gram news
Аватар канала Popular Journal

Popular Journal

@popularjournal

https://www.popularmyanmar.com/ https://www.youtube.com/c/PopularJournalOfficial

ПроектыENНовостиПодтверждён Telegram

26,600подписчиков

Открыть канал

Последние посты

  • Popular Journal

    23 сент., 11:08

    မုဒုံတွင် ဘောလုံးပွဲကစားနေစဉ် မိုးကြိုးပ-စ်၍ ကစားသမားတစ်ဦး ‌ေ-သဆုံးမိုးကြိုးပ-စ်ချိန် ကွင်းလယ်ဒိုင်အပါအဝင် နှစ်ဖက်ကစားသမားများ လဲကျခဲ့မုဒုံ၊ စက်တင်ဘာ ၂၃မွန်ပြည်နယ်၊ မုဒုံမြို့ရှိ မီတာ ၄၀၀ အားကစားကွင်း၌ ကျင်းပသည့် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အတွင်း မိုးကြိုးပ-စ်မှုဖြစ်ပွားခဲ့ရာ အသက် ၂၉ နှစ်အရွယ် ဘောလုံးကစားသမားတစ်ဦး ‌ေ-သဆုံးခဲ့ကြောင်း မွန်ပြည်နယ်ဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။ဖြစ်စဉ်မှာ စက်တင်ဘာ ၂၂ ရက် ညနေပိုင်းက Lion City အသင်းနှင့် တောင်ပေါ်သားအသင်းတို့ ယှဉ်ပြိုင်ကစားနေစဉ် ဒုတိယပိုင်း အချိန်ပို ၆ မိနစ်ကျော်အရောက်၌ မိုးရွာသွန်းလာပြီး မိုးကြိုးပ-စ်ချခဲ့ခြင်းဖြစ်သည်။မိုးကြိုးပ-စ်မှုကြောင့် ကွင်းလယ်ဒိုင်အပါအဝင် နှစ်ဖက်ကစားသမားများ မြေပြင်ပေါ်သို့ လဲကျခဲ့ပြီး Lion City အသင်းမှ ကစားသမား ကိုသန်းတိုးအောင် (ခ) Sa Sa မှာ ပြန်လည်ထနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။သတင်းအပြည့်အစုံဖတ်ရန်>>https://www.popularmyanmar.com/မုဒုံတွင်-ဘောလုံးပွဲကစာ/
    Иллюстрация к посту канала Popular JournalИллюстрация к посту канала Popular Journal
  • Popular Journal

    23 сент., 10:48

    ကျောက်တုံးကြီး လိမ့်ကျမှုအပြီး တောင်ကြီး ဘုရားတောင်ရှိ ကျောက်သားများ ထပ်မံပြိုကျနိုင်ခြေ ပညာရှင်များ စစ်ဆေးသတ္တုတွင်းဦးစီးဌာနရုံးကို ယာယီပြောင်းရွှေ့ထားပြီး စစ်ဆေးချက်ရလဒ်အပေါ်မူတည်၍ ဘေးအန္တရာယ်ကာကွယ်ရေး ဆက်လက်ဆောင်ရွက်မည်တောင်ကြီး၊ စက်တင်ဘာ ၂၃တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ သတ္တုတွင်းဦးစီးဌာနရုံးအဆောက်အအုံ ပျ-က်စီးခဲ့သည့် ဘုရားတောင် ကျောက်တုံးကြီးလိမ့်ကျမှုဖြစ်စဉ်အပြီး တောင်ထိပ်ရှိ ကျောက်သားများ ထပ်မံပြိုကျနိုင်ခြေရှိ၊ မရှိကို ဘူမိဗေဒပညာရှင်များနှင့် အင်ဂျင်နီယာများပါဝင်သည့် အထူးအဖွဲ့က ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ကျောက်တုံးကြီးလိမ့်ကျမှုကြောင့် သတ္တုတွင်းဦးစီးဌာန ရုံးအဆောက်အအုံတစ်လုံး ပျ-က်စီးခဲ့ပြီး ထပ်မံပြိုကျလာနိုင်သည့် ဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန် အဆိုပါရုံးကို အခြားနေရာသို့ ယာယီပြောင်းရွှေ့ထားပြီးဖြစ်သည်။သတင်းအပြည့်အစုံဖတ်ရန်>>https://www.popularmyanmar.com/ကျောက်တုံးကြီး-လိမ့်ကျမ/
    Иллюстрация к посту канала Popular JournalИллюстрация к посту канала Popular JournalИллюстрация к посту канала Popular JournalИллюстрация к посту канала Popular Journal
  • Popular Journal

