Последние посты

Ko Thet
27 сент., 12:59
အောင်ပွဲရတပ်မတော်သားများအား ဂုဏ်ပြုကြိုဆို၂၇-၉-၂၀၂၆နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များ ကိုထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားကို အနောက်တောင်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိနယ်မြေခံတပ်ရင်း၌ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်း ဝန်ကြီးချုပ်၊အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများကအောင်သပြေပန်းများဖြင့် သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆို…KT Sep 27




Ko Thet
27 сент., 12:01
သတင်းသမားမစစ်သော Charlie Campbell သို့မဟုတ် နှောင်ကြိုးပါ နိုင်ငံရေးသမား (အပိုင်း ၄)Charlie Campbell ဆိုတာ ဘယ်သူလဲ ၂၃-၉-၂၆ရက်နေ့မှာ ဖော်ပြခဲ့တဲ့ TIME ရဲ့ page မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးကို ဖတ်ရင် သူဟာ ဘယ်သူဆိုတာ သိသာနိုင်တယ် ။ သူ့ရဲ့ Political bias နဲ့ Agenda perception ကိုလည်း တွေ့ပါလိမ့်မယ် ။ သူ့ရဲ့ Hidden opinion တွေ Hidden agenda တွေက ထင်ရှားနေပါတယ် ။ - မီဒီယာတစ်ခုရဲ့ အရင်းအနှီးဟာ ရုံးအဆောက်အအုံ၊ ကင်မရာ၊ website၊ follower အရေအတွက်တွေ မဟုတ်ပါဘူး။ Credibility — ယုံကြည်စိတ်ချရမှု ဖြစ်ပါတယ်။ - တစ်ခါဆုံးရှုံးသွားရင် ပြန်တည်ဆောက်ဖို့ အချိန်အလွန်ကြာပါတယ် ။ Tailwind ဖြစ်စဉ်ဟာ “သတင်းသမားတွေ မမှားရဘူး” ဆိုတဲ့ သင်ခန်းစာထက် ပိုနက်ရှိုင်းပါတယ်။ - သတင်းသမားလည်း လူသားဖြစ်တဲ့အတွက် အမှားဖြစ်နိုင်ပါတယ်။ အရေးကြီးတာက— အမှားမဖြစ်အောင် စနစ်တကျ စစ်ဆေးခြင်း၊ မိမိယူဆချက်ကို မိမိကိုယ်တိုင် ပြန်လည်စိန်ခေါ်ခြင်း၊ ဆန့်ကျင်တဲ့ အချက်အလက်ကို နားထောင်ခြင်း၊ အထောက်အထားမလုံလောက်ရင် မရေးခြင်း၊ မှားသွားရင် ပွင့်ပွင့်လင်းလင်း ဝန်ခံပြီး ပြင်ဆင်ခြင်းတို့ ဖြစ်ပါတယ်။ - Tailwind ဖြစ်စဉ်က ကျွန်တော်တို့ကို သတိပေးနေတဲ့ အချက်က ရိုးရှင်းပါတယ်— “သတင်းတစ်ပုဒ်ရဲ့ တန်ဖိုးဟာ ဘယ်လောက် Exclusive ဖြစ်သလဲဆိုတာနဲ့ မတိုင်းတာဘဲ ဘယ်လောက်မှန်ကန်ပြီး ယုံကြည်စိတ်ချရသလဲဆိုတာနဲ့ တိုင်းတာရမယ်။” - သတင်းသမားတစ်ဦးအတွက် အမှန်တရားကို ရှာဖွေခြင်းဟာ အလုပ်တာဝန်ဖြစ်ပြီး၊ အမှန်တရားကို မိမိလိုချင်သလို ဖန်တီးခြင်းကတော့ အဲဒီတာဝန်ကို ကျော်လွန်ခြင်း ဖြစ်ပါတယ်ဆိုတာကို သိထားဖို့ပါပဲ ။ဆရာကြီး လူထုစိန်ဝင်း ပြောတဲ့စကား ဆရာကြီး လူထုစိန်ဝင်းဟာ သတင်းစာပညာနဲ့ သတင်းသမားတွေ အလွန်ချစ်တာ တွေ့ရတယ် ။ သတင်းသမားတွေနဲ့ ပတ်သက်လာရင် အပြည့်အဝ ကာကွယ်ရပ်တည်ပေးတယ် ။ သူ့ရဲ့သတင်းစာပညာသဘောတရားတွေကို ယနေ့အထိ ကျွန်တော်တို့ ဖတ်မှတ်နေရတုန်း။ သင်ယူနေရတုန်းပါပဲ ။ - သူက ဖြောင့်မတ်တည်ကြည်ပြီး သတင်းသမားစစ်စစ်တွေကို “နှောင်ကြိုးမဲ့ နိုင်ငံရေးသမား”လို့ တင်စားပြောဆိုခဲ့တာ ဖတ်ခဲ့ဖူးပါတယ် ။ - အခုတွေ့မြင်လိုက်ရတဲ့ TIME မဂ္ဂဇင်းက Charlie Campbell ကတော့ ဆရာကြီး လူထုစိန်ဝင်း ပြောပြတဲ့ သတင်းစာဆရာအမျိုးအစားထဲမပါဘဲ နိုင်ငံရေးဗိုင်းရပ်စ်တွေကပ်ပြီး ကျင့်ဝတ်မဲ့ရေးချင်ရာရေး ပြောချင်ရာကို ပြောနေလေတော့ အခုချိန်များ ဆရာကြီး လူထုစိန်ဝင်းသာ ရှိနေသေးရင် သတင်းသမားမစစ်တဲ့ “နှောင်ကြိုးပါ နိုင်ငံရေးသမား “ ၊ “သတင်းသမားအရေခြုံ အပေါစားနိုင်ငံရေးသမား”လို့ ကမ္ဗည်းတပ်ပေးလိမ့်မလားလို့ တွေးမိနေပါတယ် …။TheEnd KT Sep 27 (အပိုင်း ၃)




