gram news
Аватар канала Myanmar Newspapers

Myanmar Newspapers

@myanmarnewspaper

ПроектыENСпорт

14,000подписчиков

Открыть канал

Последние посты

  • Myanmar Newspapers

    22 сент., 03:47

    ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
    Иллюстрация к посту канала Myanmar NewspapersИллюстрация к посту канала Myanmar Newspapers
  • Myanmar Newspapers

    22 сент., 03:43изменён

    အမျိုးသားယဉ်ကျေးမှုဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ အသက်ဝိညာဉ်တစ်ရပ်ဖြစ်သည်။ ကမ္ဘာ့အလယ်တွင် မြန်မာတို့၏အနုသုခုမယဉ်ကျေးမှုကိုပြပါဆိုလျှင် နှစ်ပေါင်းထောင်ချီသည့် မြန်မာ့သမိုင်းစဉ်တစ်လျှောက်လုံး စဉ်ဆက်မပြတ်ပေါ်ထွန်းလာခဲ့သည့် အနုပညာရှင်ကြီးများက ထိန်းသိမ်းဆင့်ပွား အမွေပေးခဲ့သည့် အဆို၊ အက၊ အရေး၊ အတီး ဟူသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များကို ဂုဏ်ယူဝင့်ကြွားစွာပြသ နိုင်ပေသည်။စည်းကမ်း၊ ဘောင်၊ သတ်မှတ်ချက်များစွာရှိမြန်မာ့အနုသုခုမပညာရပ်များသည် နယ်ပယ် ကျယ်ဝန်းလှသည်နှင့်အမျှ စည်းကမ်း၊ ဘောင်၊ သတ်မှတ်ချက်များစွာရှိပေသည်။ သတင်းစာဆရာ၊ စာရေးဆရာကြီး သခင်အောင်ဖေက “သီချင်းကြီးဆိုသည်မှာ စည်းကမ်းကလနားဘောင် သတ်မှတ်ချက်ရှိသည်။ ဘောလယ်သည်လိုစပ်၊ တေးထပ်သည်လိုရေး၊ ယိုးဒယားပတ်ပျိုး၊ ဘွဲ့စသည်တို့ အားလုံးသူ့စပ်နည်းစပ်ဟန်နှင့်ရှိသည်။ ကိုယ်စပ်ချင်သလို၊ ရေးချင်သလိုရေးလို့မရပေ။ ဆိုဟန်၌လည်း ကိုယ်ကြိုက်သလိုဆိုလို့ရသည်မဟုတ်”ဟု “ဂီတဆိုသည်မှာ” ဆောင်းပါးတွင် ရေးသားဖော်ပြခဲ့သည်။ထို့အတူ ဆရာကြီး
  • Myanmar Newspapers

    22 сент., 03:43изменён

    ဘိုးဘွားတို့ရဲ့ အနုသုခုမယဉ်ကျေးမှုအမွေ ထိန်းသိမ်းကြစို့လေဇာနည်ဘွားလူမှုကွန်ရက် စာမျက်နှာထက်တွင် ၁၉၉၅ ခုနှစ်က ကျင်းပခဲ့သော မြဝတီအငြိမ့် ပြိုင်ပွဲဗီဒီယိုဖိုင်လေးများ မကြာမကြာပေါ်ထွက်လာရာ ပြန်လည်ကြည့်ရှုမိတိုင်း ကျေနပ်အားရဖြစ်ရသည်။အထူးသဖြင့် ပြိုင်ပွဲတွင် ပထမဆုရ ခေါင်းဆောင်မင်းသမီး မြင့်မြင့်ကြည်နှင့် မော့စ်၊ မိုးဒီ စသည့်နိုင်ငံကျော်လူရွှင်တော်ကြီးများ ပါဝင်သော ဧရာဝတီတိုင်းကိုယ်စားပြု အငြိမ့်အဖွဲ့၏ ဖျော်ဖြေတင်ဆက်မှုကား ယနေ့တိုင် မရိုးနိုင်ပါပေ။ မြဝတီအငြိမ့်ပြိုင်ပွဲက မြန်မာ့အငြိမ့်သဘင်အတွက် သမိုင်းမှတ်တိုင်တစ်ခုဖြစ်တော့သည်။ပန်းခြံများတွင် အငြိမ့်ပွဲများ စီစဉ်ကျင်းပအငြိမ့်သဘင်သည် မြန်မာ့အနုပညာစစ်စစ်ဖြစ်သည်။ အငြိမ့်ကိုကြည့်လျှင် အဆိုကောင်း၊ အပြောကောင်း၊ အကကောင်းနှင့် ရယ်ရွှင်ဖွယ်ရာများကိုကြည့်ရှုခံစားရပေသည်။ ရှေးအခါက စနေနေ့ ညနေပိုင်းတွင် မြို့လူထုအပန်းဖြေရန် အတွက် မြို့တော်စည်ပင်သာယာရေးအဖွဲ့က ပန်းခြံများတွင် အငြိမ့်ပွဲများ စီစဉ်ကျင်းပပေးခဲ့ကြသည်။သို့တစေ နောက်ပိုင်းကာလများတွင်
  • Myanmar Newspapers

