Последние посты

KO CHIT (MDY)
26 сент., 11:17
မြန်မာသံအမတ်ကြီး ဦးဇော်ဦးက တူရင်မြို့အခြေစိုက် မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်နှင့် ဖလောရင့်မြို့အခြေစိုက် မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်တို့အား သီးခြားစီ လက်ခံတွေ့ဆုံ (၂၆-၉-၂၀၂၆ ၊ ရောမ)ရောမမြို့ရှိ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ဦးသည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်တွင် တူရင်မြို့အခြေစိုက် မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ် Mr. Andrea Ganelli အားလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်တွင် ဖလောရင့်မြို့အခြေစိုက် မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန် Mr. Andrea Vannini အားလည်းကောင်း မြန်မာသံရုံး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထို့သို့တွေ့ဆုံစဉ် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်းနှင့် နှစ်ဦးနှစ်ဖက်အကျိုးစီးပွားဖြစ်ထွန်းစေမည့် ကဏ္ဍများမှတစ်ဆင့် မြန်မာ-အီတလီ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာနက်ရှိုင်းစေမည့် အခွင့်အလမ်းများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။သတင်းတွေဖတ်ရန် Ko chit- MDY https://t.me/ckkmdy969




KO CHIT (MDY)
26 сент., 11:15изменён
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ (မေမြို့)ရှိ သုမင်္ဂလာ ၆ ထပ်စျေး အနီး (စျေးလေး မီးပွိုင့်အနီး) တွင် ဖွင့်လှစ်ထားသည့် 7 Glory ဖုန်းဆိုင် ယနေ့ ဓားပြတိုက်ခံခဲ့ရကြောင်း ကနဦး သတင်းရရှိသည်သတင်းတွေဖတ်ရန် Ko chit- MDY https://t.me/ckkmdy969


KO CHIT (MDY)
26 сент., 10:19
Pyin oo lwin 7 Glory I phone ဆိုင် ဓမြတိုက်ခံရကြောင်းကနဦးသိရှိရ
KO CHIT (MDY)
26 сент., 09:39
переслано из @ashinwirathu_masoeyein
၁၃၈၈-ခုနှစ်၊ တော်သလင်းလပြည့်နေ့မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် သံဃာတော်အရှင်သူမြတ်တို့အားကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ မှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းသည့်ပုံရိပ်။ ကြည်နူးသဒ္ဓါပွားများနိုင်ကြပါစေ။ပရိတ်သတ်အပေါင်း သူတော်ကောင်းတို့သည်"အာရောဂါ သုခိတာဟောထ သဟသဗ္ဗေဟိဉာတိဘိ" ဆွေတော် မျိုးတော်များနှင့်အတူ အနာ ရောဂါကင်းစွာ ကျန်းမာကြပါစေ။အရှင်ဝီရသူ (မစိုးရိမ်)




KO CHIT (MDY)
26 сент., 09:39
တောင်ကြီး အဆင်းလမ်း တွင် ရွှေတောင်ရိုး ခရီး သည်တင် ကားတစ်စီး ချောက်ထဲကျခါနီးဖြစ်ပွား 26 September 2026TelegramKO CHIT (MDY)https://t.me/ckkmdy969
KO CHIT (MDY)
26 сент., 09:38
တောင်ကြီး အဆင်းလမ်း တွင် ရွှေတောင်ရိုး ခရီး သည်တင် ကားတစ်စီး ချောက်ထဲကျခါနီးဖြစ်ပွား26 September 2026


