Последние посты

ဖိုးမောင်
26 сент., 14:01изменён
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ပြည်ပခရီးစဉ်များနှင့် သံတမန်ရေးရာ အောင်မြင်မှုများ🔹 နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရပြီးနောက် ရက်ပေါင်း (၁၆၀) အတွင်း သက်ဆိုင်ရာ နိုင်ငံအသီးသီးမှ နိုင်ငံ့ခေါင်းဆောင်များ၏ ဖိတ်ကြားချက်အရ State Visit နှင့် Official Visit အဖြစ် နိုင်ငံတကာ ခရီးစဉ်များကို တရားဝင် သွားရောက်ခဲ့သည်။ အဆိုပါ ခရီးစဉ်များအတွင်း အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်း မဟာမိတ်နိုင်ငံများအကြား သံတမန်ရေး၊ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင်ရန် ဆွေးနွေးခဲ့ကြသည်။🔹 ယင်းခရီးစဉ်များသည် ပြည်ပဖိအားများနှင့် စိန်ခေါ်မှုများကြားမှ နိုင်ငံတကာစင်မြင့်တွင် မြန်မာနိုင်ငံ၏ ရပ်တည်ချက်ကို ခိုင်မာစွာ ပြသနိုင်ခဲ့သည့် သံတမန်ရေးရာ အောင်မြင်မှုတစ်ခုဖြစ်ပြီး၊ စွမ်းအင်၊ စိုက်ပျိုးရေး၊ ထားဝယ် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်နိုင်ခဲ့ကာ ဒေသတွင်း မဟာဗျူဟာမြောက် ဆက်ဆံရေးကို အဓိက တိုးမြှင့်ဖော်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။ဖိုးမောင်


ဖိုးမောင်
26 сент., 13:27
ဆိုထားသော သစ္စာ၏ တန်ဖိုးနှင့် သစ္စာဖောက်မှု၏ နောက်ဆက်တွဲ သက်ရောက်မှုများ🔹 သစ္စာတရားဆိုသည်မှာ လူမှုအသိုင်းအဝိုင်းတစ်ခု၊ အဖွဲအစည်းတစ်ခုနှင့် မိသားစုအသိုက်အဝန်းအတွင်း ယုံကြည်မှု၊ စည်းလုံးမှုကို တည်ဆောက်ပေးသည့် အခြေခံအုတ်မြစ်ဖြစ်ပါသည်။ သစ္စာဖောက်မှုသည် ခဏတာ ကိုယ်ကျိုးစီးပွား သိုမဟုတ် အခွင့်အရေးတစ်ခုအတွက် မှန်ကန်သည့် လမ်းကြောင်းကို စွန့်လွှတ်လိုက်ခြင်းဖြစ်ပြီး၊ မိမိအား ယုံကြည်အားကိုးခဲ့ကြသည့် မိတ်ဆွေများ၊ အဖွဲအစည်းနှင့် ပြည်သူတို၏ ယုံကြည်မှုကို ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။🔹 သစ္စာဖောက်မှု၏ နိဂုံးသည် မည်သည့်အခါမျှ ကောင်းမွန်လေ့မရှိဘဲ၊ မိမိ၏ သိက္ခာနှင့် ဂုဏ်ပုဒ်ကို ရာသက်ပန် အဖတ်ဆယ်မရအောင် ပျက်စီးစေသည့်အပြင် သမိုင်းတွင်လည်း ကောင်းမွန်သည့် မှတ်တမ်းအဖြစ် ကျန်ရှိမည် မဟုတ်ပါ။🔹သိုဖြစ်ပါ၍ တည်ငြိမ်အေးချမ်းပြီး ခိုင်မာသည့် လူမှုအသိုင်းအဝိုင်းတစ်ခု တည်ဆောက်နိုင်ရေးအတွက် အမျိုးသားရေးအသိ၊ သစ္စာတရားနှင့် စည်းကမ်းတကျ ရပ်တည်သွားကြပြီး တပ်မတော်သားများအနေနှင့် အစိုးရနှင့် တပ်မတော်အပေါ် သစ္စာစောင့်သိကြရမည်ဖြစ်သည်။#Loyalty #Integrity #Unity #PublicAwareness #SocialEthics #MoralValuesဖိုးမောင်


