ကို ခေါ်ယူဖို့ အဆင်သင့် ဖြစ်နေခဲ့တာပါ။ဒါပေမဲ့ မထင်မှတ်ဘဲ ရရှိသွားတဲ့ ဒဏ်ရာကြောင့်ပဲ အပြောင်းအရွှေ့ သဘောတူညီမှု ရရှိတော့မယ့် အခြေအနေဟာ လုံးဝ ပျက်ပြယ်သွားခဲ့ရပါတယ်။
    Иллюстрация к посту канала Myanmar Liverpool Fan ClubИллюстрация к посту канала Myanmar Liverpool Fan Club
  • Myanmar Liverpool Fan Club

    21 сент., 12:27

    💬 အန်ဒိုနီ အီရာအိုလာ"ကျနော့်အမြင်ပြောရရင် ပထမဆုံးပွဲစဉ်တွေနဲ့ ယှဉ်ရင် အသင်းက သိသိသာသာကို တိုးတက်လာတာပါ။ လိုအပ်ချက်တွေ ရှိနေသေးပေမဲ့ ပရီးမီးယားလိဂ်မှာ သုံးပွဲဆက်တိုက် Clean Sheet ရထားတာကတော့ သတင်းကောင်းပါပဲ။ ဒီနေ့ပွဲက ခက်ခဲမယ်ဆိုတာ ကျနော် သိပြီးသားပါ။ ဘုန်းမောက်ကွင်းမှာ ဘယ်တော့မှ သက်တောင့်သက်သာ ဆော့လို့မရပါဘူး။သူတို့က ဖိအားပေးမှာဖြစ်လို့ ကျနော်တို့ဘက်က အခြေအနေအတိုင်း လိုက်လျောညီထွေဖြစ်အောင် ကစားပြီး ဒီလိုပွဲတွေကို အနိုင်ယူနိုင်ရပါမယ်။ အခုလာမယ့် ပွဲစဉ်ဇယားက အတော်လေး ခက်ခဲတာမို့ အဆင်သင့် ပြင်ထားဖို့ လိုပါတယ်။ ဇယားထိပ်ပိုင်း ၄ သင်းနဲ့ ဆက်တိုက်ဆော့ရမှာ ဖြစ်သလို ကြားထဲမှာ ချန်ပီယံလိဂ်ပွဲတွေအပြင် ဖလားပွဲမှာလည်း ချဲလ်ဆီးနဲ့ တွေ့ရဦးမှာပါ။ နိုင်ငံတကာပွဲစဉ်တွေအပြီး လာမယ့်တစ်လက ကျနော်တို့အတွက် အလွန်အရေးကြီးတာမို့ အပြည့်အဝ ပြင်ဆင်ထားကြရပါမယ်။"
    Иллюстрация к посту канала Myanmar Liverpool Fan ClubИллюстрация к посту канала Myanmar Liverpool Fan Club
  • Myanmar Liverpool Fan Club

    21 сент., 12:25

    💬 ကာရေဂါ"ကျနော့်အမြင်ပြောရရင် ရှေ့လျှောက် အီရာအိုလာအနေနဲ့ သေချာ စဉ်းစားဆုံးဖြတ်ရတော့မယ်။ ကျနော်သာဆိုရင် ဗက်ဇ်ကို လီဗာပူး ပွဲထွက်လူစာရင်းမှာ ထည့်မှာမဟုတ်ဘူး။""ဗက်ဇ်ဟာ ကျနော့်ရဲ့ လီဗာပူးအသင်းမှာ ပါစရာအကြောင်းကို မရှိတာပါ။ အိမ်ကွင်းမှာ မန်စီးတီးနဲ့ ဆော့ရမယ့်ပွဲဆိုရင် ပိုလို့တောင် ပွဲထွက်မှာ မဟုတ်ဘူး။""ဒီ ဘုန်းမောက်နဲ့ ပွဲဟာ ဗက်ဇ်အတွက် အရေးကြီးတဲ့ပွဲလို့ ကျနော် ထင်ခဲ့တာ။ ဘာလို့လဲဆိုတော့ သူသာ ဒီပွဲမှာ အစွမ်းမပြနိုင်ရင် သုံးပတ်လောက် နားလိုက်ရတော့မယ်။ နိုင်ငံတကာပွဲစဉ်တွေအပြီး အသင်းပွဲတွေ ပြန်စချိန်ဆို အောက်တိုဘာ ရောက်သွားပြီ။ အဲဒီကနေ ခဏလေးဆို အောက်တိုဘာ၊ နိုဝင်ဘာ ကုန်ပြီး ခရစ်စမတ်တောင် ရောက်တော့မယ်။ သူ တစ်ခုခုတော့ ပွဲထွက်ပြဖို့ လိုနေပြီဗျ။"
    Иллюстрация к посту канала Myanmar Liverpool Fan ClubИллюстрация к посту канала Myanmar Liverpool Fan Club
    447211Открыть в Telegram
  • Myanmar Liverpool Fan Club

