Аватар канала မြေလတ်အသံ - Myaelatt Athan

မြေလတ်အသံ - Myaelatt Athan

@myaelattathan

Sharing Information to the local

ПроектыENВоенное

36,146подписчиков

Открыть канал

Последние посты

  • မြေလတ်အသံ - Myaelatt Athan

    25 сент., 10:46

    ညောင်ဦးတဝိုက် စစ်ရေးပြင်းထန်နေချိန် ပုဂံမှာ သီတင်းကျွတ်အတွက် ဟိုတယ်နဲ့တည်းခိုခန်းတွေပြည့်နေညောင်ဦး၊ စက်တင်ဘာ ၂၅၊ ၂၀၂၆။မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ စစ်ရေးပြင်းထန်နေချိန် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်ပုဂံမှာ သီတင်းကျွတ်အားလပ်ရက်အတွက် ဟိုတယ်နဲ့ တည်းခိုခန်းတွေ ပြည့်နေတယ်လို့ ခရီးသွားလုပ်ငန်းလုပ်ဆောင်နေသူတွေနဲ့ ညောင်ဦးပကဖ တာဝန်ရှိသူတွေထံက သိရပါတယ်။စက်တင်ဘာလ ဒုတိယအပတ်လောက်ကစတင်ပြီး ညောင်ဦးမြို့နယ် အနောက်ဘက်ခြမ်း၊ ချောက်နဲ့ ပုဂံကြားမှာ စစ်တပ်အင်အား ၂၀၀ ကျော်နဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာမျိုးတွေရှိနေပြီး ထိတွေ့တိုက်ပွဲအချို့လည်း ဖြစ်ပွားထားတယ်လို့ ဆိုပါတယ်။"အရှေ့ဘက်ခြမ်းကတော့ ပြန်ဆုတ်သွားတာမကြာသေးဘူး။ အနောက်ဘက်ခြမ်းမှာ ဖြစ်နေတာတော့ ရှိတယ်။ အရှေ့ခြမ်းမှာဆို လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကမှ ပြန်ဆုတ်သွားတာ။ မိုင်းထိပြီး ဆုတ်သွားကြတာ။ အရှေ့ဘက်ခြမ်းကတော့ ပုံမှန်ရှိတယ်။ အနောက်ဘက်ကိုတော့ မကြမကြာစစ်ကြောင်းဝင်နေတာ"လို့ ညောင်ဦးပကဖ တာဝန်ရှိသူက ပြောပါတယ်။သတင်းအပြည့်အစုံ - https://myaelattathan.com/news/26395/
    Иллюстрация к посту канала မြေလတ်အသံ - Myaelatt AthanИллюстрация к посту канала မြေလတ်အသံ - Myaelatt Athan
    2,100195411Открыть в Telegram
  • မြေလတ်အသံ - Myaelatt Athan

    25 сент., 05:16

    ရွာမှာတိုက်ပွဲဖြစ်နေလို့ မြို့ပေါ် စစ်ရှောင်သွားတဲ့ ချင်းလူမျိုး လင်မယားစုံတွဲ ၂ တွဲကို စစ်တပ်ဖမ်းဆီးဆော၊ စက်တင်ဘာ ၂၅၊ ၂၀၂၆။မကွေးတိုင်း၊ ဆောမြို့နယ်၊ အင်ဘူးကျေးရွာအနီးမှာ စစ်ရှောင်သွားတဲ့ ချင်းလူမျိုး လင်မယားစုံတွဲ ၂ တွဲကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးလိုက်တာလို့ ဒေသခံတွေဆီက သိရပါတယ်။စက်တင်ဘာလ ၂၄ ရက်နေ့ ညနေ ၃ နာရီ မိနစ် ၃၀ ခန့်မှာ မဆာထွီကျေးရွာနေ အသက် ၄၀ ဝန်းကျင်အရွယ် လင်မယားစုံတွဲ ၂ တွဲက သူတို့နေထိုင်ရာ ကျေးရွာကနေ ဆိုင်ကယ်တွေနဲ့ လောင်းရှည်မြို့ပေါ် စစ်ရှောင်လာချိန် စစ်ကြောင်းနဲ့တိုးပြီး ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။"ဆိုင်ကယ်က ၃ စီးလာတာ။ ကလေးတွေပါတဲ့ အစီးကို လွှတ်ပေးလိုက်ပြီးတော့ သူတို့ကိုတော့ ဖမ်းထားလိုက်တယ်။ အနည်းဆုံး ၇ ဦးလောက်လာတာ။ သူတို့က ချင်းဘုံလူမျိုးတွေ။ သူတို့က စစ်ကြောင်းရှိမှန်းတောင် မသိဘူးတဲ့။ ရိုးသားတဲ့သူတွေဆိုတော့"လို့ ဒေသခံတဦးက ပြောပါတယ်။သတင်းအပြည့်အစုံ - https://myaelattathan.com/news/26392/
    Иллюстрация к посту канала မြေလတ်အသံ - Myaelatt AthanИллюстрация к посту канала မြေလတ်အသံ - Myaelatt Athan
    2,8402372111Открыть в Telegram
  • မြေလတ်အသံ - Myaelatt Athan

    24 сент., 09:52изменён

    NUG အထူးတိုင်းစစ်ဌာနချုပ် ဗုံးကြဲခံရ ထိခိုက်သေဆုံးရှိမြေလတ်အသံ၊ စက်တင်ဘာလ ၂၄၊ ၂၀၂၆။NUG အထူးတိုင်း စစ်ဌာနချုပ် ဗုံးကြဲခံရလို့ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။စက်တင်ဘာလ ၂၄ ရက် ဒီကနေ့ မနက် ၁၁ နာရီခန့်မှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းကနေ အထူးတိုင်းစစ်ဌာနရှိတဲ့ နေရာကို ဗုံး ၆ လုံးကြဲချသွားတယ်လို့ ဆိုပါတယ်။"တပ်မဟာ ၃ နဲ့ ၁ အစပ်က သိမ်ဇရပ် အနောက်ဘက်ဂွင်ထဲမှာ ဖြစ်တာ။ အမတ ၃၁၀ နဲ့ တပ်မ ၄၄ က ဟောင်ဝင်ဇာနဲ့ ပစ်ခတ်တာတွေလည်း ရှိတယ်။ ထိခိုက်သေဆုံးတော့ ရှိတယ်"လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။သတင်းအပြည့်အစုံ - https://myaelattathan.com/news/26389/
    Иллюстрация к посту канала မြေလတ်အသံ - Myaelatt AthanИллюстрация к посту канала မြေလတ်အသံ - Myaelatt Athan
    3,78040115543Открыть в Telegram
  • မြေလတ်အသံ - Myaelatt Athan

    24 сент., 09:12изменён

    ⁨ကန့်ဘလူမှာ ပျူစောထီး ကာကင်းတိုက်ခိုက်ခံရ အလောင်းတွေနဲ့ လက်နက်အချို့ရရှိကန့်ဘလူ၊ စက်တင်ဘာလ ၂၄၊ ၂၀၂၆။စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပျဥ်းတော်ကျေးရွာအနီးရှိ ပျူစောထီးကာကင်း တိုက်ခိုက်ခံရပြီး ၇ ဦးသေဆုံးကာ လက်နက်အချို့သိမ်းဆည်းရမိခဲ့တယ်လို့ ကန့်ဘလူမြို့နယ်ပကဖ တာဝန်ရှိသူတွေထံက သိရပါတယ်။စက်တင်ဘာလ ၂၄ ရက် ဒီကနေ့မနက် ၂ နာရီခန့်က အင်အား ၃၀ ခန့်နဲ့ ပျူစောထီးအဖွဲ့ ဂိတ်ချထားတဲ့ ပျဉ်းတော်ကျေးရွာမြောက်ပိုင်းက ကာကင်းကို ဝင်ရောက်တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှု တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။"ပျဥ်းတော်ဂိတ်ကို တိုက်တာ။ တိုက်ပွဲဖြစ်ပွားချိန်က ၁၅ မိနစ်လောက်ပဲ ကြာတယ်။ အဲမှာက ပျုစောထီးတွေ များတယ်။ ကင်းစောင့်တာ။ အဲဒါက ဇီးကုန်းကာကင်း သဘောမျိုးလုပ်ထားတာ။ ထိခိုက်သေဆုံးရှိတော့ ရွာထဲဆုတ်ပြေးကုန်တာ"လို့ ကန့်ဘလူပကဖ တာဝန်ရှိသူက ပြောပါတယ်။သတင်းအပြည့်အစုံ - https://myaelattathan.com/news/26385/
    Иллюстрация к посту канала မြေလတ်အသံ - Myaelatt AthanИллюстрация к посту канала မြေလတ်အသံ - Myaelatt Athan
    3,6202663211Открыть в Telegram
  • မြေလတ်အသံ - Myaelatt Athan

    24 сент., 06:09

    ⁨ပေါင်းတည်စွယ်တော်ပွဲ စည်ကားပေမယ့် စမ်းရေမိုးဇာတ်ပွဲ လာကြည့်သူနည်းပါးပေါင်းတည်၊ စက်တင်ဘာ ၂၄၊ ၂ဝ၂၆။ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့မှာ အကျဉ်းချုံးကျင်းပတဲ့ ဗုဒ္ဓမြတ်စွယ်တော် အပူဇော်ခံလှည့်လည်ပွဲကို လာရောက်လည်ပတ်သူများပေမယ့် ပွဲတော်မှာ အခကြေးငွေနဲ့ ရုံသွင်းကပြတဲ့ စမ်းရေမိုးဇာတ်ပွဲကိုတော့ ပွဲကြည့်သူပရိတ်သတ်နည်းပါးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။စမ်းရေမိုးဇာတ်အဖွဲ့ ဟာ ပေါင်းတည်မြို့ မိုးလုံ၊ လေလုံ အားကစားခန်းမထဲမှာ စက်တင်ဘာ ၂၃ ရက် (မနေ့က)စတင်ပြီး ၂၇ ရက်အထိ (၅) ညတိုင်တိုင် ကပြမှာဖြစ်ပြီး ပထမဆုံးကပြတဲ့ မနေ့ညက ပွဲလာကြည့်သူနည်းတယ်လို့ သိရပါတယ်။"လူတွေက စိတ်အပန်းဖြေတဲ့အနေနဲ့သာပဲ ပွဲတော်ထွက်လည်ကြတာ။ အဖက်ဖက်က ကြပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရတယ်။ ဒါ့ကြောင့်စမ်းရေမိုးကို စိတ်ဝင်စားမှု နည်းပါးတယ်”လို့ မြို့ခံအမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။သတင်းအပြည့်အစုံ - https://myaelattathan.com/news/26382/
    Иллюстрация к посту канала မြေလတ်အသံ - Myaelatt AthanИллюстрация к посту канала မြေလတ်အသံ - Myaelatt Athan
    3,5002974211Открыть в Telegram
  • မြေလတ်အသံ - Myaelatt Athan