ဖိုးမောင်
26 сент., 13:11
ဟိုနေ့က မြင်ကွင်းတဲ့။ ပို့ပေးလို့ 😂🤭😄



ဖိုးမောင်
26 сент., 09:47
မကွေးတိုင်း သရက်ခရိုင်အမှတ် (၂) တပ်ရင်းမှ အသက်မပြည့်သေးသည့် ကလေးသူငယ်များအား စစ်သင်တန်းပေး ခိုင်းစေနေကြောင်း သိရ🔹 မကွေးတိုင်း၊ သရက်ခရိုင် အမှတ်(၂)တပ်ရင်းမှ NUG လက်အောက်ခံ တပ်ဖွဲဝင်များသည် အသက်မပြည့်သေးသည့် ကလေးသူငယ်များအား အတင်းအဓမ္မ ဖမ်းဆီးချုပ်နှောင်၍ စစ်သင်တန်းများ ပေးပြီး တိုက်ပွဲများအတွင်း စေလွှတ် တိုက်ခိုက်ခိုင်းခြင်း အပါအဝင် မသမာသည့် လုပ်ရပ်များကို ကျူးလွန်ခိုင်းနေကြောင်း ဒေသခံ မိဘများ၏ ပြောကြားချက်အရ သိရသည်။🔹 ဖမ်းဆီးခံထားရသည့် ကလေးသူငယ်များ၏ မိဘများက ပြန်လည်လွှတ်ပေးရန် အသနားခံ တောင်းဆိုနေသော်လည်း ပြန်လည် လွှတ်ပေးခြင်း မရှိသည့်အပြင် အကျဉ်းချ ရိုက်နှက် နှိပ်စက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရန် ပျက်ကွက်ပြီး စစ်သင်တန်းပေး အသေခံ တိုက်ခိုင်းနေမှုများအပေါ် ပြည်သူများက ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချလျက်ရှိကြောင်း သတင်းရရှိသည်။#Myanmar #Magway #Thayet #NUG #ChildSoldiers #LocalNews #Conflictဖိုးမောင်..


ဖိုးမောင်
26 сент., 09:40
မြောင်မြို့နယ် လက်ယက်မကျေးရွာ၌ မြောင် ပကဖ အဖွဲ့က ဆက်ကြေးတောင်းဂိတ် ဖွင့်လှစ်ထားမှုအပေါ် ဒေသခံပြည်သူများ ဆန္ဒပြရန် စီစဉ်🔹 စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ လက်ယက်မကျေးရွာတွင် မြောင် ပကဖ အဖွဲ့က ဆက်ကြေးတောင်းခံရန်နှင့် ဓားပြတိုက်ရန်အတွက် ဓားပြဂိတ် ဖွင့်လှစ်ထားရှိမှုအပေါ် ဒေသခံပြည်သူများက လုံးဝ မကျေနပ်သဖြင့် အဆိုပါ ဂိတ်အား ဖျက်သိမ်းပေးရန်နှင့် ဆက်လက် လုပ်ဆောင်ခြင်း မပြုရန်အတွက် ဆန္ဒပြပွဲ ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။🔹 အဆိုပါ ကျေးရွာတွင် Myaung Ranger Force အမည်ရှိ LPDF အဖွဲ့လည်း အခြေချ နေထိုင်လျက်ရှိပြီး မြောင် ပကဖ အဖွဲ့နှင့် အကျိုးအမြတ် လုယက်မှုများကြောင့် အချင်းချင်း ပွတ်တိုက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ ယင်းကဲ့သို့ မသမာသည့် အဖွဲ့များအကြား အခွင့်အရေး လုယက်မှုများနှင့် မပြေလည်မှုများကြောင့် ဒေသခံ ပြည်သူများမှာ အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။#Myanmar #Sagaing #Myaung #LocalPDF #Security #LocalNews #Conflictဖိုးမောင်


