Последние посты

Nay Zin Latt
24 сент., 04:26
.☯️" အနောက်ရဲ့အမြစ်တွယ်စိတ်သဘောထား "သမတကြီးဦးမင်းအောင်လှိုင်နဲ့ TIMES မဂ္ဂဇင်းအင်တာဗျူးကိစ္စ FB တခုလုံးလွှမ်းခြုံသွားတယ်၊ ဘာကိုပြသလိုက်သလဲဆိုရင် " အနောက်အုပ်စု (အများစု) ရဲ့အမြစ်တွယ် သဘောထား ( Set mindset ) " ... ဟာဘယ်လိုလဲဆိုတာကိုပါ၊ ဒါဟာ.. အခုမှမဟုတ်ပါဘူး၊ ဟိုး... အရင့်အရင်ထဲကပါ၊ ဗိုလ်ချုပ်မှုးကြီးသန်းရွှေလက်ထက်ကထဲကနေ သမတကြီးဦးသိန်းစိန်အလယ်... အခုအထိပဲ ဆိုပါတော့၊ပရော်ဖက်ရှင်နယ်တိုင်းမှာ ဆိုင်ရာကျင့်ဝတ်တွေရှိကြရတယ်၊ လိုက်နာကြရတယ်၊ နိုင်ငံ့ခေါင်းဆောင်တွေနဲ့အင်တာဗျူးမှာ ပိုသတိထားပြီး ကျင့်ဝတ်ရှိသင့်ကြတာပေါ့၊ အခုတော့.... " အင်တာဗျူးပုံစံမေးပြီး... ကိုယ့်ကောက်ချက်ပုံစံနဲ့ ပြန်ရေးတာ" ကတော့ အတော်လက်မခံချင်စရာပါ၊သမတကြီး ဦးသိန်းစိန်လက်ထက် ဒါမျိုးအတွေ့အကြုံရှိခဲ့ဘူးတယ်၊ TIMES ကပဲ၊ သူမနာမယ်က Hannah Beech ၊အသက် (၃၀) ကျော်ဖြတ်ဖြတ် လတ်လတ် ရဲရဲတင်းတင်း အမျိုးသမီးတဦး၊ ဘမောင်ကို အင်တာစဗျူးတယ်၊ အဲ့ဒီတုန်းက ပြည်ပအင်တာဗျူးတွေကို သိပ်မဖြေရဲကြသေးဘူး၊ ပြုပြင် ပြောင်းလဲရေးလုပ်ပြီဆိုပြီး နိုင်ငံတကာအင်တာဗျူးကို မဖြေပြန်ရင်လဲ အပြောနဲ့ အလုပ်မညီဘူးလို့ သမတကိုဝေဖန်ခံရမှာစိုးလို့ ဘမောင်ကပဲ အမိုက်ခံပြီး ဖြေပေးနေရတဲ့အချိန်၊စကားမှားရင် အချိန်မရွေး ပြုတ်သွားနိုင်တာကို မသိ ရှိမတဲ့လား ၊ ( ကျပ်မပြည့်သူတချို့က ဘမောင်ကိုရှေ့ထွက်လွန်းတယ်ဆိုပြီး ချောက်ချကြသေးတယ်၊ ဗျူဟာသဘောလောက်တောင် နားမလည်သူတွေကလဲ ရှိကြသေးရဲ့ )သူလဲ အသံဖမ်း၊ ကိုယ်လဲ အသံဖမ်းပေါ့၊ မဖြေခင် အာပေါက်မတတ်အခြေအနေတွေကို သူမ-နားလည်သွားအောင်ရှင်းပြထားရသေးတယ်၊ဘမောင် အင်တာဗျူးပါလာပြီးတော့ သမတကြီး ဦးသိန်းစိန်ကို ဗျူးချင်ပါတယ်လို့ ဆိုပြန်တယ်၊ ချိတ်ဆက်ပေးပြီး " ကိုယ့်ယိုကားယား" မဖြစ်အောင် ပါးစပ်ကအမြှုပ်မထွက်ရုံတမယ် ရှင်းပြလိုက်ရသေးတယ်၊ သတင်းပါလာတော့ " မဆိုးပါဘူး"... ဒါပေမဲ့ သူတို့ရဲ့ Set mindset အရ အထွန့်လေး အတက်လေးတော့ နဲနဲပါလာသေးတယ်၊ဆရာတော် ဦးဝီရသူနဲ့ ဗျူးတာကျတော့ ဘမောင်မသိလိုက်တော့ဘူး၊ တခါထဲ ဝက်ဝက်ကွဲ ခါယမ်းသွားတော့တာပဲ၊ သူတို့ရဲ့ True color အတိုင်းဖွင့်ရေးသွားတာတွေ့ရတယ်၊အခုလဲ သမတနဲ့ မဗျူးခင် ဆိုင်ရာသူတွေက မေးမဲ့သူတွေကို ပြောသင့်ပြောထိုက်တာတွေကြိုပြောထားကြမှာပါ၊ ဒါပေမဲ့ ဒီမောင်ကကို ကျင့်ဝတ် မလိုက်နာပဲ... တနပ်စား သူ့ ကာလာအမှန်ကို ဖေါ်ပြသွားတာလို့ပဲမြင်ပါတယ်၊အနောက်အုပ်စု အများစုရဲ့ Set mindset ကိုသတိထားရမှာဖြစ်သလို၊ ဒီအချိန်က နက္ခတ်တွေ ကိုယ့်ဖက် အလေးမပေးသေးတာကိုလဲ သတိပြုသင့်တယ်၊BaMg ☯️ ( 24.9.26 ).
Nay Zin Latt
24 сент., 01:33изменён
အခြားတစ်ဖက်မှာ Lebanon နယ်စပ်ဟာလည်း အရေးကြီးပါတယ်။ 2026 စက်တင်ဘာမှာ Israel က southern Lebanon ရဲ့ မဟာဗျူဟာကျတဲ့ Ali al-Taher ridge ကို operational control ရရှိထားတယ်လို့ ပြောထားပြီး Hezbollah နဲ့ ပဋိပက္ခဟာ ဆက်လက်တင်းမာနေပါတယ်။☘️အတွင်းရေး စိန်ခေါ်မှုအစ္စရေးရဲ့ ပြင်ပလုံခြုံရေးပြဿနာအပြင် အတွင်းပိုင်းမှာလည်း လူမှုရေးနဲ့ နိုင်ငံရေးကွဲပြားမှုတွေ ရှိနေပါတယ်။အထူးသဖြင့်—• secular Jews နဲ့ religious/ultra-Orthodox groups ကြား တင်းမာမှု • စစ်မှုထမ်းခြင်းနဲ့ လူမှုတာဝန်ခွဲဝေမှု • Arab citizens နဲ့ Jewish majority ကြား ဆက်ဆံရေး • judicial reform နဲ့ democracy အပေါ် အငြင်းပွားမှု • အစိုးရအတွင်း နိုင်ငံရေးအုပ်စုကွဲပြားမှုတို့ဟာ ရေရှည်မှာ အရေးကြီးလာနိုင်ပါတယ်။ဒီအတွင်းရေးကွဲပြားမှုတွေဟာ စစ်ရေးအန္တရာယ်ထက်တောင် နိုင်ငံရဲ့ social cohesion (လူမှုစည်းလုံးညီညွတ်မှု) အတွက် အရေးကြီးတဲ့ စိန်ခေါ်မှု ဖြစ်လာနိုင်ပါတယ်။☘️စီးပွားရေးအခြေအနေစစ်ပွဲများကြောင့် defense spending မြင့်တက်ခြင်း၊ အလုပ်သမားအင်အား လျော့နည်းခြင်းနဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ risk perception မြင့်တက်ခြင်းတို့က အစ္စရေးစီးပွားရေးအပေါ် ဖိအားဖြစ်စေပါတယ်။IMF ရဲ့ 2026 သုံးသပ်ချက်အရ Israel ရဲ့ 2026 growth forecast ကို စစ်ပွဲမတိုင်မီ ခန့်မှန်းချက် 4.8% ကနေ 