    23 сент., 10:28

    ငွေပင်လယ်စက်မှုဇုန်ရှိ စက်ရုံတစ်ရုံ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှု စစ်ဆေးတွေ့ရှိ၊ ကျပ် ၇.၉၀၇ ဘီလီယံ ပေးလျော်ရန်နှင့် အမှုဖွင့်အရေးယူဆုံးရှုံးခဲ့သည့် လျှပ်စစ်ဓာတ်အား ယူနစ် ၁၀.၄၆၈ သန်းအတွက် လျော်ကြေးပေးလျော်ရမည်ရန်ကုန်၊ စက်တင်ဘာ ၂၃ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ ရွှေလင်ပန်း၊ ငွေပင်လယ်စက်မှုဇုန်ရှိ “777” ပလတ်စတစ်စက်ရုံ၌ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ဆုံးရှုံးခဲ့သည့် ဓာတ်အားယူနစ် ၁၀.၄၆၈ သန်းအတွက် လျော်ကြေးငွေ ကျပ် ၇.၉၀၇ ဘီလီယံ ပြန်လည်ပေးလျော်စေရန်နှင့် လျှပ်စစ်ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဓာတ်အားခိုးယူသုံးစွဲမှုများကို Control Center များမှ စောင့်ကြည့်စစ်ဆေးလျက်ရှိရာ စက်တင်ဘာ ၂၁ ရက်တွင် အဆိုပါစက်ရုံ၌ တပ်ဆင်ထားသည့် 2 MVA ထရန်စဖော်မာနှင့် တွဲဆက်တပ်ဆင်ထားသော မီတာတွင် Alarm ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။ယင်းနောက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ရုံးချုပ်၊ ခရိုင်နှင့် မြို့နယ်တို့မှ တာဝန်ရှိသူများပါဝင်သည့် ငါးဦးကော်မတီက ကွင်းဆင်းစစ်ဆေးခဲ့ရာ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲထားကြောင်း သက်သေအထောက်အထားများဖြင့် စစ်ဆေးတွေ့ရှိခဲ့သဖြင့် မီတာကို ချက်ချင်းဖြုတ်သိမ်းခဲ့ကြောင်း သိရသည်။အဆိုပါကိစ္စနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးခဲ့သည့် လျှပ်စစ်ဓာတ်အား ယူနစ် ၁၀.၄၆၈ သန်းအတွက် ကျသင့်လျော်ကြေးငွေ ကျပ် ၇.၉၀၇ ဘီလီယံ ပြန်လည်ပေးလျော်စေရေးနှင့် လျှပ်စစ်ဥပဒေအရ အရေးယူနိုင်ရေးအတွက် စက်ရုံပိုင်ရှင် ဦးသိန်းနိုင်နှင့် စက်ရုံမန်နေဂျာ ဦးကြည်လှိုင်တို့ကို လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် သောင်ကြီးနယ်မြေရဲစခန်း၌ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
  • Popular Journal

    23 сент., 10:08

    အားကောင်းသောမုန်တိုင်းငယ် မြန်မာနိုင်ငံဘက် ဦးတည်ခြင်းမရှိ၊ စက်တင်ဘာ ၂၅ ရက်အထိ ဒေသအချို့ မိုးဆက်ရွာမည်မြန်မာ့ကမ်းရိုးတန်းနှင့် ပင်လယ်ပြင်တွင် လှိုင်းကြီးနိုင်၍ ရေကြောင်းနှင့် ရေလုပ်ငန်းများ သတိပြုရန် မိုးဇလအသိပေးနေပြည်တော်၊ စက်တင်ဘာ ၂၃ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသည့် အားကောင်းသောမုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိဘဲ အိန္ဒိယနိုင်ငံကမ်းခြေဘက်သို့ ဦးတည်ရွေ့လျားနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့် သတ်မှတ်ထားပြီး အနောက်နှင့် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ အိန္ဒိယနိုင်ငံ အန္ဓရပရာဒေ့ရှ်မြောက်ပိုင်းနှင့် ဩရိဿပြည်နယ်တောင်ပိုင်း ကမ်းခြေတို့ကို ဖြတ်ကျော်နိုင်ကြောင်း ခန့်မှန်းထားသည်။သတင်းအပြည့်အစုံဖတ်ရန်>>https://www.popularmyanmar.com/အားကောင်းသောမုန်တိုင်း-7/
    Иллюстрация к посту канала Popular JournalИллюстрация к посту канала Popular JournalИллюстрация к посту канала Popular JournalИллюстрация к посту канала Popular Journal
  • Popular Journal

    23 сент., 09:48

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် ကဏ္ဍအသီးသီး ပူးပေါင်းပါဝင်ရန် ကော်မရှင်ဥက္ကဋ္ဌ တိုက်တွန်းအဂတိလိုက်စားမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအဟန့်အတားဖြစ်ဟုဆိုနေပြည်တော်၊ စက်တင်ဘာ ၂၃အဂတိလိုက်စားမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အဓိကအဟန့်အတားဖြစ်သဖြင့် တိုက်ဖျက်ရေးလုပ်ငန်းစဉ်များ၌ တစ်ဦးတစ်ယောက်မှစ၍ ကဏ္ဍအသီးသီးရှိ ပုဂ္ဂိုလ်များအားလုံး ပူးပေါင်းပါဝင်ကြရန် လိုအပ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားသည်။စက်တင်ဘာ ၂၂ ရက်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းကျင်းပသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းပွဲတွင် ကော်မရှင်ဥက္ကဋ္ဌက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။သတင်းအပြည့်အစုံဖတ်ရန်>>https://www.popularmyanmar.com/အဂတိလိုက်စားမှုတိုက်ဖျ-3/
    Иллюстрация к посту канала Popular JournalИллюстрация к посту канала Popular Journal
  • Popular Journal