    21 сент., 12:22

    💬 အီဆက်"ဒီနေ့မှာ အသက် ၂၇ နှစ် ပြည့်ခဲ့ပါပြီ။ အခုချိန်ထိ အောင်မြင်ခဲ့သမျှ ကြိုးစားမှုတိုင်းအတွက် ကျေးဇူးတင်ပေမဲ့ အနောက်ကို ပြန်လှည့်ကြည့်နေဖို့အတွက် မဟုတ်ပါဘူး။ ကျွန်တော် လီဗာပူးကို ရောက်လာတာ ဆုဖလားတွေ ရယူချင်လို့ဖြစ်ပြီး၊ဒီရာသီမှာတော့ ရွှေဖိနပ်ဆုကိုပါ လိုချင်ပါတယ်။ ဂိုးတွေ အများကြီးသွင်းမယ်၊စံချိန်တွေကို ရိုက်ခွဲမယ်၊ပြီးတော့ အသင်းနဲ့အတူရနိုင်သမျှ အောင်မြင်မှု တိုင်းကို သိမ်းပိုက်ချင်ပါတယ်။ဒီလိုပြင်းထန်တဲ့ ပရီးမီးယားလိဂ်ပြိုင်ဆိုင်မှုမျိုးမှာ ရွှေဖိနပ်ဆုမှန်းတာက မဖြစ်နိုင်ဘူးလို့ပြောကြမယ့်သူတွေရှိမယ်ဆိုတာကိုလည်း သိပါတယ်။ ဒါပေမဲ့ ရပါတယ်။ အဲဒီလို ဖိအားတွေ၊ မျှော်လင့်ချက်တွေ ကြားမှာ ကစားရတာကိုပဲ ကျွန်တော်သဘောကျတယ်။ခေတ်အဆက်ဆက်လီဗာပူးရဲ့ တိုက်စစ်မှူးတစ်ယောက် ဖြစ်လာပြီဆိုရင် အကောင်းဆုံး ကစားသမားတွေနဲ့ ယှဉ်ပြီး အကဲဖြတ်ခံရတာကို လိုလိုလားလား ရှိရပါမယ်။ကျွန်တော့်ရဲ့အကြီးမားဆုံး မွေးနေ့ဆုတောင်းကတော့ အကဲခတ်ရ လွယ်ပါတယ်။ အန်ဖီးလ်ဆီဆုဖလားတွေ ယူဆောင်ပေးချင်တာပါ။ ရာသီအကုန်မှာ ရွှေဖိနပ်ဆု ရရှိပြီး
    Иллюстрация к посту канала Myanmar Liverpool Fan ClubИллюстрация к посту канала Myanmar Liverpool Fan Club
  • Myanmar Liverpool Fan Club