    22 сент., 03:43

    ဘိုးဘွားတို့ရဲ့ အနုသုခုမယဉ်ကျေးမှုအမွေ ထိန်းသိမ်းကြစို့လေ
    Иллюстрация к посту канала Myanmar NewspapersИллюстрация к посту канала Myanmar Newspapers
  • Myanmar Newspapers

    22 сент., 03:32изменён

    နိုင်ငံတကာကို သက်ရောက်မှုရှိတဲ့ ကြီးမားတဲ့ ပဋိပက္ခတွေဖြေရှင်းရေးကိစ္စမှာ ကုလသမဂ္ဂအဖွဲ့ကြီး ပါဝင်နိုင်မှုမရှိခြင်းဟာ လက်ရှိမှာ အတွင်းရေးမှူးချုပ် ရွေးချယ်ရေးပြိုင်ပွဲရဲ့ အဓိကအကြောင်း အရာတစ်ရပ်ဖြစ်လာခဲ့ပါတယ်။ အာဂျင်တီးနားနိုင်ငံက ကိုယ်စားလှယ်လောင်းဖြစ်ပြီး ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီရဲ့ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Rafael Grossi က မကြာသေးမီကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ ကုလသမဂ္ဂအနေနဲ့ ပါဝင်ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း ဝေဖန်ပြောကြားခဲ့ပြီး သူ့အနေနဲ့ အတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ်ခံခဲ့ရရင် နိုင်ငံတကာ ပဋိပက္ခတွေမှာ ကုလသမဂ္ဂရဲ့ လက်တွေ့ပါဝင်ဆောင်ရွက်မှုကို တိုးချဲ့သွားမယ်လို့ ကတိပြုထားပါတယ်။ယုံကြည်မှု ပြန်လည်တည်ဆောက်ခြင်းဇူလိုင်၊ ဩဂုတ်နဲ့ စက်တင်ဘာလတွေအတွင်းက ကျင်းပခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အလွတ်သဘောမဲပေးမှုတွေမှာ ရှေ့ကပြေးနေတဲ့ ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်တဲ့ ကော့စတာရီကာနိုင်ငံ ဒုတိယသမ္မတဟောင်းနဲ့ ကုလသမဂ္ဂကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့် (UNCTAD)
  • Myanmar Newspapers

    22 сент., 03:32изменён

    သူဟာ ကုလသမဂ္ဂအဖွဲ့ကြီးကို ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့အညီ လျင်မြန်သွက်လက်စွာ တုံ့ပြန်နိုင်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ပြုပြင်ပြောင်းလဲနိုင်ဖို့ လိုလားသူတစ်ဦးဖြစ်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေအကြား သဘောထားကွဲလွဲမှုတွေရှိနေတဲ့ နိုင်ငံတကာပဋိပက္ခတွေမှာ ကုလသမဂ္ဂအဖွဲ့ကြီးဟာ ကြားဝင်ညှိနှိုင်းပေးတဲ့ အဖွဲ့အစည်းအဖြစ် ပါဝင်ဆောင်ရွက်ဖို့ ဆန္ဒရှိသူတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့အတွင်းရေးမှူးချုပ်ရာထူးအတွက် ကာရစ်ဘီယံအဖွဲ့ကြီး (Caribbean Community) က ထောက်ခံထားတာကြောင့် ၎င်းဟာ အလားအလာကောင်းသူတစ်ဦးဖြစ်ပါတယ်။ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဦးဆောင်ပါဝင်နိုင်ခြင်းမရှိတဲ့ ကုလသမဂ္ဂ၁၉၄၅ ခုနှစ်မှာ ကုလသမဂ္ဂအဖွဲ့ကြီးကို စတင်တည်ထောင်ခဲ့တဲ့အချိန်ကစပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်ရေးဟာ အဖွဲ့ကြီးရဲ့ အဓိကရည်ရွယ်ချက် ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကုလသမဂ္ဂအဖွဲ့ကြီး တည်ရှိရခြင်းရဲ့ အဓိကရည်ရွယ်ချက်ဟာ ငြိမ်းချမ်းရေးဖော်ဆောင်ရေးဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့
  • Myanmar Newspapers