    23 сент., 09:28изменён

    အခြေခံပညာကျောင်းများ၌ ကျောင်းချိန်အတွင်း မိုဘိုင်းဖုန်းယူဆောင်၊ အသုံးပြုခြင်း တင်းတင်းကျပ်ကျပ်တားမြစ်ထားကျောင်းသားကလေးငယ်များ မိုဘိုင်းဖုန်းသုံးစွဲမှုကို တားမြစ်သည့် သီးသန့်ဥပဒေမရှိသေးဟု ဒုဝန်ကြီးပြောနေပြည်တော်၊ စက်တင်ဘာ ၂၃အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ၏ သင်ကြားသင်ယူမှု အနှောင့်အယှက်မဖြစ်စေရေးနှင့် စည်းကမ်းစနစ်တကျရှိစေရေးအတွက် ကျောင်းချိန်အတွင်း မိုဘိုင်းဖုန်းယူဆောင်လာခြင်းနှင့် အသုံးပြုခြင်းကို တင်းတင်းကျပ်ကျပ် တားမြစ်ထားကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပြောကြားသည်။စက်တင်ဘာ ၂၂ ရက်က ကျင်းပသည့် တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းသန့်၏ မေးမြန်းချက်ကို ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားရာ၌ ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။နည်းပညာခေတ်တွင် မိုဘိုင်းဖုန်း၊ Tablet၊ iPad နှင့် Computer စသည့် Digital Device များကို အသုံးပြု၍ သင်ခန်းစာနှင့် ဘာသာစကားဆိုင်ရာ ဗဟုသုတများ လေ့လာနိုင်သော်လည်း ကလေးငယ်များ ဖုန်းအလွန်အကျွံသုံးစွဲမှုမှ ကာကွယ်ရန်အပါအဝင် မသင့်လျော်သည့် အပြုအမူများကို အတုယူခြင်း၊ ကျောင်းသားအချင်းချင်း နိုင်ထက်စီးနင်းပြုမူခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ မဖြစ်ပေါ်စေရေးအတွက် ကျောင်းချိန်အတွင်း မိုဘိုင်းဖုန်းအသုံးပြုမှုကို ကန့်သတ်ထားခြင်းဖြစ်ကြောင်း ဒုတိယဝန်ကြီးက ရှင်းလင်းသည်။မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများတွင် ကျောင်းသားကလေးငယ်များ၏ မိုဘိုင်းဖုန်းသုံးစွဲမှုကို တားမြစ်သည့် သီးသန့်ဥပဒေပြဋ္ဌာန်းချက် မရှိသေးသော်လည်း အွန်လိုင်းပလက်ဖောင်းများမှတစ်ဆင့် ခြိမ်းခြောက်ခြင်းနှင့် အမြတ်ထုတ်ခြင်းတို့မှ ကာကွယ်နိုင်ရေးအတွက် တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားသည်။ကျောင်းချိန်ပြင်ပတွင်လည်း မိုဘိုင်းဖုန်းနှင့် Digital Device များကို အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် ဆရာ၊ မိဘနှင့် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဒုတိယဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။
    Иллюстрация к посту канала Popular JournalИллюстрация к посту канала Popular Journal
  • Popular Journal

