Последние посты

Eleven Media Group
24 сент., 00:09
■ စက်တင်ဘာ ၂၄ ရက် နံနက်ခင်း သတင်း အစီအစဉ် (တိုက်ရိုက်ထုတ်လွှင့် တင်ဆက်မှု)• ငါးသိုင်းချောင်းမြို့တွင် ရေဝင်ရောက်သဖြင့် ယာယီပိတ်ထားခဲ့သည့် အခြေခံပညာကျောင်း ၂၂ ကျောင်း ပြန်လည်ဖွင့်လှစ် • ငွေပင်လယ်စက်မှုဇုန်တွင် လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲနေသည့် “777” ပလတ်စတစ်စက်ရုံအား စစ်ဆေးဖော်ထုတ်ပြီး နိုင်ငံတော်က နစ်နာခဲ့သည့် ငွေကျပ် ၇ ဒသမ ၉၀၇ ဘီလျံ ပြန်လည်ပေးသွင်းစေကာ ဥပဒေအရ အရေးယူဆောင်ရွက် • ထရန့်က အီရန်ကို အမြစ်ပြတ်ချေမှုန်းမည်ဟု ကုလသမဂ္ဂမိန့်ခွန်းတွင် ခြိမ်းခြောက်ပြောကြား • ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်မည့် ဆူဒန်စစ်တပ်အကြီးအကဲကို အမေရိကန်က ဗီဇာ ထုတ်ပေးရန် ငြင်းဆန် • FIFA ကို ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ အင်ဖန်တီနို အကြံညဏ်တောင်းခံ#eleven_Live #Sep24
Eleven Media Group
23 сент., 16:06
■ Eleven Website:https://news-eleven.com ■ Eleven Broadcasting YouTube:https://m.youtube.com/c/elevenwebtv11 ■ Eleven Sports YouTube:https://m.youtube.com/c/ElevenSports11 ■ Eleven Telegram Channel : https://t.me/elevenmediagroup ■ Eleven Viber : https://vb.me/elevenmediagroupEleven Media Group Co., LtdEleven Media Group was established on June, 2000
Eleven Media Group
23 сент., 16:06
စိုက်ပျိုးရေးလုပ်ငန်းများတွင် တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေးနှင့်ပတ်သက်၍လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စိုက်ပျိုးသည့် မြေအခြေအနေ၊ ရာသီဥတု အခြေအနေများအပေါ်မူတည်ပြီး နိုင်ငံတကာနှင့်ချိန်ထိုး၍ နှစ်ပေါင်းများစွာအချိန်ယူကာ စနစ်တကျသုတေသနပြု လေ့လာဆန်းစစ် တွက်ချက်ပြီး ပန်းတိုင်ရည်မှန်းချက်ကို သတ်မှတ်ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊ ဆီဖူလုံမှုနှင့် ပတ်သက်၍ ဆီထွက်သီးနှံများအား ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်း စားသုံးဖူလုံနိုင်မည်ဖြစ်သော်လည်း မိမိတို့အနေဖြင့် ပန်းတိုင်ရည်မှန်းချက်မပြည့်မီခြင်း၊ ဆီထွက်သီးနှံများအား ဆီကြိတ်ခွဲခြင်းမပြုလုပ်ဘဲ မိရိုးဖလာစားသုံးမှု၌ အသုံးပြုခြင်း၊ မြေပဲ၊ နှမ်း တို့ကို ကုန်ကြမ်းအဆင့်ဖြင့်ပင် ပြည်ပသို့တင်ပို့ခြင်းများလည်း ဆောင်ရွက်နေကြရသည်ကိုလည်း တွေ့မြင် ရကြောင်း၊ သို့ဖြစ်၍ ပြည်တွင်းဆီဖူလုံမှုရှိစေရေး မိမိတို့အနေဖြင့် ဆီထွက်သီးနှံများ အမှန်တကယ် စိုက်ပျိုးကြရန်နှင့် တစ်ဧကအထွက်နှုန်းအတိုင်းထွက်ရှိအောင် ကြိုးပမ်းဆောင်ရွက် သွားကြမည် ဆိုပါက ပြည်ပမှစားသုံးဆီများ နှစ်စဉ်တင်သွင်းနေရမှုကိုများစွာလျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ဆီထွက်သီနှံများဖြစ်သည့် နှမ်း၊ နေကြာ၊ မြေပဲ၊ ပဲပုတ် နှင့် ဆီအုန်း စသည့် သီးနှံများကို မိမိတို့နိုင်ငံတွင် အဓိကစိုက်ပျိုးကြောင်း၊ အဆိုပါအဓိက ဆီထွက်သီးနှံများကို အမှန်တကယ် ဖြစ်ထွန်းအောင်မြင်အောင် စိုက်ပျိုး၊ ထုတ်လုပ်ဆောင်ရွက်မည်ဆိုပါက ပြည်တွင်းဆီဖူလုံမှုကိုများစွာအထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း၊ ဆီအုန်းစိုက်ပျိုးမှုနှင့်ပတ်သက်၍လည်း တနင်္သာရီတိုင်းဒေသကြီးအတွင်း ယခင်က မြေနေရာများစွာကို ခွင့်ပြုပေးထားသော်လည်း ဆီအုန်းစိုက်ပျိုးမှုနှင့် ပတ်သက်၍ အားနည်းချက် များစွာ ရှိနေသေးသည်ကိုတွေ့ရှိရကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်းများ အောင်မြင်အောင်စိုက်ပျိုး၍ စားသုံးဆီများကိုထုတ်လုပ်နိုင်မည်ဆိုပါက တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့အတွက် ဒေသတွင်းစားသုံးဆီများဖူလုံစွာရရှိမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတကပြောကြားသည်။ယင်းအပြင် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် အဓိကနည်းလမ်းလေးသွယ် ဖြစ်သည့် မျိုး၊ မြေ၊ ရေ၊ နည်း ကိုစနစ်တကျဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရ န်အတွက် Contract Farming စနစ်ဖြင့် ဆောင်ရွက်နိုင်သော်လည်း တောင်သူများတစ်ဦးချင်း၏ အကျိုးကို ပိုမိုဖော်ဆောင်နိုင်ရေးအတွက် မြန်မာ့အစဉ်အလာနှင့် ကိုက်ညီသည့် စုပေါင်းသမဝါယမ စနစ်ကို ဖော်ဆောင်ပြီး တောင်သူများစုပေါင်းစိုက်ပျိုးသည့်စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက် သွားရန်လိုကြောင်း၊ ထိုသို့တောင်သူများစုပေါင်းစိုက်ပျိုးရန်အတွက် လိုအပ်သည့် စိုက်ပျိုးရေး ချေးငွေများကိုလည်း နိုင်ငံတော်အနေဖြင့် သတ်မှတ်ချက်များအတိုင်း စနစ်တကျ ထုတ်ချေး ပေးလျက်ရှိကြောင်း၊ သီးထပ်စွမ်းအားမြှင့်တင်ရေးနှင့် ပတ်သက်၍ဆောင်ရွက်ရာတွင်လည်း အခြေခံကိန်းဂဏန်း အချက် အလက်များ မှန်ကန်ရန်လိုကြောင်း၊ သီးထပ်စွမ်းအားတိုးတက်လာ စေရေးဆောင်ရွက်ရာတွင် ရာသီ ဥတုနှင့် မြေအနေအထားကိုက်ညီသည့် သီးနှံများကို အချိန်မီစိုက်ပျိုးဆောင်ရွက်သွားရန် လိုကြောင်း နိုင်ငံတော်သမ္မတကပြောကြားသည်။စိုက်ပျိုးရေးလုပ်ငန်းများအတွက် မဖြစ်မနေလိုအပ်သည့် ဓာတ်မြေဩဇာများ လုံလောက်စွာ ရရှိစေရေး အတွက်လည်း ပြည်ပမှတင်သွင်းခွင့်များကို အခွန်ကင်းလွတ်တင်သွင်းခွင့် ပြုပေးထားကြောင်း၊ မြေပြုပြင်ခြင်း လုပ်ငန်းများကိုဆောင်ရွက်ရာတွင် ဓာတ်မြေဩဇာများထည့်သွင်းရန် လိုအပ်သကဲ့သို့ တိရစ္ဆာန်များ၏ စွန့်ပစ်ပစ္စည်းများ အသုံးပြု၍ ဇီဝမြေဩဇာအဖြစ်အသုံးပြုခြင်း၊ ပိုက်ဆံလျှော်ပင်များ၊ ဉာဏ်ပင်များစိုက်ပျိုး၍ သဘာဝမြေဩဇာအဖြစ်အသုံးပြုခြင်းများကို ဆောင်ရွက်သွားနိုင်ကြောင်း၊ စိုက်ပျိုးရေများလုံလောက်စွာရရှိရေး မိမိတို့အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကောက်ကွက် များ ပြည့်မီစေရေး စံသတ်မှတ်ချက်များအတိုင်း စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်စေရေး နိုင်ငံတော်မှ လိုအပ်သည်များဖြည့်ဆည်းပေးလျက် ရှိသကဲ့သို့ စိုက်ပျိုးတောင်သူများအနေဖြင့်လည်း တစ်ဧကအထွက်နှုန်း တိုးတက်စေရေးတစ်ဦးချင်း ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုကြောင်း နိုင်ငံတော်သမ္မတကပြောကြားသည်။အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ဒုတိယသမ္မတ ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့်တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။Website Link - - - >>>https://news-eleven.com/article/315381#ပြည်သူလူထု #ကုန်ဈေးနှုန်းကြီးမြင့်မှု #နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် #elevennews #စစ်ဆေးရေးဂိတ်Eleven Media Group Co., Ltd■ လတ်တလော ပြည်သူလူထုရင်ဆိုင်ကြုံတွေ့နေရသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဒေသအလိုက် တာဝန်ရှိသူများက လုပ်သင့်လုပ်ထိုက်သည်များကို…■ လတ်တလော ပြည်သူလူထုရင်ဆိုင်ကြုံတွေ့နေရသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဒေသအလိုက် တာဝန်ရှိသူများက လုပ်သင့်လုပ်ထိုက်သည်များကို အမှန်တကယ်လုပ်ကိုင် ဖြေရှင်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း နိုင်ငံတော်သမ္မတ ပြောကြား ■ စစ်ဆေးရေးဂိတ်များ၌ လုံခြ…
Eleven Media Group
23 сент., 16:06
■ လတ်တလော ပြည်သူလူထုရင်ဆိုင်ကြုံတွေ့နေရသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဒေသအလိုက် တာဝန်ရှိသူများက လုပ်သင့်လုပ်ထိုက်သည်များကို အမှန်တကယ်လုပ်ကိုင် ဖြေရှင်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း နိုင်ငံတော်သမ္မတ ပြောကြား■ စစ်ဆေးရေးဂိတ်များ၌ လုံခြုံရေးကိုအကြောင်းပြ၍ ပေးအပ်ထားသည့် အခွင့်အာဏာကို မလျော်ကန်စွာ အသုံးချနေခြင်းများကြောင့် တရားမဝင်ကုန်စည်စီးဆင်းမှုများ ဖြစ်ပေါ်လျက်ရှိကာ အကျိုးဆက်အနေဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ပြည်သူလူထုအနေဖြင့်ခံစားနေရကြောင်းနှင့် ၎င်းကိစ္စရပ်များကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန်လိုဟုဆိုလတ်တလော ပြည်သူလူထုရင်ဆိုင်ကြုံတွေ့နေရသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဒေသအလိုက် တာဝန်ရှိသူများက လုပ်သင့်လုပ်ထိုက်သည်များကို အမှန်တကယ်လုပ်ကိုင် ဖြေရှင်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ပြောကြားသည်။နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား ယနေ့(စက်တင်ဘာ ၂၃ ရက်)နံနက်ပိုင်းတွင် နိုင်ငံတော် သမ္မတရုံးတော်၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံ စဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မိမိတို့အစိုးရအနေဖြင့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ကြသည်မှာ ခြောက်လတာကာလသို့ ရောက်ရှိလာပြီဖြစ်ပြီး ရွေးကောက်ခံ အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံတော်၏မူဝါဒများနှင့်အညီ မိမိတို့၏အတွေ့အကြုံကောင်းများကိုအသုံးချ၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်သူလူထု၏လူမှုစီးပွားဘဝ ပညာရေး၊ ကျန်းမာရေးဆိုင်ရာများ အပါအဝင် ဖွံ့ဖြိုး တိုးတက်လာစေရေး အမြဲမပြတ်ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။ထို့ပြင် လတ်တလော ပြည်သူလူထုရင်ဆိုင်ကြုံတွေ့နေရသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုကိုလည်း မိမိတို့ ဒေသအလိုက် တာဝန်ရှိသူများက လုပ်သင့်လုပ်ထိုက်သည်များကို အမှန်တကယ်လုပ်ကိုင် ဖြေရှင်းပေးနိုင်ရေးကြိုးပမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့ဒေသအလိုက် ဝမ်းစာဖူလုံမှုရှိစေရေး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ဒေသလိုအပ်ချက်အပေါ်မူတည်၍ စနစ်တကျတွက်ချက်ကာ တိုးချဲ့ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အဓိကလိုအပ်နေသည်မှာအားလုံးက အမှန်တကယ် အလုပ်လုပ်ကြရန်ဖြစ်ကြောင်း၊ ဒေသတွင်းစားရေးဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန် ခွင့်ပြုချထားပေးသည့် မြေနေရာများကိုလည်း မှန်မှန်ကန်ကန် အသုံးချမှုမရှိဘဲ အခြားနည်းများဖြင့် တလွဲအသုံးချနေခြင်းများကိုလည်း ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့် စနစ်တကျ ကြပ်မတ် ထိန်းသိမ်းဆောင်ရွက်နေရန်လိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။ထို့အတူ ဒေသအလိုက် လုံခြုံရေးပိုင်းဆိုင်ရာ အရသော်လည်းကောင်း၊ တရားမဝင် ကုန်စည်စီးဆင်းမှု တိုက်ဖျက်ရေးအရသော်လည်းကောင်း ဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်များရှိကြောင်း၊ အဆိုပါ စစ်ဆေးရေးဂိတ်များ၌ လုံခြုံရေးကိုအကြောင်းပြ၍ ပေးအပ်ထားသည့် အခွင့်အာဏာကို မလျော်ကန်စွာ အသုံးချနေခြင်းများရှိနေကြောင်း၊ ထို့ကြောင့် တရားမဝင်ကုန်စည်စီးဆင်းမှုများ ဖြစ်ပေါ်လျက်ရှိပြီး အကျိုးဆက်အနေဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ပြည်သူလူထုအနေဖြင့်ခံစားနေကြရကြောင်း၊ အဆိုပါကိစ္စရပ်များကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းသွားကြရန်နှင့် တရားဥပဒေချိုးဖောက်မှုများကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားရန် အလေးအနက်ထား မှာကြားလိုကြောင်း နိုင်ငံတော်သမ္မတကပြောကြားသည်။
Eleven Media Group
23 сент., 15:49
■ Time မဂ္ဂဇင်းအနေဖြင့် အင်တာဗျူးအတွင်း အမှန်တကယ်ဖြေကြားခဲ့သည့်အကြောင်းအရာများကို ပြည့်စုံစွာထင်ဟပ်ဖော်ပြခဲ့ခြင်းမရှိဘဲ မီဒီယာကျင့်ဝတ်နှင့် မကိုက်ညီသည့် ရေးသားဖော်ပြမှုအဖြစ် ကန့်ကွက်ရှုတ်ချကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းထုတ်ပြန်Time မဂ္ဂဇင်းအနေဖြင့် မူလအင်တာဗျူးအတွင်း ပြောကြားခဲ့သည့် အကြောင်းအရာများကို ပြည့်စုံမှန်ကန်စွာ ထင်ဟပ်ဖော်ပြခြင်းမရှိဘဲ အခြားအကြောင်းအရာများနှင့် သုံးသပ်ချက်များကို ထည့်သွင်းရေးသား ဖော်ပြခဲ့သည့်အပေါ် မီဒီယာကျင့်ဝတ်နှင့် မကိုက်ညီသည့် ရေးသားဖော်ပြမှုအဖြစ် ကန့်ကွက်ရှုတ်ချကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က စက်တင်ဘာ ၂၃ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။Time မဂ္ဂဇင်းအနေဖြင့် မြန်မာအစိုးရက ပြည်ထောင်စုမပြိုကွဲရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးကို ကာကွယ်ထိန်းသိမ်းဆောင်ရွက်ခဲ့သည့် နိုင်ငံတော်၏ သမိုင်းဝင်အခန်းကဏ္ဍများ၊ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ခဲ့မှုများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၏ တိုးတက်အောင်မြင်မှုများကို “The Future of Myanmar” ခေါင်းစဉ်ဖြင့် မဂ္ဂဇင်းတွင် ဖော်ပြရန်အတွက် အင်တာဗျူးပြုလုပ်လိုကြောင်း မြန်မာသံရုံး၊ စင်ကာပူမှတစ်ဆင့် မေတ္တာရပ်ခံအဆိုပြုခဲ့ကြောင်း၊ Time မဂ္ဂဇင်းသည် နိုင်ငံတကာတွင် လူသိများသည့် မီဒီယာတစ်ခုဖြစ်သည့်အတွက် အဆိုပါမေတ္တာရပ်ခံချက်အပေါ် အပြုသဘောဖြင့် တုံ့ပြန်ခဲ့ပြီး နိုင်ငံတော်သမ္မတက Time မဂ္ဂဇင်း၏ သတင်းထောက် Charlie Campbell အား လက်ခံတွေ့ဆုံကာ မေးမြန်းခဲ့သည့် အကြောင်းအရာများကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း၊ သို့သော် အဆိုပါအင်တာဗျူးကို Time မဂ္ဂဇင်း၏ Online Media တွင် ဖော်ပြရာ၌ မူလတွေ့ဆုံမေးမြန်းခဲ့သည့် အမေးအဖြေပုံစံအတိုင်း တင်ပြခြင်းမရှိဘဲ ဆောင်းပါးပုံစံဖြင့် ပြန်လည်ရေးသားဖော်ပြခဲ့သည့်အပြင် အင်တာဗျူးအတွင်း အမှန်တကယ်ဖြေကြားခဲ့သည့် အကြောင်းအရာများကိုလည်း ပြည့်စုံစွာ ထင်ဟပ်ဖော်ပြခဲ့ခြင်းမရှိသည်ကို တွေ့ရှိရကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ထို့အပြင် မူလအင်တာဗျူးတွင် မပါဝင်သည့် အခြားပုဂ္ဂိုလ်များ၏ ပြောကြားချက်များ၊ တွေ့ဆုံမေးမြန်းမှုများနှင့် သုံးသပ်ချက်များကို ထည့်သွင်းဖော်ပြခဲ့ပြီး မြန်မာအစိုးရနှင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ၏ အမြင်လွဲမှားစေနိုင်သည့် အသုံးအနှုန်းများနှင့် အပြုသဘောမဆောင်သော ရေးသားဖော်ပြချက်များကိုလည်း ထည့်သွင်းရေးသားထားကြောင်း ၊ ထိုသို့ မူလဆွေးနွေးသဘောတူညီထားသည့် အင်တာဗျူးအကြောင်းအရာများထက် အခြားအကြောင်းအရာများကို အလေးပေးဖော်ပြခြင်းသည် မီဒီယာကျင့်ဝတ် (Media Ethics) နှင့်အညီ ဆောင်ရွက်ခြင်း ရှိ၊ မရှိအပေါ် မေးခွန်းထုတ်စရာ ဖြစ်ပေါ်စေကြောင်း၊ နိုင်ငံတော်သမ္မတနှင့် Time မဂ္ဂဇင်းသတင်းထောက် Charlie Campbell တို့အကြား ပြုလုပ်ခဲ့သည့် မူရင်းအမေးအဖြေများကိုလည်း ဆက်လက်ထုတ်လွှင့်ဖော်ပြသွားမည်ဖြစ်ကြောင်း၊ ယင်းကြောင့် Time မဂ္ဂဇင်း၏ သတင်းထောက် Charlie Campbell