gram news
Аватар канала PAN

PAN

@positiveanglenews

တိကျမှန်ကန် PAN Viber 📬 09772979725 Email 💌 positiveanglenews.pans @PAN Myanmar Local Media. PAN is the offical media. PAN media is used on online platforms such as YouTube, Telegram, TikTok , VK and Viber Channel. Wellcome to PAN.

ПроектыENНовости

50,499подписчиков

Открыть канал

Последние посты

  • PAN

    14 нояб., 06:37изменён

    တောင်ကြီး-ဟိုပုံးကားလမ်းတွင် WY စိတ်ကြွဆေးပြား ၂,၀၀၀ နှင့်အတူ အမျိုးသားတစ်ဦး ဖမ်းဆီးရမိ(မှုခင်း) နိုဝင်ဘာ ၁၄ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ တောင်ကြီး-ဟိုပုံးသွားကားလမ်းတွင် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ပြား သယ်ဆောင်လာသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၃ ရက် ညနေ ၃ နာရီခန့်က တောင်ကြီးခရိုင် မှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ တောင်ကြီး-ဟိုပုံးသွားကားလမ်း၊ တောင်ကြီးမြို့နယ်၊ နမ့်ဆီးကျေးရွာအုပ်စု၊ ဟမ်းခြောက်ကျေးရွာအနီးတွင် စောင့်ဆိုင်းစစ်ဆေးခဲ့သည်။ထိုသို့ စစ်ဆေးစဉ် ခွန်ထွန်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို တားဆီးရှာဖွေခဲ့ရာ ၎င်းဝတ်ဆင်ထားသည့် မိုးကာအင်္ကျီအိတ်ကပ်အတွင်းမှ WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားစီပါသည့် အထုပ် ၁၀ ထုပ်၊ စုစုပေါင်း ဆေးပြား ၂,၀၀၀ ပြားနှင့် အလေးချိန် ၁၈၀ ဂရမ်ခန့်ကို....သတင်းအပြည့်အစုံဖတ်ရန် - https://positiveanglenews.com/2026/11/14/တောင်ကြီး-ဟိုပုံးကားလမ်/Telegram - t.me/positiveanglenews#PAN
  • PAN

    14 нояб., 06:31

    အင်းတကော်မြို့တွင် WY စိတ်ကြွဆေးပြား ၁၈၃ ပြားနှင့်အတူ အမျိုးသားနှစ်ဦး ဖမ်းဆီးရမိ(မှုခင်း) နိုဝင်ဘာ ၁၄ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့တွင် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၃ ပြားနှင့် ဆေးသုံးစွဲရာတွင် အသုံးပြုသည့်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီး အမျိုးသားနှစ်ဦးကို ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၃ ရက် ညနေပိုင်းက အင်းတကော်မြို့၊ အမှတ် (၆) ရပ်ကွက်၊ (၆) လမ်းသွား (ရွှေပြည်လမ်းသစ်) လမ်းမဘေးတွင် မူးယစ်တပ်ဖွဲ့စု (၃၆) (ပဲခူး) နှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က သတင်းအရ ဝင်ရောက်စစ်ဆေးခဲ့ရာ ကျော်ကျော်အောင် (ခ) ဒူးကြီး၊ အသက် ၂၈ နှစ်ထံမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၈ ပြားနှင့် ဆေးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့သည်။ထို့နောက် ၎င်း၏ထွက်ဆိုချက်အရ ညနေ ၅ နာရီခွဲခန့်တွင် အဆိုပါရပ်ကွက်အတွင်းရှိ ကိုကိုထွန်း (ခ) ကိုထွန်း၊ အသက် ၆၅ နှစ်၏ နေအိမ်ကို ဝရမ်းဖြင့် ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်း၏ကိုယ်ပေါ်နှင့်....သတင်းအပြည့်အစုံဖတ်ရန် - https://positiveanglenews.com/2026/11/14/အင်းတကော်မြို့တွင်-wy-စိတ/Telegram - t.me/positiveanglenews#PAN
  • PAN

    13 нояб., 22:03

    မင်္ဂလာနံနက်ခင်းလေးဖြစ်ကြပါစေ...မိသားစုအားလုံးဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာပြီး ကောင်ကျိုးလိုရာဆန္ဒပြည့်ဝလျှက် ရပြီးတိုင်းခိုင်မြဲ ရဆဲတိုင်းဆန္ဒပြည့်ဝကြပါစေ ..... ကပ်သုံးပါးမှ ကင်းလွတ်နိုင်ကြပါစေ ..... လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ... အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြ​ပါစေ... ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ....🙏🙏🙏
  • PAN