Ko Thet
27 сент., 11:33
အမြန်လမ်း၌ ကားမောင်းရင်း TikTok ရိုက်သည့် Express ယာဉ်မောင်းကို အရေးယူရန် ရဲတပ်ဖွဲထံ တိုင်ကြား၊ ယာဉ်လိုင်းကိုလည်း ပြင်းထန်စွာသတိပေးရန်ကုန်၊ စက်တင်ဘာ ၂၇ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၌ ခရီးသည်တင် Express ယာဉ်ကို မောင်းနှင်နေစဉ် TikTok ဗီဒီယိုရိုက်ကူးခြင်းနှင့် Live လွှင့်ခြင်းများ ပြုလုပ်ခဲ့သည့် ယာဉ်မောင်းအား ဥပဒေအရ အရေးယူနိုင်ရေးအတွက် အမြန်လမ်းရဲတပ်ဖွဲထံ တိုင်ကြားထားကြောင်း အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲထံမှ သိရသည်။ရန်ကုန်-မော်လမြိုင် ခရီးစဉ်ပြေးဆွဲသည့် “ရွှေလင်းယုန်” အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ်အမှတ် 2G-5403 YUTONG ယာဉ်ကို မောင်းနှင်သူသည် အမြန်လမ်းပေါ်၌ ယာဉ်မောင်းနှင်နေစဉ် TikTok အသုံးပြုကာ တေးသရုပ်ဖော်ဗီဒီယိုများ ရိုက်ကူးခြင်း၊ Live လွှင့်ခြင်းနှင့် ပိုစ်တင်ခြင်းများကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။KT Sep 27