အနေဖြင့် မူလအင်တာဗျူးအတွင်း ပြောကြားခဲ့သည့် အကြောင်းအရာများကို ပြည့်စုံမှန်ကန်စွာ ထင်ဟပ်ဖော်ပြခြင်းမရှိဘဲ အခြားအကြောင်းအရာများနှင့် သုံးသပ်ချက်များကို ထည့်သွင်းရေးသားဖော်ပြခဲ့သည့်အပေါ် မီဒီယာကျင့်ဝတ်နှင့် မကိုက်ညီသည့် ရေးသားဖော်ပြမှုအဖြစ် ကန့်ကွက်ရှုတ်ချကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်သည်။#Time မဂ္ဂဇင်း #သတင်းထုတ်ပြန်ရေးအဖွဲ့ #ကန့်ကွက်ရှုတ်ချ #elevennews ■ Read more >>>>> https://news-eleven.com/article/315380■ Eleven Website:https://news-eleven.com ■ Eleven Broadcasting YouTube:https://m.youtube.com/c/elevenwebtv11 ■ Eleven Sports YouTube:https://m.youtube.com/c/ElevenSports11 ■ Eleven Telegram Channel : https://t.me/elevenmediagroup ■ Eleven Viber : https://vb.me/elevenmediagroupEleven Media Group Co., LtdTime မဂ္ဂဇင်းအနေဖြင့် အင်တာဗျူးအတွင်း အမှန်တကယ်ဖြေကြားခဲ့သည့်အကြောင်းအရာများကို ပြည့်စုံစွာထင်ဟပ်ဖော်ပြခဲ့ခြင်းမရှိဘဲ မီဒီယာကျင့်ဝတ်နှင့်…Time မဂ္ဂဇင်းအနေဖြင့် မူလအင်တာဗျူးအတွင်း ပြောကြားခဲ့သည့် အကြောင်းအရာများကို ပြည့်စုံမှန်ကန်စွာ ထင်ဟပ်ဖော်ပြခြင်းမရှိဘဲ အခြားအကြောင်းအရာများနှင့် သုံးသပ်ချက်များကို ထည့်သွင်းရေးသား ဖော်ပြခဲ့သည့်အပေါ် မီဒီယာကျင့်ဝတ်နှင့် မကိုက်ညီသည့် ရေးသားဖော်ပြမှုအဖြစ် က…
Eleven Media Group
23 сент., 14:34
■ တရုတ်နိုင်ငံ၊ နန်နင်းမြို့ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကျင်းပသည့် (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ၂၀၂၆ တွင် ပဲခူးတိုင်းဒေသကြီးမှ ဆုတံဆိပ်(၂)ခု ဆွတ်ခူးရရှိတရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ-၂၀၂၆ (23rd CHINA-ASEAN EXPO-2026)သို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ဒုတိယ ဝန်ကြီးချုပ် H.E Mr. Ding Xuexiang၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံမှ ဒုတိယသမ္မတ(၁) ဦးညိုစော၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဒေသတွင်း အာဆီယံနိုင်ငံများမှ နိုင်ငံတော်အဆင့် အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။အဆိုပါ (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ-၂၀၂၆တွင် ပဲခူးတိုင်းဒေသကြီး၏မြို့တော် ပဲခူးမြို့ကို နှစ်လိုဖွယ်ရာမြို့(City of Charm)အစီအစဉ်တွင် မိတ်ဆက်ပြသခြင်း ပြခန်းတွင် ပဲခူးတိုင်း ဒေသကြီးမှ သမီးပျိုများက ပျူယဉ်ကျေးမှုအက၊ ကဗျာလွတ်အက၊ မြန်မာ့ရိုးရာသင်္ကြန်အကနှင့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုအကအလှတို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့်အပြင် ပဲခူးတိုင်းဒေသကြီး၏ စိုက်ပျိုးရေးထုတ်ကုန်များ တရုတ်နိုင်ငံနှင့် အာဆီယံဒေသတွင်းနိုင်ငံများတွင် ဈေးကွက်ပိုမိုရရှိစေရန်၊ ပဲခူးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများ ဖိတ်ခေါ်ဆောင်ရွက်ခြင်းဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီးမှ ဒေသထွက်ကုန်ပစ္စည်းပြခန်း(၁၀)ခန်း၊ ကျန်တိုင်းဒေသကြီး/ပြည်နယ်များမှ (၇၁)ခန်း၊ စုစုပေါင်း(၈၁)ခန်း ခင်းကျင်းပြသ၍ ပြည်ပဈေးကွက်များရရှိနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ-၂၀၂၆ (23rd CHINA-ASEAN EXPO-2026)တွင် ပဲခူးတိုင်းဒေသကြီးအနေဖြင့် (၁) BEST Exhibition Organizer ဆုတံဆိပ်နှင့် (၂) BEST National Pavilion တို့အား ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ကြောင်း သတင်းရရှိသည်။#(၂၃)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ #ပဲခူးတိုင်းဒေသကြီး #ဆုတံဆိပ်(၂)ခုဆွတ်ခူး #elevennews ■ Read more >>>>> https://news-eleven.com/article/315379■ Eleven Website:https://news-eleven.com ■ Eleven Broadcasting YouTube:https://m.youtube.com/c/elevenwebtv11 ■ Eleven Sports YouTube:https://m.youtube.com/c/ElevenSports11 ■ Eleven Telegram Channel : https://t.me/elevenmediagroup ■ Eleven Viber : https://vb.me/elevenmediagroupEleven Media Group Co., Ltd■ တရုတ်နိုင်ငံ၊ နန်နင်းမြို့ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကျင်းပသည့် (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ…တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ-၂၀၂၆ (23rd CHINA-ASEAN EXPO-2026)သို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ…
Eleven Media Group
23 сент., 11:58