    13 нояб., 14:41

    မဲရာမတ်တွင် မြန်မာနိုင်ငံသား ၃ ဦးအပါအဝင် လူ ၄ ဦးကို လူမှောင်ခိုမှုဖြင့် ဖမ်းဆီး(နိုင်ငံတကာ) နိုဝင်ဘာ ၁၃ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲရာမတ်မြို့နယ်အတွင်း နယ်စပ်စစ်ဆေးရေးဂိတ်ကို ရှောင်ကွင်းသည့် လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်လာသူများကို ထိုင်းရိန်းဂျားတပ်ဖွဲ့က ဖမ်းဆီးခဲ့ရာ လူမှောင်ခိုဂိုဏ်းခေါင်းဆောင်တစ်ဦးနှင့် မြန်မာနိုင်ငံသား ၃ ဦးအပါအဝင် စုစုပေါင်း ၄ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။အဆိုပါဖမ်းဆီးမှုကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက် ညနေ ၄ နာရီ ၁၀ မိနစ်တွင် ...သတင်းအပြည့်အစုံဖတ်ရန် - https://positiveanglenews.com/2026/11/13/မဲရာမတ်တွင်-မြန်မာနိုင်/Telegram - t.me/positiveanglenews#PAN
  • PAN

    13 нояб., 14:37

    မော်လမြိုင်တွင် ဟိုတယ်များ၌ အလှည့်ကျတည်းခိုကာ ဆိုင်ကယ်ခိုးယူနေသည့်အဖွဲ့ ဖမ်းဆီးရမိ၊ ဆိုင်ကယ် ၂ စီး သိမ်းဆည်းရမိ(မှုခင်း) နိုဝင်ဘာ ၁၃မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဟိုတယ်များ၌ အလှည့်ကျတည်းခိုနေထိုင်ပြီး ဆိုင်ကယ်များ လိုက်လံခိုးယူနေသည့် အဖွဲ့ကို ဖမ်းဆီးရမိထားကြောင်း သိရသည်။အဆိုပါအဖွဲ့၏ အဓိကတရားခံဟုဆိုသူမှာ ယခင်က လှည်းကူးမြို့မရဲစခန်းတွင် ဆိုင်ကယ်ခိုးမှုဖြင့် ထောင်ဒဏ်ကျခံခဲ့ဖူးသူဖြစ်ပြီး ...သတင်းအပြည့်အစုံဖတ်ရန် - https://positiveanglenews.com/2026/11/13/မော်လမြိုင်တွင်-ဟိုတယ်မ/Telegram - t.me/positiveanglenews#PAN
  • PAN