Ko Thet
27 сент., 11:29
လက်နက်ကိုင်တွေကို ကြောက်လို့ ငြိမ်းချမ်းလိုချင်တယ်လို့တောင် မပြောရဲတော့ဘူးလို့ ပြောလာတဲ့ စောမူတူးစေးဖောhttps://www.tiktok.com/@beaconpress.3?_r=1&_t=ZS-9A55HIyIBLZTikTokVisit TikTok to discover profiles!Watch, follow, and discover more trending content.
Ko Thet
27 сент., 10:29
သတင်းသမားမစစ်သော Charlie Campbell သို့မဟုတ် နှောင်ကြိုးပါ နိုင်ငံရေးသမား (အပိုင်း ၃)“Confirmation Bias” ၏ အန္တရာယ်Tailwind ဖြစ်စဉ်မှာ နောက်ပိုင်း CNN စုံစမ်းစစ်ဆေးမှုက ထောက်ပြခဲ့တဲ့ အဓိကပြဿနာတစ်ခုက journalists တွေရဲ့ မူလယုံကြည်ချက်နဲ့ မကိုက်ညီတဲ့ အချက်အလက်တွေကို လျစ်လျူရှုခြင်း သို့မဟုတ် အရေးမကြီးသလို ပြုမူခြင်း ဖြစ်ပါတယ်။ (The Washington Post) - ဒီအခြေအနေကို Journalism မှာ Confirmation Bias လို့ ခေါ်နိုင်ပါတယ်။ဆိုလိုတာက—“ကိုယ်ယုံကြည်ပြီးသားအရာကို အတည်ပြုတဲ့ အထောက်အထားကိုရှာပြီး ကိုယ်ယုံကြည်ချက်ကို ဆန့်ကျင်တဲ့ အထောက်အထားကို လျှော့တွက်ခြင်း”ဖြစ်ပါတယ်။ - အမှားတစ်ခုက ဘာကြောင့် ကြီးမားသွားသလဲဒီဖြစ်စဉ်ရဲ့ အကျိုးဆက်က သတင်းမှားတစ်ပုဒ် ထုတ်ဝေလိုက်တာနဲ့ ပြီးသွားတာ မဟုတ်ပါဘူး။ - သတင်းထုတ်လွှင့်ပြီးနောက် Operation Tailwind မှာ ပါဝင်ခဲ့တဲ့ စစ်သားတွေ၊ စစ်မှုထမ်းဟောင်းတွေရဲ့ ဂုဏ်သိက္ခာ ထိခိုက်ခဲ့ပါတယ်။ နောက်ပိုင်း Pentagon ရဲ့ စုံစမ်းမှုကလည်း Sarin အသုံးပြုခဲ့ကြောင်း သက်သေမတွေ့ရှိဘဲ၊ Operation Tailwind ရဲ့ ရည်ရွယ်ချက်ဟာ American defectors တွေကို သတ်ဖြတ်ဖို့ မဟုတ်ကြောင်း သတ်မှတ်ခဲ့ပါတယ်။ Pentagon က အသုံးပြုခဲ့တဲ့ chemical agent ဟာ Sarin မဟုတ်ဘဲ ပြင်းထန်တဲ့ tear gas ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ (TIME) - သတင်းမှားတစ်ပုဒ်ကို နောက်ပိုင်းမှာ ပြန်ရုပ်သိမ်းနိုင်ပါတယ်။ ဒါပေမယ့် လူတွေရဲ့ စိတ်ထဲမှာ ကျန်ရှိခဲ့တဲ့ အထင်အမြင်ကိုတော့ ပြန်ရုပ်သိမ်းဖို့က ပိုမိုခက်ခဲပါတယ်။ဒါဟာ ဒီဖြစ်စဉ်ရဲ့ အနက်ရှိုင်းဆုံး သင်ခန်းစာတစ်ခု ဖြစ်ပါတယ်။ - သတင်းပြန်ရုပ်သိမ်းခြင်းက အမှားကို ပြန်ဖျက်နိုင်သလားTIME နဲ့ CNN တို့ဟာ နောက်ဆုံးမှာ story ကို ပြန်ရုပ်သိမ်းပြီး တောင်းပန်ခဲ့ကြပါတယ်။ ဒါဟာ သတင်းကျင့်ဝတ်အရ အရေးကြီးတဲ့ တာဝန်ယူမှုတစ်ခုပါ။TIME ရဲ့ Walter Isaacson ကလည်း— “Our credibility is our most important asset.” ဆိုတဲ့ အဓိပ္ပာယ်နဲ့ TIME ရဲ့ ယုံကြည်စိတ်ချရမှုဟာ အရေးအကြီးဆုံးပိုင်ဆိုင်မှုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အမှားဖြစ်ရင် အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောပြီး အချက်အလက်တွေကို မြန်မြန်ဆန်ဆန် ပြန်လည်တည့်မတ်ရမယ်လို့လည်း ဆိုခဲ့ပါတယ်။ (TIME) - ဒါပေမယ့် Retraction ဟာ တာဝန်ယူမှုဖြစ်ပေမယ့် မူလအမှားရဲ့ အကျိုးဆက်အားလုံးကို အလိုအလျောက် ဖျက်ပစ်နိုင်တာတော့ မဟုတ်ပါဘူး။KT Sep 27 (အပိုင်း ၂)


