gram news
Аватар канала လိုတရ

လိုတရ

@mpt_lotaya

ကျန်းမာရေး အလှအပ နှင့် ဗေဒင် ယတြာ နှစ်သက်သူများအတွက် ဖြစ်ရပ်မှန် သရဲဇာတ်လမ်းများနဲ့ အချစ်ဇာတ်လမ်းတွဲပေါင်းများစွာ စုံစုံလင်လင် ✨

ПроектыЭзотерика

3,660подписчиков

Открыть канал

Последние посты

  • လိုတရ

    29 мая, 02:45

    နှလုံးကျန်းမာရေးအတွက် အရေးကြီးတဲ့ DHA အကြောင်း Docosahexaenoic Acid (DHA) ဆိုသည်မှာOmega 3 Fatty Acid တစ်မျိုးဖြစ်ပြီး ကိုယ်ဝန်ဆောင်ချိန် နဲ့ငယ်စဉ်ကလေးဘဝ ဦးနှောက်ဉာဏ်ရည်ဖွံဖြိုးမှု မှစလို့ အရေးပါပြီး နှလုံးကျန်းမာရေး၊ အမြင်အာရုံ အပြင် ခန္ဓာကိုယ်ရောင်ရမ်းခြင်းတို့ အတွက်လည်းအကျိုးများစွာ ရှိပါတယ်။DHA ကို သဘာဝအလျောက် ခန္ဓာကိုယ် မှ အနည်းငယ်ထုတ်လုပ်ပေးပေမဲ့ လုံလောက်တဲ့ပမာဏကို ရရှိဖို့အစားအစာနဲ့ ငါးကြီးဆီကဲ့သို့ ဖြည့်စွက်စာများ ဖြည့်တင်းစားသုံးပေးရန် လိုအပ်ပါတယ်။ခန္ဓာကိုယ်တွင်းရောင်ရမ်းခြင်းကြောင့် သွေးကြောများ ယိုယွင်းပျက်စီးကာ အချိန်တစ်ခုတန်ရင် နှလုံးရောဂါနဲ့နောက်ဆက်တွဲ လေဖြတ်ခြင်း၊ ရုတ်တရက် အသက်ဆုံးရှုံးခြင်းများ ဖြစ်စေနိုင်ပါတယ်။အပြည့်အစုံဖတ်ရှုရန် ----> https://tinyurl.com/2s4ke5pe
    Иллюстрация к посту канала လိုတရИллюстрация к посту канала လိုတရ
    2,550722Открыть в Telegram
  • လိုတရ

    25 мая, 02:34

    ဂေါ်ရခါးသီးစားခြင်းကြောင့် ရရှိလာနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများဂေါ်ရခါးသီးမှာ လူသားတွေရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေတတ်တဲ့ သဘာဝ ကစီဓါတ်၊ ဗီတာမင်စီ၊ အမိုင်နိုအက်ဆစ်နဲ့ ဗီတာမင် ဘီ အုပ်စုတို့ ကြွယ်ဝစွာ ပါရှိပါတယ်။ ကိုလက်စထရောနဲ့ ဆိုဒီယမ်တို့ လုံးဝ မပါရှိပါဘူး။ ဒါ့အပြင် ဂေါ်ရခါးသီးဟာ ကယ်လိုရီနည်းပါးပြီး အမျှင်ဓါတ်တို့ စုဝေးရာ အရင်းအမြစ်လည်း ဖြစ်ပါသေးတယ်။ဂေါ်ရခါးသီးကို ဆူကာသီလို့လဲ ခေါ်ကြပါတယ်။ ဂေါ်ရခါးသီးက အေးတဲ့ ရာသီဥတုကို ကြိုက်တာကြောင့် ရှမ်းပြည်မှာပဲ အဖြစ်များပါတယ်...................အပြည့်အစုံဖတ်ရှုရန် ----> https://tinyurl.com/2m876e88
    Иллюстрация к посту канала လိုတရИллюстрация к посту канала လိုတရ
  • လိုတရ