    22 сент., 03:32изменён

    ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံဟာ အလွတ်သဘော အကြိုဆန္ဒမဲပေးကြရာမှာ ထောက်ခံတဲ့မဲ (Encourage)၊ မထောက်ခံတဲ့ မဲ (Discourage) နဲ့ မှတ်ချက်ပေးရန်မရှိတဲ့ မဲ (No opinion) ဆိုပြီး သုံးမျိုးပေးကြပါတယ်။ ကိုယ်စား လှယ်လောင်းတစ်ဦးဟာ ထောက်ခံတဲ့မဲ (Encourage) အနည်းဆုံး ကိုးမဲရရှိဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံလုံးရဲ့ ထောက်ခံမှုရရှိဖို့ လိုအပ်ပြီး တစ်နိုင်ငံက ကန့်ကွက်ခဲ့ရင်လည်း ရှေ့ဆက်ဆောင်ရွက်ဖို့မဖြစ်နိုင်ပါဘူး။ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အဆိုပြုတင်ပြတဲ့ ကိုယ်စားလှယ်လောင်းအမည်အား ကုလသမဂ္ဂအထွေထွေညီလာခံကို တင်ပြတဲ့အခါ အထွေထွေညီလာခံက အတွင်းရေးမှူးချုပ်ကို အတည်ပြုခန့်အပ်ပါတယ်။ အထွေထွေညီလာခံက အတည်ပြုခန့်အပ်လိုက်တာနဲ့ အတွင်းရေးမှူးချုပ်သစ်ဟာ ငါးနှစ်သက်တမ်းကို ၂၀၂၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ စတင်ထမ်းဆောင်နိုင်ပြီ ဖြစ်ပါတယ်။အလားအလာကောင်းသည့် ကိုယ်စားလှယ်နှစ်ဦးကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရာထူးအတွက် အမည်စာရင်းတင်သွင်းထားကြတဲ့
  • Myanmar Newspapers

    22 сент., 03:32изменён

    နောက်တစ်ချက်ကတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲရေးအတွက် အကောင်အထည်ဖော်နိုင်မှုမှာ အားနည်းခဲ့ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ လက်ရှိဖွဲ့စည်းပုံဟာ ယနေ့ကမ္ဘာ့အင်အားချိန်ခွင်လျှာနဲ့ ကိုက်ညီမှုမရှိတော့တာကို အန်တိုနီယိုဂူတာရက်စ် ကိုယ်တိုင်အကြိမ်ကြိမ် ထောက်ပြပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဗီတိုအာဏာကို ကိုင်စွဲထားကြတဲ့ အမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံ (P-5) ရဲ့ လုပ်ပိုင်ခွင့်တွေ၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအကြား သဘောထားကွဲပြားခြားနားမှုတွေကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဖွဲ့စည်းပုံကို ပြုပြင်ပြောင်းလဲနိုင်ရေးကိစ္စဟာ ခက်ခဲနေဆဲဖြစ်ပါတယ်။ဒါကြောင့် လူ့အဖွဲ့အစည်းအပေါ် ကြီးကြီးမားမားသက်ရောက်မှုတွေဖြစ်စေတဲ့ နိုင်ငံတကာပဋိပက္ခတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်မယ့် ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အခန်းကဏ္ဍကို ပြန်လည်ခိုင်မာလာအောင် ဖော်ဆောင်သွားနိုင်ရေးဟာ နောက်တက်လာမယ့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အသစ်အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေဖြစ်ပါတယ်။အဓိကစိန်ခေါ်မှုတစ်ခုကတော့
  • Myanmar Newspapers