3.5% သို့ လျှော့ချထားပြီး regional conflict ပြန်လည်ပြင်းထန်လာခြင်းကို အဓိက downside risk အဖြစ် သတ်မှတ်ထားပါတယ်။ IMF က labor supply၊ productivity၊ fiscal buffers နဲ့ financial stability တွေကို ရေရှည်အရေးကြီးတဲ့ အချက်တွေအဖြစ် ဖော်ပြထားပါတယ်။ဒါပေမယ့် အစ္စရေးစီးပွားရေးမှာ technology sector နဲ့ innovation capacity အားကောင်းနေခြင်းက ပြန်လည်နာလန်ထူနိုင်တဲ့ အခြေခံအင်အားတစ်ခု ဖြစ်ပါတယ်။☘️အစ္စရေးရဲ့ အနာဂတ်မှာ ဘာတွေဖြစ်နိုင်သလဲအနာဂတ်ကို scenario သုံးခုနဲ့ စဉ်းစားနိုင်ပါတယ်။ပထမ Scenario — Regional StabilizationGaza နဲ့ Lebanon ပဋိပက္ခတွေ လျော့ကျပြီး Iran နဲ့ တိုက်ရိုက်ပဋိပက္ခကို ထိန်းချုပ်နိုင်ရင် Israel ရဲ့ defense burden လျော့ကျနိုင်ပါတယ်။ အဲဒီအခြေအနေမှာ technology၊ investment နဲ့ regional trade ပြန်တက်လာနိုင်ပါတယ်။ IMF ကလည်း regional security တိုးတက်ပြီး Abraham Accords ပိုမိုချဲ့ထွင်နိုင်ရင် trade နဲ့ investment အခွင့်အလမ်းတွေ တိုးလာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။ဒုတိယ Scenario — Prolonged ConflictGaza၊ Lebanon နဲ့ Iran ပဋိပက္ခတွေ အချိန်ကြာလာရင် defense spending မြင့်နေမယ်၊ လူအင်အားနဲ့ investment ကို စစ်ရေးဘက် ဆွဲယူသွားမယ်၊ migration pressure နဲ့ economic uncertainty တိုးလာနိုင်ပါတယ်။ IMF ကလည်း renewed regional conflict ကို Israel ရဲ့ growth အတွက် အဓိက downside risk အဖြစ် သတ်မှတ်ထားပါတယ်။တတိယ Scenario — Political Settlement
Nay Zin Latt
24 сент., 01:33
.☯️" မနေ့ကအစ္စရေး-ယနေ့အစ္စရေး "အစ္စရေးနိုင်ငံ ပေါ်ပေါက်လာခြင်းဟာ ရိုးရိုး “နိုင်ငံတစ်နိုင်ငံ တည်ထောင်လိုက်ခြင်း” မဟုတ်ပါဘူး။ရာစုနှစ်များစွာကြာခဲ့တဲ့ ဂျူးလူမျိုးတို့ရဲ့ သမိုင်းဝင်မြေယာဆက်နွယ်မှု၊ Zionism လှုပ်ရှားမှု၊ ဥရောပမှာဖြစ်ပေါ်ခဲ့တဲ့ antisemitism နဲ့ Holocaust၊ ဗြိတိသျှအုပ်ချုပ်မှု၊ အာရပ်-ဂျူး အမျိုးသားရေးပြိုင်ဆိုင်မှုနဲ့ ကုလသမဂ္ဂရဲ့ 