■ ကုလသမဂ္ဂက ၎င်း၏တာဝန်ကို ထမ်းဆောင်နိုင်စွမ်း မရှိတော့ဟု တူရကီသမ္မတ ဝေဖန်■ ပါလက်စတိုင်းသမ္မတ ညီလာခံတက်ခွင့် မရမှုကိုလည်း မကျေမနပ်ပြောဆိုနိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် လွန်ခဲ့သည့် ၈၁ နှစ်က တည်ထောင်ခဲ့သည့် ကုလသမဂ္ဂသည် ယခုအခါ ၎င်း၏အဓိကတာဝန်ကို ထမ်းဆောင်နိုင်ခြင်း မရှိတော့ကြောင်း တူရကီသမ္မတ ရီဆပ် အာဒိုဂန်က ကမ္ဘာ့ခေါင်းဆောင်များရှေ့တွင် ဝေဖန်ပြောဆိုလိုက်သည်။စက်တင်ဘာ ၂၂ ရက်က ကုလသမဂ္ဂအထွေထွေညီလာခံတွင် အာဒိုဂန်က မိန့်ခွန်းပြောကြားခဲ့ပြီး “နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့ လွန်ခဲ့တဲ့ ၈၁ နှစ်က တည်ထောင်ခဲ့တဲ့ ကုလသမဂ္ဂဟာ အခုတော့ ဒီတာဝန်ကို ထမ်းဆောင်နိုင်စွမ်း မရှိတော့ပါဘူး။ ပိုပြီးတိတိကျကျ ပြောရမယ်ဆိုရင် ဒီတာဝန်ကို ထမ်းဆောင်နိုင်ခြင်း မရှိအောင် ပြုလုပ်ခံထားရတာပါ” ဟု ဝေဖန်ခဲ့သည်။ပြီးခဲ့သည့် တစ်နှစ်တာကာလအတွင်း ကုလသမဂ္ဂသည် ၎င်း၏ ရည်မှန်းချက်များနှင့် မျှော်မှန်းချက်များအတိုင်း လုပ်ဆောင်နိုင်ခြင်း မရှိခဲ့သည့် အခြေအနေကို မြင်တွေ့နိုင်ကြောင်း ၊ ထိုကာလအတွင်း လူပေါင်းရာနှင့်ချီ သေဆုံးခဲ့ရပြီး ထိုထက်မကသော လူများက ပြင်းထန်သည့် ဆင်းရဲဒုက္ခများကို ခံစားခဲ့ရကြောင်း ၊ ပြီးခဲ့သည့် ၁၂ လသည် လွန်ခဲ့သည့် အနှစ် ၃၀ အတွင်း သွေးထွက်သံယိုမှု အများဆုံးကာလများထဲမှ တစ်ခုအဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့ကာ ဂါဇာမှ ယူကရိန်းနှင့် ရုရှားအထိ၊ မြန်မာနိုင်ငံမှ ဒါဖာအထိ၊ အီရန်မှ လက်ဘနွန်အထိ ပဋိပက္ခ၊ စစ်ပွဲပေါင်း ၆၀ ကျော် ဖြစ်ပွားခဲ့ကြောင်း အာဒိုဂန်က ထောက်ပြခဲ့သည်။ထို့ပြင် ပါလက်စတိုင်း၊ လက်ဘနွန်၊ ဆူဒန်နှင့် အခြားအကျပ်အတည်းဖြစ်ပွားနေသည့် ဒေသများမှ ကုလသမဂ္ဂအပေါ် မျှော်လင့်ချက်ထားခဲ့သူများမှာ အလွန်အမင်း စိတ်ပျက်နေကြကြောင်းလည်း ၎င်းကပြောသည်။အာဒိုဂန်က လက်ရှိဆောင်ရွက်နေသည့် ကုလသမဂ္ဂ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုများကို ထောက်ခံကြောင်းနှင့် လာမည့်ဇန်နဝါရီတွင် တာဝန်စတင်ထမ်းဆောင်မည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သစ်၏ ဦးဆောင်မှုအောက်တွင် ပြုပြင်ပြောင်းလဲရေး ဆက်လက်လုပ်ဆောင်သွားမည်ဟု မျှော်လင့်ကြောင်း ထည့်ပြောခဲ့သည်။အဆိုပါ ပြုပြင်ပြောင်းလဲမှုများတွင် အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ပြုပြင်ပြောင်းလဲရေးလည်း ပါဝင်သည်။ လုံခြုံရေးကောင်စီတွင် အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံနှင့် အလှည့်ကျရွေးချယ်ခံရသည့် အမြဲတမ်းမဟုတ်သော အဖွဲ့ဝင် ၁၀ နိုင်ငံ ပါဝင်သည်။“နိုင်ငံပေါင်း ၁၉၀ ကျော်ရဲ့ ဆန္ဒတွေဟာ နိုင်ငံငါးနိုင်ငံရဲ့ သဘောထားအပေါ် မူတည်နေရတဲ့စနစ်ဟာ တရားမျှတတဲ့စနစ် မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ လက်ခံရပါမယ်။ ကမ္ဘာကြီးဟာ ငါးနိုင်ငံထက် ပိုကျယ်ပြန့်ပါတယ်” ဟု တူရကီသမ္မတက ပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံတကာဥပဒေကို အင်အားကြီးနိုင်ငံများနှင့် အင်အားနည်းနိုင်ငံများအပေါ် တန်းတူညီမျှ ကျင့်သုံးရန် လိုအပ်ကြောင်း အာဒိုဂန်က အလေးပေးပြောခဲ့သည်။ဂါဇာအရေးကိုလည်း အာဒိုဂန်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ လူသားဆန်မှု၊ တရားမျှတမှုတို့ကို နှလုံးသားထဲတွင် ထားရှိသူ မည်သူမဆို ဂါဇာတွင် ဖြစ်ပျက်နေသည်များကို မျက်ကွယ်ပြုနိုင်မည် မဟုတ်ကြောင်း ၎င်းကပြောသည်။“ပါလက်စတိုင်းသမ္မတ မာမွတ် အာဘတ်စ်ဟာ နှစ်နှစ်ဆက်တိုက် ဒီခန်းမထဲကို ရောက်လာခွင့် မရခဲ့ပါဘူး။ ပါလက်စတိုင်းသားတွေအပေါ် ဒီလိုမတရားမှုတွေ ကျူးလွန်နေတာဟာ ကျွန်တော်တို့ရဲ့ အသိစိတ်ဓာတ်ကို နာကျင်စေပါတယ်” ဟုလည်း အာဒိုဂန်ကဆိုသည်။ ထို့နောက် ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်မပြုသေးသည့် နိုင်ငံများအနေဖြင့် ၎င်းတို့၏ သဘောထားကို ပြန်လည်သုံးသပ်ကြရန်နှင့် ဂါဇာစစ်ပွဲ အဆုံးသတ်ရေးအတွက် အစ္စရေးကို ဖိအားတိုးပေးကြရန် နိုင်ငံတကာကို အာဒိုဂန်က တိုက်တွန်းခဲ့သည်။Ref: Reuters #ကုလသမဂ္ဂ #တူရကီသမ္မတ ရီဆပ် အာဒိုဂန် #elevennews ■ Read more >>>>>https://news-eleven.com/article/315373■ Eleven Website:https://news-eleven.com ■ Eleven Broadcasting YouTube:https://m.youtube.com/c/elevenwebtv11 ■ Eleven Sports YouTube:https://m.youtube.com/c/ElevenSports11 ■ Eleven Telegram Channel : https://t.me/elevenmediagroup ■ Eleven Viber : https://vb.me/elevenmediagroupEleven Media Group Co., Ltd■ ကုလသမဂ္ဂက ၎င်း၏တာဝန်ကို ထမ်းဆောင်နိုင်စွမ်း မရှိတော့ဟု တူရကီသမ္မတ ဝေဖန်■ ပါလက်စတိုင်းသမ္မတ ညီလာခံတက်ခွင့် မရမှုကိုလည်း မကျေမနပ်ပြောဆို နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် လွန်ခဲ့သည့် ၈၁ နှစ်က တည်ထောင်ခဲ့သည့် ကုလသမဂ္ဂသည် ယခုအခါ ၎င်း၏အဓိကတာဝန်ကို ထမ်းဆောင်နိုင်ခြင်း မရှိတော့ကြောင်း တူရကီသမ္မတ…
Eleven Media Group