ဖိုးမောင်
26 сент., 08:31
ရွာငံ PDF ရင်း ၁၀၀၃ အဖွဲ့မှ ရွှေဆိုင်အား ဓားပြတိုက်ရန် ကြံစည်မှုအား PDF အဖွဲ့ဝင်တစ်ဦး၏ သတင်းပေးချက်အရ သိရှိရ🔹 ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်း လှုပ်ရှားနေသည့် ရွာငံ PDF တပ်ရင်း ၁၀၀၃ အဖွဲ့သည် ဒေသတွင်းရှိ ရွှေဆိုင်တစ်ဆိုင်အား လက်နက်အားကိုးဖြင့် ဓားပြတိုက် လုယက်ရန် ကြံစည်နေကြောင်း အဆိုပါ အဖွဲ့၏ လုပ်ရပ်ကို လက်မခံနိုင်သည့် PDF တပ်ဖွဲ့ဝင်တစ်ဦး၏ သတင်းပေး ပို့ချက်အရ သိရသည်။🔹 ယင်း ရွာငံ PDF အဖွဲ့သည် လက်ရှိအချိန်တွင် အင်အားနှင့် လက်နက်ခဲယမ်း နည်းပါးနေသည့်အပြင် NUG အဖွဲ့၏ ထောက်ပံ့မှု မရရှိတော့သဖြင့် ဓားပြတိုက်ခြင်းနှင့် လူသတ် ပစ္စည်းလုယက်ခြင်းများကို မကြာခဏ ကျူးလွန်လေ့ရှိကြောင်း ဖော်ပြထားသည်။ သို့ဖြစ်ပါ၍ ရွာငံဒေသခံ ပြည်သူများအနေဖြင့် အဆိုပါ မသမာသူများ၏ လှုပ်ရှားမှုများကို သတိပြုကြရန်နှင့် ဖြစ်စဉ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များထံ သတင်းပေးပို့ သတင်းပို့ကြရန် အသိပေးထားကြောင်း သိရသည်။#Myanmar #Ywangan #ShanState #PDF #LocalNews #Securityဖိုးမောင်


ဖိုးမောင်
26 сент., 06:47
စက်တင်ဘာလ ၂၆ ရက် တော်သလင်းလပြည့်နေ့ "ဂရုဓမ္မအခါတော်နေ့"တွင် ရန်ကုန်မြိုရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၌ အနယ်နယ်အရပ်ရပ်မှ လာရောက်ဘုရားဖူးမြော်ကြည်ညိုကြသူများ၊ ကောင်းမှုကုသိုလ်ပြုလုပ်ကြသူများအား အေးချမ်းကြည်နူးဖွယ် တွေ့မြင်ရတဲ့ မြင်ကွင်းပုံရိပ်များ....




ဖိုးမောင်
25 сент., 00:17изменён
🔹စက်တင်ဘာ ၂၄ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီ ဝန်းကျင်မှာ မိမိအမာခံသတင်းပေးတွေရဲ့ တိကျတဲ့သတင်းပေးမှုအရ ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်နဲ့ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် အစပ် NUG ရဲ့ အထူးတိုင်းစစ်ဌာနချုပ်နေရာကို တပ်မတော်က ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။🔹လေကြောင်းတိုက်ခိုက်မှုကြောင့် KNU၊ NUG ထိပ်ပိုင်းခေါင်းဆောင်တွေ၊ CDM လောက်ကောင်တွေအပါအဝင် အများအပြား ထိခိုက်သေဆုံးခဲ့ပါတယ်။ ဒီသတင်းကို သူတို့အတွင်းလူတွေကိုယ်တိုင် တင်တဲ့သူကတင်၊ တင်ပြီးပြန်ဖျက်တဲ့သူကဖျက်နဲ့ တိုင်ပတ်စွာနဲ့ ကြေကွဲနေကြတယ်။🔹ထိခိုက်သေဆုံးမှုတွေကို NUG က သတင်းဖုံးဖိဖို့ကြိုးစားနေတယ်လို့သိရတယ်။ ဘယ်လိုသတင်း ဖုံးဖို့ ကြိုးစား ကြိုးစား သတင်းကပွပြီးနေပါပြီ။