1947 Partition Plan တို့ ပေါင်းစပ်ပြီး ပေါ်ပေါက်လာတဲ့ နိုင်ငံရေးသမိုင်းကြောင်းကြီးတစ်ခု ဖြစ်ပါတယ်။☘️အစ္စရေးနိုင်ငံ ဘယ်လိုပေါ်ပေါက်လာသလဲရှေးခေတ်ကတည်းက ယနေ့အစ္စရေးနဲ့ ပါလက်စတိုင်းဒေသဟာ ဂျူးလူမျိုးတွေရဲ့ သမိုင်း၊ ဘာသာရေးနဲ့ ယဉ်ကျေးမှုအတွက် အရေးကြီးတဲ့ဒေသ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဂျူးလူမျိုးတွေဟာ ကမ္ဘာ့ဒေသအသီးသီးကို ပြန့်နှံ့နေထိုင်ခဲ့ကြပေမယ့် အဲဒီဒေသနဲ့ သမိုင်းဝင်ဆက်နွယ်မှုကို ဆက်လက်ထိန်းသိမ်းခဲ့ကြပါတယ်။19 ရာစုနှောင်းပိုင်းမှာ Europe မှာ antisemitism မြင့်တက်လာခြင်းနဲ့အတူ Zionism ဆိုတဲ့ ဂျူးအမျိုးသားရေးလှုပ်ရှားမှု ပေါ်လာခဲ့ပါတယ်။ အဓိကရည်ရွယ်ချက်က ဂျူးလူမျိုးတွေအတွက် ကိုယ်ပိုင်အမျိုးသားနိုင်ငံတစ်ခု တည်ထောင်ရေး ဖြစ်ပါတယ်။ပထမကမ္ဘာစစ်အပြီး Ottoman Empire ပြိုကွဲသွားပြီး Palestine ဒေသကို ဗြိတိန်က Mandate အဖြစ် အုပ်ချုပ်ခဲ့ပါတယ်။ ဒီကာလအတွင်း ဂျူးလူဝင်မှုနဲ့ အာရပ်လူဦးရေကြား နိုင်ငံရေးတင်းမာမှု တဖြည်းဖြည်းမြင့်လာခဲ့ပါတယ်။1947 ခုနှစ် နိုဝင်ဘာ 29 ရက်မှာ ကုလသမဂ္ဂအထွေထွေညီလာခံက Resolution 181 ကို ချမှတ်ပြီး Palestine ကို ဂျူးနိုင်ငံနဲ့ အာရပ်နိုင်ငံအဖြစ် ခွဲခြားဖွဲ့စည်းရန် အဆိုပြုခဲ့ပါတယ်။ Jerusalem ကိုတော့ အထူးအုပ်ချုပ်ရေးဒေသအဖြစ် သတ်မှတ်ဖို့ အဆိုပြုခဲ့ပါတယ်။ဒါပေမယ့် အဆိုပါ Partition Plan ကို အာရပ်ဘက်က လက်မခံခဲ့ဘဲ အကြမ်းဖက်ပဋိပက္ခတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။1948 ခုနှစ် မေလ 14 ရက်မှာ ဗြိတိသျှ Mandate အဆုံးသတ်ချိန်တွင် David Ben-Gurion က အစ္စရေးနိုင်ငံ တည်ထောင်ကြောင်း ကြေညာခဲ့ပါတယ်။ အစ္စရေးရဲ့ Declaration of Independence မှာ လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ ဘာသာရေးလွတ်လပ်ခွင့်နဲ့ ငြိမ်းချမ်းရေးကို အခြေခံမူတွေအဖြစ် ဖော်ပြထားပါတယ်။အစ္စရေးနိုင်ငံ ကြေညာပြီးနောက် အာရပ်နိုင်ငံအချို့နဲ့ စစ်ပွဲဖြစ်ပွားခဲ့ပြီး 1949 ခုနှစ်အထိ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ ဒီစစ်ပွဲက အစ္စရေးနိုင်ငံရဲ့ နယ်မြေနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံရေးပုံစံကို အခြေခံအားဖြင့် ပြောင်းလဲစေခဲ့ပါတယ်။ဒီသမိုင်းကို အစ္စရေးဘက်ကတော့ ဂျူးလူမျိုးတို့ရဲ့ အမျိုးသားလွတ်မြောက်ရေးနဲ့ လုံခြုံရေးအတွက် နိုင်ငံတည်ထောင်ခြင်းအဖြစ် အဓိကမြင်ပါတယ်။ ပါလက်စတိုင်းဘက်ကတော့ 1948 စစ်ပွဲအတွင်း အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာရခြင်းကို Nakba (“ကပ်ဘေး”) အဖြစ် မှတ်ယူပါတယ်။ ဒါကြောင့် အစ္စရေးနိုင်ငံတည်ထောင်ခြင်းဟာ နှစ်ဖက်လုံးအတွက် သမိုင်းအဓိပ္ပာယ် မတူညီတဲ့ အကြောင်းအရာတစ်ခု ဖြစ်နေဆဲပါ။☘️1948 နောက်ပိုင်း အစ္စရေးအင်အားတိုးတက်လာအစ္စရေးဟာ တည်ထောင်ချိန်မှာပဲ လုံခြုံရေးအန္တရာယ်ကြီးမားတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ စစ်ရေး၊ နည်းပညာ၊ စိုက်ပျိုးရေး၊ ရေစီမံခန့်ခွဲမှုနဲ့ high-tech ကဏ္ဍတွေမှာ အလွန်မြန်ဆန်စွာ တိုးတက်လာခဲ့ပါတယ်။အထူးသဖြင့်—• စစ်ရေးနဲ့ intelligence • Cyber technology • Artificial intelligence • Semiconductor နဲ့ advanced technology • Medical technology • Agriculture technology
Nay Zin Latt
24 сент., 01:27
.☯️ဒီတခါ ကုလညီလာခံမှာ ထရမ့် အတော်ပြောပစ်လိုက်တာတွေ့ရတယ်၊ ပွဲအဆူဆုံး ကုလညီလာခံတခုလဲဖြစ်လိမ့်မယ်ထင်တယ် ။.
Nay Zin Latt
24 сент., 00:55изменён
.☯️( Xi ကို ထရမ့်ကလေဆိပ်မှာကြိုဆို )Trump က Xi Jinping ကို အမေရိကန်မှာ ခမ်းခမ်းနားနား ဧည့်ခံပြီး US–China ဆက်ဆံရေးမှာ အဓိကပြဿနာတွေဖြစ်တဲ့ ကုန်သွယ်ရေး၊ နည်းပညာနဲ့ အီရန်/Tehran ကိစ္စ တွေကို ဆွေးနွေးဖို့ ပြင်ဆင်နေတယ်လို့ဆိုတယ်၊တစ်ဖက်မှာလည်း US–China trade truce (ကုန်သွယ်ရေး တင်းမာမှုကို ယာယီလျှော့ချထားမှု) ကို ဆက်လက်တိုးချဲ့ထားတယ်လို့ အမေရိကန်ဘက်က ထုတ်ပြန်ထားတယ်လို့ကြေငြာထားပါတယ်၊BaMg ☯️.https://t.me/nayzinlatt2023
Nay Zin Latt
23 сент., 11:31изменён