    23 сент., 09:08изменён

    သီတင်းကျွတ်နီးလာချိန် မန္တလေးတွင် မီးထွန်းအရုပ်နှင့် အလှဆင်မီးပုံးများ ယခင်နှစ်ထက် အရောင်းသွက်မန္တလေး၊ စက်တင်ဘာ ၂၃သီတင်းကျွတ်မီးထွန်းပွဲတော် နီးကပ်လာချိန်တွင် မန္တလေးမြို့၌ မြန်မာ့ရိုးရာလက်မှုပစ္စည်းများဖြစ်သည့် မီးထွန်းအရုပ်နှင့် အလှဆင်မီးပုံးများ ထုတ်လုပ်ရောင်းချလျက်ရှိရာ ယခုနှစ်တွင် ယခင်နှစ်ထက် အရောင်းအဝယ်ပိုမိုကောင်းမွန်နေကြောင်း လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။ယခုနှစ်တွင် မီးထွန်းအရုပ်ပြုလုပ်သူ အရေအတွက် လျော့နည်းလာသော်လည်း ဝယ်ယူမှုနှင့် ကြိုတင်မှာယူမှုများရှိနေသဖြင့် ထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်နေရကြောင်း သိရသည်။လက်ရှိတွင် မီးထွန်းအရုပ် အမျိုးအစား ၁၈ မျိုးခန့် ထုတ်လုပ်ရောင်းချနေပြီး ယခင်က တစ်ရုပ်လျှင် ကျပ် ၁၃၀၀ ခန့်မှ စတင်ရောင်းချခဲ့ရာမှ ယခုနှစ်တွင် ကျပ် ၂၀၀၀ ခန့်မှ စတင်ရောင်းချနေရသည်။ ယင်းသို့ ဈေးနှုန်းမြင့်တက်လာခြင်းမှာ ကုန်ကြမ်းပစ္စည်းရရှိရန် ခက်ခဲလာခြင်းနှင့် ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်တက်လာခြင်းတို့ကြောင့်ဖြစ်ကြောင်း လုပ်ငန်းလုပ်ကိုင်သူများက ဆိုသည်။မီးထွန်းအရုပ်နှင့် မီးပုံးများပြုလုပ်ရန် လိုအပ်သည့် ကုန်ကြမ်းများကို တန်ခူးလကျော်ကတည်းက စတင်စုဆောင်းထားရပြီး စက်တင်ဘာလအတွင်း ထုတ်လုပ်ခြင်းနှင့် အချောသတ်ခြင်းလုပ်ငန်းများကို အဓိကဆောင်ရွက်ကြသည်။ မီးထွန်းအရုပ်တစ်ခု ပြုလုပ်ရာတွင် ဝါးခုတ်ခြင်း၊ ပုံသွင်းခြင်း၊ ကော်ကပ်ခြင်းနှင့် စက္ကူကပ်ခြင်း စသည့် အဆင့်များစွာရှိပြီး အချောသတ်ပြီးစီးရန် ပျမ်းမျှ နှစ်ပတ်ခန့် ကြာမြင့်ကြောင်း သိရသည်။ထုတ်လုပ်ပြီးသည့် မီးထွန်းအရုပ်များကို မန္တလေးမြို့တွင်း အဓိကဖြန့်ချိရောင်းချနေပြီး နယ်ဒေသများသို့လည်း တင်ပို့ရောင်းချလျက်ရှိကာ သီတင်းကျွတ်ကာလ ပိုမိုနီးကပ်လာသည်နှင့်အမျှ ဝယ်ယူမှုဆက်လက်မြင့်တက်လာနိုင်သဖြင့် ထုတ်လုပ်မှုများကို အရှိန်မြှင့်ဆောင်ရွက်နေကြောင်း သိရသည်။Photo: MOI
    Иллюстрация к посту канала Popular JournalИллюстрация к посту канала Popular Journal
  • Popular Journal

    23 сент., 08:48изменён

    ခရီးသည်များ၏ ဖုန်းအတွင်း ဥပဒေနှင့်မညီသည့် ဓာတ်ပုံ၊ ဗီဒီယိုများ မပါရှိစေရန် DPTOA အသိပေးဘုရားဖူးယာဉ်များ နံနက် ၅ နာရီနှင့် နောက်ပိုင်းမှ ထွက်ခွာရန်၊ ခရီးသည်များ NRC သို့မဟုတ် ခရီးသွားထောက်ခံစာ ယူဆောင်ရန် နှိုးဆော်ရန်ကုန်၊ စက်တင်ဘာ ၂၂ဘုရားဖူးခရီးစဉ်များ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေးအတွက် ခရီးသည်များ၏ မိုဘိုင်းဖုန်းများအတွင်း ဥပဒေနှင့်မညီသည့် ဓာတ်ပုံ၊ ဗီဒီယိုများ မပါရှိစေရန် အထူးသတိပြုကြရန် ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်း (DPTOA) က စက်တင်ဘာ ၂၁ ရက်တွင် အသိပေးနှိုးဆော်ထားသည်။ထို့ပြင် ခရီးသည်များအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ် (NRC) သို့မဟုတ် ရဲစခန်းမှ ခရီးသွားထောက်ခံစာ ယူဆောင်လာကြရန်နှင့် ခရီးသွားလမ်းညွှန် (Guide) များအနေဖြင့် လမ်းခရီးရှိ စစ်ဆေးရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ကြရန် အသိပေးထားသည်။ဘုရားဖူးယာဉ်များကို နံနက် ၅ နာရီနှင့် နောက်ပိုင်းမှ စတင်ထွက်ခွာစေပြီး စုရပ်သို့ ပြန်လည်ရောက်ရှိချိန်ကို ည ၈ နာရီမှ ၁၀ နာရီအတွင်း ဖြစ်စေရန် ခရီးစဉ်ရေးဆွဲစေလွှတ်ကြရန်လည်း နှိုးဆော်ထားသည်။အသင်းဝင်များအနေဖြင့် အသင်းဝင်ကတ်နှင့် လုပ်ငန်းလိုင်စင်မိတ္တူများကို ယာဉ်ပေါ်တွင် ယူဆောင်သွားရန်၊ လုပ်ငန်းရှင်များက လိုအပ်သည့် ခရီးသွားလုပ်ငန်းဆိုင်ရာ လိုင်စင်များကို သတ်မှတ်ချက်နှင့်အညီ လျှောက်ထားရယူထားရန်လည်း အသိပေးထားသည်။ခရီးစဉ်ပြီးဆုံးချိန်တွင် ခရီးသည်များ အိမ်ပြန်ရာ၌ အဆင်ပြေစေရေးအတွက် Guide များက Taxi (Grab) ငှားရမ်းပေးခြင်း၊ ယာဉ်နံပါတ်မှတ်တမ်းတင်ထားခြင်းနှင့် ခရီးသည်အိမ်ရောက်ချိန်တွင် Guide ထံ ဖုန်းပြန်ဆက်စေခြင်းတို့ ဆောင်ရွက်ရန်လည်း ပါရှိသည်။ခရီးစဉ်အတွင်း ထူးခြားဖြစ်စဉ်များရှိပါက အသင်းဝင်ဂိတ်အချင်းချင်း အသိပေးရန်နှင့် DPTOA Member Group ထံ စာရေးသားအသိပေးရန် နှိုးဆော်ထားကြောင်း သိရသည်။
    Иллюстрация к посту канала Popular JournalИллюстрация к посту канала Popular Journal
  • Popular Journal

