Последние посты

K S News
14 нояб., 06:43
переслано из @newschannel11115
မွန်-ပဲခူးတိုင်းအစပ်ရှိ NUG ၏ အထူးတောင်ပိုင်းတိုင်း စစ်ဌာနချုပ်အနီး ကာကင်းစခန်းများကို တပ်မတော်စစ်ကြောင်းများ သိမ်းပိုက်နိုဝင်ဘာ ၁၄မွန်နှင့် ပဲခူးတိုင်းဒေသကြီးအစပ်ရှိ NUG ၏ အထူးတောင်ပိုင်းတိုင်း စစ်ဌာနချုပ်အနီးရှိ ကာကင်းစခန်းများကို ယနေ့ နိုဝင်ဘာ ၁၄ ရက်တွင် တပ်မတော်စစ်ကြောင်းများက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စခန်းအတွင်းရှိ တဲများ၊ ဘန်ကာများနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ယင်းတိုက်ခိုက်မှုအတွင်း NUG လက်အောက်ခံအဖွဲ့ဝင်များ ထွက်ပြေးတိမ်းရှောင်နေကြကြောင်းနှင့် FPV ဒရုန်းများဖြင့် ဆက်လက်ရှာဖွေတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း Truth Waves က ဖော်ပြထားသည်။ #SittNaing
K S News
14 нояб., 06:29
переслано из @ckkmdy969
မန္တလေးမြို့တွင် ရဲဗလ ကိုဗိုလ်ဟိန်း နှင့် ကျဆုံး မန်း ပသစ များအားရည်စူး၍ ကုသိုလ်ပြုပွဲအခမ်းအနားအား ကျင်းပပြုလုပ်၁၄-၁၂-၂၆
K S News
14 нояб., 06:29
переслано из @kkm28640
KNUအကင်တွေ KNUစခန်းတွေရရိှထားပြန်ပြီဖလူး၊ကျောက်ခက်KNU/PDFအကြမ်းဖက်တွေကိုဒီနေ့နိုဝင်ဘာ၁၄ရက်နေ့မှာ လိုက်လံသုတ်သင်ချေမှုန်းခဲ့ရာအလောင်း၂လောင်း လက်နက်ခဲယမ်းဆက်စပ်ပစ္စည်းများ မိုင်းများ KNUစစ်ကြောင်းရုံးတဲများ ပစ်ကျင်းဘန်ကာများသိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။
K S News
14 нояб., 03:36
переслано из @newschannel11115
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ကြီးမှအဓိကအချက် ၃ ချက် ညွှန်ကြားပထမအချက်အနေဖြင့် ရဲတပ်ဖွဲ့ဝင်များ လေ့ကျင့်သားပြည့်ဝပြီး အရည်အသွေးပြည့်မီစေရေးအတွက် ရဲအကယ်ဒမီကို မကြာမီ ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ဒုတိယအချက်အနေဖြင့် အဂတိကင်းရှင်းသည့် ရဲတပ်ဖွဲ့ဖြစ်စေရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို စေတနာထားဆောင်ရွက်ရေးတို့ကို အလေးထားညွှန်ကြားခဲ့သည်။ရဲစခန်းသို့ လာရောက်တိုင်ကြားသည့် အမှုများကို အမှုဖွင့်ပေးရန် ပျက်ကွက်ခြင်းကို မိမိအနေဖြင့် အမုန်းဆုံးဖြစ်ကြောင်း၊ ပြည်သူများက အမှုဖွင့်ရန် လာရောက်တိုင်ကြားသော်လည်း အမှုဖွင့်မပေးသည့်အတွက် လူမှုကွန်ရက်ပေါ်သို့ ရောက်ရှိလာပါက ရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာကျဆင်းကြောင်း ပြောကြားခဲ့သည်။“ပြည်သူတွေကို အော်တာ၊ ငေါက်တာ၊ စခန်းလာတိုင်တာကို အမှုဖွင့်မပေးတာတွေကို လုံးဝမလုပ်ပါနဲ့။ အဲဒါတွေက ကျွန်တော် အမုန်းဆုံးအရာတွေပါ” ဟု ရဲချုပ်က ညွှန်ကြားခဲ့သည်။အမှုဖွင့်ရန် လာရောက်တိုင်ကြားသူကို အမှုဖွင့်မပေးခဲ့သည့်အတွက် စမ်းချောင်းမြို့မရဲစခန်းမှူးကို လက်ရှိတွင် အရေးယူဆောင်ရွက်နေကြောင်းလည်း ပြောကြားခဲ့သည်။ယာဉ်ထိန်းရဲများအနေဖြင့် နေပူမိုးရွာမရှောင် တာဝန်ထမ်းဆောင်နေရသည့်အတွက် ၎င်းတို့အဆင်ပြေစေရေး စီစဉ်ပေးလျက်ရှိကြောင်းလည်း ပြောကြားခဲ့သည်။ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ရဲတပ်ဖွဲ့အပေါ် သစ္စာရှိရှိဖြင့် စေတနာထားကာ တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန်လည်း အဓိကထားမှာကြားခဲ့သည်။တတိယအချက်အနေဖြင့် ပြည်သူချစ်သောရဲတပ်ဖွဲ့ဖြစ်လာစေရေးနှင့်ပတ်သက်၍ အထက်ပါညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ပါက ပြည်သူများ၏ ချစ်ခင်လေးစားမှုကို အလိုအလျောက်ရရှိလာမည်ဖြစ်ကြောင်း ရဲချုပ်က ပြောကြားခဲ့သည်။ #SittNaing
K S News
14 нояб., 03:35
၁၄-၁၁-၂၀၂၆မန္တလေး၊ ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင် ဥယျာဉ်တော် ပရိယတ္တိစာသင်တိုက်၌ ဆရာတော်သံဃာတော်များနှင့် ပြည်သူများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။ SMT
K S News
13 нояб., 15:43
переслано из @officalnews121
တာချီလိတ်မြို့၊ ယုဝရတ်ဟိုတယ်တွင် ထိုင်းနိုင်ငံရဲ့ မီတာရုံးမှ ဝန်ထမ်းများအဖြစ် ဟန်ဆောင်ပြီး ထိုင်းနိုင်ငံသားများအား အွန်လိုင်းမှ ငွေကြေးလိမ်လည်မှုကျူးလွန်ခဲ့သည့် ထိုင်းနိုင်ငံသား ၈၃ ဦးကို အွန်လိုင်းလိမ်လည်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ ======================================
K S News
13 нояб., 15:41
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနှင့် လုံကျန်းပြည်သူ့လုံခြုံရေးဗျူရိုမှ ဆုကြေးငွေထုတ်ပြန်ထားသည့် တရုတ်နိုင်ငံသား တရားခံ ၁ ဦး အပါအဝင် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်လုပ်ကိုင်နေသူ ၁၀၆ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ သာကေတမြို့နယ်အတွင်း ဖမ်းဆီးရမိ
K S News
13 нояб., 15:07
переслано из @newschannel11115
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး နယ်မြေခံတပ်မတော်ဆေးရုံ၌ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ ရဲမေ မိသားစုဝင်များအား သွားရောက်ကြည့်ရှုအားပေးတောင်ကြီး၊ နိုဝင်ဘာ ၁၃ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့၊ နယ်မြေခံတပ်မတော်ဆေးရုံ၌ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ ရဲမေ၊ မိသားစုဝင်များ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ နေ့လယ်ပိုင်းက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်နိုင်ဦးနှင့် တာဝန်ရှိသူတို့မှ ဆေးရုံတက်ရောက်၍ ဆေးကုသမှုခံယူလျက်ရှိသော လူနာများ ၏ တစ်ဦးချင်း ရောဂါဖြစ်ပွားမှု၊ ကျန်းမာရေးတိုးတက်ကောင်းမွန်မှုနှင့် ဆေးဝါးကုသပေးထားမှု အခြေအနေများကို ရင်းရင်းနှီးနှီး အားပေးစကားပြောကြားကာ အာဟာရဖြည့်စားသောက်ဖွယ်ရာနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆေးရုံဝန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ #SN
K S News
22 сент., 15:44
переслано из @newschannel11115
ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် (၇၇)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်
K S News