23 сент., 11:43
■ တီဂရေးသူပုန်တပ်ဖွဲ့များက အီသီယိုပီးယား ရှိဒေသတွင်းလေဆိပ်ကို ထိန်းချုပ်ဖက်ဒရယ်အစိုးရနှင့် တီဂရေးသူပုန်တို့ တင်းမာမှုများ မြင့်တက်နေချိန်တွင် တီဂရေးသူပုန်တို့က ဒေသဆိုင်ရာမြို့တော်၏လေဆိပ်ကို ထိန်းချုပ်လိုက်ပြီဟု လုံခြုံရေးနှင့်ဒေသတွင်း သတင်းအရင်း အမြစ်များက စက်တင်ဘာ ၂၃ ရက်တွင် AFP ကို ပြောကြားခဲ့သည်။တီဂရေးဒေသကို ထိန်းချုပ်ထားသော တီဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦး(TPLF)သည် ၂၀၂၀-၂၀၂၂ တွင် ဖက်ဒရယ်အစိုးရနှင့် ပြင်းထန်သောပြည်တွင်းစစ်ကို တိုက်ခဲ့ရာ လူ ၆၀၀,၀၀၀ ခန့်သေဆုံးခဲ့သည်ဟု အာဖရိကသမဂ္ဂ၏ ခန့်မှန်းချက်များအရ သိရသည်။လွန်ခဲ့သောလများတွင် ထုံ့ပိုင်းထုံ့ပိုင်းဖြစ်ပွားသောတိုက်ပွဲများက တစ်ကျော့ပြန်စစ်ပွဲ ပြန်ဖြစ်မည်ဟူသော စိုးရိမ်မှုများကို မြင့်တက်လာစေသည်။"အလုပ်အတွက်ကျွန်တော်တို့က လေဆိပ်ကိုသွားတဲ့လမ်းပေါ်ကို ရောက်နေတုန်းမှာ ကျွန်တော်တို့ရဲ့ အလုပ်ကြပ်က ဒရိုင်ဘာကို ဖုန်းဆက်ပါတယ်။ တီဂရေးတပ်ဖွဲ့တွေကလေဆိပ်ကို သိမ်းပိုက်လိုက်ပြီလို့ ဒရိုင်ဘာကိုပြောပါတယ်။ အဲဒီနောက်ပိုင်းမှာ တိုက်ခိုက်တာတွေမရှိပါဘူး။ အိမ်ပြန်ဖို့ ပြောပါတယ်"ဟု တီဂရေးမြို့တော် မီကီလီရှိ အလူလာအဘာနီဂါလေဆိပ်ရှိ ၀န်ထမ်းက AFP ကို ပြောကြားသည်။ထိုသတင်းကို အီသီယိုပီးယားအခြေစိုက် ပြည်ပလုံခြုံရေးအရင်းအမြစ်က အတည်ပြုခဲ့သည်။ ဖက်ဒရယ်ရဲ အနည်းငယ်က လေဆိပ်ကို စောင့်ကြပ်နေခြင်းဖြစ်ပြီး ထိုရဲတို့၏အခြေ အနေကို မသိရပေ။Ref:AFP#တီဂရေးသူပုန်တပ်ဖွဲ့ #အီသီယိုပီးယား #လေဆိပ်ကိုထိန်းချုပ် #elevennews ■ Read more >>>>> https://news-eleven.com/article/315371■ Eleven Website:https://news-eleven.com ■ Eleven Broadcasting YouTube:https://m.youtube.com/c/elevenwebtv11 ■ Eleven Sports YouTube:https://m.youtube.com/c/ElevenSports11 ■ Eleven Telegram Channel : https://t.me/elevenmediagroup ■ Eleven Viber : https://vb.me/elevenmediagroupEleven Media Group Co., Ltd■ တီဂရေးသူပုန်တပ်ဖွဲ့များက အီသီယိုပီးယား ရှိဒေသတွင်းလေဆိပ်ကို ထိန်းချုပ်ဖက်ဒရယ်အစိုးရနှင့် တီဂရေးသူပုန်တို့ တင်းမာမှုများ မြင့်တက်နေချိန်တွင် တီဂရေးသူပုန်တို့က ဒေသဆိုင်ရာမြို့တော်၏လေဆိပ်ကို ထိန်းချုပ်လိုက်ပြီဟု လုံခြုံရေးနှင့်ဒေသတွင်း သတင်းအရင်း အမြစ်များက စက်တင်ဘာ ၂၃ ရက်တွင် AFP ကို ပြောကြားခဲ့သည်။ တီဂရေးဒေသကို ထိန်းချုပ်ထားသော…
Eleven Media Group
22 сент., 17:22





Eleven Media Group
22 сент., 17:22
■ တရုတ်နိုင်ငံ တည်ထောင်သည့် (၇၇) နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်ပွဲသို့ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက်■ လာမည့်ကာလများတွင် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုသာမက ယဉ်ကျေးမှုနှင့် ပညာရေး အစရှိသည့် ပြည်သူအချင်းချင်း ချိတ်ဆက်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ပြောကြားတရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် (၇၇) နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့(စက်တင်ဘာ ၂၂ ရက်)ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Wyndham Grand Hotel ၌ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက်ခဲ့ကြောင်း သိရသည်။အဆိုပါ အခမ်းအနားတွင် ဦးစွာ ဒုတိယသမ္မတနှင့် အခမ်းအနားသို့တက်ရောက်လာကြသူများအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျား၊ စစ်သံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ခင်းကျင်းပြသထားသည့် မြန်မာ-တရုတ် ချစ်ကြည်ရေးအထိမ်းအမှတ် ပြခန်းများကိုEleven Media Group Co., Ltd■တရုတ်နိုင်ငံ တည်ထောင်သည့် (၇၇) နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်ပွဲသို့ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက်■လာမည့်ကာလများတွင် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုသာမက ယဉ်ကျေးမှုနှင့် ပညာရေး အစရှိသည့် ပြည်သူအချင်းချင်း ချိတ်ဆက်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ပြောကြား တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် (၇၇) နှစ်မြောက် နှစ်ပ…
Eleven Media Group
22 сент., 15:55изменён