    22 мая, 02:31

    တန်ဖိုးကြီးတဲ့ Suit တွေကို ရေရှည်ဝတ်နိုင်အောင် ထိန်းသိမ်းတဲ့နည်းလေးတွေဖက်ရှင်တွေထဲမှာ ဈေးအကြီးဆုံး အဝတ်အစားတစ်မျိုးက Suit ပါပဲ။ Suit ဟာ Formal ဖြစ်တဲ့ အခမ်းအနားတက်ရာမှာ ဝတ်တဲ့ အဝတ်အစားဖြစ်သလို ဈေးလည်း အတော်မြောက်ပါတယ်။ ဒီလို တန်ဖိုးကြီးတဲ့အဝတ်အစားတွေကို ရေရှည်ဝတ်နိုင်အောင် ထိန်းသိမ်းတဲ့နည်းလေးတွေ သိထားဖို့ လိုပါတယ်။ပထမဆုံးအချိန်က Suit ဝတ်တဲ့ အကြိမ်ရေ နဲ့ ထိန်းသိမ်းနည်းကို သိထားရမှာ ဖြစ်ပါတယ်။ တခြား အဝတ်အစားတွေလိုပဲ Suit ကို ထည်လဲ ဝတ်နေရင် မကြာခင် ပုံပျက်ပြီး ပွချောင်ချောင်ကြီး ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် Suit ကို နေ့တိုင်းဝတ်တာမျိုး ရှောင်ပါ..................အပြည့်အစုံဖတ်ရှုရန် ----> https://tinyurl.com/yc2w59yd
    Иллюстрация к посту канала လိုတရИллюстрация к посту канала လိုတရ
  • လိုတရ

    21 мая, 02:31

    အဝတ်အစားအသစ်ဝယ်ရာမှာ ဆရာကျတဲ့သူတို့ အကြံပြုထားတဲ့ Fashion Tips လေးတွေဖက်ရှင်အတွဲအစပ်တွေအကြောင်း သိပ်မသိသေးတဲ့ သူတွေအနေနဲ့ ပထမဆုံးလုပ်နိုင်တာက အွန်လိုင်းကနေ လေ့လာတာပါပဲ။ အရင်ကတော့ Fashion မဂ္ဂဇင်းတွေ ကက်တလောက်တွေကနေ လေ့လာကြပေမယ့် ယနေ့ခေတ်မှာတော့ အွန်လိုင်းကနေပဲ အလွယ်တကူ လေ့လာလို့ရနေပြီဖြစ်ပါတယ်။ဒါကြောင့် အဝတ်အစားမဝယ်ခင်မှာ ကိုယ့်ရဲ့ ပုံစံနဲ့ လိုက်မယ့် အဝတ်အစားပုံစံတွေ ၊ ဖက်ရှင်အတွဲအစပ်လေးတွေကို အွန်လိုင်းကနေ အရင်ဆုံးလေ့လာကြည့် သင့်ပါတယ်.................အပြည့်အစုံဖတ်ရှုရန် ----> https://tinyurl.com/m4dykktm
    Иллюстрация к посту канала လိုတရИллюстрация к посту канала လိုတရ
  • လိုတရ