KO CHIT (MDY)
26 сент., 09:04
သံဖြူဇရပ်-ရေးကားလမ်းတွင် ဖမ်းဆီးခံရသည့် စားသုံးသူရေးရာဝန်ထမ်း ပြန်လည်လွတ်မြောက်စက်တင်ဘာ ၂၆သံဖြူဇရပ်-ရေးကားလမ်း၊ သံဖြူဇရပ်မြို့နယ် ရွာသာအေးကျေးရွာအနီး ဇမြွန်းပင်လမ်းဆုံတွင် စက်တင်ဘာ ၂၁ ရက် မွန်းလွဲ ၂ နာရီခန့်က လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ယာဉ်များနှင့် ဆိုင်ကယ်များကို ရပ်တန့်စစ်ဆေးစဉ် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ အသက် ၂၉ နှစ်အရွယ် အငယ်တန်းစာရေး ဦးမျိုးသီဟ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ဝန်ထမ်းအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ ဦးမျိုးသီဟ၏ ဖုန်းအတွင်း စားသုံးသူရေးရာဦးစီးဌာန ယူနီဖောင်းဝတ်ဆင်ထားသည့် ဓာတ်ပုံများတွေ့ရှိသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ဖမ်းဆီးခေါ်ဆောင်ပြီးနောက် သံဖြူဇရပ်မြို့နယ် အောင်သပြေကျေးရွာရှိ နေအိမ်တစ်လုံးတွင် ချုပ်နှောင်ထားခဲ့ပြီး စက်တင်ဘာ ၂၃ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။သတင်းတွေဖတ်ရန် Ko chit- MDY https://t.me/ckkmdy969TelegramKO CHIT (MDY)https://t.me/ckkmdy969
KO CHIT (MDY)
26 сент., 06:27
ကိုင်း ဒီလောက်ဆို သဘောပေါက်ကြမှာပါ သားကြီးတို့




KO CHIT (MDY)
22 сент., 14:58
переслано из @combatnews7723
အကြမ်းဖက်အဖွဲ့တွေ နိုင်ငံတော်ရေနံကို ဂုတ်သွေးစုပ် အမြတ်ထုတ်နေတဲ့ အညာဒူဘိုင်းကတော့.. အနိစ္စသဘောနဲ့ ကိစ္စချောသွားပါပြီတိုက်ပွဲသတင်းစုံ




KO CHIT (MDY)
22 сент., 14:58
၂၂-၉-၂၀၂၆ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ရေနံချပ်(ရွာသစ်)ရွာအနီးမှာ တရားမဝင်ရေနံတူးဖော်ခဲ့တဲ့ နေရာတွေကို လုံခြုံရေးတပ်ဖွဲ့များက ဖျက်ဆီးခဲ့မှုမြင်ကွင်းတွေဖြစ်ပါတယ်။ Truth Waveshttps://t.me/ShweMyoeTaw1/43126TelegramShwe Myoe Taw (𝓝𝓮𝔀𝓼)၂၂-၉-၂၀၂၆ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ရေနံချပ်(ရွာသစ်)ရွာအနီးမှာ တရားမဝင်ရေနံတူးဖော်ခဲ့တဲ့ နေရာ တွေကို လုံခြုံရေးတပ်ဖွဲ့များက ဖျက်ဆီးခဲ့မှုမြင်ကွင်းတွေဖြစ်ပါတယ်။ Truth Waves
KO CHIT (MDY)
22 сент., 13:54
ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် (၇၇)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်ရန်ကုန် စက်တင်ဘာ ၂၂



KO CHIT (MDY)
22 сент., 13:47
ဖားကန့်ဒေသ လုံးခင်း ဂေါက်ကွင်း နဲ့ ကုဠေမှော်ဖက် တိုက်ပွဲဖြစ်
KO CHIT (MDY)
22 сент., 13:12
အခုအထိ ကလစ်ခိုင်းတုန်းပဲလား😁



KO CHIT (MDY)
22 сент., 12:38
ဟာ … ဒါအဘကိုစောင်းပြောတာ🤣


KO CHIT (MDY)
22 сент., 11:43
переслано из @soilderbrother47
ပုဇွန်တောင်ချောင်းအတွင်း ပုပ်ပွနေသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိစက်တင်ဘာ ၂၂ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ပုဇွန်တောင်ချောင်းအတွင်း ပုပ်ပွ၍ ပေါလောပေါ်နေသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း ကိုပူတူးနှင့် ဘော်ဒါများအသင်းထံ NP News သတင်းဌာနမှ ဆက်သွယ်မေးမြန်းချက်အရ သိရသည်။ ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာ ၂၂ ရက်)၊ နေလည် (၁၂)နာရီ(၁၅)မိနစ်ခန့်က မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ပုဇွန်တောင်ချောင်းအတွင်း အမျိုးသားတစ်ဦး၏ ရုပ်အလောင်းအား တွေ့ရှိကြောင်း သတင်းအရ ကိုပူတူးနှင့်ဘော်ဒါများအသင်းမှ သွားရောက်ကူညီကယ်ဆယ်ခဲ့ကြောင်း သိရသည်။ “ဘယ်လိုဖြစ်ပွားခဲ့သလဲတော့ ကျွန်တော်တို့ မသိဘူး။ သက်ဆိုင်ရာက ဖုန်းဆက်အကြောင်းကြားလို့ သွားဆယ်တာ။ အလာင်းက ပုပ်ပွပြီးပေါ်နေတာဆိုတော့ (၃)ရက်၊(၄)ရက်လောက်တော့ ရှိမှာပေါ့”ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်း သေဆုံးသူအမျိုးသားမှာ အသက်(၄၀)ကျော်အရွယ်ခန့်ရှိပြီး လက်ရှိတွင် ရုပ်အလောင်းအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။ အဆိုပါတွေ့ရှိသ