    21 сент., 12:19

    🔴 လီဗာပူးရဲ့ ခံစစ်သစ်တွေကတော့ ဒီရာသီမှာ ရေစုတ်စက္ကူလို လုံးဝ အပေါက်မခံဘဲ အတော်လေး ငြိမ်နေတာတွေ့ရတယ်။ အီရာအိုလာက ဂျက်ကေးနဲ့ အာရူဟိုကို ပွဲထုတ်လိုက်ပြီးကတည်းက သူတို့နှစ်ယောက် ခံစစ်မှာ တွဲဆော့တဲ့ သုံးပွဲဆက်တိုက် Clean Sheet ရထားတာပါ။ဂျက်ကေးဆိုရင် ဒီရာသီ ပရီးမီးယားလိဂ်မှာ Duel Success Rate ၇၆.၃ ရာခိုင်နှုန်းအထိ ရှိနေပြီး (၃၈ ကြိမ်မှာ ၂၉ ကြိမ် အနိုင်ရခဲ့တာ)၊ ဒါဟာ ၂၀၁၉ က ဗန်ဒိုက် ရခဲ့ဖူးတဲ့ အမြင့်ဆုံးစံချိန်နဲ့ သွားတူနေပါတယ်။အာရူဟိုဘက်က ကြည့်ရင်လည်း သူ ပွဲထွက်ဆော့သမျှ ပရီးမီးယားလိဂ်ပွဲတိုင်းမှာ လီဗာပူးတို့ ဂိုး လုံးဝ မပေးရသေးပါဘူး။ ဘုန်းမောက်နဲ့ ပွဲမှာဆိုရင်လည်း ဒီဥရုဂွေးသားဟာ ကွင်းထဲမှာ ယှဉ်ပြိုင်မှုအနိုင်ရတာ အများဆုံး (၉ ကြိမ်) အထိ တတ်နိုင်ခဲ့ပါတယ်။ဒီခံစစ်မှူး နှစ်ယောက်ရဲ့ အားသာချက်တွေက လုံးဝ အချိတ်အဆက် မိနေတာပါ။ အာရူဟိုက ရုပ်ပိုင်းဆိုင်ရာ တောင့်တင်းမှုနဲ့ ဗလအားကိုး ယှဉ်ပြိုင်မှုမှာ သာနေချိန်မှာ၊ ဂျက်ကေးကတော့ ကစားကွက် ပုံဖော်တာ၊ ဘောလုံးကို ရှေ့ဆွဲတင်တာနဲ့ တောင်ပံဘက်တွေကနေ
    Иллюстрация к посту канала Myanmar Liverpool Fan ClubИллюстрация к посту канала Myanmar Liverpool Fan Club
  • Myanmar Liverpool Fan Club

    20 сент., 15:14

    ‼️လီဗာပူးအသင်းဟာ ၂၀၂၄-၂၅ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့တဲ့ ရာသီစတင်ချိန်ကတည်းက ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက် ဂိုးမပေးရဘဲ Clean Sheet ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။အသင်းလိုက်ကစားပုံ အရမ်းကြီးမကောင်းသေးပေမယ့်လည်း အခုလို ကောင်းတဲ့အချက်လေးတွေတော့ ရှိပါသေးတယ်...
    Иллюстрация к посту канала Myanmar Liverpool Fan ClubИллюстрация к посту канала Myanmar Liverpool Fan Club
  • Myanmar Liverpool Fan Club

    20 сент., 15:11

    💬 ဂျရမီ ဂျာကေး“ဗန်ဒိုက်နဲ့ တွဲဖက်ကစားရတာ ကျွန်တော့်အတွက် အခွင့်အရေးကြီးတစ်ခုပါ။ သူ့ဆီကနေ သင်ယူစရာတွေ အများကြီး ရပါတယ်။ အသင်းမှာ အလွန်တော်တဲ့ ကစားသမားတွေအများကြီးနဲ့ တွဲကစားနေရလို့လည်း ဝမ်းသာမိသလို အပြည့်အဝလည်း ပျော်ရွှင်ကျေနပ်မိပါတယ်”
    Иллюстрация к посту канала Myanmar Liverpool Fan ClubИллюстрация к посту канала Myanmar Liverpool Fan Club
  • Myanmar Liverpool Fan Club

    20 сент., 15:03

    🔴 လီဗာပူးအသင်းဟာ ဒီအပတ် ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ AZ အယ်ခမာနဲ့ ဆန်းဒါးလန်း တို့ပွဲမှာ AZ အယ်ခမာ ကွင်းလယ်လူ ကီးစ်စမစ် (Kees Smit) ကို စောင့်ကြည့်ဖို့ ကင်းထောက်တွေ စေလွှတ်ခဲ့ပါတယ်။အသက် ၂၀ အရွယ် ကွင်းလယ်လူအတွက် ပြောင်းရွှေ့ကြေးကို ပေါင် ၅၂ သန်းဝန်းကျင် သတ်မှတ်ထားပြီး သူ့ကို ခေါ်ယူဖို့ ချဲလ်ဆီး၊ တော့တင်ဟမ် ဟော့စပါ၊ နော့တင်ဟမ် ဖောရက်စ် နဲ့ အက်စတွန် ဗီလာ အသင်းတို့ကလည်း စိတ်ဝင်စားနေကြပါတယ်။
    Иллюстрация к посту канала Myanmar Liverpool Fan ClubИллюстрация к посту канала Myanmar Liverpool Fan Club
  • Myanmar Liverpool Fan Club