    19 мая, 02:32

    ဘယ်အချိန်မှာ မဖြစ်မနေ အနားပေးဖို့ လိုအပ်နေပြီလဲဆက်တိုက်လှုပ်ရှား ရုန်းကန်နေရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် အနားပေးဖို့ လျစ်လျူရှုမိတဲ့အခါ ဘာကိုမှ မလုပ်ချင်မကိုင်ချင်နဲ့ Burnout ဖြစ်သွားတတ်ပါတယ်။ပုံမှန် လူမှုဘဝမှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ဖို့ ၊ အလုပ်မှာ လုပ်ရည်ကိုင်ရည်တိုးတက်စေဖို့ ၊ တခြားသူတွေနဲ့ ဆက်ဆံရေး ပြေပြစ်ဖို့ Relaxation လို့ခေါ်တဲ့ ဖြေလျှော့အနားပေးမှုမျိုး လုပ်ပေးသင့်ပါတယ်။ဘယ်အချိန်မှာ မဖြစ်မနေ အနားပေးဖို့ လိုအပ်နေပြီလဲဆိုတာ သိချင်ရင်တော့ အခုပြောတဲ့ အပြုအမူလေးတွေ ကြုံနေပြီလားဆိုတာ သတိထားကြည့်ဖို့ လိုပါတယ်။အပြည့်အစုံဖတ်ရှုရန် ----> https://tinyurl.com/547hfcs2
    Иллюстрация к посту канала လိုတရИллюстрация к посту канала လိုတရ
  • လိုတရ

    18 мая, 02:44

    ရေချိုးခန်းထဲမှာ ထားရင် ကျန်းမာရေးအတွက်အန္တရာယ်ဖြစ်စေမယ့် အရာများသင်နေ့တိုင်း အသုံးပြုနေတဲ့ Cosmetics နဲ့ Personal Care Products တွေမှာ ဓာတုပစ္စည်းတွေ ဘယ်လောက်ထည့်ထားလဲ တွေးဖူးရဲ့လား ? ရေချိုးခန်းထဲမှာ သုံးတဲ့ Personal Care Products နဲ့ သန့်ရှင်းရေး ထုတ်ကုန် တော်တော်များများ မှာ ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ကို အပျက်သဘောဆောင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်ပါတယ်။ဒါကြောင့် ရေချိုးခန်းထဲမှာ ဒီပစ္စည်းတွေကို ကျန်းမာရေးအတွက်အန္တရာယ်ဖြစ်စေလို့ မထားသင့်ပါဘူး။အပြည့်အစုံဖတ်ရှုရန် ----> https://tinyurl.com/2b2exb4y
    Иллюстрация к посту канала လိုတရИллюстрация к посту канала လိုတရ
  • လိုတရ

    17 мая, 02:33

    ဆံပင်တွေအရမ်းကျွတ်နေရင်သင်ခေါင်းဖီးတဲ့ ဘီးမှာ ဆံပင်တွေ ကျွတ်ပါလာတာဟာ လန့်စရာတစ်ခုမဟုတ်ပါဘူး။ လူတစ်ယောက်ဟာ နေ့စဉ်ဆံပင်အချောင်းရေ ၁၀၀ ကနေ ၁၅၀ ကြားထိတော့ ပုံမှန်ကျွတ်လေ့ရှိကြပါတယ်။ အဲပမာဏထက်များလာရင်တော့ အကြောင်းအရင်းတစ်ခုခုကြောင့် ဆံပင်ကျွတ်တာများလာပြီလို့ သံသယဝင်ရတော့မှာပါ။ဆံပင်ကျွတ်တာများတဲ့ အဓိကအကြောင်းရင်းတွေကတော့- ဟော်မုန်းမညီမျှခြင်း၊ မျိုးရိုးဗီဇ၊ နာတာရှည်ရောဂါတစ်ခုခုရှိခြင်း စသည်တို့ကြောင့် ဖြစ်ကြပါတယ်။ ဖြစ်ရတဲ့အကြောင်းအရင်း တစ်ချက်ချင်းစီကို ဆက်လက်ပြီး ရှင်းပြပေးသွားမှာပါ။အပြည့်အစုံဖတ်ရှုရန် ---->https://tinyurl.com/3vzznf46
    Иллюстрация к посту канала လိုတရИллюстрация к посту канала လိုတရ
  • လိုတရ