    13 нояб., 14:33

    (စီးပွားရေး) နိုဝင်ဘာ ၁၃ ၊ပြည်တွင်းဈေးကွက်တွင် ကြက်သွန်နီဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာရာ ရန်ကုန်မြို့ ဘုရင့်နောင်ကုန်စည်ဒိုင်၏ နိုဝင်ဘာ ၁၃ ရက် လက်ကားဈေးဖွင့်နှုန်းတွင် တစ်ပိဿာလျှင် အမြင့်ဆုံး ကျပ် ၂၀,၀၀၀ အထိ ရောက်ရှိလာပြီး ဆယ်စုနှစ်အတွင်း အမြင့်ဆုံးဈေးနှုန်းဖြစ်လာကြောင်း တောင်သူများနှင့် ကုန်သည်များထံမှ သိရသည်။ဘုရင့်နောင်ကုန်စည်ဒိုင်၏ ယနေ့ဈေးဖွင့်နှုန်းများအရ မြင်းခြံကြက်သွန်နီတစ်ပိဿာလျှင် ကျပ် ၁၄,၅၀၀ မှ ၂၀,၀၀၀ အထိ၊ ဆိပ်ဖြူကြက်သွန်နီမှာ ကျပ် ၁၃,၀၀၀ မှ ၁၉,၀၀၀ အထိ၊ တောင်သာကြက်သွန်နီမှာ ကျပ် ၁၁,၀၀၀ မှ ၁၈,၀၀၀ အထိနှင့် မုံရွာကြက်သွန်နီမှာ ကျပ် ၁၃,၀၀၀ မှ ၁၉,၀၀၀ အထိ အသီးသီးရှိနေသည်။ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်မှုမှာလည်း နိုဝင်ဘာ ၁၂ ရက်တွင် ကုန်ကား ၁၃ စီးဖြင့် ပိဿာချိန် ၇၈,၀၀၀ ခန့်ရှိခဲ့ရာမှ နိုဝင်ဘာ ၁၃ ရက်တွင် ကုန်ကား ၁၆ စီး၊ ပိဿာချိန် ၉၆,၀၀၀ ခန့်အထိ ဝင်ရောက်ခဲ့ကြောင်း သိရသည်။ကြက်သွန်နီဈေးနှုန်းမြင့်တက်လာရခြင်းမှာ နွေကြက်သွန်လက်ကျန် အလွန်နည်းပါးလာခြင်းနှင့် မိုးကြက်သွန်အသစ်များ ဈေးကွက်အတွင်း လုံလောက်စွာ မဝင်ရောက်နိုင်သေးခြင်းတို့ကြောင့်ဖြစ်ကြောင်း ပခုက္ကူမြို့နယ်ရှိ ကြက်သွန်ကုန်သည်တစ်ဦးက ပြောသည်။“အကြီးအသေးရွေးတာက ကုန်သည်လက်ထဲရောက်မှလုပ်တာ။ အခုက နွေကြက်သွန်လက်ကျန်က အတော်ကို နည်းလာပြီ။ အသစ်ကလည်း ပခုက္ကူဘက်ဆို မပေါ်သေးဘူး။ အသစ်တွေ လှိုင်လှိုင်ပေါ်မှ ဈေးက ပြန်ကျမယ်။ အခုက တောင်သူတွေက မျိုးချန်ထားတာကနေ ခွဲရောင်းနေကြတာ။ ပြောရမယ်ဆိုရင် ဒီတစ်သောင်းကျော်ဈေးတန်းကို ရောင်းဖူးတယ်ရှိအောင်ဆိုပြီး ရောင်းကြတာ။ တရုတ်ကြက်သွန်က အဝင်ရှိပေမဲ့ အရောင်းအဝယ် သိပ်မသွက်ဘူး” ဟု ၎င်းက ပြောသည်။ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက်က ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီကုန်ကား ၁၆ စီး၊ ပိဿာချိန် ၉၆,၀၀၀ ခန့် ဝင်ရောက်ခဲ့သော်လည်း အရွယ်အစားအလိုက် တစ်ပိဿာလျှင် ကျပ် ၁၅,၀၀၀ မှ ၁၇,၀၀၀ အတွင်းသာ ဈေးပေါက်ခဲ့ကြောင်း သိရသည်။လက်ရှိတွင် မြင်းခြံ၊ မလှိုင်နှင့် မြစ်သားဒေသများ၌ မိုးကြက်သွန်နီအသစ်များ စတင်ထွက်ပေါ်လာပြီး ဈေးကွက်အတွင်း