Ko Thet
27 сент., 10:20
နီပိန်းတွေ လောင်နေတဲ့ ဗီဒီယိုKT Sep 27
Ko Thet
27 сент., 09:38
သတင်းသမားမစစ်သော Charlie Campbell သို့မဟုတ် နှောင်ကြိုးပါ နိုင်ငံရေးသမား (အပိုင်း ၂)CNN က Floyd Abrams ဆိုတဲ့ နာမည်ကျော် မီဒီယာဥပဒေပညာရှင်ကို ဦးဆောင်စေပြီး ကိုယ်ပိုင် စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။ TIME ကလည်း ကိုယ်ပိုင်စုံစမ်းမှု ပြုလုပ်ခဲ့ပါတယ်။ - နောက်ဆုံးမှာ နှစ်ဖက်စလုံးရဲ့ စုံစမ်းမှုက တူညီတဲ့ အဖြေကို ရောက်ရှိခဲ့ပါတယ်။ - Sarin nerve gas အသုံးပြုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ American defectors တွေကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအတွက် အထောက်အထားတွေ ပြည့်ပြည့်စုံစုံ မရရှိခဲ့ပါဘူး။ - TIME ရဲ့ Managing Editor ဖြစ်တဲ့ Walter Isaacson က နောက်ပိုင်းမှာ TIME အနေနဲ့ အဆိုပါ story ကို retract လုပ်ပြီး တောင်းပန်ခဲ့ပါတယ်။ - TIME ရဲ့ ကိုယ်ပိုင်ထုတ်ပြန်ချက်မှာ အဓိကအားဖြင့် “the facts simply do not support the allegations that were made” လို့ ဝန်ခံခဲ့ပါတယ်။ ဒါဟာ TIME လို ကမ္ဘာကျော် မဂ္ဂဇင်းတစ်စောင်အတွက် အလွန်ပြင်းထန်တဲ့ အမှားဝန်ခံမှုတစ်ခု ဖြစ်ပါတယ်။ - သတင်းဘယ်နေရာမှာ မှားခဲ့သလဲ ဒီဖြစ်စဉ်ရဲ့ အရေးကြီးဆုံး သင်ခန်းစာက “Source ရှိတာနဲ့ Story မှန်တာ မတူဘူး” ဆိုတာပါ။CNN ရဲ့ စုံစမ်းစစ်ဆေးမှုနဲ့ နောက်ပိုင်း TIME ရဲ့ ပြန်လည်သုံးသပ်မှုမှာ အဓိက source တချို့ရဲ့ ပြောဆိုချက်တွေဟာတိုက်ရိုက်မြင်တွေ့ခဲ့တာ မဟုတ်ခြင်း အရင်ပြောခဲ့တာနဲ့ နောက်ပိုင်းပြောတာ မကိုက်ညီခြင်း အဓိပ္ပာယ်ဖော်ပြမှု မရှင်းလင်းခြင်း Story ရဲ့ အဓိကအယူအဆကို အတည်ပြုနိုင်တဲ့ independent evidence မလုံလောက်ခြင်း စတဲ့ ပြဿနာတွေ ရှိခဲ့ပါတယ်။ - ဥပမာ Admiral Thomas Moorer ကို သတင်းထဲမှာ Sarin အသုံးပြုမှုကို အတည်ပြုသူတစ်ဦးလို ဖော်ပြခဲ့ပေမယ့် နောက်ပိုင်းစုံစမ်းမှုမှာ သူ့အနေဖြင့် Sarin အသုံးပြုခဲ့ကြောင်း ကိုယ်တိုင်သိရှိခဲ့ခြင်း မရှိကြောင်း ပြောခဲ့ပါတယ်။ CNN ရဲ့ စုံစမ်းစစ်ဆေးမှုကလည်း သူ့ရဲ့ပြောဆိုချက်ဟာ story ရဲ့ အဓိကကောက်ချက်ကို ထောက်ခံနိုင်တဲ့အဆင့် မရှိကြောင်း သတ်မှတ်ခဲ့ပါတယ်။ (The Washington Post) - အခြားအရေးကြီး source တစ်ဦးဖြစ်တဲ့ Robert Van Buskirk ရဲ့ ပြောဆိုချက်တွေမှာလည်း အရင်ရေးသားခဲ့တဲ့ သူ့စာအုပ်နဲ့ နောက်ပိုင်း interview ပြောဆိုချက်တွေကြား ကွာခြားမှုတွေ ရှိခဲ့ပါတယ်။ (The Washington Post) - အဲဒီလို အချက်အလက်တွေကို ပေါင်းစပ်ကြည့်တဲ့အခါ မေးစရာတစ်ခု ထွက်လာပါတယ်—“သတင်းသမားက ကိုယ်ယုံကြည်ချင်တဲ့ အယူအဆကို အထောက်အထားတွေက အတည်ပြုနေတာလား၊ ဒါမှမဟုတ် အထောက်အထားတွေကို ကိုယ်ယုံကြည်ထားတဲ့ အယူအဆနဲ့ ကိုက်အောင် စုစည်းနေတာလား?” ဒါဟာ Journalism Ethics ရဲ့ အလွန်အရေးကြီးတဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။KT Sep 27 (အပိုင်း ၁)