    20 сент., 15:00

    🔴 လက်ရှိ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းများဆုံးကစားသမားစာရင်းမှာ အီဆက်အနေနဲ့ အာလင်ဟာလန်းနောက် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်...• ဟာလန်း ( ၅ ) ဂိုး • အီဆက် ( ၄ ) ဂိုး
    Иллюстрация к посту канала Myanmar Liverpool Fan ClubИллюстрация к посту канала Myanmar Liverpool Fan Club
  • Myanmar Liverpool Fan Club

    20 сент., 14:52

    အံမယ်... အသင်းကသာ ဘာမှမဟုတ်တာ ပရီးမီးယားလိဂ်မှာ ရှုံးပွဲလည်းမရှိသေးဘူး ၃ ပွဲဆက်လည်း clean sheet ဟ
    Иллюстрация к посту канала Myanmar Liverpool Fan ClubИллюстрация к посту канала Myanmar Liverpool Fan Club
    1,0001152Открыть в Telegram
  • Myanmar Liverpool Fan Club

    20 сент., 11:58

    ဘုန်းမောက်နဲ့ပွဲအတွက် line up ထွက်ပါပြီ🔴
    Иллюстрация к посту канала Myanmar Liverpool Fan ClubИллюстрация к посту канала Myanmar Liverpool Fan Club
  • Myanmar Liverpool Fan Club

    18 сент., 15:28

    🔴 ယာဂင်ကလော့ပ်ဟာ ဂျာမနီအသင်းရဲ့ တိုက်စစ်ကွင်းလယ်လူ ဖလိုရီယန် ဗက်ဇ်ကို နိုင်ငံတကာပွဲစဉ် သွားရောက်ကစားရမယ့် ရက်သတ္တပတ်အတွင်း အနားယူချိန် ပိုမိုရရှိအောင် စီစဉ်ပေးခဲ့တာကြောင့် လီဗာပူးအသင်းအတွက် သွယ်ဝိုက်သောနည်းဖြင့် ကူညီပေးလိုက်သလို ဖြစ်သွားခဲ့ပါတယ်။ဘုန်းမောက်နဲ့ ပွဲစဉ်အပြီးမှာ ဗက်ဇ်အပါအဝင် ဂျာမန် ကစားသမား အများအပြားကို နိုင်ငံတကာပွဲစဉ် ပထမ ၂ ပွဲမှာ ပါဝင်ကစားစရာ မလိုဘဲ အနားယူခွင့် ပေးခဲ့တာပါ။ဒီလို အနားယူချိန် ရရှိလိုက်တာကြောင့် ဗက်ဇ်အနေနဲ့ လာမယ့် ကလပ်အသင်း ပွဲစဉ်တွေမှာ ကြံ့ခိုင်မှု အပြည့်နဲ့ ပြန်လည် ပါဝင်လာနိုင်တော့မှာ ဖြစ်ပါတယ်။
    Иллюстрация к посту канала Myanmar Liverpool Fan ClubИллюстрация к посту канала Myanmar Liverpool Fan Club
  • Myanmar Liverpool Fan Club

    18 сент., 15:24

    💬 အီဆက်" ဘာကိုလာဟာ ကျနော်မျှော်လင့်ထားတာထက် ပိုမြန်တဲ့ကစားသမားပါ။"ဟုတ်ပါတယ်၊ ဒါအမှန်ပါပဲ။ သူက တကယ်ကို လျှင်မြန်တဲ့ ကစားသမားတစ်ဦးပါ။""အစ်ဆွစ်ချ်နဲ့ ပွဲတုန်းကဆိုရင် သူဟာ တစ်နာရီ ၃၅.၉၃ ကီလိုမီတာအထိရှိတဲ့ အံ့အားသင့်စရာ အရှိန်နှုန်းကို ရောက်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ သူဟာ အပြည့်အဝ အရှိန်မြှင့်ပြေးနေတာတောင် မဟုတ်သေးပါဘူး။""ဒါကြောင့် သူဟာ တကယ့်ကို မြန်ဆန်လွန်းတဲ့ ကစားသမားပါပဲ။"
    Иллюстрация к посту канала Myanmar Liverpool Fan ClubИллюстрация к посту канала Myanmar Liverpool Fan Club
  • Myanmar Liverpool Fan Club