■ အမေရိကန်သို့ နိုင်ငံတော်ခရီးစဉ် လာရောက်မည့် တရုတ်သမ္မတအား ဒေါ်နယ်ထရန့်ကိုယ်တိုင် လေတပ်စခန်းတွင် စောင့်ကြိုမည်တရုတ်သမ္မတ ရှီကျင်းပင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ဖိတ်ကြားချက်အရ စက်တင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ အမေရိကန်သို့ နိုင်ငံတော်အဆင့်ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။စက်တင်ဘာ ၂၃ ရက်တွင် ထရန့်က သမ္မတရှီကျင်းပင်နှင့် သမ္မတကတော် ဖုန်းလိယွမ်တို့ကို မေရီလန်းပြည်နယ်ရှိ Joint Base Andrews လေတပ်စခန်းတွင် ကိုယ်တိုင်သွားရောက်ကြိုဆိုမည်ဖြစ်သည်။ ပြည်ပခေါင်းဆောင်တစ်ဦးကို အမေရိကန်သမ္မတကိုယ်တိုင် လေဆိပ်တပ်စခန်းသို့ သွားရောက်ကြိုဆိုခြင်းမှာ ရှားရှားပါးပါးဖြစ်သည်။အမေရိကန်စစ်တပ်၏ တပ်ဖွဲ့အသီးသီးမှ စစ်သည် ၄၇၉ ဦး ပါဝင်သည့် နိုင်ငံတော်အဆင့် ကြိုဆိုပွဲအခမ်းအနားကို အိမ်ဖြူတော်၌ ကျင်းပမည်ဖြစ်ပြီး ဂုဏ်ပြုတပ်ဖွဲ့နှင့် စစ်ဘက်တီးဝိုင်းများ၏ အခမ်းအနားများအပြီးတွင် B-2 Spirit ဗုံးကြဲလေယာဉ်တစ်စင်းနှင့် F-22 Raptor တိုက်လေယာဉ် လေးစင်းတို့ကEleven Media Group Co., Ltdအမေရိကန်သို့ နိုင်ငံတော်ခရီးစဉ် လာရောက်မည့် တရုတ်သမ္မတအား ဒေါ်နယ်ထရန့်ကိုယ်တိုင် လေတပ်စခန်းတွင် စောင့်ကြိုမည်တရုတ်သမ္မတ ရှီကျင်းပင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ဖိတ်ကြားချက်အရ စက်တင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ အမေရိကန်သို့ နိုင်ငံတော်အဆင့်ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
Eleven Media Group
22 сент., 15:17





Eleven Media Group
22 сент., 15:17
■ တောင်ကြီးမြို့တွင် ကျောက်တုံးကြီးတစ်တုံး လိမ့်ကျပြီးနောက် တောင်ထိပ်ကျောက်သားများကို ပညာရှင်များ အဖွဲ့ဖြင့် စစ်ဆေးမည်တောင်ကြီးမြို့တွင် ကျောက်တုံးကြီးတစ်တုံး လိမ့်ကျပြီးနောက် တောင်ထိပ် ကျောက်သားများကို ပညာရှင်များ အဖွဲ့ဖြင့် စစ်ဆေးမည်ဖြစ်ကြေင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြောကြားချက်အရ သိရသည်။၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၉ ရက် ည ၁၀ နာရီကျော်တွင် ဘုရားတောင်မှ ကျောက်တုံးကြီး လိမ့်ကျခြင်း ဖြစ်ကာ သတ္တုတွင်းဦးစီးဌာနရုံး၏ ရုံးအဆောက်အဦးကို ထိခိုက်ပြီး လမ်းမှ တစ်ဖက်တစ်ချက် BOC ဆီဆိုင်ဘေးနားရှိ ဆီသိုလှောင်ရာ မြေနေရာသို့ ကျရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။တောင်ကြီးမြို၊ သစ်တောရပ်ကွက်၊ သတ္တုတွင်းဦးစီးဌာနရုံးသို့ ပြိုကျခဲ့သဖြင့် ရုံးအဆောက်အဦ တစ်ခု ပျက်စီးခဲ့ပြီး ထပ်မံကျရောက်နိုင်သော စိုးရိမ်မှုကြောင့် ရုံးနေရာ ယာယီရွေ့ပြောင်းထားကြောင်း သိရသည်။“အခုအစိုးရအနေနဲ့ အဲ့ကျောက်တုံး ပြိုကျတဲ့ နေရာကို သက်ဆိုင်ရာ ဘူမိဗေဒပညာရှင်တွေ ကွင်းဆင်း စစ်ဆေးတဲ့ အဆင့်ပဲရှိသေးတယ်။ အဲဒါပြီးမှ အစီရင်ခံစာ အသေးစိတ်ထွက်မယ်။Eleven Media Group Co., Ltdတောင်ကြီးမြို့တွင် ကျောက်တုံးကြီးတစ်တုံး လိမ့်ကျပြီးနောက် တောင်ထိပ်ကျောက်သားများကို ပညာရှင်များ အဖွဲ့ဖြင့် စစ်ဆေးမည်တောင်ကြီးမြို့တွင် ကျောက်တုံးကြီးတစ်တုံး လိမ့်ကျပြီးနောက် တောင်ထိပ် ကျောက်သားများကို ပညာရှင်များ အဖွဲ့ဖြင့် စစ်ဆေးမည်ဖြစ်ကြေင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြောကြားချက်အရ သိရသည်။
Eleven Media Group
22 сент., 14:46





Eleven Media Group
22 сент., 14:46
■ တောင်ကြီးမြို့နယ် အေးသာယာမြို့ စက်မှုဇုန်တိုးချဲ့မြေဧရိယာပေါ်ရှိ နေအိမ်များသည် တရားမဝင် ဆောက်လုပ်ထားဟုဆိုကာ ကျူးကျော်သတ်မှတ်ပြီး ပထမအကြိမ် သတိပေးစာကပ်တောင်ကြီးမြို့နယ် အေးသာယာမြို့ အမှတ်(၁၂) ရပ်ကွက် စက်မှုဇုန် တိုးချဲ့မြေဧရိယာပေါ်ရှိ နေအိမ်များသည် တရားမဝင် ဆောက်လုပ်ထားဟုဆိုပြီး ကျူးကျော်သတ်မှတ်ကာ ပထမအကြိမ် သတိပေးစာကပ်ထားကြောင်း သိရသည်။အေးသာယာမြို့၊ အမှတ်(၁၂) ရပ်ကွက် စက်မှုဇုန် တိုးချဲ့မြေဧရိယာပေါ်တွင် မြေပေးမိန့်ဖြင့် ခွင့်ပြုထားခြင်း မရှိဘဲ တရားမဝင် ဆောက်လုပ်ထားကြောင်း တွေ့ရှိရသဖြင့် ထိုမြေပေါ်တွင် ဝင်ရောက်နေထိုင်ခြင်း မပြုဘဲ ထွက်ခွာသွားရမည့်အပြင် ၎င်းမြေပေါ်မှ နိုင်ငံပိုင်ပစ္စည်းမှတစ်ပါး အခြားအရပ်ရပ် ပစ္စည်းများကိုလည်း အမိန့်စာပါနေ့ရက်မှစတင်၍ ၂၁ ရက်အတွင်း ရွေ့ပြောင်းထုတ်ယူရမည့် အကြောင်း ပါရှိသည်။၁၈၈၉ ခုနှစ် အထက်မြန်မာပြည်မြေနှင့် အခွန် စည်းမျဉ်းဥပဒေ ပုဒ်မ ၂၅ (ဃ) နှင့် နည်းဥပဒေ ၆၉(၁) တို့အရ နို့တစ်စာ ထုတ်ပြန်လိုက်ကြောင်း ဆိုသည်။ထိုဆင့်စာပါ အမိန့်အတိုင်း လိုက်နာရန်ပျက်ကွက်ပါကEleven Media Group Co., Ltdတောင်ကြီးမြို့နယ် အေးသာယာမြို့ စက်မှုဇုန်တိုးချဲ့မြေဧရိယာပေါ်ရှိ နေအိမ်များသည် တရားမဝင် ဆောက်လုပ်ထားဟုဆိုကာ ကျူးကျော်သတ်မှတ်ပြီး…တောင်ကြီးမြို့နယ် အေးသာယာမြို့ အမှတ်(၁၂) ရပ်ကွက် စက်မှုဇုန် တိုးချဲ့မြေဧရိယာပေါ်ရှိ နေအိမ်များသည် တရားမဝင် ဆောက်လုပ်ထားဟုဆိုပြီး ကျူးကျော်သတ်မှတ်ကာ ပထမအကြိမ် သတိပေးစာကပ်ထားကြောင်း သိရသည်။
Eleven Media Group
22 сент., 14:43