ဖိုးမောင်
22 сент., 15:25изменён
ချင်းပြည်နယ်အတွင်း AA နှင့် ပတ်သက်၍ ချင်း ဒေသခံများမှမကျေနပ်မှုများရှိလာ🔹 ဆော၊ ကန်ပက်လက်၊ မတူပီနှင့် မင်းတပ် မြို့နယ်များအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ချင်းပြည်နယ်ရှိ မြို့ရွာအချို့ ပျက်စီးခဲ့ရမှုအပေါ် AA အဖွဲ့၏ သက်ရောက်မှုရှိကြောင်း ဒေသခံများနှင့် ချင်းလူကြီးပိုင်း၊ ပညာတတ်များအကြား မကျေနပ်မှုများရှိေနကြသည်။ ထို့ပြင် အဆိုပါ တိုက်ပွဲများတွင် ချင်း PDF တပ်ဖွဲ့ဝင်များကို ရှေ့တန်းမှ အသေခံ တိုက်ခိုက်ခိုင်းပြီး AA အဖွဲ့က နောက်ကွယ်မှ ထိန်းကျောင်းသည့် ပုံစံဖြင့် လုပ်ဆောင်နေ၍ ချင်း PDF များ၏ ထိခိုက်သေဆုံးမှု ပိုမိုများပြားနေသည်။🔹 လတ်တလော တိုက်ပွဲများ၌ တပ်မတော်၏ ဒရုန်း နည်းပညာနှင့် လက်နက်ကြီး ပစ်အား သာလွန်မှုကြောင့် ရှေ့တန်း ရောက် ချင်း PDF များ ထိခိုက်သေဆုံးမှု မြင့်မားနေသည်ဟု သိရသည်။ ယင်းအခြေအနေများကြောင့် AA ၏ နယ်မြေစိုးမိုးရေးနှင့် ဖိအားပေးမှုများအပေါ် ချင်း PDF များ မည်သို့ သဘောထား တုံ့ပြန်မည်ကို ဒေသခံများက မေးခွန်းထုတ် ဝေဖန်လျက်ရှိကြောင်း သတင်းရရှိသည်။ဖိုးမောင်


ဖိုးမောင်
22 сент., 14:45
လေးမျက်နှာမြို့နယ် ငဝန်တာနိမ့်ကျမှုကြောင့် ရေကျော် စီးဝင်မှုအား တားဆီးနိုင်ပြီဖြစ် =================== လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှထူးပေါက်၍ တာမမံ နိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်သည့်နေရာတွင် Steel Sheet Pile များအပြီးသတ်ရိုက်သွင်း၍ ရေဝင်မှုအား တားဆီးနိုင်ခဲ့ပြီဖြစ်ပါသည်။ ဆက်လက်၍ Steel Sheet Pile အတွင်းဘက်နေရာများသို့ Jumbo Bag (သဲအိတ်ကြီး)များချ၍ ရိုက်ပြီးသော Steel Sheet Pile များအား တောင့်တင်းခိုင်မာမှုရှိစေရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။




ဖိုးမောင်
22 сент., 12:46
ဒီ ၅ နှစ်အတွင်းမှာ NUG ကို ဦးဆောင်ကြသူတွေက လူငယ်တွေကို False Hope တွေ ချကျွေးပြီး ဂျင်းထည့်ခဲ့ကြတာ မနည်းဘူး။သာမန် False Hope ဆိုရင် ပြောစရာ စကား မရှိပေမယ့်၊ တပ်မတော်ကြီး ပြိုကွဲတော့မှာတို့၊ မကြာခင် နွေဦးတော်လှန်ရေးကြီး အောင်မြင်တော့မှာတို့ဆိုပြီး ဂျင်း အတောင့်လိုက် ထည့်ခဲ့ကြတာမျိုးတော့ လွန်တာပေါ့။ ဒါလည်း ယုံတဲ့သူတွေ ရှိကြတာပဲ။ ဒါ့ကြောင့်လည်း သူတို့တော်လှန်ရေး မအောင်မြင်ရတာ ဆန်းတော့ မဆန်းဘူး။ဒီစာကတော့ လွန်ခဲ့တဲ့ နှစ်များဆီက နေဘုန်းလတ် ဆိုတဲ့ ပုဂ္ဂိုလ်ဆီကနေ ဒေါက်တာ ဆာဆာ က CRPH ကို ဦးဆောင်ပြီး UN မှာ R2P လာဖို့ အဆိုတင်သွင်းခဲ့တာ အောင်မြင်တယ် ဆိုပြီး ဂျင်းထည့်ခဲ့တဲ့ False Hope စာပေါ့။ တချို့ကိစ္စတွေက နည်းနည်းလောက် ဖြစ်လာသေးရင်တောင် အရှက်ပြေရောချလို့ရသေးတယ်။ ခုတော့ ရယ် စရာကြီးကို ဖြစ်လို့။(နရီမိုး)