22 сент., 15:18
မကွေးတိုင်းဒေသကြီး၊ဆိပ်ဖြူမြို့နယ်၊ ရေနံချပ်(ရွာသစ်) မှ အကြမ်းဖက်သမားများ တူးနေသည့် တရားမဝင် ရေနံတွင်းများ ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖျက်ဆီးရှင်းလင်းနိုင်ခဲ့သည်။၂၂-၉-၂၀၂၆https://t.me/kyawswar49111
K S News
22 сент., 14:40
переслано из @tharsitt007
ပစ တွေကို သွားရှုတ်လို့မရဘူးးးကြမ်းတယ်နော်....ဘဲလေးက👌👌👌
K S News
22 сент., 13:34
CRPH၊ NUG နှင့် လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်မှုများ လိုက်ပါလုပ်ဆောင်သူအား ဖော်ထုတ်အရေးယူစက်တင်ဘာ ၂၂အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ဆက်နွှယ်နေသည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်၍ လှုံ့ဆော်၊ ဝါဒဖြန့်မှုများ ပြုလုပ်နေခြင်းအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။ထိုသို့ အသိပေးထားသော်လည်း ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၁ ရက်တွင် လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်၊ ဝါဒဖြန့်မှုများ ပြုလုပ်ခဲ့သည်ဟုဆိုသည့် “Mgmg Win” Facebook အကောင့်ပိုင်ရှင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ပုဏ္ဏားစုရပ်ကွက်နေ တင်ဌေးအား စက်တင်ဘာ ၂၁ ရက် နံနက် ၉ နာရီခွဲတွင် ပဲခူးမြို့မရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းကာ တရားဥပဒေနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။ #SN
K S News
22 сент., 13:06
တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက လေးမျက်နှာမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် အလှူငွေလှူဒါန်းနေပြည်တော်၊ စက်တင်ဘာ ၂၂ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကျော်သူရအေးက ငွေကျပ် သိန်း ၂၀ ကို လှူဒါန်းခဲ့ပြီး အမျိုးသားလွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးလှသိန်းက လက်ခံခဲ့သည်။အလှူငွေပေးအပ်ပွဲသို့ ဦးလှသိန်း၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဒီဂျစ်တယ်နှင့် သိပ္ပံနည်းပညာကော်မတီဥက္ကဋ္ဌ ဦးခင်မောင်တင့်နှင့် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဗိုလ်ချုပ်ကျော်သူရအေး၊ ဗိုလ်မှူးချုပ်လှမျိုးတို့ တက်ရောက်ခဲ့ကြသည်။ #SN
K S News
22 сент., 13:01
переслано из @newschannel11115
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ဂျပန်နိုင်ငံအောက်လွှတ်တော်အမတ်နှင့် ဂျပန်-မြန်မာယဉ်ကျေးမှုမြှင့်တင်ရေးအသင်း ဂုဏ်ထူးဆောင်အတိုင်ပင်ခံတို့အား လက်ခံတွေ့ဆုံနေပြည်တော်၊ စက်တင်ဘာ ၂၂ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ဂျပန်နိုင်ငံအောက်လွှတ်တော်အမတ်နှင့် ဂျပန်-မြန်မာယဉ်ကျေးမှုမြှင့်တင်ရေးအသင်း ဂုဏ်ထူးဆောင်အတိုင်ပင်ခံ Mr. Hiromichi WATANABE နှင့် အဖွဲ့ဝင်များအား ယနေ့ စက်တင်ဘာ ၂၂ ရက်တွင် လက်ခံတွေ့ဆုံခဲ့သည်။ #SN
K S News
22 сент., 12:56