    22 сент., 17:26

    👉ရှီကျင့်ဖျင် စက်တင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ အမေရိကန်သို့ နိုင်ငံတော်ခရီးစဉ် သွားရောက်မည်ထရမ့်နှင့် တရုတ်-အမေရိကန်ဆက်ဆံရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ ဆွေးနွေးမည်👉ရုရှားသူဌေးနှစ်ဦးအပေါ် ပိတ်ဆို့မှုရုပ်သိမ်းရေး EU သဘောမတူသေး👉တိုက်ဖုန်းဒူဂျွမ်းကြောင့် ဂျပန်တွင် နှစ်ဦး‌ေ-သဆုံး၊ တိုကျိုအနီး ခရီးသွားလာမှုများ အနှောင့်အယှက်ဖြစ်👉ဟူသီတို-က်ခိုက်မှုများ ရင်ဆိုင်နေရသည့် ဆော်ဒီကို ဗြိတိန် စစ်ဘက်ဆိုင်ရာအကူအညီပေးမည်ဆော်ဒီတိုက်လေယာဉ်များကို ဝေဟင်ဆီဖြည့်ပေးမည်👉နယ်စပ်ဖြတ်ကျော် အွန်လိုင်းလိမ်လည်မှု ပူးပေါင်းနှိမ်နင်းရေးတွင် တောင်ကိုရီးယား-ကမ္ဘောဒီးယား ပုံစံ စံနမူနာဖြစ်လာ👉Trump TV ရုပ်သံလိုင်း အိမ်ဖြူတော် စတင်မိတ်ဆက်👉ဆေးတက္ကသိုလ်များ ဝင်ခွင့်လျှောက်လွှာ စက်တင်ဘာ ၂၈ ရက်မှ စတင်လက်ခံမည်အောက်တိုဘာ ၁၆ ရက်အထိ ပိတ်ရက်မရှိ လက်ခံပေးမည်
  • Popular Journal

    22 сент., 17:25

    🌏 22.9.2026 သတင်းအပြည့်အစုံ 🌏👉တရုတ်စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ရင်းနှီးမြှုပ်နှံလိုသည်ကိုဆွေးနွေး👉အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်ပါဝင်သည့် အင်ဒိုနီးရှားနိုင်ငံသား(၁)ဦးကို လွှဲပြောင်းပေးအပ်👉ကလေးမြို့၌ဖြစ်ပွားခဲ့သည့် အဆောက်အဦတစ်ခုမီးလေ-ာင်မှုတွင် (၃)ဦး ‌ေ-သဆုံး👉ဖလမ်းမြို့တွင် အငြိမ်းစားပင်စင်လစာများ ပြန်လည်ထုတ်ပေးလျက်ရှိ👉လပွတ္တာမြို့မဈေးကို ခေတ်မီဈေးဝယ်စင်တာအဖြစ် တည်ဆောက်ပေးရန် လွှတ်တော်၌ မေးမြန်း👉ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းငယ်ဖြစ်ပေါ်၊ ရန်ကုန်အပါအဝင် ဒေသအများအပြား မိုးကြီးနိုင်👉ရှမ်းအရှေ့ နယ်စပ်မြို့များသို့ နိုင်ငံခြားခရီးသွားများ ဝင်ရောက်ခွင့်ပြန်ပြုရန် လွှတ်တော်၌ မေးမြန်းတတိယနိုင်ငံသားများကို Package Tour ဖြင့် တာချီလိတ်-မယ်ဆိုင် ဝင်/ထွက်ပေါက်မှ ဝင်ရောက်ခွင့်ပြုထားပြီးဖြစ်ဟု ဒုဝန်ကြီးပြော
    Иллюстрация к посту канала Popular JournalИллюстрация к посту канала Popular Journal
  • Popular Journal