ဝင်ရောက်နေသော်လည်း ကုန်ချိန်မှာ အလွန်နည်းပါးနေဆဲဖြစ်သည်။ ထို့အပြင် ပြည်ပဝယ်လိုအား မြင့်တက်နေခြင်းကလည်း ပြည်တွင်းဈေးနှုန်းအပေါ် သက်ရောက်မှုရှိနေကြောင်း ကုန်သည်များက သုံးသပ်ထားသည်။ပခုက္ကူကုန်စည်ဒိုင်တွင် နိုဝင်ဘာ ၆ ရက်က ကြက်သွန်ပိဿာချိန် ၃,၂၀၀ ခန့် ဝင်ရောက်ခဲ့ပြီး ယောစကြက်သွန်တစ်ပိဿာလျှင် ကျပ် ၇,၅၀၀ မှ ၁၁,၃၅၀ အထိ၊ တောင်ဘက်ကမ်းကြက်သွန်မှာ ကျပ် ၉,၀၀၀ မှ ၁၂,၁၀၀ အထိ ဈေးဖွင့်ခဲ့သည်။ မြင်းခြံကုန်စည်ဒိုင်တွင်လည်း ကြက်သွန်နီတစ်ပိဿာလျှင် ကျပ် ၉,၅၀၀ မှ ၁၃,၀၀၀ အထိ ဈေးပေါက်ခဲ့ကြောင်း သိရသည်။ဈေးနှုန်းမြင့်တက်ပြီး ကုန်ပစ္စည်းရှားပါးလာသည့်အတွက် ပွဲစားများက မိုးကြက်သွန်အသစ်များကို စိုက်ခင်းအတွင်းအထိ သွားရောက်ဝယ်ယူနေကြပြီး ဈေးကောင်းပေးကာ အခင်းပြတ်ဝယ်ယူမှုများလည်း ရှိလာကြောင်း တောင်သူများက ပြောသည်။“အခုက အလုံးကြီး၊ ချောရင်၊ သန့်ရင် အခင်းထဲတင် ဈေးပြတ်တယ်။ အခုဈေးကွက်ထဲ ကြက်သွန်ဝင်တာက နည်းပါသေးတယ်” ဟု မြင်းခြံမြို့နယ်မှ ကြက်သွန်စိုက်တောင်သူတစ်ဦးက ပြောသည်။တစ်ဖက်တွင်လည်း နိုဝင်ဘာ ၈ ရက်မှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်အပါအဝင် စစ်ကိုင်း၊ မကွေးနှင့် မန္တလေးဒေသများရှိ ကြက်သွန်နီပျိုးခင်းအချို့ ရေနစ်မြုပ်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ကြက်သွန်မျိုးစေ့ဈေးနှုန်းများကိုလည်း ရောင်းသူဝယ်သူအကြား ကြိုက်ရောင်းကြိုက်ဝယ်ပုံစံဖြင့် အရောင်းအဝယ်ပြုလုပ်နေကြကြောင်း သိရသည်။ပြည်တွင်း၌ ကြက်သွန်နီလက်ကျန်နည်းပါးနေချိန်တွင် ပြည်ပဝယ်လိုအားကောင်းနေခြင်း၊ မိုးကြက်သွန်အသစ်များ ဈေးကွက်အတွင်း အလုံအလောက် မရောက်ရှိသေးခြင်းနှင့် မိုးရွာသွန်းမှုကြောင့် ပျိုးခင်းပျက်စီးမှုများရှိလာခြင်းတို့က လက်ရှိဈေးနှုန်းမြင့်တက်မှုအပေါ် သက်ရောက်နေကြောင်း တောင်သူများနှင့် ကုန်သည်များက ပြောဆိုထားသည်။Telegram -t.me/positiveanglenews#PAN
    TelegramPANတိကျမှန်ကန် PAN Viber 📬 09772979725 Email 💌 positiveanglenews.pans @PAN Myanmar Local Media. PAN is the offical media. PAN media is used on online platforms such as YouTube, Telegram, TikTok , VK and Viber Channel. Wellcome to PAN.
    1,9103185Открыть в Telegram
  • PAN