    24 сент., 04:54изменён

    LPDF အဖွဲ့ (၂) ဖွဲ့နဲ့ မိသားစုဝင်တွေ စစ်တပ်ဘက်ကို ဘက်ပြောင်းသွားစစ်ကိုင်း၊ စက်တင်ဘာ ၂၄၊ ၂၀၂၆။စစ်ကိုင်းတိုင်း၊ ဆားတောင်းမြို့ဘက်ခြမ်းမှာ စစ်ရေးလှုပ်ရှားတဲ့ LPDF အဖွဲ့ (၂) ဖွဲ့ဟာ စစ်တပ်ဘက်ကို ဘက်ပြောင်းသွားတယ်လို့ အဆိုပါ အဖွဲ့တွေနဲ့ နီးစပ်သူတွေထံက သိရပါတယ်။စက်တင်ဘာလ (၂၂) ရက်နေ့မှာ ဂျိမ်းစိုး LPDF အဖွဲ့နဲ့ဆားတောင်းမိုးကြိုး အဖွဲ့ (၂) ဖွဲ့က အဖွဲ့ဝင်တွေဟာ ဆားတောင်းရှိ စစ်တပ်နဲ့ချိတ်ပြီး ဘက်ပြောင်းသွားတာလို့ ဆိုပါတယ်။"သူတိူ့က ဆားတောင် တောင်ဘက်ခြမ်းမှာ အခြေစိုက်တဲ့အဖွဲ့တွေ။ ၂ ဦးပေါင်းဆို ၃၀ ကျော်လောက်ရှိနိုင်မယ်။ သူတို့ဘယ်လိုဖြစ်ပြီးပေါင်းသွားတာလဲတော့ မပြောတတ်ဘူး။ အံ့ဩရတယ်။ သူတို့ဆို တော်လှန်ရေးမှာ တော်တော်ပါခဲ့တယ်။ ကျနော်တို့နဲ့ဆို ဆားတောင်ဘက်က စစ်ရေးလှုပ်ရှားမှုတွေမှာ တူတူတွဲလုပ်ခဲ့ဖူးကြတယ်" လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။သတင်းအပြည့်အစုံ - https://myaelattathan.com/news/26376/
    Иллюстрация к посту канала မြေလတ်အသံ - Myaelatt AthanИллюстрация к посту канала မြေလတ်အသံ - Myaelatt Athan
    3,43012115322Открыть в Telegram
  • မြေလတ်အသံ - Myaelatt Athan

    23 сент., 10:50

    နွားထိုးကြီးမှာ လေကြောင်းကနေဆက်တိုက်ပစ်ခတ်ဗုံးကြဲလို့ အမျိုးသမီး ၂ ဦးသေဆုံးနွားထိုးကြီး၊ စက်တင်ဘာ ၂၃၊ ၂၀၂၆။မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မန်လည်ကျေးရွာမှာ လေကြောင်းတိုက်ခိုက်ခံရပြီး သက်ကြီး အမျိုးသမီး (၂) ဦးသေဆုံးပြီး (၃) ဦးဒဏ်ရာရတယ်လို့ ရွာခံတွေထံက သိရပါတယ်။ယမန်နေ့ညစက်တင်ဘာလ (၂၂) ရက်နေ့ညနေ (၅) နာရီကျော်ခန့်က တံတားဦးကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစီး၊ MI 35 တစီး၊ စက်တပ်လေထီး ၃ စီးတို့က ကျေးရွာထဲကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာလို့ ဆို​ပါတယ်။"ဖိုက်တာက နှစ်လုံးလာချသွားတယ်။ ပြီးတော့ ရောကတ်နဲ့ဆွဲတယ်။ mi 35 ထပ်လာတယ်။ အပေါ်ကနေ ပွိုက့်ဖိုက်နဲ့ပစ်တယ်။ ဗုံးနှစ်လုံးလည်းချသေးတယ်။ ပါရာမော်တာကလည်း ၃ စီးတက်လာပြီး တစီး နှစ်လုံးချသွားတာ။ ရွာရဲ့ အနောက်ဘက်ပိုင်း နေအိမ်တွေနားကျတယ်။ သေတဲ့သူတွေကလည်း အိမ်တွေနားမှာနေတဲ့အချိန်ထိကြတာ"လို့ ရွာခံတဦးက ပြောပါတယ်။သတင်းအပြည့်အစုံ - https://myaelattathan.com/news/26373/
    Иллюстрация к посту канала မြေလတ်အသံ - Myaelatt AthanИллюстрация к посту канала မြေလတ်အသံ - Myaelatt Athan
    3,9402283221Открыть в Telegram
  • မြေလတ်အသံ - Myaelatt Athan

    23 сент., 06:48

    အုတ်တွင်းနယ်မှာ တိုက်ပွဲနဲ့လက်နက်ကြီးရန်ကြောင့် နေရပ်စွန့်ခွာနေရသူ သောင်းချီရှိလာအုတ်တွင်း၊ စက်တင်ဘာ ၂၃၊ ၂၀၂၆။ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်မှာ တိုက်ပွဲနဲ့လက်နက်ကြီးရန်ကြောင့် နေစွန့်ခွာနေရသူ သောင်းချီရှိလာတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။စက်တင်ဘာလ (၁၇) ရက်နေ့က အင်းဝိုင်း၊ ပဲကြီးခုံကျေးရွာတွေမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက် စက်တင်ဘာလ ၂၂ ရက်နေ့အထိ စစ်တပ်စစ်ကြောင်းတွေက ကျေးရွာတွေဘက်ကို နေ့စဥ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလို့ ဆိုပါတယ်။"တိုက်ပွဲဖြစ်ပြီးနောက် နောက်ဆက်တွဲထပ်ဖြစ်တာမရှိသေးဘူး။ လက်နက်ကြီးနဲ့ရမ်းသမ်းထုနေတာ။ နေ့တိုင်းကို နှစ်လုံးသုံးလုံးထုတယ်။ ဒရုန်းတွေနဲ့ဗုံးချတယ်။ ဒီမနက်တော့ လာမထုသေးဘူး။ လက်နက်ကြီး ဒရုန်းဒဏ်မလွတ်တော့ ကျေးရွာတွေကတော်တော်များများရှောင်နေရတယ်။"လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။သတင်းအပြည့်အစုံ - https://myaelattathan.com/news/26367/
    Иллюстрация к посту канала မြေလတ်အသံ - Myaelatt AthanИллюстрация к посту канала မြေလတ်အသံ - Myaelatt AthanИллюстрация к посту канала မြေလတ်အသံ - Myaelatt AthanИллюстрация к посту канала မြေလတ်အသံ - Myaelatt Athan
    4,220207221Открыть в Telegram
  • မြေလတ်အသံ - Myaelatt Athan

    22 сент., 08:20

    ⁨တပ်ရင်းက ငွေတွေခိုးပြီး စစ်တပ်နဲ့ပေါင်းသွားသူရဲ့ သတင်းပေးမှုကြောင့် လုပ်ငန်းရှင်တဦး ဖမ်းဆီးသတ်ဖြတ်ခံရ အလောင်းတောင်ပြန်မရမင်းလှ၊ စက်တင်ဘာ ၂၂၊ ၂၀၂၆။ပဲခူးတိုင်း၊ မင်းလှမြို့၊ ဗိုလ်ရုံတန်းလမ်းမှာနေထိုင်တဲ့ လုပ်ငန်းရှင် အမျိုးသားတဦးကို စစ်တပ်ဖမ်းသွားပြီး ၁၀ ရက်အကြာမှာ သေဆုံးကာ မိသားစုဝင်တွေအလောင်းတောင်ပြန်မရဘူးလို့ ဖြစ်စဥ်ကိုသိတဲ့ ဒေသခံတွေဆီက သိရပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့က ဝေဖြိုးအိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင် အသက် ၂၇ နှစ်အရွယ် ကိုဝေဖြိုးအောင်ကို စစ်တပ်နဲ့ ရဲတွေက နေအိမ်ကနေ လာရောက်ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။စက်တင်ဘာလ ၂၀ ရက်နေ့မှာတော့ နေအိမ်ရှိ မိသားစုဝင် ၈ ဦးကိုသာ မင်းလှရဲစခန်းကို လိုက်လာဖို့ အကြောင်းကြားလာတာကြောင့် မိသားစုတွေကို လိုက်သွားချိန် ကိုဝေဖြိိုးအောင်ကို သေဆုံးလျက် တွေ့ခဲ့ရတာလို့ ဆိုပါတယ်။သတင်းအပြည့်အစုံ - https://myaelattathan.com/news/26363/
    Иллюстрация к посту канала မြေလတ်အသံ - Myaelatt AthanИллюстрация к посту канала မြေလတ်အသံ - Myaelatt Athan
    2,25034841Открыть в Telegram
  • မြေလတ်အသံ - Myaelatt Athan

    22 сент., 07:29

    ⁨ကနီမှာ တောင်ယာလုပ်နေတဲ့တောင်သူ ၁ ဦးကို စစ်တပ်က ဖမ်းဆီးပြီး ခေါင်းကိုသေနတ်နဲ့ ပစ်သတ်ကနီ၊ စက်တင်ဘာ ၂၁၊ ၂၀၂၆။စစ်ကိုင်းတိုင်း၊ ကနီမြို့အနီးမှာ ယာလုပ်ငန်းလုပ်ရင်း တောင်ယာထဲမှာ တဲထိုးနေထိုင်နေတဲ့ အမျိုးသား ၁ ဦးကို စစ်တပ်ပတ်ကင်းက ဖမ်းဆီးပြီး ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။အဲ့ဒီပတ်ကင်းအဖွဲ့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့က ပတ်ကင်းလှည့်ရင်း ယုန်မရတောရပ်ကွက် ၃ အနီးက ယာတောနားမှာ ဖမ်းဆီးသတ်ဖြတ်ခဲ့တာဖြစ်လို့ ဒေသခံတဦးက ပြောပါတယ်။“အလင်းဝင် မိန်းကလေး ၂ ယောက်၊ ယောက်ျားလေး ၁ ယောက် Gun ၂ လက် စခ က လိုက်ရှာတာ၊ တောထွက်တဲ့ သူအသတ်ခံရတာ။” လို့ ကနီဒေသခံက ပြောပါတယ်။သတင်းအပြည့်အစုံ - https://myaelattathan.com/news/26360/
    Иллюстрация к посту канала မြေလတ်အသံ - Myaelatt AthanИллюстрация к посту канала မြေလတ်အသံ - Myaelatt Athan
    2,36021511Открыть в Telegram
  • မြေလတ်အသံ - Myaelatt Athan

    22 сент., 04:40

    ကလေးမြို့မှာ မီးလောင်လို့ ကလေးငယ် ၁ ဦးအပါအဝင် အမျိုးသမီး ၃ ဦး သေဆုံးကလေး၊ စက်တင်ဘာ ၂၂၊ ၂၀၂၆။စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်မှာ မီးလောင်လို့ ကလေးငယ် (၁) ဦးအပါအဝင် (၃) ဦး သေဆုံးတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးသူတွေဆီက သိရပါတယ်။ယမန်နေ့ စက်တင်ဘာလ (၂၁) ရက်နေ့ ည (၁၁) နာရီခန့်မှာ တပ်ဦးသီတာရပ်ကွက် ဗိုလ်ချုပ်လမ်း၊ ကမ္ဘာ့ရတနာဘဏ်ဘေးရှိ နေအိမ်တလုံးမှာ ဆိုလာနဲ့ ဘထ္ထရီ ဆက်သွယ်ထားတဲ့နေရာကနေ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။"သေတာက အမျိုးသမီးတွေကြီးပဲ ကလေးတယောက်ပါတယ်။ သူတို့ကျ မီးလောင်လောင်ချင်းမသိလို့ အောက်ဆီဂျင်ပြတ်ပြီး ဆုံးတာဖြစ်နိုင်တယ်။ ခန္ဓာကိုယ်မှာ မီးလောင်ဒဏ်ရာတွေတော့ နည်းနည်းပါးပါးရှိတယ်။ ကြမ်းပြင်တော မီးမကူးသေးဘူး"လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတဦးက ပြောပါတယ်။သတင်းအပြည့်အစုံ - https://myaelattathan.com/news/26357/
    Иллюстрация к посту канала မြေလတ်အသံ - Myaelatt AthanИллюстрация к посту канала မြေလတ်အသံ - Myaelatt Athan
    2,62023521Открыть в Telegram
  • မြေလတ်အသံ - Myaelatt Athan

    21 сент., 11:38

    https://youtu.be/NwaIsqSOol8
    YouTubeအညာဒေသမှာ ဝက်စျေးကျလို့ ဝက်မွေးမြူရေးသမားတွေ အရှုံးပေါ်အညာဒေသမှာ ဝက်စျေးကျလို့ ဝက်မွေးမြူရေးသမားတွေ အရှုံးပေါ် မြေလတ်အသံ၊ စက်တင်ဘာ ၂၁၊ ၂၀၂၆။ မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လကစလို့ ဝက်စျေးထိုးကျသွားတာကြောင့် ဝက်မွေးမြူရေးသမားတွေ အရှုံးပေါ်နေတယ်လို့…
    3,1701363Открыть в Telegram
  • မြေလတ်အသံ - Myaelatt Athan

    21 сент., 05:27

    PDF တွေက မသွားဖို့တားမြစ်ထားတဲ့ လမ်းပိုင်းက သွားတဲ့အမျိုးသမီး ၃ ဦး မိုင်းထိလို့ ၁ ဦးသေ ၂ ဦးဒဏ်ရာရမုံရွာ၊ စက်တင်ဘာ ၂၁၊ ၂၀၂၆။စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ PDF တွေက မသွားဖို့ တားမြစ်ထားတဲ့ လမ်းပိုင်းကသွားခဲ့မိတဲ့ အမျိုးသမီး ၃ ဦး မိုင်းထိလို့ ၁ ဦးသေ ၂ ဦးဒဏ်ရာရတယ်လို့ မုံရွာမြို့နယ်ပကဖ တာဝန်ရှိသူတွေထံက သိရပါတယ်။စက်တင်ဘာလ ၁၉ ရက်နေ့ မနက် ၁၁ နာရီကျော်ခန့်မှာ ထနောင်းဝင်း-ကျောက္ကာ-ရေနံကုန်း လမ်းပိုင်းပေါ်က ထနောင်းဝင်းကျေးရွာအကျော်နားမှာ ဆိုင်ကယ်နဲ့လာတဲ့ အမျိုးသမီး ၃ ဦး တိုက်မိုင်းထိခဲ့တာလို့ ဆိုပါတယ်။"ပေလမ်းကြီးပေါ်မှာ သတိပေးစာတွေလည်း ကပ်ထားတယ်။ သစ်တုံးတွေလည်း ပိတ်ထားတယ်။ အဲဒီနားက ဓာတ်ဆီဆိုင်ကလည်း သွားလို့မရဘူးဆိုပြီး တားလိုက်သေးတယ်တဲ့။ တားတာကိုမရဘူး သွားကြတာတဲ့။ စစ် တွေရှုပ်နေလို့ အဲဒီလမ်းပိုင်းကို ၉ ရက်နေ့ကတည်းက တားမြစ်စာ ထုတ်ထားတာ။ အမျိုးသမီးတွေက ဆိုင်ကယ်နဲ့လာရင်းထိကြတာ"လို့ မုံရွာမြို့နယ်ပကဖ တာဝန်ရှိသူက ပြောပါတယ်။သတင်းအပြည့်အစုံ - https://myaelattathan.com/news/26351/
    Иллюстрация к посту канала မြေလတ်အသံ - Myaelatt AthanИллюстрация к посту канала မြေလတ်အသံ - Myaelatt Athan
    3,6102686532Открыть в Telegram
  • မြေလတ်အသံ - Myaelatt Athan

    20 сент., 04:14

    မကျေပွဲမှာ ပန်တိုဂျာကို နောက်တကြိမ်အနိုင်ယူခဲ့တဲ့ ချန်ပီယံ ဗန် (အားကစားသတင်း)မြေလတ်အသံ၊ စက်တင်ဘာ ၂၀၊ ၂၀၂၆။UFC 331 ပွဲစဉ်ရဲ့ ခေါင်ပွဲဖြစ်တဲ့ Flyweight ချန်ပီယံကာကွယ်ပွဲမှာ ချန်ပီယံ ဂျော့ရှ်ဝါဗန်နဲ့ ချန်ပီယံဟောင်း ပန်တိုဂျာတို့ ယှဉ်ပြိုင်ခဲ့ရာ ၅ ချီအထိ ယှဉ်ပြိုင်ခဲ့ရပြီး ဂျော့ရှ်ဝါဗန်က အမှတ်ပေးဒိုင်တွေရဲ့အဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ချန်ပီယံဟောင်း ပန်တိုဂျာကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၇ ရက် UFC 323 ပွဲစဉ်မှာ အနိုင်ယူပြီး ချန်ပီယံဖြစ်လာခဲ့တဲ့ ဂျော့ရှ်ဝါဗန်က နောက်ထပ်တကြိမ် မကျေပွဲပြန်လည်တွေ့ဆုံရာမှာလည်း ထပ်မံအနိုင်ယူခဲ့ပြီး ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ဂျော့ရှ်ဝါဗန်ဟာ ချန်ပီယံဖြစ်ပြီးတဲ့နောက် တက်ဆူရိုတိုင်ရာကို UFC 328 မှာ တကြိမ် ချန်ပီယံဟောင်း ပန်တိုဂျာကို ယခု UFC 331 မှာတကြိမ် စုစုပေါင်း နှစ်ကြိမ် ချန်ပီယံခါးပတ်ကာကွယ်ထားခဲ့ပြီပဲ ဖြစ်ပါတယ်။#မြေလတ်အသံ #ဂျော့ရှ်ဝါဗန် #ပန်တိုဂျာ #UFC331 #MMA
    Иллюстрация к посту канала မြေလတ်အသံ - Myaelatt AthanИллюстрация к посту канала မြေလတ်အသံ - Myaelatt AthanИллюстрация к посту канала မြေလတ်အသံ - Myaelatt AthanИллюстрация к посту канала မြေလတ်အသံ - Myaelatt Athan
    4,42054168211Открыть в Telegram
  • မြေလတ်အသံ - Myaelatt Athan

    19 сент., 09:59

    ရထားတိုက်မှုဖြစ်ပြီးနောက် လမ်းပိတ်လိုက်လို့ ရွာ ၈ ရွာကျော်ကဒေသခံတွေ သွားလာရေးအခက်တွေ့ညောင်လေးပင်၊ စက်တင်ဘာ ၁၉၊ ၂၀၂၆။ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကမာဖရုံကျေးရွာအနီး ရန်ကုန်-မန္တလေး ရထားလမ်းဖြတ်ကူးတဲ့ လမ်းပိုင်းကို ပိတ်လိုက်တာကြောင့် ကျေးရွာ ၈ ရွာကျော်ကဒေသခံတွေ သွားလာရေးအခက်တွေ့နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။အဲ့ဒီလမ်းမှာ DEMU ရထားနဲ့ ထွန်စက်တိုက်မိပြီးနောက်တရက် စက်တင်ဘာ ၁၅ ရက်မှာတင် ရထားလမ်းကူးနေရာကို မီးရထားဝန်ထမ်းတွေက ပိတ်လိုက်တာကြောင့် ဆိုင်ကယ်၊ စက်ဘီးတွေကအစသွားလာလို့မရတော့ဘူးလို့ သိရပါတယ်။"ပိတ်ထားတော့သွားမရလို့ ဟိုးအဝေးကြီးကနေပတ်ပြီးမှ မြို့ထဲပြန်လာရမှာ။ ဒီလမ်းက ဘိုးစဥ်ဘောင်ဆက် သွားနေတဲ့လမ်းကိုး။ တရားမဝင်လို့သာပြောတယ်။ ကွန်ကရစ်လမ်းတွေ ခင်းထားတာ။ တရားမဝင်ဘူးဆိုပြီး လျှောက်ပြောနေတာ။ မောင်းတံပဲ မလုပ်ထားတာ။ အခုက စပါးလည်းပေါ်တဲ့ အချိန်ဆိုတော့ ကုန်ထုတ်လို့မရ အခက်ခဲတွေဖြစ်နေကုန်ပြီ"လို့ ဒေသခံတဦးက ပြောပါတယ်။သတင်းအပြည့်အစုံ - https://myaelattathan.com/news/26339/
    Иллюстрация к посту канала မြေလတ်အသံ - Myaelatt AthanИллюстрация к посту канала မြေလတ်အသံ - Myaelatt AthanИллюстрация к посту канала မြေလတ်အသံ - Myaelatt Athan
    4,37014106521Открыть в Telegram
  • မြေလတ်အသံ - Myaelatt Athan

    19 сент., 06:02

    လက်နက်ကြီးတွေနဲ့ အင်အားထောင်ကျော်ပါ စစ်တပ်စစ်ကြောင်း ယောနယ်ကိုဦးတည်စစ်ကြောင်းထိုးနေမကွေး၊ စက်တင်ဘာ ၁၉၊ ၂၀၂၆။မကွေးမြို့ကနေ ယောဒေသဘက်ကို အင်အားထောင်ကျော်ပါစစ်တပ်စစ်ကြောင်းက ဦးတည်စစ်ကြောင်းထိုး လာနေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။စက်တင်ဘာ ၁၉ ရက် ဒီမနက် ၆ နာရီခန့်ကစတင်ပြီး တပ်မ ၈၈ လက်အောက်ခံတပ်တွေ စုပေါင်းထားတဲ့ အင်အား ၁၅၀၀ ဝန်းကျင်ပါ ကားအစီးရေ ၁၈၀ ကျော်ဟာ မကွေး-ပွင့်ဖြူ-စလင်းလမ်းမကြီးအတိုင်း ထွက်ခွာလာနေတယ်လို့ ဆိုပါတယ်။"မနက် ၁၀ နာရီကျော်လောက်မှာ ပွင့်ဖြူကိုဖြတ်ပြီး။ စလင်းတော့မရောက်သေးဘူး။ ၁၀၈ စီးတော့ဖြတ်ပြီး။ တင့်ကားတွေလည်းပါတယ်။ ကြားဖြတ်တိုက်ဖို့လည်း မလွယ်တော့ အဲ့ဘက်က အဖွဲ့တွေမလုပ်ကြဘူးနေမယ်။ ဒီဘက်ခြမ်းမှာလည်း ခြုံခိုတိုက်ခိုက်ဖို့မလွယ်ဘူး။ လယ်ကွင်းတွေ ပြည်သူနေအိမ်တွေပဲရှိတာ"လို့ စလင်းပကဖတာဝန်ရှိသူက ပြောပါတယ်။သတင်းအပြည့်အစုံ - https://myaelattathan.com/news/26335/
    Иллюстрация к посту канала မြေလတ်အသံ - Myaelatt AthanИллюстрация к посту канала မြေလတ်အသံ - Myaelatt AthanИллюстрация к посту канала မြေလတ်အသံ - Myaelatt Athan
    4,30025145433Открыть в Telegram
  • မြေလတ်အသံ - Myaelatt Athan

    18 сент., 09:13

    ဘုန်းကြီးကျောင်းဝန်းထဲ ဒရုန်းဗုံးကြဲခံရလို့ ကပ္ပိယသေဆုံးပြီး သံဃာတပါးဒဏ်ရရာမတ္တရာ၊ စက်တင်ဘာ ၁၈၊ ၂၀၂၆။မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဘိုးကြီးကျွန်းကျေးရွာက ဘုန်းကြီးကျောင်းဝန်းထဲ ဗုံးကြဲခံရလို့ ကပ္ပိယသေဆုံးပြီး သံဃာတပါးဒဏ်ရရာတယ်လို့ မတ္တရာမြို့နယ်ပကဖ တာဝန်ရှိသူတွေထံက သိရပါတယ်။စက်တင်ဘာလ (၁၇) ရက်နေ့ညနေ (၆) နာရီ မိနစ် (၅၀) ခန့်မှာ ဥဒိန်ရွာမှာ တပ်စွဲထားတဲ့စစ်တပ် တပ်ဖွဲ့ဝင်တွေကနေ ကျေးရွာအနောက်တောင်ဘက်ခြမ်းရှိ ဘုန်းကြီးကျောင်းအတွင်းကို ဗုံးသီးနှစ်လုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။"ဗုံးသီးက နှစ်လုံး ကျောင်းပေါ်ကျတာမဟုတ်ဘူး။ ကျောင်းဝန်းထဲကိုကျတာ။ ထိတဲ့ သူတွေက ကျောင်းဝန်းထဲမှာရှိနေကြချိန်ထိတာ။ ဗုံးသီးကျပြီး လက်နက်ကြီးတွေနဲ့လည်း ထပ်ပစ်တာရှိသေးတယ်။ ပစ်တဲ့ရွာနဲ့ ထိတဲရွာက မြစ်အရှေ့ဘက်အနောက်ဘက်ပဲ။ ရဲဘော်လည်းမရှိပဲ သက်သက်ပစ်တာ" လို့ မတ္တရာမြို့နယ်ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။သတင်းအပြည့်အစုံ - https://myaelattathan.com/news/26331/
    Иллюстрация к посту канала မြေလတ်အသံ - Myaelatt AthanИллюстрация к посту канала မြေလတ်အသံ - Myaelatt Athan
    4,7603063221Открыть в Telegram
  • မြေလတ်အသံ - Myaelatt Athan

    18 сент., 04:52

    အုတ်တွင်းနယ်မှာ လက်နက်ကြီး၊ ဒရုန်းချခံရလို့ PDF ၅ ဦးနဲ့ ပြည်သူ ၅ ဦးသေဆုံးအုတ်တွင်း၊ စက်တင်ဘာ ၁၈၊ ၂၀၂၆။ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ရွှေလောင်းကျေးရွာမှာ စစ်တပ်က လက်နက်ကြီး၊ ဒရုန်းနဲ့ချလို့ PDF (၅) ဦးနဲ့ပြည်သူ (၅) ဦး သေဆုံးတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။စက်တင်ဘာလ ၁၅ ရက်နေ့ နေ့လည်ပိုင်းမှာ စစ်တပ်အင်အား ၁၀၀ ခန့်ဟာ ကျေးရွာအနီးကိုရောက်လာပြီးနောက် ရွာထဲကို လက်နက်ကြီး ၊ ဒရုန်းတွေနဲ့ အကြိမ်ရေများစွာပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။"စကောက်တွေ ဝဲတယ်။ ပြီးတော့ ကျနော်တို့ရဲဘော်တွေရှိတဲ့နေရာကို ခန့်မှန်းပြီးတော့ ဒရုန်းတွေနဲ့ကြဲတာ။ အဲဒီမှာ ရဲဘော် ၃ ယောက်နဲ့ မိသားစု ၃ ယောက်ကျတယ်။ အဲဒီမှာ ကူညီဖို့သွားထပ်ရဲဘော်နှစ်ယောက်လည်း ထပ်ကျတယ်။ လက်နက်ကြီးဒရုန်းတွေနဲ့မနားတမ်းထုတာမှာ ပြည်သူကလေးတွေလည်းထပ်ထိတာ" လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။သတင်းအပြည့်အစုံ - https://myaelattathan.com/news/26324/
    Иллюстрация к посту канала မြေလတ်အသံ - Myaelatt AthanИллюстрация к посту канала မြေလတ်အသံ - Myaelatt AthanИллюстрация к посту канала မြေလတ်အသံ - Myaelatt AthanИллюстрация к посту канала မြေလတ်အသံ - Myaelatt Athan
    4,6402997652Открыть в Telegram
  • မြေလတ်အသံ - Myaelatt Athan