Ko Thet
27 сент., 09:33
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ)သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်သမ္မတက နိုင်ငံတော်အတွက် လိုအပ်သည့် အရည်အသွေးမြင့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး၊ ထူးချွန်ကျောင်းသားများကို စနစ်တကျ ရွေးချယ်လေ့ကျင့်ပျိုးထောင်ရေး၊ တက္ကသိုလ်များ၏ အဆင့်အတန်းနှင့် ဥပဓိရုပ် ကောင်းမွန်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။KT Sep 27




Ko Thet
22 сент., 15:34
ချင်းလူမျိုးတွေသည် AA အတွက် ဘုံကျွန်မဟုတ်ပါhttps://vt.tiktok.com/ZSqEo8vjU/
Ko Thet
22 сент., 15:05
အညာဒူဘိုင်းလည်း လစ်ပြီ - အကြမ်းဖက်သမားတွေ ခွက်ခေါက်ကြတော့မယ်။KT Sep 22




Ko Thet
22 сент., 13:53
ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် (၇၇)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်။ ရန်ကုန် စက်တင်ဘာ ၂၂KT Sep 22



Ko Thet
22 сент., 13:47
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ဂျပန်နိုင်ငံအောက်လွှတ်တော်အမတ်နှင့် ဂျပန်-မြန်မာယဉ်ကျေးမှုမြှင့်တင်ရေးအသင်း ဂုဏ်ထူးဆောင်အတိုင်ပင်ခံတို့အား လက်ခံတွေ့ဆုံစက်တင်ဘာ ၂၂၊ ၂၀၂၆ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ဂျပန်နိုင်ငံအောက်လွှတ်တော်အမတ်နှင့် ဂျပန်-မြန်မာယဉ်ကျေးမှုမြှင့်တင်ရေးအသင်း ဂုဏ်ထူးဆောင်အတိုင်ပင်ခံ Mr. Hiromichi WATANABE နှင့် အဖွဲ့ဝင်များအား ယနေ့ စက်တင်ဘာ ၂၂ ရက်တွင် လက်ခံတွေ့ဆုံခဲ့သည်။KT Sep 22




Ko Thet
22 сент., 12:19
နိုင်ငံတော် ဩဝါဒါစရိယ ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမ အဂ္ဂိဈာပနသဘင် အခမ်းအနားကျင်းပရန်အတွက် သင်္ဃန်းကျွန်းမြိုနယ်ရှိ သုဝဏ္ဏဘူမိ EVENT PARK တွင် ပြင်ဆင်နေမှု မြင်ကွင်းများKT Sep 22




Ko Thet
22 сент., 12:14
နေဘုန်းလတ်တို့ နီပိတ်တွေကို ဂျင်းကျွေးစဉ်အခါကပေါ့ - KT Sep 22


Ko Thet
22 сент., 09:59
သမ္မတကြီး ပြောသွားတဲ့ "ကုန်ဈေးနှုန်းတွေ ဘာကြောင့်တက်နေရသလဲ။"https://vt.tiktok.com/ZSqEr2bXp/
Ko Thet
22 сент., 08:11
လေးမျက်နှာမြို့နယ် ငဝန်တာနိမ့်ကျမှုကြောင့် ရေကျော်စီးဝင်မှု တားဆီးနိုင်ပြီSeptember 22ndလေးမျက်နှာမြို့နယ်ရှိ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံနိမ့်ကျပြီး ရေကျော်စီးဝင်မှုဖြစ်ပွားခဲ့သည့်နေရာတွင် Steel Sheet Pile များ အပြီးသတ်ရိုက်သွင်းကာ ရေဝင်မှုအား တားဆီးနိုင်ပြီဖြစ်သည်။ဆက်လက်၍ Steel Sheet Pile အတွင်းဘက်နေရာများတွင် Jumbo Bag (သဲအိတ်ကြီး)များချ၍ ရိုက်သွင်းပြီးသော Steel Sheet Pile များ တောင့်တင်းခိုင်မာစေရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။#UNION_Politics_News KT Sep 22




Ko Thet
22 сент., 07:02
မလေးရှားရှိ မြန်မာနိုင်ငံသား ၈၆ ဦးကို စက်တင်ဘာ ၂၃ ရက်တွင် ပြန်လည်ခေါ်ယူမည်KT Sep 22