    22 сент., 03:32изменён

    ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အသစ်က ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းတွေ ပြန်လည်ဆောင်ရွက်ပေးနိုင်မလားတက္ကသိုလ် ဟန်စိုးဦးလက်ရှိ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ရဲ့ သက်တမ်းဟာ ၂၀၂၆ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့နေရာကိုဆက်ခံမယ့် အတွင်းရေးမှူးချုပ်အသစ်ကို ရွေးချယ်သွားဖို့ ရှိနေပါတယ်။ လောလောဆယ် လက်တင်အမေရိကဒေသနဲ့ ကာရစ်ဘီယံဒေသ၊ အာဖရိကဒေသက ကိုယ်စားလှယ်လောင်းရှစ်ဦးက အမည်စာရင်း တင်သွင်းထားကြပါတယ်။ကိုယ်စားလှယ်လောင်းများအဲဒီရှစ်ဦးကတော့ ချီလီနိုင်ငံ သမ္မတဟောင်း Michelle Bachelet ၊ အီကွေဒေါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ (၇၃) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ သဘာပတိဟောင်း Maria Fernanda Espinosa ၊ ပြင်သစ်နဲ့ အမေရိကန်နိုင်ငံဆိုင်ရာ အီကွေဒေါနိုင်ငံ သံအမတ်ကြီးဟောင်းနဲ့ နိုင်ငံခြားကုန်သွယ်ရေးဝန်ကြီးဟောင်း Ivonne Abad Baki၊ အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ရဲ့ ညွှန်ကြားရေးမှူးချုပ် အာဂျင်တီးနားနိုင်ငံက Rafael Mariano
  • Myanmar Newspapers

    22 сент., 03:32

    ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အသစ်က ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းတွေ ပြန်လည်ဆောင်ရွက်ပေးနိုင်မလား
    Иллюстрация к посту канала Myanmar NewspapersИллюстрация к посту канала Myanmar Newspapers
  • Myanmar Newspapers

    22 сент., 03:19изменён

    ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များသို့ ဝင်ခွင့်လျှောက်ထားနိုင်ကြောင်း ကြေညာချက်၁။ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်တစ်ခုခုသို့ ပထမဦးစားပေးလျှောက်ထားလိုသူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့ (အဆင့်မြင့်ပညာဦးစီးဌာန) မှ ထုတ်ပေးသည့် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်ဖြင့် လျှောက်ထား ရမည်ဖြစ်သည်။၂။ ဆေးဝါးတက္ကသိုလ်များ၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်များ၊ သူနာပြုတက္ကသိုလ်များနှင့် အခြေခံကျန်းမာရေး တက္ကသိုလ်သို့ ပထမဦးစားပေးလျှောက်ထားသူများသည် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်ကို ပညာရေးဝန်ကြီးဌာနအောက်ရှိ လျှောက်လွှာတင်သွင်းရန် သတ်မှတ်ထားသောတက္ကသိုလ်များသို့ ပေးပို့လျှောက်ထားရမည်ဖြစ်သည်။၃။ ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်မ
  • Myanmar Newspapers

    22 сент., 02:51изменён

    ပြည်သူ့ကြားက ပြည်သူ့စကားအစီအစဉ် ထုတ်လွှင့်မည်နေပြည်တော် စက်တင်ဘာ ၂၁မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ ‘‘ ပြည်သူ့ ကြားကပြည်သူ့စကား’’ အစီအစဉ်မှ ‘‘အများပြည်သူသွားလာရေးနှင့် ကုန်စည်စီးဆင်းမှုမြန်ဆန်ရေးအတွက် များစွာအထောက်အကူပြုတဲ့ ပို့ဆောင်ရေးလမ်းကြောင်းများကို ပစ်မှတ်ထားဖောက်ခွဲဖျက်ဆီးနေတဲ့ အကြမ်းဖက် PDF သမားများ” ခေါင်းစဉ်ဖြင့် စက်တင်ဘာ ၂၃ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ပါသည်။အလားတူ လာမည့်အပတ် စက်တင်ဘာ ၃၀ ရက် မွန်းလွဲ ၁ နာရီတွင် ‘‘အောက်တန်းကျ ရက်စက်ယုတ်မာတဲ့ နည်းလမ်းမျိုးစုံနဲ့ နိုင်ငံဖျက်ဆီးပြည်သူကို သတ်ဖြတ်နေတဲ့အကြမ်းဖက် PDF များ ” ခေါင်းစဉ်ဖြင့် ဆက်လက်ဆွေးနွေးတင်ဆက်မည်ဖြစ်ပါသည်။ အထက်ပါအစီအစဉ်အား အပတ်စဉ်ဆွေးနွေး တင်ဆက်မည်ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူ ပရိသတ်များအနေဖြင့် အပတ်စဉ် ကြာသပတေးနေ့တိုင်း နံနက် ၁၀ နာရီမှ
  • Myanmar Newspapers