    16 мая, 02:34

    အလုပ်ခွင်ထဲမှာ ထုတ်ဖော်မပြောသင့်တဲ့ အကြောင်းအရာတွေတစ်ချို့လူတွေက စည်းဆိုတာကို သိပ်ပြီးရင်းနှီးကျွမ်းဝင်မှုမရှိကြပါဘူး။ အလုပ်မှာလည်း စောင့်ထိန်းရမယ့် စည်းတွေရှိသလို၊ အိမ်မှာလည်း စောင့်ထိန်းရမယ့် စည်းစသဖြင့် နေရာတိုင်းလိုလိုမှာ သူ့စည်းနဲ့ သူရှိပါတယ်။အလုပ်ခွင်မှာရှိတဲ့သူတိုင်းကို မိမိရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေ သွားပြောဖို့ မသင့်သလို တဖက်သားရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်တွေကို သွားပြီးမေးမြန်းဖို့ မသင့်တော်ပါဘူး။အပြည့်အစုံဖတ်ရှုရန် ----> https://tinyurl.com/yc5vw8ke
    Иллюстрация к посту канала လိုတရИллюстрация к посту канала လိုတရ
  • လိုတရ

    15 мая, 02:33

    ဒန့်ဒလွန်ရွက် စားခြင်းကြောင့် ရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများဒန့်ဒလွန်ပင်ကို လူသိများရခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ သွေးတိုးကျစေနိုင်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒန့်ဒလွန်ပင်က အရွက်၊ အသီး၊ သတ္တုရည်၊ အမြစ်၊ အခေါက်၊ အစေ့ နဲ့ အပွင့်တွေက အစ တစ်ပင်လုံးက ဆေးဖက်ဝင်တဲ့ ဂုဏ်သတ္တိတွေ ပါဝင်နေပါတယ်။ ဒန့်ဒလွန်ရွက်မှာ အာဟာရမြင့်မားစွာ ပါဝင်ပါတယ်။ဒန့်ဒလွန်ရွက်မှာပါတဲ့ အာဟာရသတ္တုဓာတ်တွေ မုန်လာဥနီ၊ လိမ္မော်သီးနဲ့ နို့တွေထက်ပင် အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။ ဒန့်ဒလွန်ရွက်ကို အစိမ်းထောင်းပြီးသောက်တာ၊ ချက်စားတာအထိ အားလုံးမှာ အာဟာရ သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။ ဒါကြောင့် ဒန့်ဒလွန်ရွက် စားသုံးပေးခြင်းကြောင့် ရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကို ပြောပြပေးချင်ပါတယ်......................အပြည့်အစုံဖတ်ရှုရန် ----> https://tinyurl.com/3vye7jjz
    Иллюстрация к посту канала လိုတရИллюстрация к посту канала လိုတရ
  • လိုတရ

    14 мая, 02:32

    လူအများစုမှာ ကိုယ်နံ့ပြင်းရခြင်း အကြောင်းအရင်းများကိုယ်နံ့ဆိုးတွေက ဘက်တီးရီးယားပိုးတွေ အရေပြားပေါ်မှာ၊ ချွေးပေါက်တွေထဲမှာ အောင်းပြီးပွားနေလို့ ကိုယ်နံ့ နံရတာတွေ ဖြစ်တတ်သလို တစ်ကိုယ်ရည် သန့်ရှင်းရေး အားနည်းတာကြောင့်လည်း ဖြစ်တတ်ပါတယ်။ကိုယ်နံ့ဆိုးတွေက မိမိအတွက် သာမန်အနံ့လိုပဲ ထင်နိုင်ပေမယ့် တခြားသူတွေအတွက် စိတ်ကသိကအောက် ဖြစ်လောက်စရာ ပြင်းလွန်းတဲ့ အနံ့အသက်တစ်မျိုးဖြစ်ပါတယ်။ ချွေးနံ့တစ်ခုတည်းမှာ အနံ့မရှိပေမယ့် အရေပြားပေါ်က ဘက်တီးရီးယားပိုးတွေ လျင်မြန်စွာ ပေါက်လာတာကြောင့် ချွေးက အနံ့ပြင်းရတာ ဖြစ်ပါတယ်.................အပြည့်အစုံဖတ်ရှုရန် ----> https://tinyurl.com/r4d9pr9s
    Иллюстрация к посту канала လိုတရИллюстрация к посту канала လိုတရ
  • လိုတရ

    12 мая, 02:35

    တတ်နိုင်သမျှအမြန်ဆုံး ဖျောက်ပစ်ရမယ့် အကျင့်ဆိုး ( ၆ ) ခုအလေ့အကျင့်ကောင်းတွေက လုပ်ရခက်သလို အကျင့်ဆိုးတွေကလည်း ဖျက်ရခက်ပါတယ်။ ဒါပေမယ့် အကျင့်ဆိုးတွေကို မြန်မြန်သိပြီး ဝေးဝေးရှောင်နိုင်လေ အလုပ်မှာ၊ ဘဝနဲ့ ပေါင်းသင်းဆက်ဆံရေးက ပိုကောင်းလေပါပဲ။ဒါကြောင့် တတ်နိုင်သမျှအမြန်ဆုံး ဖယ်ရှားပစ်သင့်တဲ့ အကျင့်ဆိုးတွေကို ဖော်ပြပေးလိုက်ပါတယ်........အပြည့်အစုံဖတ်ရှုရန် ----> https://tinyurl.com/3zp7scx2
    Иллюстрация к посту канала လိုတရИллюстрация к посту канала လိုတရ
  • လိုတရ

    11 мая, 02:30

    စိတ်ကူးထဲက အလုပ်ကို ဆုံးရှုံးစေနိုင်တဲ့ အင်တာဗျူးအမှား ( ၅ ) ချက်အလုပ်အတွက် အင်တာဗျူးဖြေတဲ့အခါ လူတိုင်းကတော့ အနည်းနဲ့အများ စိတ်လှုပ်ရှားပြီး အမှားတွေလုပ်မိတတ်ကြပါတယ်။ ဒီလို အမှားလုပ်မိရင် အင်တာဗျုးအတွက်လည်း ရလဒ်မကောင်းဖြစ်စေတာမလို့ အင်တာဗျူးဖြေတဲ့အခါ အမှားတွေကို ရှောင်နိုင်ဖို့ ဖြစ်တတ်တဲ့အမှားလေးတွေကို ဝေမျှပေးလိုက်ပါတယ်။ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေက CV ထဲမှာ အကုန်ပါပြီးသားမလို့ သာမာန်အချက်အလက် သေးသေးလေးတွေကို ပြောနေမယ့်အစား ကိုယ့်ရဲ့ အရည်အချင်း ၊ အတွေ့အကြုံ ၊ လုပ်နိုင်စွမ်းကို မြင်သာအောင် ပြောပြပါ...............အပြည့်အစုံဖတ်ရှုရန် ----> https://tinyurl.com/4k7cjj92
    Иллюстрация к посту канала လိုတရИллюстрация к посту канала လိုတရ
  • လိုတရ

    10 мая, 02:33

    ကျောက်ကပ်ကင်ဆာအကြောင်း သိကောင်းစရာကျောက်ကပ်ကင်ဆာဟာ နှစ်စဉ်နှစ်တိုင်း လူပေါင်း တစ်သိန်းခွဲနီးပါးမှာ ကြုံတွေ့ခံစားနေရတဲ့ ရောဂါတစ်ခုဖြစ်သလို ထိပ်တန်းကင်ဆာ အမျိုးအစား ၂၀ ထဲမှာလည်း ပါဝင်နေတာဖြစ်ပါတယ်။ ကျောက်ကပ်ကင်ဆာကြောင့် နှစ်စဉ် လူပေါင်း ၁,၄၄,၀၀၀ သေဆုံးနေရတာဖြစ်ပါတယ်။ကျောက်ကပ်ကင်ဆာဟာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ အဖြစ်အများဆုံးဆိုပေမယ့်လည်း နှစ်မျိုးစလုံးမှာ ဖြစ်ပွားနေမှုက ကြောက်စရာကောင်းလောက်အောင် မြင့်မားလာတာဖြစ်ပါတယ်။အပြည့်အစုံဖတ်ရှုရန် ----> https://tinyurl.com/bddtmhkh
    Иллюстрация к посту канала လိုတရИллюстрация к посту канала လိုတရ
  • လိုတရ