🌟Justinian I ရဲ့ အားကိုးရဆုံး နဲ့ Byzantine (Eastern Roman) Empire ရဲ့ အကျော်ကြားဆုံးစစ်သူကြီး BelisariusPart - 1#KnowledgeSharesNay Zin Latt
Nay Zin Latt
23 сент., 08:28изменён
.☯️( မွန်ဂို နဲ့ဂျင်ဂစ်ခန် )အငြိမ်းစားယူပြီး စီးပွားရေးလုပ်တော့ အနောက်နိုင်ငံတွေ ၊ စင်္ကာပူ၊ မလေးရှားနဲ့ ထိုင်းဖက် အသွားများတယ်၊တကြော့ပြန် တာဝန်ထမ်းဆောင်တုန်းကတော့ အနောက်နိုင်ငံတွေ၊ တရုတ်နဲ့ အင်ဒိုနီးရှား အသွားများရပြန်တယ်၊ စင်္ကပူနဲ့ ထိုင်းက Transit လောက်ပဲ၊ မြို့ထဲမရောက်ဖြစ်တော့ဘူး၊မွန်ဂိုလ် သွားရဖို့ဖန်လာတော့ သဘောကျမိတယ်၊ လုံးဝမရောက်ဖူးတဲ့နိုင်ငံလေ၊ လူပျိုပေါက်လောက်တုန်းက သမတရုပ်ရှင်ရုံမှာ တင်သွားတဲ့ " ဂျစ်ဂစ်ခန် " ရုပ်ရှင်က Inspiration ပေးသွားခဲ့တယ်၊တကယ်လဲရောက်ရော... ပလုတ်တုတ်နဲ့ ဖြစ်ကုန်ရော၊ မြက်ခင်းပြင်ကျယ်ကြီး တွေဆီခေါ်သွားတယ်၊ ရွက်ဖျင်တဲကြီးတွေကတော့ အိမ်တလုံးစာလောက်ကြီးတယ်၊ပြသနာက အစားအသောက်ပဲ၊ သူတို့ကတော့ မိရိုးဖလာ၊ ရိုးရာ၊ စားနေကျ၊ တမက်တမောပဲ၊ ဘမောင်တို့ကျတော့ စားမဝင်တော့ဘူး၊ဘာရယ်မဟုတ်ဘူး fb မှာ တက်လာတဲ့ ပုံတွေကြည့်ပြီး သတိရသွားလို့၊...........ဂျင်ဂစ်ခန်က အဖိုး၊ မွန်ဂို အင်ပါယာပြည့်ရှင်၊ သူ့မြေးက ကူဗလိုင်ခန်ထက်ထက်မှာ အင်ပါယာက အများကြီး ပိုကြီးသွားတယ်၊ဒါပေမဲ့ ရုံးတွေ၊ အမှတ်တရ ကျောက်ရုပ်တွေမှာ ဂျင်ဂစ်ခန် အကြောင်းတွေချည်းပဲ ။ဒါလဲ ထူးခြားချက်တခုBaMg ☯️.https://t.me/nayzinlatt2023
Nay Zin Latt
23 сент., 07:02
.☯️စစ်တိုက်တယ်ဆိုတာ ပန်းနဲ့ပေါက်ကြတာ မဟုတ်သလို၊ သင်္ကြန်တွင်း ရေပက်ကြတာလဲမဟုတ်ဘူး၊4926 စစ်ဆင်ရေးဟာ သမိုင်းတခုကျန်စေမဲ့ စစ်ဆင်ရေးဖြစ်သလို အဖက်ဖက်က စဉ်းစားဖြည့်ဆည်းထားတဲ့ စစ်ဆင်ရေးလဲဖြစ်ပါတယ်၊ရခိုင်စစ်ဆင်ရေးဟာ ခိုင်ခံ့တဲ့ တံတိုင်းကြီးကို နာဒါဂီရိ ဆင်ပြောင်ကြီးနဲ့ ချွန်းဖွင့်တိုက်သလိုပါပဲ၊ သေရည်ဆယ်မောင်းတော့ တိုက်မထားဘူး၊ အကြွေးကို အတိုးတွေနဲ့တော့ တိုးထားတယ်၊ခံနှိုင်ရင် ခံလော့ ငရို့.... ချွန်းကုန်ဖွင့်တိုက်လေပြီ....( ကြားရတဲ့သတင်းတွေအရတော့ တဖက်က အတုန်းအရုံးပဲ )☯️.