    22 сент., 15:33

    တရုတ်နိုင်ငံတည်ထောင်သည့် (၇၇)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်ဧည့်ခံပွဲ ရန်ကုန်မြို့၌ကျင်းပတရုတ်နိုင်ငံတည်ထောင်သည့် (၇၇)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်ဧည့်ခံပွဲကို ယနေ့ စက်တင်ဘာ ၂၂ ရက်ညနေပိုင်းက ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Wyndham Grand Hotel ၌ကျင်းပရာ ဒုတိယ သမ္မတဒေါ်နန်းနီနီအေး တက်ရောက်ခဲ့ကြောင်း သိရသည်။ဒုတိယသမ္မတနှင့် တက်ရောက်လာကြသူများက ခင်းကျင်းပြသထားသည့် မြန်မာ-တရုတ်ချစ်ကြည်ရေးအထိမ်းအမှတ်ပြခန်းများကိုကြည့်ရှုပြီး အခမ်းအနားကို မြန်မာနိုင်ငံတော်သီချင်း၊ တရုတ်နိုင်ငံတော်သီချင်းတို့ဖြင့်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။အခမ်းအနားတွင် ဒုတိယသမ္မတက မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် နှစ်နိုင်ငံကြား"ဆွေမျိုးပေါက်ဖော်" ချစ်ကြည်ရင်းနှီးမှုကိုအခြေခံပြီး လိုအပ်ချိန်တိုင်းတွင် အပြန်အလှန်ကူညီပံ့ပိုးရပ်တည်ပေးနေသည့် နိုင်ငံများဖြစ်ကာ ကဏ္ဍအသီးသီးတွင် ဘက်စုံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေပြီး အပြန်အလှန်နားလည်မှုကို မြှင့်တင်ပေးနိုင်ခဲ့သည်ဟုပြောကြားခဲ့ကြောင်း သိရသည်။သတ
    Иллюстрация к посту канала Popular JournalИллюстрация к посту канала Popular JournalИллюстрация к посту канала Popular JournalИллюстрация к посту канала Popular Journal
  • Popular Journal

    22 сент., 15:20

    ဧရာဝတီတိုင်း၌ ဓာတ်မြေဩဇာစက်ရုံ တည်ဆောက်ပေးရန် မေးမြန်းမှုအပေါ် လတ်တလော တည်ဆောက်နိုင်ခြင်း မရှိသေးကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဖြေကြားနေပြည်တော်၊ စက်တင်ဘာ ၂၂ဧရာဝတီတိုင်းဒေသကြီးအတွင်း ဓာတ်မြေဩဇာစက်ရုံ တည်ဆောက်ပေးနိုင်ရေးနှင့် ပတ်သက်၍ ယနေ့ ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ဘိုကလေးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစန်းမောင်၏ မေးမြန်းချက်အပေါ် အရည်အသွေးပြည့်မီသည့် သဘာဝဓာတ်ငွေ့ ရရှိနိုင်မှုအခြေအနေများအရ လတ်တလော တည်ဆောက်ပေးနိုင်ခြင်း မရှိသေးကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းက ပြန်လည်ဖြေကြားခဲ့သည်။သတင်းအပြည့်အစုံဖတ်ရန်>>https://www.popularmyanmar.com/ဧရာဝတီတိုင်း၌-ဓာတ်မြေဩဇ/
    Иллюстрация к посту канала Popular JournalИллюстрация к посту канала Popular Journal
  • Popular Journal

    22 сент., 15:10

    စက်သုံးဆီကို မူဆယ်ကုန်သွယ်ရေးလမ်းကြောင်းမှ ပြန်လည်တင်သွင်းခွင့်ပြုရန် စိစစ်ဆောင်ရွက်မည်နေပြည်တော်၊ စက်တင်ဘာ ၂၂မူဆယ်ကုန်သွယ်ရေးလမ်းကြောင်း၏ လက်ရှိ နယ်မြေအခြေအနေများကြောင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း စက်သုံးဆီတင်သွင်းရန် အခက်အခဲများ ရှိနေသော်လည်း ယခင်တင်သွင်းခဲ့သည့် အခြေအနေများနှင့် အခြားနယ်စပ်စခန်းများမှ တင်သွင်းနိုင်မှု အခြေအနေများကို စိစစ်၍ ပြန်လည်တင်သွင်းခွင့်ပြုနိုင်ရေး တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းက ပြောကြားလိုက်သည်။ယနေ့ ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် မူဆယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်မိုး (ခ) အောင်ဇော်မိုးထွန်း၏ မူဆယ်မြို့တွင် စက်သုံးဆီဈေးနှုန်း သက်သာစွာ ဝယ်ယူနိုင်ရန် တရုတ်နိုင်ငံမှ စက်သုံးဆီတင်သွင်းနိုင်ရေး သွင်းကုန်လိုင်စင်အား မည်သည့်အချိန်တွင် စတင်ချထားပေးမည်နည်းဟူသော မေးမြန်းချက်ကို ဒုတိယဝန်ကြီးက ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။သတင်းအပြည့်အစုံ
    Иллюстрация к посту канала Popular JournalИллюстрация к посту канала Popular Journal
  • Popular Journal