https://youtu.be/28HPhmZh2cs?si=lZ9H4kQQVAStjtoHYouTube၂၂-၉-၂၀၂၆ ရက်နေ့ ထူးခြားသတင်းများEnjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
K S News
22 сент., 12:49изменён
ဂိတ်များကိုတိုင်းဒေသကြီးနှင့်ပြည်နယ်တာဝန်ရှိသူများက ကြပ်မတ်ကြရန် နိုင်ငံတော်သမ္မတကြီးက နေပြည်တော်၊MICC 1 တွင် ၂၁-၉-၂၀၂၆ ရက်နေ့ ကကျင်းပသော“လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲအခမ်းအနား တွင် ပြောကြားခဲ့ပါသည်။https://t.me/kyawswar49111TelegramK S NewsKyaw Swar49111@@@
K S News
22 сент., 11:07
переслано из @ckkmdy969
ကျသောင်းဆိပ် ဂျပန်ကုန်း ဗုံးကြဲဖြစ်စဥ်တွင် KNU တမဟ ၅ မှ ကျဆုံးဒဏ်ရာရသူ ပေါင်း ၄၃ ဦးဖြစ်၊ ဘောကျော်ဟဲ၏ အနီးကပ်ကျဆုံး၊ ဘောကျော်ဟဲ ဆေးရုံတင်ထားရ၊ ဘောကျော်ဟဲကို နိုင်ငံခြားသားဆရာဝန် ၆ ဦး အနီးကပ် ကုသပေးလျက်ရှိ (ထိုင်းစကားပြောသူ ၂ ဦး၊ အင်္ဂလိပ်စကားပြောသူ ၄ ဦး ပါဝင်)၊ ဘောကျော်ဟဲ လက်ရှိ အခြေအနေမကောင်း၍ မဲဆောက်ဆေးရုံသို့ တင်ရန် ပြင်ဆင်လျက်ရှိကြောင်းသိရှိရ။သတင်းတွေဖတ်ရန် Ko chit- MDY https://t.me/ckkmdy969TelegramKO CHIT (MDY)https://t.me/ckkmdy969
K S News
22 сент., 11:05
ပြည်သူကိုဗဟိုပြုသည့် လွှတ်တော်အဖြစ် ပိုမိုပီပြင်စွာ ဆောင်ရွက်မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောနေပြည်တော်၊ စက်တင်ဘာ ၂၂တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ကို စက်တင်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြည်သူ့အသံကို နားထောင်ပြီး ပြည်သူ့လိုအပ်ချက်များကို လက်တွေ့ကျကျ ညှိနှိုင်းအဖြေရှာပေးနိုင်သည့် ပြည်သူကိုဗဟိုပြုသော လွှတ်တော်အဖြစ် ပိုမိုပီပြင်စွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။လွှတ်တော်အနေဖြင့် ပြည်သူ့အသံကို နားထောင်သည့် လွှတ်တော်၊ နိုင်ငံတော်၏ ပကတိအခြေအနေများနှင့် ဆက်စပ်၍ ပြည်သူ့အရေးများကို ညှိနှိုင်းတိုင်ပင်ဆွေးနွေးသည့် လွှတ်တော်နှင့် ပြည်သူ့လိုအပ်ချက်များကို လက်တွေ့ကျကျ ညှိနှိုင်းအဖြေရှာပေးသည့် လွှတ်တော်အဖြစ် ဆောင်ရွက်ရမည်ဟု ပြောကြားသည်။ထို့ပြင် လွှတ်တော်ကဏ္ဍ မြင့်မားတိုးတက်ရေးအတွက် ၅ နှစ်မဟာဗျူဟာစီမံကိန်း မူကြမ်းရေးဆွဲထားပြီး
K S News
22 сент., 11:05

K S News
22 сент., 10:56
ရေနံချောင်းမြို့နယ်၌ ခရီးသည်တင်ယာဉ် တိမ်းမှောက်၊ တစ်ဦး ထိခိုက်ဒဏ်ရာရမကွေး၊ စက်တင်ဘာ ၂၂စက်တင်ဘာ ၂၂ ရက် မွန်းလွဲ ၃ နာရီ ၁၀ မိနစ်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ဒေါင်းနေတံတားအနီး၌ ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ခရီးသည် ၄ ဦးအနက် ယာဉ်နောက်လိုက်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာမှာ မစိုးရိမ်ရကြောင်း သိရသည်။ရေနံချောင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူအား မကွေးဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ #SN
Подписчики пишут боту, вы отвечаете реплаем, ваш аккаунт скрыт. Создаётся в одно касание.
Как это работает →