Nay Zin Latt
22 сент., 11:31
I Will Always Love You 🎵 (Cover Song)🤠အချိန်တွေဘယ်လောက်ကြာ နားထောင်လို့ကောင်းနေမယ့် သီချင်းလေးတစ်ပုဒ်ပေါ့🎶🎶🎶Crd
Nay Zin Latt
22 сент., 11:06



Nay Zin Latt
22 сент., 11:05
.☯️AI ကိုသွားကလိလိုက်တယ်၊နက္ခတ်နဲ့ရော လက္ခဏာနဲ့ရောပေါ့အတော်အသင့်ထက်ပိုပြီးချမ်းသာတဲ့သူလို့ AI ကဖြေတယ်၊US$ နဲ့ဘယ်လောက်ချမ်းသာနိုင်တဲ့လက်မျိုးလဲလို့မေးတော့...AI က $ 5-10 mil လောက်ချမ်းသာမဲ့သူလို့ဖြေတယ်၊Elon Musk ရဲ့လက်ပါလို့ ပြောတော့AI က " အမှားပြင်" ပါတယ်... လို့ပြန်ဖြေတယ်၊AI ကိုလဲ 100% မယုံကြနဲ့ဦး ကွဲသွားရင် ဟက်တက်ကြီးကွဲမှာ
Nay Zin Latt
22 сент., 10:08



Nay Zin Latt
22 сент., 10:08
.☯️( အားလုံးထက် ပိုမိုက်သူ )ကြီးနိုင် ငယ်ညှင်းခေတ်ကြီးမှာ အားလုံးထက်ပိုမိုက်သူကိုကျတော့လဲ ကြောက်ကြသား၊“ရန်သူတွေအတွက်ဆေးမရှိတဲ့ ခေါင်းကိုက်စရာ” — မြောက်ကိုရီးယားက လက်နက်စနစ်သစ် စမ်းသပ်မြောက်ကိုရီးယားက လက်နက်စနစ်သစ်တစ်မျိုးကို စမ်းသပ်လိုက်တယ်လို့ မြောက်ကိုရီးယားအစိုးရပိုင် မီဒီယာက ထုတ်ပြန်ထားပါတယ်။တောင်ကိုရီးယားဘက်ကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ မြောက်ကိုရီးယားက ပင်လယ်ဘက်ကို တာတိုပစ် Ballistic Missile ၂ စင်း ပစ်လွှတ်ခဲ့တယ်လို့ ပြောပါတယ်။မြောက်ကိုရီးယားရဲ့ ထုတ်ပြန်ချက်မှာတော့ ဒီလက်နက်စနစ်က ဘာတွေထူးခြားသလဲဆိုတာကို အသေးစိတ် မပြောထားပါဘူး။ ဒါပေမယ့် ဒီစမ်းသပ်မှုဟာ နိုင်ငံရဲ့ စစ်ရေးအတွက် “အလွန်အရေးကြီးတဲ့ အဓိပ္ပာယ်ရှိတယ်” လို့ ဆိုပါတယ်။ထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေထဲမှာ လမ်းပေါ်ကနေ ရွှေ့ပြောင်းပစ်ခတ်နိုင်တဲ့ ဒုံးကျည်စနစ် တစ်ခုကို တွေ့ရပြီး၊ ဒုံးကျည်ထိပ်ပိုင်းမှာ Hypersonic Glide Vehicle — အသံထက် ၅ ဆကျော်မြန်တဲ့ အမြန်နှုန်းနဲ့ ပျံသန်းနိုင်ပြီး လမ်းကြောင်းကို ပြောင်းလဲနိုင်တဲ့
Nay Zin Latt
22 сент., 06:42
.☯️မူလအားမကောင်းလဂ်အားမကောင်းပဲကောဇာ၊ ဒသာ လေအပင့်မှာ လေဟုန်စီးတဲ့ သူတွေ....Sept 2026 နဲ့ Jan 2027 ကြားကာလ မုန်တိုင်းကို ခံနှိုင်ဖွယ်ရာ မမြင်လှဘူး ။☯️.
Nay Zin Latt
22 сент., 05:57



Nay Zin Latt
22 сент., 05:57изменён
.☯️Equinox☘️September Equinox ရဲ့ အဓိကအဓိပ္ပါယ်2026 September Equinox က စက်တင်ဘာ 23 ရက် UTC 00:05 ဖြစ်ပြီး မြန်မာစံတော်ချိန်နဲ့ဆို စက်တင်ဘာ 23 မနက် 6:35 ခန့် ဖြစ်ပါတယ်။ အဲဒီအချိန်မှာ နေက ကောင်းကင်အီကွေတာကို မြောက်ဘက်ကနေ တောင်ဘက်ကို ဖြတ်သန်းပါတယ်။Tropical astrology အရ ဒီအချိန်ဟာSun → 0° Libraဝင်တဲ့အချိန်ဖြစ်လို့ Libra Ingress လို့ ခေါ်နိုင်ပါတယ်။☘️ “Balance Point” ဖြစ်လာခြင်းLibra ရဲ့ အဓိက symbolism က
Nay Zin Latt
22 сент., 01:18



Nay Zin Latt
22 сент., 01:18изменён
.☯️“Greenland နဲ့ပတ်သက်တဲ့ သဘောတူညီချက်အရ အာတိတ်ဒေသ လုံခြုံရေးမှာ NATO လည်း တာဝန်ယူရမယ်လို့ ဒိန်းမတ်က ပြော”ဒိန်းမတ်၊ Greenland နဲ့ အမေရိကန်တို့ဟာ Greenland ရဲ့ လုံခြုံရေးနဲ့ အာတိတ်ဒေသ (Arctic) လုံခြုံရေးဆိုင်ရာ သဘောတူညီချက်တစ်ခု ကို အမေရိကန်နဲ့ ဒိန်းမတ်တို့အကြား ဆွေးနွေးပြီး အင်္ဂါနေ့မှာ New York က UN General Assembly အစည်းအဝေးအတွင်း လက်မှတ်ရေးထိုးဖို့ စီစဉ်ထားတာပါ။• သဘောတူညီချက်ကို New York ရှိ UN General Assembly မှာ အင်္ဂါနေ့ လက်မှတ်ရေးထိုးမယ်။• ဒိန်းမတ်ဝန်ကြီးချုပ်ဟောင်း Lars Løkke Rasmussen ရဲ့ ပြောကြားချက်အရ Arctic ဒေသရဲ့ လုံခြုံရေးကို NATO က အဓိကတာဝန်ယူပေးရမယ့် အခြေအနေ ဖြစ်လာနိုင်တယ်။BaMg ☯️.https://t.me/nayzinlatt2023
Nay Zin Latt
22 сент., 00:59



Nay Zin Latt
22 сент., 00:59изменён
.☯️( သမိုင်းတခုပဲ )“Paramount က Warner Bros. ကို ဝယ်ယူဖို့ အပြီးသတ်အတည်ပြုချက်ရရှိသွား— ပြည်နယ်တချို့နဲ့ အလုပ်သမားသမဂ္ဂတွေက တရားစွဲထားတဲ့ အမှုတွေကိုလည်း ဖြေရှင်းပြီး ”Paramount Skydance က Warner Bros. ကို ဝယ်ယူမယ့် ဒေါ်လာ ၁၁၀ ဘီလီယံတန် သဘောတူညီချက် အတွက် နောက်ဆုံးအတားအဆီးတွေကို ဖြတ်ကျော်နိုင်ခဲ့ပါတယ်။• Paramount က ဒီဒေါ်လာ ၁၁၀ ဘီလီယံတန် သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ နောက်ဆုံးအဆင့်တွေကို ဖြတ်ကျော်နိုင်ခဲ့တယ်။• Paramount ဘက်က အမေရိကန်နိုင်ငံအတွင်း ရုပ်ရှင်ရုံတွေမှာ ရုပ်ရှင်တွေ ဖြန့်ချိပြသမယ့် အချိုးအစား/တာဝန်ဝတ္တရားတွေကို ၅ နှစ်ကြာ ထိန်းသိမ်းမယ် လို့ ကတိပြုထားပါတယ်။• သဘောတူညီချက်ထဲမှာ CBS နဲ့ CNN တို့ရဲ့ အယ်ဒီတာပိုင်းဆိုင်ရာ ကြီးကြပ်မှု (editorial oversight) နဲ့ပတ်သက်တဲ့ အချက်တွေလည်း ပါဝင်ပါတယ်။“Paramount က Warner Bros. ကို ဝယ်ယူဖို့ အဓိကဥပဒေရေးရာ အတားအဆီးတွေကို ဖြေရှင်းပြီး အောင်မြင်သွားပြီ။ ဒါကြောင့် Hollywood ရဲ့ အကြီးမားဆုံး မီဒီယာကုမ္ပဏီတွေထဲက နှစ်ခု