    13 нояб., 14:33

    ကြက်သွန်နီတစ်ပိဿာ ကျပ် ၂ သောင်းအထိ စံချိန်တင်မြင့်တက်၊ နွေကြက်သွန်လက်ကျန်နည်းပြီး အသစ်ဝင်ရောက်မှု မလုံလောက်
  • PAN

    13 нояб., 14:31

    သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ကုန်ပစ္စည်းဖိုးပေးချေရာတွင် ကြိုတင်ငွေပေးချေနိုင်ရန် ခွင့်ပြုသွားမည်ဖြစ်ပြီး ပို့ကုန်ရငွေမှ ကိုယ်တိုင်သုံးစွဲနိုင်သည့် နိုင်ငံခြားငွေကို ဘဏ်စာရင်းတွင် ထားရှိခွင့်ကာလကိုလည်း ရက်ပေါင်း ၃၀ မှ ၄၅ ရက်အထိ တိုးမြှင့်ပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးကြေညာသည်။နိုင်ငံတော်၏ အရေးကြီးကုန်စည်များဖြစ်သည့် စက်သုံးဆီ၊ စားသုံးဆီ၊ ဓာတ်မြေဩဇာနှင့် အခြားကုန်စည်များ တင်သွင်းနိုင်ရန် လိုအပ်သော နိုင်ငံခြားငွေများကို ဗဟိုဘဏ်က ကြီးမှူးသည့် FX Market Online Trading Platform မှတစ်ဆင့် AD လိုင်စင်ရဘဏ်များက သွင်းကုန်လုပ်ငန်းရှင်များထံ ရောင်းချပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။၂၀၂၆ ခုနှစ် ဧပြီလမှ နိုဝင်ဘာ ၁၃ ရက်အထိ အဆိုပါစနစ်နှင့် AD လိုင်စင်ရဘဏ်များမှတစ်ဆင့် သွင်းကုန်လုပ်ငန်းရှင်များထံ ရောင်းချပေးခဲ့သည့် နိုင်ငံခြားငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၂,၃၂၆.၄ သန်း၊ တရုတ်ယွမ် ၁,၉၄၄.၃ သန်း၊ ထိုင်းဘတ် ၇,၁၁၄.၄ သန်းနှင့် အိန္ဒိယရူပီး ၈၇.၈ သန်းခန့်ရှိကြောင်း သိရသည်။ထို့အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကိုယ်တိုင်ကလည်း စက်သုံးဆီ၊ စားသုံးဆီ၊ ဓာတ်မြေဩဇာနှင့် အခြားကုန်စည်များ တင်သွင်းနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ ၁,၇၆၄.၈ သန်းခန့် ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။သွင်းကုန်လုပ်ငန်းရှင်များ လိုအပ်သည့် နိုင်ငံခြားငွေကို အချိန်မီရရှိစေရန်၊ ပြည်ပကုန်ပစ္စည်းပေးသွင်းသူများထံ ငွေပေးချေမှု နောက်ကျခြင်းကို လျှော့ချရန်နှင့် နိုင်ငံခြားငွေကို အမှန်တကယ်လိုအပ်သည့် ကုန်သွယ်မှုလုပ်ငန်းများအတွက် ဦးစားပေးခွဲဝေနိုင်ရန် ရည်ရွယ်၍ ကုန်ပစ္စည်းဖိုး ကြိုတင်ပေးချေခြင်းကို ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ဆိုသည်။ယင်းအစီအစဉ်သည် နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်အကျအပေါ် ဖိအားဖြစ်ပေါ်မှုကို လျှော့ချပြီး နိုင်ငံခြားငွေဈေးကွက် တည်ငြိမ်စေရန်လည်း ရည်ရွယ်ကြောင်း ဖော်ပြထားသည်။ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် သွင်းကုန်လိုင်စင်လျှောက်ထားခြင်းနှင့် ပြည်ပသို့ ငွေပေးချေခြင်းတို့ကို အချိန်လုံလောက်စွာ ဆောင်ရွက်နိုင်ရန်၊ ပို့ကုန်နှင့် သွင်းကုန်လုပ်ငန်းများတွင် နိုင်ငံခြားငွေ အသုံးပြုမှု အဆင်ပြေချောမွေ့စေရန်နှင့် ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပို့ကုန်ရငွေထားရှိခွင့်ကာလကို တိုးမြှင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ယခင်က ပို့ကုန်ရငွေအနက်မှ ကိုယ်တိုင်သုံးစွဲနိုင်သည့် ပမာဏကို နိုင်ငံခြားငွေဘဏ်စာရင်းတွင် ရက်ပေါင်း ၃၀ အထိသာ ထားရှိခွင့်ပြုခဲ့သော်လည်း ယခုအခါ ရက်ပေါင်း ၄၅ ရက်အထိ တိုးမြှင့်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးထားသည်။Telegram -t.me/positiveanglenews#PAN
    TelegramPANတိကျမှန်ကန် PAN Viber 📬 09772979725 Email 💌 positiveanglenews.pans @PAN Myanmar Local Media. PAN is the offical media. PAN media is used on online platforms such as YouTube, Telegram, TikTok , VK and Viber Channel. Wellcome to PAN.
  • PAN

    22 сент., 15:41

    မိမိရည်းစားကို Telegram ကတဆင့် နောက်ပြောင်ပြောဆိုခဲ့လို့ဆိုကာ ကျောင်းသား ၂ ဦး ဝိုင်းဝန်းရိုက်နှက်မှုနဲ့ မိန်းကလေး ၁ ဦးအပါအဝင် ၈ ဦးကို ဖမ်းဆီးTelegram - t.me/positiveanglenews#pan_broadcasting
    2,200видео3871Открыть в Telegram
  • PAN