KO CHIT (MDY)
22 сент., 11:04
မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၄/၂၀၂၆) ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၆:၀၀ နာရီအချိန် ထုတ်ပြန်ချက် (က) မုန်တိုင်းငယ်အခြေအနေ (၁) ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းနှင့်ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့ (Kyaukpyu) ၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၄၆၀ မိုင်ခန့်၊ အိန္ဒိယ နိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့ (Visakhapatnam)၏ အရှေ့ဘက် ရေမိုင် ၁၄၅ မိုင်ခန့်နှင့် ဂိုလ်ပါပူမြို့ (Gopalpur)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၁၀၅ မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ (၂) မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။ ( ခ ) မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း အဆိုပါ မုန်တိုင်းငယ်သည်TelegramKO CHIT (MDY)https://t.me/ckkmdy969
KO CHIT (MDY)
22 сент., 10:57
■ တူရကီရှိ အထက်တန်းကျောင်းတစ်ခုအနီး ပစ်ခတ်မှုဖြစ်ပွားရာ ၁၁ ဦးထက်မနည်း ဒဏ်ရာရတူရကီနိုင်ငံ အနောက်ပိုင်းရှိ အထက်တန်းကျောင်းတစ်ခုအနီးတွင် စက်တင်ဘာ ၂၂ ရက် မနက်ပိုင်းက သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ လူ ၁၁ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး အသက် ၁၅ နှစ်အရွယ် သေနတ်သမားကို ဖမ်းဆီးထားကြောင်း သိရသည်။ဒဏ်ရာရသူများအနက် နှစ်ဦးက အခြေအနေစိုးရိမ်ရသည်။ မန်နီဆာပြည်နယ်၊ တာဂူတလူခရိုင်ရှိ အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာအထက်တန်းကျောင်းရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်သူက အဆိုပါကျောင်းမှ ကျောင်းသားတစ်ဦးပင် ဖြစ်သည်။၎င်းက အဘွားအိမ်မှယူလာသည့် အမဲလိုက်ရိုင်ဖယ်ကို ကိုင်ဆောင်ကာ ကျောင်းအနီးသို့ရောက်လာပြီး အကြောင်းမဲ့ ပစ်ခတ်ပြီးနောက် ထွက်ပြေးရန် ကြိုးစားခဲ့သည်။ ပစ်ခတ်သည့် အကြောင်းရင်းကို မသိရသေးပေ။ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် အစိုးရရှေ့နေချုပ်နှစ်ဦးကို တာဝန်ပေးထားပြီး သေနတ်သမားက ကျောင်းတွင် ဗိုလ်ကျခံခဲ့ရသည်ဆိုသည့် ပြောဆိုချက်များကိုလည်း စုံစမ်းစစ်ဆေးနေသည်။ပစ်ခတ်သူ၏ မိဘများနှင့် သေနတ်ပိုင်ရှင်ဖြစ်သည့်
KO CHIT (MDY)
22 сент., 10:56




KO CHIT (MDY)
22 сент., 10:28изменён
ပုံအမှန်ကဒီမှာရယ်😛😛😛😜KNU တပ်မဟာ ၅ မှာ ဒီည ဖဲဝိုင်းကောင်းဆိုပဲ


KO CHIT (MDY)
22 сент., 10:25
၂၂.၉.၂၀၂၆ ရက်နေ့၊ ၁၅ ၁၀ အချိန်ခန့်၊ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ဒေါင်းနေတံတားအနီး ခရီးသည်တင်ယာဉ်(၁)စီး တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရေနံချောင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ခရီးသည်(၄)ဦးအနက် ယာဉ်နောက်လိုက် ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား မကွေးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသတင်းတွေဖတ်ရန် Ko chit- MDY https://t.me/ckkmdy969