ဖိုးမောင်
22 сент., 00:41
(၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာ့အရေး အဓိကထား ဆွေးနွေးလျက်ရှိ🔹 အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) ၏ အဆင့်မြင့် ဆွေးနွေးပွဲများကို စက်တင်ဘာ ၂၂ ရက်တွင် စတင်ကျင်းပလျက်ရှိသည်။ အဆိုပါ အစည်းအဝေးသို့ ကမ္ဘာ့နိုင်ငံပေါင်း (၁၉၃) နိုင်ငံမှ ခေါင်းဆောင်များ တက်ရောက်နေကြပြီး ယူကရိန်း၊ ဂါဇာ၊ ဆူဒန်၊ ကွန်ဂို ပဋိပက္ခများနှင့်အတူ မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေများကိုပါ အဓိကထား အာရုံစိုက် ဆွေးနွေးသွားမည် ဖြစ်သည်။🔹 လက်ရှိအချိန်အထိ အထွေထွေညီလာခံမှ မြန်မာ့အရေးနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် အသစ်တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း စက်တင်ဘာ ၂၂ ရက်မှ ၂၈ ရက်အထိ ကျင်းပမည့် အဆင့်မြင့် ဆွေးနွေးပွဲများအတွင်း နိုင်ငံအသီးသီးမှ ခေါင်းဆောင်များ၏ သဘောထားများနှင့် ဆုံးဖြတ်ချက်များ ဆက်လက် ထွက်ပေါ်လာဖွယ် ရှိနေသည်။ ကမ္ဘာ့ခေါင်းဆောင်များသည် ပဋိပက္ခများအပြင် AI နည်းပညာနှင့် ရာသီဥတု ပြောင်းလဲမှု ကိစ္စရပ်များကိုပါ အကျယ်တဝင့်


ဖိုးမောင်
21 сент., 23:22
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်း တပ်မတော်အရာရှိကြီးများနှင့် တွေ့ဆုံအမှာစကားပြောကြား🔹 ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် စက်တင်ဘာလ ၂၁ ရက် မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဝန်းအတွင်းရှိ ရုံးဌာနအသီးသီးမှ တပ်မတော်အရာရှိကြီးများအား နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ခန်းမ၌ တွေ့ဆုံ၍ အမှာစကား ပြောကြားခဲ့သည်။🔹 ထိုသို တွေ့ဆုံစဉ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်အရာရှိကြီးများအနေဖြင့် ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များအပေါ် စိတ်ဓာတ်၊ စည်းကမ်းနှင့် ခံယူချက်ကောင်းမွန်စွာဖြင့် ကြိုးပမ်းထမ်းဆောင်ကြရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။ ထိုအပြင် မိမိတို အဖွဲအစည်းနှင့် သက်ဆိုင်သည့် ဘာသာရပ်များနှင့် လုပ်ငန်းများကို Professional ကျကျ ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်ရေး အမြဲမပြတ် လေ့လာဆည်းပူးနေကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။#Myanmar #Tatmadaw #NayPyiTaw #DeputyCommanderInChief




ဖိုးမောင်
21 сент., 23:17
နိုင်ငံ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့သားကောင်းရတနာများဖြစ်သော ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၅)မှ ပြည်သူ့စစ်မှုထမ်းများ၏ ဂုဏ်ယူဖွယ်အိမ်ပြန်ခရီးအား မိဘဆွေမျိုးမိသားစုဝင်များသာမက ဒေသခံ ပြည်သူလူထုကပါ ဝမ်းမြောက်ဝမ်းသာစည်ကားသိုက်မြိုက်စွာ ဂုဏ်ပြုကြိုဆိုသည်။ ရန်ကုန်၊ စက်တင်ဘာလ- ၂၁ ရက်။
ဖိုးမောင်
21 сент., 23:12

ဖိုးမောင်
21 сент., 23:09
မင်္ဂလာနံနက်ခင်းပါခင်ဗျာ....သက်ရှည်ကျန်းမာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ကြပါစေ။🙏🙏🙏


ဖိုးမောင်
21 сент., 17:00изменён
Tiktok အကောင့်သစ်လေးမို့ follow လုပ်ပေးကြပါဦး။💛💚❤️👇👇👇https://vt.tiktok.com/ZSqwHu3n1/ဖိုးမောင်


ဖိုးမောင်
21 сент., 15:47
💚4926 OPERATIONS💚💀AA GAME OVER💀




ဖိုးမောင်
21 сент., 15:45
💚4926 OPERATIONS💚💀AA GAME OVER💀