    22 сент., 02:46изменён

    အကြမ်းဖက်ဖြစ်စဉ်များကြောင့် နှစ်နှစ်နီးပါးရပ်နားထားသည့် ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာများ ပြန်လည်ထုတ်ပေးဖလမ်း စက်တင်ဘာ ၂၁အကြမ်းဖက်ဖြစ်စဉ်များကြောင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ဖလမ်းမြန်မာ့စီးပွားရေးဘဏ်လုပ်ငန်းများ ယာယီရပ်နားထားခဲ့ ရပြီး ၂၀၂၆ ခုနှစ် ဧပြီလတွင် ဖလမ်းမြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်၍ ဇူလိုင် ၆ ရက်တွင် မြန်မာ့စီးပွားရေးဘဏ်အား ပြန်လည်ဖွင့်လှစ်ဝန်ဆောင်မှုပေးနေရာမှ ယနေ့တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်လစာများကို ပထမဆုံးအကြိမ် ပြန်လည်ထုတ်ပေးပြီးသည်။ထိုသို့ ထုတ်ပေးလျက်ရှိရာ မြို့ပြပင်စင်၊ နိုင်ငံရေးပင်စင်၊ ကာကွယ်ရေးပင်စင်၊ ရဲပင်စင်နှင့် ဘဏ်ပင်စင်များအားလုံးကို ထုတ်ပေးနေခြင်းဖြစ်ပြီး အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြီး ပင်စင်မထုတ်ယူခဲ့သူများအနေဖြင့် ဖလမ်းဘဏ်တွင် လာရောက်ကာ ပင်စင်ထုတ်ယူခွင့် ပြန်လည်လျှောက်ထားရမည်ဖြစ်ကြောင်း၊ ဖလမ်းမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ပင်စင်ထုတ်ယူမည့် အငြိမ်းစားဝန်ထမ်းများအနေဖြင့် လစဉ် ၁ ရက်မှ ၁၈ ရက်အတွင်း
  • Myanmar Newspapers

    22 сент., 02:46

    အကြမ်းဖက်ဖြစ်စဉ်များကြောင့် နှစ်နှစ်နီးပါးရပ်နားထားသည့် ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာများ ပြန်လည်ထုတ်ပေး
    Иллюстрация к посту канала Myanmar NewspapersИллюстрация к посту канала Myanmar Newspapers
  • Myanmar Newspapers

    22 сент., 02:40

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားနိုင်ပါကြောင်း ပြည်သူသို့အသိပေးခြင်း
    Иллюстрация к посту канала Myanmar NewspapersИллюстрация к посту канала Myanmar Newspapers
  • Myanmar Newspapers

    22 сент., 01:43изменён

    (၉) ကြိမ်မြောက် ဒူးမားလွှတ်တော်အမတ် ရွေးကောက်ပွဲ၏ ပဏာမရလဒ်များ ကြေညာနေပြည်တော် စက်တင်ဘာ ၂၁ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် လွှတ်တော်အမတ်များ ရွေးကောက်ပွဲသို့ ပြည်ပရွေးကောက်ပွဲစောင့်ကြည့်သူကိုယ်စားလှယ်အဖြစ် ရောက်ရှိနေသည့် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ဇာနည်မော်ဝင်း၊ ဆီဆိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှသိန်းတို့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်ရုံး၌ ယနေ့ကျင်းပသည့် (၉) ကြိမ်မြောက် ဒူးမားလွှတ်တော်အမတ်ရွေးကောက်ပွဲ၏ ပဏာမရလဒ်များကြေညာခြင်းနှင့် နိုင်ငံတကာမှ စောင့်ကြည့်သူ UEC နှင့် လွှတ်တော်ကိုယ်စားလှယ်များက ရွေးကောက်ပွဲအပေါ်သုံးသပ်သည့် အခမ်းအနားသို့ တက်ရောက်သည်။အခမ်းအနားတွင် ရုရှားနိုင်ငံ ဗဟိုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ Mrs. Ella Pamfilova က ရွေးကောက်ပွဲဆောင်ရွက်ခဲ့မှုနှင့် စပ်လျဉ်း၍ ပြောကြားသည်။ထို့နောက် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်သူ UEC ဥက္ကဋ္ဌများ၊
  • Myanmar Newspapers

