Аватар канала People Media

People Media

@peoplemedianews

https://www.peoplemediamyanmar.com/

ПроектыENНовости

140,000подписчиков

Открыть канал

Последние посты

  • People Media

    26 сент., 05:13

    တပ်မတော်တွင် သစ္စာဖောက်မှု၊ စစ်ဆင်ရေးမှုနှင့် မူးယစ်ဆေးဝါးမှုများသည် လုံးဝခွင့်လွှတ်၍မရသည့် အမှုများဖြစ်ပြီး ထိရောက်စွာ အရေးယူသွားမယ်လို့ တပ်ချုပ်ပြောကြား ………………………………………………………နေပြည်တော်၊ စက်တင်ဘာ ၂၆တပ်မတော်တွင် သစ္စာဖောက်မှု၊ စစ်ဆင်ရေးမှုနှင့် မူးယစ်ဆေးဝါးမှုများသည် လုံးဝခွင့်လွှတ်၍မရသည့် အမှုများဖြစ်ပြီး ထိရောက်စွာ အရေးယူသွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောကြားလိုက်ပါတယ်။သတင်းအပြည့်အစုံဖတ်ရန် ..... https://shorturl.at/mn8XS
    13,6001263221Открыть в Telegram
  • People Media

    26 сент., 04:21

    တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (ရေ) မှ စစ်ရေယာဉ်များသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) သွားရောက်လေ့လာ .................................................................... နေပြည်တော်၊ စက်တင်ဘာ ၂၆မြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေး အလည်အပတ်ခရီးရောက်ရှိနေသော တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (ရေ) 48th PLA Navy Task Group မှ ဖျက်သင်္ဘော Tang Shan ၊ ဖရီဂိတ်စစ်ရေယာဉ် Da Qing နှင့် ထောက်ပံ့ရေးစစ်ရေယာဉ် Tai Hu တို့ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိနေစဉ် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း ဦးဆောင်သောအဖွဲ့သည် ယမန်နေ့မွန်းလွဲပိုင်းတွင် အဆိုပါ စစ်ရေယာဉ်များပေါ်သို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြသည်။သတင်းအပြည့်အစုံဖတ်ရန် ..... https://shorturl.at/2dmMe
  • People Media

    26 сент., 04:17

    အမျိုးသမီးအရာရှိများအား Social Media Network များ၌ အသုံးချမခံရစေရေး ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ရန်လိုကြောင်း တပ်ချုပ်ပြောကြား .................................................................................. နေပြည်တော် စက်တင်ဘာ ၂၆ရုံး/ ဌာနများတွင် တာဝန်ထမ်းဆောင်နေသည့် အမျိုးသမီးအရာရှိများနှင့် အရပ်ဘက်တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသည့် အမျိုးသမီးအရာရှိများအား Social Media Network များ၌ အသုံးချမခံရစေရေး ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရန်လိုတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောကြားလိုက်ပါတယ်။သတင်းအပြည့်အစုံဖတ်ရန် ..... https://shorturl.at/E5trr
    7,170130202Открыть в Telegram
  • People Media

    26 сент., 03:57

    မြန်မာနိုင်ငံမှ မူးယစ်ပြစ်မှုဖြင့် အလိုရှိတရားခံပြေး ၁ ဦးအား ဗီယက်နမ်နိုင်ငံမှ ဖမ်းဆီးရမိခဲ့သဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ် ....................................................................... နေပြည်တော်၊ စက်တင်ဘာ ၂၆မြန်မာနိုင်ငံတွင် ပင်လယ်ရေကြောင်းအသုံးပြု၍ နိုင်ငံဖြတ်ကျော် မူးယစ်ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ၁ ဦးအား ဗီယက်နမ်နိုင်ငံမှ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းအား ဟနွိုင်းမြို့၊ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။သတင်းအပြည့်အစုံဖတ်ရန် ..... https://shorturl.at/E95ES
    7,5001312112Открыть в Telegram
  • People Media

    26 сент., 03:24

    ထားဝယ်မှာ PDF တွေ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ ကျောင်းသား (၆)ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ကယ်တင်နိုင်ခဲ့ …………………………………………………… နေပြည်တော်၊ စက်တင်ဘာ ၂၆တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဆင်ဆိပ်ရပ်ကွက်ရှိ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းမှာ ပညာသင်ကြားနေတဲ့ Grade (7)မှ ကျောင်းသား (၆) ဦးတို့အား အကြမ်းဖက် PDF တွေက အကြောင်းမဲ့ ဖမ်းဆီးသွားရာ တပ်မတော်က အချိန်မီ ပြန်လည်ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။သတင်းအပြည့်အစုံဖတ်ရန် ..... https://shorturl.at/p5qNO
    8,2801039291Открыть в Telegram
  • People Media

    25 сент., 13:29

    နိုင်ငံတော်သြဝါဒါစရိယ၊ ရွှေကျင်နိကာယ ရတ္တညူမဟာနာယက၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမ အဂ္ဂိဈာပန သာဓုကီဠန ပူဇာသဘင်အခမ်းအနား ကျင်းပပြုလုပ်နေပြည်တော်၊ စက်တင်ဘာ - ၂၅ဘဝနတ်ထံစံလွန်တော်မူခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ချမ်းမြေ့ရိပ်သာကျောင်းတိုက်ဦးစီးပဓာန နာယက၊ နိုင်ငံတော်သြဝါဒစရိယ၊ ရွှေကျင် နိကာယ ရတ္တညူမဟာနာယက၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ၊ ပြည်တွင်း၊ ပြည်ပ ကမ္ဘာ့ဗုဒ္ဓသာသနာပြု သက်တော် (၉၉)နှစ်၊ သိက္ခာ ဝါတော်(၇၉)ဝါရှိ ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမအဂ္ဂိ ဈာပနသာဓုကီဠန ပူဇာသဘင်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ချမ်းမြေ့ရိပ်သာ ကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။#People@peoplemedianews
    Иллюстрация к посту канала People MediaИллюстрация к посту канала People MediaИллюстрация к посту канала People MediaИллюстрация к посту канала People Media
    9,80018646171Открыть в Telegram
  • People Media

    25 сент., 11:13

    အလင်းဝင်ရောက်လာသည့် PDF အဖွဲ့ ဝင် တစ်ဦး နှင့် တွေ့ဆုံမေးမြန်းမှု#People@peoplemedianews
    6,270видео5544Открыть в Telegram
  • People Media

    25 сент., 10:50изменён

    ပဲခူးတိုင်း၊ ရွှေကျင်မြို့ နှင့် ၂၅ မိုင်ခန့် အကွာရှိ အကြမ်းဖက် NUG ၏ ဌာနချုပ်ကို တပ်မတော် က စက်တင်ဘာ ၂၄ ရက်နေ့၌ ဗုံးကြဲ ရှင်းလင်းခဲ့သည်။အဆိုပါ ဖြစ်စဥ်၌ NUG ခေါင်းဆောင်အချို့ ၊ စစ်ပြေးအချို့ နှင့် PDF အဖွဲ့ဝင်များ သေဆုံး ဒဏ်ရာရရှိခဲ့သည်။#PeopleMedia@peoplemedianews
    7,370видео992010611Открыть в Telegram
  • People Media

    22 сент., 12:32

    အသံဖိုင်ဖြင့် နားဆင်လိုတဲ့ မိတ်ဆွေများအတွက် အသံဖိုင် ဖြစ်ပါတယ်။
    15,800файл14755111Открыть в Telegram
  • People Media

    22 сент., 12:32

    ပါချုပ်ဆရာတော်ကြီး၏ ဘွဲ့တော်နှင့် ပုံတော်များ အသုံးပြု၍ အလှူခံမှုများနှင့် ပတ်သက်ပြီး ကပ္ပိယအဖွဲ့ ကြေညာချက်ထုတ်စမ်းချောင်းမြို့မှာ လူငယ်နှစ်ဦးကို ဓါးနဲ့ထိုးခဲ့သည့် အဖွဲ့မှ ၈ယောက် ဖမ်းမိရခိုင်ပြည်နယ်တောင်ပိုင်း မင်းတပ်နှင့် ကန်ပက်လက်၌ တပ်မတော်က မကြာခင် နိုင်ငံတော်အလံ စိုက်မည်မူးယစ်ဆေးဝါး သယ်ဆောင်ရာ လမ်းကြောင်း၏ ကြားခံ ကလေးမြို့#PeopleMedia
    15,800видео239619431Открыть в Telegram
  • People Media

    22 сент., 09:49

    Иллюстрация к посту канала People MediaИллюстрация к посту канала People MediaИллюстрация к посту канала People Media
    10,500126101Открыть в Telegram
  • People Media

    22 сент., 09:49изменён

    မြိတ်မြို့နယ်နှင့် ချမ်းအေးသာစံမြို့နယ်တို့တွင် လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီးနှင့်အတူ အမျိုးသား (၃)ဦးအား ဖမ်းဆီးအရေးယူ ………………………………………………….. နေပြည်တော်၊ စက်တင်ဘာ ၂၂တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တို့တွင် လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီးနှင့်အတူ အမျိုးသား(၃)ဦးအား ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။သတင်းအပြည့်အစုံဖတ်ရန် ….. https://shorturl.at/v7391
    10,20012217101Открыть в Telegram
  • People Media

    22 сент., 08:44

    Иллюстрация к посту канала People MediaИллюстрация к посту канала People MediaИллюстрация к посту канала People Media
    10,10011221851Открыть в Telegram
  • People Media

    22 сент., 08:44

    ပြင်ဦးလွင်မြို့ သုမင်္ဂလာစျေး (၄)လွှာမှ အမျိုးသမီးတစ်ဦး မတော်တဆ ပြုတ်ကျသေဆုံး ……………………………………………….. နေပြည်တော်၊ စက်တင်ဘာ ၂၂မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၂)၊ သုမင်္ဂလာစျေး (၄)လွှာမှ အမျိုးသမီးတစ်ဦး ယနေ့ နံနက် ၉နာရီ အချိန်က မတော်တဆ ပြုတ်ကျသေဆုံးခဲ့ကြောင်း ပြင်ဦးလွင်(အခမဲ့)နာရေးကူညီမှုအသင်းမှ သိရသည်။သတင်းအပြည့်အစုံဖတ်ရန် ….. https://shorturl.at/5577T
    9,750744423121Открыть в Telegram
  • People Media

    22 сент., 08:20

    Иллюстрация к посту канала People MediaИллюстрация к посту канала People Media
    9,87089331Открыть в Telegram
  • People Media

    22 сент., 08:20

    စဉ့်ကူးမြို့၏ အရှေ့တောင်ဘက် (၁၁) မိုင်ခန့်အကွာ ဗဟိုပြု၍ ပမာဏ ၃.၆(M) အဆင့်ရှိ မြေငလျင်လှုပ်ခတ် ……………………………………………… နေပြည်တော်၊ စက်တင်ဘာ ၂၂မြန်မာနိုင်ငံ ပြည်တွင်း (စဉ့်ကူးမြို့၏ အရှေ့တောင်ဘက် (၁၁) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၂.၄၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၉) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ ယနေ့၊ စက်တင်ဘာလ ၂၂ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၂) နာရီ၊ (၃၅) မိနစ်၊ (၅၈) စက္ကန့်အချိန်တွင် ပမာဏ ၃.၆(M) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။#PeopleMedia
    9,6801291681Открыть в Telegram
  • People Media

    22 сент., 07:41

    Иллюстрация к посту канала People MediaИллюстрация к посту канала People MediaИллюстрация к посту канала People MediaИллюстрация к посту канала People Media
    17,10014827131Открыть в Telegram
  • People Media

    22 сент., 07:41

    ကျိုးပေါက်သွားသည့် ငဝန်တာ ယနေ့ မွန်းလွဲ ၁၂း၀၅ အချိန်၌ ပိတ်ဆို့နိုင်ခဲ့ …………………………………………. ပုသိမ်၊ စက်တင်ဘာ ၂၂ဇူလိုင်လ ၃၀ ရက်နေ့ ည ၁၀း၄၅ အချိန်က ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ ကျိုးပေါက်မှုဖြစ်စဉ် ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ဒေသခံပေါင်းများစွာ နေရပ်စွန့်ခွာခဲ့ရသလို ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့သည်။သတင်းအပြည့်အစုံဖတ်ရန် ….. https://shorturl.at/TO9xm
    16,3001562621Открыть в Telegram
  • People Media

    22 сент., 07:32

    Иллюстрация к посту канала People MediaИллюстрация к посту канала People MediaИллюстрация к посту канала People Media
    9,26010561Открыть в Telegram
  • People Media

    22 сент., 07:32

    မုန်တိုင်းငယ်၏ အရှိန်ကြောင့် တိုင်းနှင့် ပြည်နယ် တချို့တွင် နေရာကွက်၍ မိုးကြီးနိုင် …………………………………………………………နေပြည်တော်၊ စက်တင်ဘာ ၂၂ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ စစ်တွေမြို့ (Sittwe) ၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၄၅၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့ (Visakhapatnam)၏ အရှေ့ဘက် ရေမိုင် ၂၀၀ မိုင်ခန့်နှင့် ဂိုလ်ပါပူမြို့ (Gopalpur)၏ အရှေ့တောင်ဘက် ရေမိုင် ၁၃၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။သတင်းအပြည့်အစုံဖတ်ရန် ….. https://shorturl.at/3jQfH
    9,6901283161Открыть в Telegram