    9 мая, 02:31

    သင့်အပေါ် မတူမတန် ဖိနှိပ်ဆက်ဆံတတ်တဲ့သူတွေကို ဘယ်လိုတုံ့ပြန်ရမလဲကိုယ့်ကိုယ်ကိုယ်သာ ချစ်ပြီး ငါတကောကောနဲ့ အခြားသူကိုတော့ မတူမတန် ဖိနှိပ်ဆက်ဆံတတ်တဲ့သူမျိုးနဲ့ ကြုံတွေ့ဖူးပါသလား။ ထိုကဲ့သို့သူမျိုးနဲ့ ကြုံတွေ့လာရပါက ဝေးဝေးသာရှောင်လိုက်ပါ။သင့်ရဲ့လုပ်ငန်းခွင်ထဲမှာ သင့်ရဲ့မိတ်ဆွေအပေါင်းအသင်းတွေထဲမှာလည်း ထိုကဲ့သို့သောလူမျိုး ရှိနိုင်ပါတယ်။ ထိုသူတို့သည် သူတို့လိုချင်တဲ့ အာရုံစိုက်ခံရမှု မရသရွေ့ သူတို့ရဲ့ချစ်သူ၊ သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတို့ကိုလည်း လျစ်လျူရှုတတ်ကြပါတယ်။ စိတ်မထင်ရင် မထင်သလို နောက်ပြောင်သလိုနဲ့ သင့်ကို နှိမ့်ချဆက်ဆံတတ်ပါသေးတယ်။ထိုကဲ့သို့သောလူတွေနဲ့ ကြုံတွေ့ရတဲ့အခါ ဘယ်လိုပြုမူရမလဲ…..အပြည့်အစုံဖတ်ရှုရန် ----> https://tinyurl.com/3baay95w
    Иллюстрация к посту канала လိုတရИллюстрация к посту канала လိုတရ
  • လိုတရ

    8 мая, 02:32

    မဆိုင်တော့တဲ့သူဆီမှာ ထပ်မတွယ်ငြိစေဖို့ အကြံပြုချက်များဘဝဆိုတာ အမြဲတမ်း ကိုယ်ချစ်သူနဲ့ တူစုံမကွာ ပေါင်းဖက်လေသတည်းလို့ အလွယ်လေး ပြောလို့ မရလေတော့ သင်ချစ်သူတစ်ယောက်ယောက်ကို ဆုံးရှုံးလက်လွတ်တာမျိုး ကြုံတွေ့ရတတ်ပါတယ်။မစာနာလို့ ပြောတာမျိုးမဟုတ်ပေမယ့် ကိုယ်နဲ့ဘယ်လောက်ပဲ ချစ်ခဲ့ချစ်ခဲ့ လမ်းခွဲသွားပြီးဖြစ်တဲ့သူဟာ သင်နဲ့ လုံးဝကို မသက်ဆိုင်သူတစ်ယောက် ဖြစ်သွားပြီဆိုတာ လက်ခံရမှာပါ။ဒါနဲ့အတူ မဆိုင်သူဆီမှာ ထပ်မတွယ်ငြိစေဖို့ သင့်ကိုယ်သင် ဆုံးမဖို့ လိုပါတယ်။ ဒီနည်းလမ်းတစ်ချို့က သင့်ရဲ့ အဆက်ဟောင်းကို မေ့လိုက်ဖို့ ကူညီပေးနိုင်ပါတယ်။အပြည့်အစုံဖတ်ရှုရန် ----> https://tinyurl.com/mr3uv3yn
    Иллюстрация к посту канала လိုတရИллюстрация к посту канала လိုတရ
  • လိုတရ

    7 мая, 02:33

    Gym သွားတဲ့အခါ တခြားလူ စိတ်အနှောင့်အယှက်မဖြစ်စေဖို့ မလုပ်သင့်တဲ့အချက် ( ၆ ) ချက်နေရာတိုင်းမှာ ကျင့်ဝတ်ရှိသလို Gym မှာလည်း Gym နဲ့ပက်သတ်ပြီး စောင့်ထိ်န်းရမယ့် ကျင့်ဝတ်တွေရှိပါတယ်။ ဒါမှ တခြားလူတွေ ကိုယ့်ကြောင့် စိတ်အနှောင့်အယှက် မဖြစ်ရမှာပါ။ ဒါကတော့ တခြားသူတွေကို စိတ်အနှောင့်အယှက်မဖြစ်စေဖို့ စောင့်ထိန်းသင့်တဲ့အရာတွေပါ။Gym မှာသုံးတဲ့ ဖျာနဲ့ ခုံတန်းတွေကို သုံးပြီးရင် ပေနေတဲ့ ကိုယ့်ရဲ့ချွေးတွေကို သန့်ရှင်းရေးပြန်လုပ်ဖို့ မမေ့ပါနဲ့။ ဘယ်သူမှ ချွေးတွေနဲ့ညစ်ပတ်နေတာကို သုံးချင်မှာမဟုတ်ပါဘူး။အပြည့်အစုံဖတ်ရှုရန် ----> https://tinyurl.com/y5879njx
    Иллюстрация к посту канала လိုတရИллюстрация к посту канала လိုတရ
  • လိုတရ

    5 мая, 02:41

    Oversleeping ဖြစ်တဲ့အခါမှာ ဖြစ်လာနိုင်တဲ့ဆိုးကျိုးများလူတစ်ယောက်ရဲ့အိပ်ချိန်က တစ်နေ့ကို အများဆုံး ၉ နာရီ၊ ၁၀ နာရီလောက်ပဲ ရှိသင့်တာပါ။ အဲ့ထက်ပိုပြီး ၁၂ နာရီ၊ ၁၃ နာရီလောက် အိပ်နေမယ်ဆိုရင်တော့ oversleeping ဖြစ်နေပါပြီ။ အိပ်ရေးပျက်တာမကောင်းသလို oversleeping ဖြစ်ရင်လည်း မကောင်းပါဘူး။ကျန်းမာရေးကိုလည်း ထိခိုက်လာနိုင်တာတွေရှိပါတယ်။ ဒီမှာတော့ oversleeping ဖြစ်တဲ့အခါမှာ အများဆုံးဖြစ်လေ့ရှိတဲ့ ဆိုးကျိုးတချို့ကို ပြောပြပေးလိုက်ပါတယ်။အပြည့်အစုံဖတ်ရှုရန် ----> https://tinyurl.com/3h68armx
    Иллюстрация к посту канала လိုတရИллюстрация к посту канала လိုတရ
  • လိုတရ

    4 мая, 02:59

    အသည်းရောင် စီပိုးရှိသူတွေ ဆောင်ရန်၊ ရှောင်ရန်အချက်များအသည်းကင်ဆာ ဖြစ်စေတဲ့ အဓိက အကြောင်းရင်းတွေထဲမှာ အသည်းရောင်အသားဝါ စီပိုးကလည်း တစ်ခုအပါအဝင်ပါ။ အသည်းရောင် စီပိုးကို ကုသပျောက်ကင်းနိုင်တဲ့ ဆေးတွေ ရှိနေပြီ ဖြစ်ပေမယ့် ရောဂါပိုးကြောင့် ပျက်စီးသွားပြီးတဲ့ အသည်းရဲ့ အစိတ်အပိုင်းတွေကိုတော့ ပြန်ကောင်းအောင် ကုသလို့ မရပါဘူး။ဒါကြောင့် ဆေးကုသမှု မခံယူခင်၊ ကုသမှု ခံယူနေစဉ်အတွင်း နဲ့ ကုသမှု ခံယူပြီးချိန်မှာပါ အနေအထိုင်၊ အစားအသောက် ဂရုစိုက်ဖို့ လိုအပ်တာမို့ အသည်းရောင် စီပိုးရှိသူတွေ ဆောင်ရမယ့် အချက်တွေနဲ့ ရှောင်ရမယ့် အချက်တွေကို ကြည့်လိုက်ကြရအောင်နော်။အပြည့်အစုံဖတ်ရှုရန် ----> https://tinyurl.com/cuucxwk2
    Иллюстрация к посту канала လိုတရИллюстрация к посту канала လိုတရ
  • လိုတရ