    18 сент., 15:20

    💬 ဆိုဘိုဆလိုင်း"ပြီးခဲ့တဲ့အပတ် ဖူလ်ဟမ်နဲ့ပွဲတုန်းက No.8 နေရာမှာ ကစားခဲ့သလို ညာနောက်ခံလူ၊ No.6၊ No.8၊ No.10၊ No.7 အဖြစ်လည်း ကစားခဲ့ဖူးပါတယ်။"" No.6 နေရာမှာဆိုရင် duels ၁၀ ကြိမ်မှာ ၁ ကြိမ်လောက်ပဲ နိုင်ချင်နိုင်မှာမို့လို့ ကျွန်တော် အကောင်းဆုံး မဖြစ်နိုင်သေးပါဘူး။ ဒါပေမဲ့ နောက်ပွဲမှာ ၁၀ ကြိမ်မှာ ၈ ကြိမ်နိုင်ရင်ရော အကောင်းဆုံး No.6 ဖြစ်သွားပြီလား? ဒါဟာ အမြဲတမ်း မျှခြေပေါ်မှာပဲ မူတည်နေတာပါ။""ကျွန်တော့်အတွက် ဘာပဲဖြစ်ဖြစ် ကွင်းထဲမှာ ကစားခွင့်ရနေဖို့ကပဲ အရေးကြီးဆုံးပါ။"
    Иллюстрация к посту канала Myanmar Liverpool Fan ClubИллюстрация к посту канала Myanmar Liverpool Fan Club
  • Myanmar Liverpool Fan Club

    18 сент., 15:16

    🔴 ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ အဓိက ဘယ်နောက်ခံလူ Tyrick Mitchell ကို လီဗာပူးအသင်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။အသက် ၂၇ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင် ကစားသမား Mitchell ဟာ ပဲလေ့စ်အသင်းမှာ ခြေစွမ်းပြသနေပြီး ပရီးမီးယားလိဂ်အတွေ့အကြုံ ရင့်ကျက်သူတစ်ဦးဖြစ်တာကြောင့် အသင်းကြီးတွေရဲ့ ပစ်မှတ် ဖြစ်လာခဲ့တာပါ။လီဗာပူးအသင်းဘက်က တရားဝင် ကမ်းလှမ်းမှု မပြုလုပ်ရသေးသော်လည်း Mitchell သာ ပဲလေ့စ်နဲ့ စာချုပ်သစ် ထပ်မံ မချုပ်ဆိုခဲ့ပါက ၎င်းအား အလွတ်ဖြင့် အရယူနိုင်ရေး အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။
    Иллюстрация к посту канала Myanmar Liverpool Fan ClubИллюстрация к посту канала Myanmar Liverpool Fan Club
  • Myanmar Liverpool Fan Club

    17 сент., 13:22

    💬 ဆိုဘိုဆလိုင်း"ပြိုင်ဘက်က တကယ်တော်တဲ့ အသင်းပါ၊ ဒါပေမဲ့ ငါတို့ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ သူတို့ ဂိုးသွင်းသွားပေမဲ့ ငါတို့ အေးအေးဆေးဆေးနဲ့ အပြုသဘောဆောင်တဲ့ စိတ်ဓာတ်ကိုပဲ ထိန်းထားခဲ့ပါတယ်။ 2-1 ဖြစ်နေရင်နိုင်ပြီမို့လို့ ရူးရူးမူးမူး လိုက်တိုက်ဖို့ထက် 2-1 ဆိုတဲ့ ရလဒ်နဲ့ပဲ နောက်တစ်ဆင့်တက်ဖို့ စီမံခဲ့တာပါ။ တော်သေးတာက ငါ နောက်တစ်ဂိုးနဲ့ အသင်းကို ကူညီပေးနိုင်ခဲ့လို့ပါ"
    Иллюстрация к посту канала Myanmar Liverpool Fan ClubИллюстрация к посту канала Myanmar Liverpool Fan Club