■ မကွေးတိုင်း ရေနံချောင်းမြို့နယ်တွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီး တစ်ဦးဒဏ်ရာရမကွေးတိုင်း ရေနံချောင်းမြို့နယ်တွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီး တစ်ဦးဒဏ်ရာရရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။ဖြစ်စဉ်မှာ စက်တင်ဘာ ၂၂ ရက် ညနေ ၃ နာရီ ၁၀ မိနစ်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ဒေါင်းနေတံတားအနီး ခရီးသည်တင်ယာဉ် တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရေနံချောင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ခရီးသည်လေးဦးအနက် ယာဉ်နောက်လိုက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မကွေးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။#elevennews #ရေနံချောင်းမြို့နယ် #ခရီးသည်တင်ယာဉ်Website Link - - - >>> https://news-eleven.com/article/315335Eleven Media Group Co., Ltdမကွေးတိုင်း ရေနံချောင်းမြို့နယ်တွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီး တစ်ဦးဒဏ်ရာရမကွေးတိုင်း ရေနံချောင်းမြို့နယ်တွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီး တစ်ဦးဒဏ်ရာရရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
Eleven Media Group
22 сент., 14:26
■ မုဒုံမြို့ မီတာ ၄၀၀ အားကစားကွင်းတွင် ဘောလုံးပွဲကျင်းပနေစဉ် မိုးကြိုစက်ကွင်းမိ၍ ဘောလုံးသမားတစ်ဦး သေဆုံးမုဒုံမြို့ မီတာ ၄၀၀ အားကစားကွင်းတွင် ဘောလုံးပွဲကျင်းပနေစဉ် မိုးကြိုစက်ကွင်းမိ၍ ဘောလုံးသမားတစ်ဦး သေဆုံးမှု ယနေ့ (စက်တင်ဘာ ၂၂ ရက်) ညနေပိုင်းက ဖြစ်ပွားကြောင်း သိရသည်။ယနေ့ (စက်တင်ဘာ ၂၂ ရက်) ညနေ ၅ နာရီ မိနစ် ၄၀ ခန့်တွင် မုဒုံမြို့ မီတာ ၄၀၀ အားကစားကွင်းတွင် ကျင်းပပြုလုပ်နေသည့် မုဒုံမြို့နယ်အမျိုးသားအလွှတ်တန်းဘောလုံးပြိုင်ပွဲ၌ Lion City (မော်လမြိုင်) အသင်းမှ ရှေတန်းကစားသမားဖြစ်သူ Sa Sa (ကျောနံပါတ် - ၉) မှာ မိုးကြိုးစက်ကွင်းထိမှန်ကာ လဲကျသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောကြားသည်။၎င်းကဆက်လက်ပြီး "ဘောလုံးကန်နေတဲ့အချိန်မှာ မိုးကရွာနေတယ်။ မိုးချိမ်းပြီး မိုးကြိုးပစ်သံကြားလိုက်တဲ့အချိန်မှာ ဘောလုံးသမားက ကွင်းထဲမှာလဲကျနေပြီး အသက်ပါ ပါသွားတာပါ" ဟု ပြောကြားသည်။#elevennews #မုဒုံမြို့ #ဘောလုံးပွဲ #မိုးကြိုစက်ကွင်းWebsite Link - - - >>> https://news-eleven.com/article/315336Eleven Media Group Co., Ltdမုဒုံမြို့ မီတာ ၄၀၀ အားကစားကွင်းတွင် ဘောလုံးပွဲကျင်းပနေစဉ် မိုးကြိုစက်ကွင်းမိ၍ ဘောလုံးသမားတစ်ဦး သေဆုံးမုဒုံမြို့ မီတာ ၄၀၀ အားကစားကွင်းတွင် ဘောလုံးပွဲကျင်းပနေစဉ် မိုးကြိုစက်ကွင်းမိ၍ ဘောလုံးသမားတစ်ဦး သေဆုံးမှု ယနေ့ (စက်တင်ဘာ ၂၂ ရက်) ညနေပိုင်းက ဖြစ်ပွားကြောင်း သိရသည်။
Eleven Media Group
22 сент., 14:16
■ ကလေးမြို့ရှိ နေအိမ်တစ်လုံးအတွင်းမှ ကျပ် ၁ ဒသမ ၉ ဘီလျံတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးကလေးမြို့ရှိ နေအိမ်တစ်လုံးအတွင်းမှ ကျပ် ၁ ဒသမ ၉ ဘီလျံတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။စက်တင်ဘာ ၁၅ ရက် ည ၁၀ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်နေ မညန်ရှန်းဝုန်(ခ)ဝုန်ပီး(ခ)ချင်းမ၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။ထိုသို့ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား ၇၆၀၀၀၀ ပြား (ခန့်မှန်းကျပ် ၁ ဒသမ ၉ ဘီလျံ)နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။#elevennews #ကလေးမြို့ #စိတ်ကြွဆေးပြားများWebsite Link - - - >>> https://news-eleven.com/article/315334Eleven Media Group Co., Ltdကလေးမြို့ရှိ နေအိမ်တစ်လုံးအတွင်းမှ ကျပ် ၁ ဒသမ ၉ ဘီလျံတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးကလေးမြို့ရှိ နေအိမ်တစ်လုံးအတွင်းမှ ကျပ် ၁ ဒသမ ၉ ဘီလျံတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
Eleven Media Group
22 сент., 14:09
■ အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံသား တစ်ဦးကို သက်ဆိုင်ရာနိုင်ငံသို့ ထပ်မံလွှဲပြောင်းအွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံသား တစ်ဦးကို သက်ဆိုင်ရာနိုင်ငံသို့ ထပ်မံလွှဲပြောင်းပေးကြောင်း သိရသည်။ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးအား မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးကြောင်း သိရသည်။#elevennews #အွန်လိုင်းလိမ်လည်မှု #အင်ဒိုနီးရှားနိုင်ငံသားWebsite Link - - - >>>Eleven Media Group Co., Ltdအွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် အင်ဒိုနီးရှားနိုင်ငံသား တစ်ဦးကို သ…အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် အင်ဒိုနီးရှားနိုင်ငံသား တစ်ဦးကို သက်ဆိုင်ရာနိုင်ငံသို့ ထပ်မံလွှဲပြောင်းပေးကြောင်း သိရသည်။
Eleven Media Group
22 сент., 13:57