    22 сент., 14:23

    ချမ်းမြေ့ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဖူးမြှော်ကြည်ညိုသက်တော်(၉၉)နှစ်၊ ဝါတော်(၇၉)ဝါအရောက်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည့် ချမ်းမြေ့ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌဦးဌေးအောင်နှင့် တာဝန်ရှိသူများက ယနေ့ စက်တင်ဘာ ၂၂ ရက်မွန်းလွဲ ၂ နာရီခွဲတွင် ဖူးမြှော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။ချမ်းမြေ့ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ရန် ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ ချမ်းမြေ့ရိပ်သာကျောင်း၌ အပူဇော်ခံထားကာ ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌက ဆရာတော်ကြီးအန္တိမဈာပန အခမ်းအနားကျင်းပနိုင်ရေးအတွက် အလှူငွေများလှူဒါန်းခဲ့ကြောင်း သိရသည်။ချမ်းမြေ့ဆရာတော်ကြီး၏ အန္တိမဈာပနပူဇော်ပွဲကို နိုင်ငံတော်အဆင့်ကျင်းပမည်ဖြစ်ကာ စက်တင်ဘာ ၂၅ ရက်မွန်းလွဲ ၂ နာရီတွင် ဆရာတော်ကြီး၏ရုပ်ကလာပ်တော်ကို သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းရှိ သုဝဏ္ဏဘူမိ Event Park ၌ပင့်ဆောင်၍ ဆရာတော်၊ သံဃာတော်များနှင့် ဒါယိကာ၊ ဒါယိကာမများက
    Иллюстрация к посту канала Popular JournalИллюстрация к посту канала Popular JournalИллюстрация к посту канала Popular JournalИллюстрация к посту канала Popular Journal
  • Popular Journal

    22 сент., 14:13

    အနက်ပေ(၃၀)ခန့်ရှိ အုတ်ရေတွင်း(ဟောင်း)ထဲပြုတ်ကျနေသည့် အမျိုးသားကို အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့မန္တလေးတိုင်း၊ မြင်းခြုံမြို့တွင် ယနေ့ စက်တင်ဘာ ၂၂ ရက်နံနက် ၁၀ နာရီခွဲခန့်က အနက်ပေ(၃၀)ခန့်ရှိသော အုတ်ရေတွင်း(ဟောင်း)ထဲသို့ အမျိုးသား(၁)ဦးပြုတ်ကျခဲ့ကြောင်း သိရသည်။မြင်းခြံမြို့၊ အမှတ်(၃)ရပ်ကွက်၊ နယ်မြေ(၈)ရှိ အကျယ်(၉)ပေခန့်၊ အနက်ပေ(၃၀)ခန့်ရှိသော အုတ်ရေတွင်း(ဟောင်း)ထဲသို့ အမျိုးသား(၁)ဦးပြုတ်ကျနေသဖြင့် မြင်းခြံခရိုင်/မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ထို့ကြောင့် နံနက် ၁၀ နာရီ ၃၈ မိနစ်တွင် အုတ်ရေတွင်း (ဟောင်း)ထဲပြုတ်ကျနေသည့် အမျိုးသားအား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီးနောက် Myanmar Rescue (မြင်းခြံ)ပရဟိတအသင်းက မြင်းခြံခရိုင်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
    Иллюстрация к посту канала Popular JournalИллюстрация к посту канала Popular JournalИллюстрация к посту канала Popular JournalИллюстрация к посту канала Popular Journal
  • Popular Journal

    22 сент., 13:53

    ငဝန်မြစ် ရေဝင်လမ်းကြောင်းတားဆီးသည့် Sheet Pile ရို-က်သွင်းမှုအားလုံး ပြီးစီးသဲအိတ်နှင့် Geo-bag များဖြည့်၍ Sheet Pile Wall ခိုင်ခံ့ရေး ဆက်လက်ဆောင်ရွက်မည်လေးမျက်နှာ၊ စက်တင်ဘာ ၂၂ငဝန်မြစ်မှ ရေကျော်စီးဝင်နေမှုကို တားဆီးနိုင်ရေး ဆောင်ရွက်နေသည့် Sheet Pile ရို-က်သွင်းခြင်းလုပ်ငန်းအားလုံး ယနေ့ စက်တင်ဘာ ၂၂ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ပြီးစီးခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားအထူးအဖွဲ့ (၁၆) မှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်မျိုးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ရေစီးသန်သည့်အခြေအနေများကြားမှ Sheet Pile များဖြင့် ရေဝင်လမ်းကြောင်းကို ကာရံတားဆီးနိုင်ခဲ့ပြီး လက်ရှိတွင် ရို-က်သွင်းထားသည့် Sheet Pile Wall နှင့် တာတမံ ရေရှည်ခိုင်မာတောင့်တင်းရေးအတွက် လိုအပ်သည့်လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။သတင်းအပြည့်အစုံဖတ်ရန်>>https://www.popularmyanmar.com/ငဝန်မြစ်-ရေဝင်လမ်းကြောင/
    Иллюстрация к посту канала Popular JournalИллюстрация к посту канала Popular JournalИллюстрация к посту канала Popular Journal
  • Popular Journal