    17 сент., 11:59изменён

    ⁨စစ်တပ်ပစ်တဲ့ လက်နက်ကြီးကြောင့် ကလေး ၂ ယောက်မိခင် မုဆိုးမတဦးသေဆုံးမြင်းခြံ၊ စက်တင်ဘာ ၁၇၊ ၂၀၂၆။မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပျိုးကန်ကျေးရွာမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကလေး ၂ ယောက်မိခင် အသက် ၃၃ နှစ်အရွယ် မုဆိုးမတဦး သေဆုံးကာ၊ တခြား ၂ ဦးလည်း ဒဏ်ရာရတယ်လို့ ရွာခံတွေထံက သိရပါတယ်။စက်တင်ဘာလ ၁၆ ရက်နေညနေ ၅ နာရီကျော်မှာ မြင်းခြံမြို့အခြေစိုက် ခမရ ၁၅ တပ်မှ လက်နက်ကြီးတလုံးပစ်ခတ်ခဲ့ရာ ကျေးရွာအနောက်ခြမ်းပြည်သူနေအိမ်နား ကျရောက်ပေါက်ကွဲခဲ့ပြီး လက်နက်ကြီးထိမှန်လို့ အသက် ၃၃ နှစ်အရွယ် မဇင်မာစိုးမှာ နေရာမှာပင်သေဆုံးကာ၊ အသက် ၅၀ အရွယ် မနီနဲ့ အသက် ၂၀ အရွယ် မဝါဝါနွယ်တို့ဒဏ်ရာရသွားပါတယ်။"သေသူက အိမ်ရှေ့မှာ ဆေးလိပ် လိပ်နေတာ။ သူတို့ရဲ့အရှေ့မြောက်ဘက်နားလေးက အိမ်မှာလည်း သွပ်ဖောက်ပြီးတော့ ဝင်တဲ့အစကလဲ ကလေးမလေးတယောက်ခေါင်းထိတယ်။ နောက်တယောက်ကလည်း အစက နဘေးမှန်တာရှိသေးတယ်"လို့ ရွာခံတဦးကပြောပါတယ်။သတင်းအပြည့်အစုံ - https://myaelattathan.com/news/26320/
    Иллюстрация к посту канала မြေလတ်အသံ - Myaelatt AthanИллюстрация к посту канала မြေလတ်အသံ - Myaelatt Athan
    4,4603352111Открыть в Telegram
  • မြေလတ်အသံ - Myaelatt Athan

    17 сент., 03:51

    သရက်ခရိုင်တပ်ရင်း ၄ က ရဲဘော် ၆ ဦး စစ်တပ်ထံ ဘက်ပြောင်းမင်းတုန်း၊ စက်တင်ဘာ ၁၇၊ ၂၀၂၆။သရက်ခရိုင်တပ်ရင်း ၄ က ရဲဘော် ၆ ဦးဟာ စစ်တပ်ဘက်ကို ဘက်ပြောင်းသွားတယ်လို့ သက်ဆိုင်ရာ တပ်ရင်းဘက်က စက်တင်ဘာလ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ဘက်ပြောင်းသွားသူတွေကတော့ ရန်ပိုင်စိုး၊ လမင်းသန့်၊ ဇင်မိုးအောင်၊ မိုးထက်ကျော်၊ မျိုးထက်နိုင်၊ သူထူးစံတို့ ၆ ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ စစ်တပ်ဘက်ကို ဘက်ပြောင်းသွားတာလို့ ဆိုပါတယ်။"၆ ဦးစလုံးတပြိုင်နက်တည်းပြေးတာမဟုတ်ဘူး။ ရဲဘော်ပိုင်လေးက အရင်ဆုံးပြေးတယ်။ ပြီးတော့ ကျန်တဲ့ ၅ ဦးကို စည်းရုံးပြီး ထပ်ခေါ်တာ။ ရှေ့တန်းမှာ တာဝန်ပေးထားချိန် ပြေးကြတာ။ သူတို့ပြေးပြီးနောက်ပိုင်း မင်းတုန်းနယ်ထဲ စစ်ကြောင်းဝင်နေတာတော့ရှိတယ်"လို့ သရက်ခရိုင်တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။သတင်းအပြည့်အစုံ - https://myaelattathan.com/news/26316/
    Иллюстрация к посту канала မြေလတ်အသံ - Myaelatt AthanИллюстрация к посту канала မြေလတ်အသံ - Myaelatt Athan
    4,93029168332Открыть в Telegram