    22 сент., 14:31

    မြန်မာ-ဂျပန် လွှတ်တော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး(လွှတ်တော်) စက်တင်ဘာ ၂၂ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ဂျပန်နိုင်ငံ အောက်လွှတ်တော်အမတ် The Honorable Mr. Hiromichi Watanabe ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးသည် ၁၉၅၄ ခုနှစ်မှစတင်ခဲ့ပြီး ၇၂ နှစ်တိုင် ရှည်ကြာလာပြီဖြစ်ကာ နှစ်နိုင်ငံသည် ချစ်ကြည်ရင်းနှီးသည့် မိတ်ဆွေနိုင်ငံများဖြစ်ကြောင်း ပြောကြားသည်။ထို့ပြင် နှစ်နိုင်ငံအကြား အစိုးရချင်းသာမက ပြည်သူချင်းပါ ချစ်ခင်ရင်းနှီးမှုရှိပြီး အပြန်အလှန်ဖေးမကူညီခဲ့သည့် သမိုင်းကြောင်းများရှိသဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ပြန်လည်တိုးမြှင့်နိုင်ရေးအတွက် လွှတ်တော်ကဏ္ဍမှ စတင်ဆောင်ရွက်နိုင်ကြောင်း ပြောကြားသည်။မြန်မာနိုင်ငံတွင် မြန်မာ-ဂျပန် လွှတ်တော်ချင်း
    TelegramPANတိကျမှန်ကန် PAN Viber 📬 09772979725 Email 💌 positiveanglenews.pans @PAN Myanmar Local Media. PAN is the offical media. PAN media is used on online platforms such as YouTube, Telegram, TikTok , VK and Viber Channel. Wellcome to PAN.
  • PAN

    22 сент., 14:31

  • PAN

    22 сент., 14:31

    မြန်မာ-ဂျပန် လွှတ်တော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး(လွှတ်တော်) စက်တင်ဘာ ၂၂
  • PAN

    22 сент., 14:09

    ပြည်သူ့လွှတ်တော် ပို့ဆောင်ဆက်သွယ်ရေး၊ ဒီဂျစ်တယ်နှင့် သိပ္ပံနည်းပညာကော်မတီ၊ ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံအခြေစိုက် Shandong Huache Energy Technology Co.,Ltd. တို့ ကော်မတီ၏ရေးရာဆောင်တွင်တွေ့ဆုံခဲ့ကြောင်း သိရသည်။Telegram - t.me/positiveanglenews#pan_broadcasting
    1,530видео407Открыть в Telegram
  • PAN

    22 сент., 12:56

    ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ကြယ်ပွင့်ပြမေးခွန်း ၁၅ ခု မေးမြန်းဖြေကြား(လွှတ်တော်) စက်တင်ဘာ ၂၂တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့ စက်တင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ပြီး ကြယ်ပွင့်ပြမေးခွန်း ၁၅ ခု မေးမြန်းဖြေကြားခဲ့ကြောင်း အစည်းအဝေးအစီအစဉ်အရ သိရသည်။အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နေရာယူပြီး အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပြီးနောက် ဒုတိယနေ့ အစီအစဉ်ကို ကြေညာခြင်း၊ ခွင့်ပန်ကြားချက်များ လက်ခံခြင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်းတို့ ဆောင်ရွက်ခဲ့သည်။ကြယ်ပွင့်ပြမေးခွန်းများတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ဓာတ်မြေဩဇာစက်ရုံ တည်ဆောက်မည့် အစီအစဉ်နှင့် လပွတ္တာမြို့နယ်အတွင်း လယ်ယာလုပ်ငန်းခွင်နှင့် ရေယာဉ်များအတွက် စက်သုံးဆီ လွယ်ကူစွာ ဝယ်ယူနိုင်ရေးကိစ္စများ ပါဝင်သည်။ထို့အပြင် မူဆယ်မြို့တွင် စက်သုံးဆီဈေးနှုန်း သက်သာစေရေးအတွက် တရုတ်နိုင်ငံမှ စက်သုံးဆီတင်သွင်းနိုင်ရေး
    TelegramPANတိကျမှန်ကန် PAN Viber 📬 09772979725 Email 💌 positiveanglenews.pans @PAN Myanmar Local Media. PAN is the offical media. PAN media is used on online platforms such as YouTube, Telegram, TikTok , VK and Viber Channel. Wellcome to PAN.
  • PAN

    22 сент., 12:55

  • PAN

    22 сент., 12:55

Скачать ряд в CSV
Бот обратной связи для своего канала — бесплатно

Подписчики пишут боту, вы отвечаете реплаем, ваш аккаунт скрыт. Создаётся в одно касание.

Как это работает →
Создать бота