    22 сент., 13:33

    သီပေါမြို့တွင် နိုင်ငံတော်လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိ၊ ကျေးရွာများအထိ ဆက်လက်ဖြန့်ဖြူးမည်သီပေါ၊ စက်တင်ဘာ ၂၂ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့၌ ယနေ့ စက်တင်ဘာ ၂၂ ရက် နံနက် ၁၁ နာရီ ၂၂ မိနစ်မှစတင်၍ နိုင်ငံတော်လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိနေပြီဖြစ်ကြောင်း သီပေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကောင်းသက်စံ၏ အသိပေးချက်အရ သိရသည်။လက်ရှိတွင် သီပေါမြို့ပေါ်ရပ်ကွက်များကို ဦးစွာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသွားမည်ဖြစ်ပြီး လိုအပ်သည့် ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်ကာ ကျေးရွာများအထိ ဓာတ်အားရရှိရေး ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။သတင်းအပြည့်အစုံဖတ်ရန်>>https://www.popularmyanmar.com/သီပေါမြို့တွင်-နိုင်ငံတ/
    Иллюстрация к посту канала Popular JournalИллюстрация к посту канала Popular Journal
  • Popular Journal

    22 сент., 13:25

    ရေနံချောင်းမြို့နယ်ရှိ ဒေါင်းနေတံတားအနီး၌ အဝေးပြေးခရီးသည်တင်ယာဥ်တိမ်းမှောက် ယာဥ်နောက်လိုက်ဒဏ်ရာရမကွေးတိုင်း၊ ရေနံချောင်းမြို့နယ်ရှိ ဒေါင်းနေတံတားအနီးတွင် ယနေ့ စက်တင်ဘာ ၂၂ ရက်နေ့လယ် ၃ နာရီကျော်ခန့်က အဝေးပြေးခရီးသည်တင်ကားတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ရေနံချောင်းမြို့နယ်၊ ဒေါင်းနေတံတားအနီးတွင် အဝေးပြေးခရီးသည်တင်ကားတိမ်းမှောက်ခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ကူညီမှုများပြုလုပ်ပေးခဲ့ကြပြီး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိထားသည့် ယာဥ်နောက်လိုက်ကို မကွေးမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
    Иллюстрация к посту канала Popular JournalИллюстрация к посту канала Popular JournalИллюстрация к посту канала Popular Journal
    7093211Открыть в Telegram
  • Popular Journal

    22 сент., 13:13

    ဧရာဝတီမြစ်တွင် တစ်နှစ်ပတ်လုံး ရေကြောင်းသွားလာနိုင်ရေး အမျိုးသားအဆင့်စီမံကိန်းအဖြစ် ဆောင်ရွက်ရန် အဆိုတင်သွင်းပြည်သူ့လွှတ်တော်က အဆိုကို လက်ခံဆွေးနွေးရန် ကြေညာနေပြည်တော်၊ စက်တင်ဘာ ၂၂ဧရာဝတီမြစ်အတွင်း ရေယာဉ်များ တစ်နှစ်ပတ်လုံး လုံခြုံချောမွေ့စွာ သွားလာနိုင်ရေးအတွက် မြစ်ကြောင်းစီမံခန့်ခွဲမှုလုပ်ငန်းများကို အမျိုးသားအဆင့်စီမံကိန်းတစ်ရပ်အဖြစ် ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ကသာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဌေးက တင်သွင်းခဲ့သည်။စက်တင်ဘာ ၂၂ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ယင်းအဆိုကို တင်သွင်းခဲ့ခြင်းဖြစ်ပြီး လွှတ်တော်က လက်ခံဆွေးနွေးရန် ကြေညာခဲ့သည်။သတင်းအပြည့်အစုံဖတ်ရန်>>https://www.popularmyanmar.com/ဧရာဝတီမြစ်တွင်-တစ်နှစ်ပ/
    Иллюстрация к посту канала Popular JournalИллюстрация к посту канала Popular JournalИллюстрация к посту канала Popular JournalИллюстрация к посту канала Popular Journal
  • Popular Journal

    22 сент., 12:53

    ရန်ကင်း အုတ်စီကန်အတွင်း ရေနစ်ပျေ-ာက်ဆုံးသည့် အမျိုးသား ၂ ဦး၏ ရုပ်အလေ-ာင်းများ ရှာဖွေတွေ့ရှိရန်ကုန်၊ စက်တင်ဘာ ၂၂ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ (၁၁) ရပ်ကွက်၊ ညောင်ပင်သာလမ်းရှိ အုတ်စီကန် (သဘာဝရေကန်) အတွင်း ရေနစ်ပျေ-ာက်ဆုံးခဲ့သည့် အမျိုးသား ၂ ဦး၏ ရုပ်အလေ-ာင်းများကို စက်တင်ဘာ ၂၁ ရက် ညနေပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ယင်းနေ့ ညနေ ၄ နာရီ ၁၈ မိနစ်ခန့်က အုတ်စီကန်အတွင်း အမျိုးသား ၂ ဦး ရေနစ်ပျေ-ာက်ဆုံးနေကြောင်း သတင်းရရှိသဖြင့် ရန်ကင်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေခဲ့ကြသည်။သတင်းအပြည့်အစုံဖတ်ရန်>>https://www.popularmyanmar.com/ရန်ကင်း-အုတ်စီကန်အတွင်း/
    Иллюстрация к посту канала Popular JournalИллюстрация к посту канала Popular Journal