    28 апр., 02:34

    ဟင်းနုနွယ်ကပေးတဲ့ ကျန်းမာရေးကောင်းကျိုးတွေအကြောင်းဟင်းနုနွယ်တွင် ပရိုတင်း ခေါ် အသားဓာတ် ၁၁ ရာခိုင်နှုန်း၊ သံဓာတ်၊ ထုံးဓာတ်၊ အမျှင်ဓာတ်၊ ကယ်ရိုးတင်းဓာတ်၊ ပိုတက်ဆီယမ်ဓာတ်၊ အောက်ဇားလစ်အက်စစ်ဓါတ် (Oxalic acid)၊ ဖော့စဖောရပ်ခေါ်မီးစုန်းဓါတ်၊ ဗီတာမင် အေ၊ ဘီ၊ စီ၊ အီး၊ ကေဓါတ်များနှင့် အင်ဇိုင်းများကြွယ်ဝစွာပါဝင်ပါတယ်။ဟင်းနုနွယ်ရဲ့ ကောင်းကျိုးတွေကတော့ သူ့ထဲမှာပါဝင်တဲ့ သံဓာတ်ဟာ ဂျုံထဲမှာပါဝင်တဲ့ သံဓာတ် ထက် ၅ ဆ ပါဝင်တဲ့အတွက် သံဓာတ်ချို့တဲ့ သွေးအားနည်းခြင်းကို ထိရောက်စွာ ကာကွယ်ပေးပါတယ်။ နောက် ထိုသံဓာတ်ရဲ့ လုပ်ဆောင်ချက်ကြောင့် မှတ်ဉာဏ်အားကို မြင့်မားစေပါတယ်။အပြည့်အစုံဖတ်ရှုရန် ----> https://tinyurl.com/bdfjmedc
    Иллюстрация к посту канала လိုတရИллюстрация к посту канала လိုတရ
  • လိုတရ

    27 апр., 02:35

    အပ်မှိုစားခြင်းကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများအပ်မှိုကို စမ်းစားကြည့်ဖူးပါသလား။ အပ်မှိုကို အကင်တွေ၊ အထောင်းနဲ့ ဟင်းချက်တဲ့နေရာတွေမှာလည်း အသုံးများလာပါတယ်။ အပ်မှိုကို အရံဟင်းအဖြစ် အသုံးများပြီး ဂျပန်၊ ကိုးရီးယားနဲ့ တရုတ်တွေမှာ အများဆုံး စားကြပါတယ်။စားရတာ အရသာရှိပြီး ချက်ပြုတ်ရလွယ်ကူတဲ့အပြင် ကျန်းမာရေးအကျိုးကျေးဇူးတွေ ပါ ရရှိစေနိုင်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပြီး ၎င်းကို ပုံမှန်စားသုံးပေးပါက ခန္ဓာကိုယ်ကို တိုက်ခိုက်တဲ့ ဘက်တီးရီးယားတွေရဲ့ အကျိုးသက်ရောက်မှုကို လျော့နည်းစေပါတယ်။အပြည့်အစုံဖတ်ရှုရန် ----> https://tinyurl.com/2us5eh9k
    Иллюстрация к посту канала လိုတရИллюстрация к посту канала လိုတရ