    22 сент., 01:43

    (၉) ကြိမ်မြောက် ဒူးမားလွှတ်တော်အမတ် ရွေးကောက်ပွဲ၏ ပဏာမရလဒ်များ ကြေညာ
    Иллюстрация к посту канала Myanmar NewspapersИллюстрация к посту канала Myanmar Newspapers
  • Myanmar Newspapers

    22 сент., 01:35изменён

    လားရှိုးမြို့တွင် ငွေကျပ် ၁၆၂၅ ဒသမ ၈၅ သိန်းတန်ဖိုး၊သာစည်မြို့နယ်တွင် ငွေကျပ်သိန်း ၂၀၀ တန်ဖိုး၊ ကလေးမြို့တွင် ငွေကျပ် ၁ ဘီလီယံကျော် တန်ဖိုး၊ မိုးညှင်းမြို့နယ်တွင် ငွေကျပ် ၃၁၂ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိနေပြည်တော် စက်တင်ဘာ ၂၁လားရှိုးမြို့တွင် ငွေကျပ် ၁၆၂၅ ဒသမ ၈၅ သိန်းတန်ဖိုး၊ သာစည်မြို့နယ်တွင် ငွေကျပ်သိန်း ၂၀၀ တန်ဖိုး၊ ကလေးမြို့တွင် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုး၊ မိုးညှင်းမြို့နယ်တွင် ငွေကျပ် ၃၁၂ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိပြီး ဖမ်းဆီးရမိသူများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၇ ရက် ည ၇ နာရီခွဲတွင် သတင်းအရ လားရှိုမြို့ရပ်ကွက် (၁၂)၊ နယ်မြေ (၇) နေ စိုင်းရွှေအောင် (ခ) စိုင်းလုံ (၆၄) နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မနန်းအုန်းကြည် (ခ) အေးအောင် (၆၀) နှစ်အား တွေ့ရှိရပြီး နေအိမ်အတွင်းမှ ဘိန်းဖြူ ၅ ဂရမ် (တစ်ဂရမ်လျှင်ငွေကျပ် ၂၀၀၀၀
  • Myanmar Newspapers

    22 сент., 01:35

    လားရှိုးမြို့တွင် ငွေကျပ် ၁၆၂၅ ဒသမ ၈၅ သိန်းတန်ဖိုး၊သာစည်မြို့နယ်တွင် ငွေကျပ်သိန်း ၂၀၀ တန်ဖိုး၊ ကလေးမြို့တွင် ငွေကျပ် ၁ ဘီလီယံကျော် တန်ဖိုး၊ မိုးညှင်းမြို့နယ်တွင် ငွေကျပ် ၃၁၂ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
    Иллюстрация к посту канала Myanmar NewspapersИллюстрация к посту канала Myanmar Newspapers
  • Myanmar Newspapers

    22 сент., 01:28изменён

    အကြိမ် (၂၀) မြောက် အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင်တက်ဂ်ဘောအသင်းအား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုရန်ကုန် စက်တင်ဘာ ၂၁၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၇ ရက်မှ ၂၀ ရက်အထိ ဂျပန်နိုင်ငံ အိုင်ချီ-နာဂိုယာမြို့ရှိ (Nagoya City Higashi Sports Center)၌ ကျင်းပခဲ့‌သည့် အကြိမ် (၂၀) မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်တက်ဂ်ဘောအသင်းသည် မြန်မာနိုင်ငံ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ တက်ဂ်ဘောအမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ခင်နှင်းဝေက ရွှေတံဆိပ်ဆုတစ်ခု၊ တက်ဂ်ဘော အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ဆုမွန်အောင်နှင့် ဖြူဖြူသန်းတို့အတွဲက ငွေတံဆိပ်ဆုတစ်ခု၊ တက်ဂ်ဘော အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် စောဖရိုင်းဒေးက ကြေးတံဆိပ်ဆုတစ်ခုတို့ကို မြန်မာနိုင်ငံအတွက် ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူပေးနိုင်ခဲ့သည်။အကြိမ် (၂၀) မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်တက်ဂ်ဘောအသင်းမှ နည်းပြနှစ်ဦးနှင့် အားကစားသမားလေးဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံအတွက်