Аватар канала Shwepannthee Movies

Shwepannthee Movies

@shwepanntheevideoonly

ရွှေပန်းသီး website မှ ဗီဒီယိုဇာတ်လမ်းရှည်များအား စုစည်းထားခြင်း ဖြစ်သည်

8,921подписчиков

Открыть канал

Последние посты

  • Channel name was changed to «Shwepannthee Movies»

    5 сент., 10:25

  • Shwepannthee Movies

    5 сент., 10:09

    Name = Jaga Pocong (2018) (မြန်မာစာတန်းထိုး) 2018 ‧ War/Action ‧ 2h 10m Translation & Synopsis Written by Htoo Htoo Translation Checked & Encoded by Thi Ha Thu ==== ဒီဇာတ်လမ်းကတော့ Horror အမျိုးအစားဖြစ်ပြီး IMDb 6.3 ရရှိထားတဲ့ 2018 ထွက် Indonesia ဇာတ်ကား ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ စီဂျက်တရာဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာမ မီလာက သူရဲ့ဂျူတီချိန်ပြီးလို့ အိမ်ပြန်မယ့်အချိန်မှာပဲ ဆေးရုံကဆရာဝန်တစ်ယောက်ဟာ နယ်ဘက်မှာအရေးပေါ်လူနာတစ်ယောက်ကို ကြည့်ဖို့အတွက် တာဝန်ပေးခဲ့ပါတယ်။ အဲဒီလိုနဲ့ တာဝန်အရ လူနာအိမ်ကို မီလာ ရောက်သွားတဲ့အချိန်မှာတော့ လူနာဟာသေဆုံးသွားပြီလို့ လူနာရဲ့သားဖြစ်သူ ရက်ဒစ်က ပြောလိုက်ပါတယ်။ အဲဒါနဲ့ပဲ မီလာလည်း သူ့အိမ်ကိုပြန်ဖို့လုပ်တဲ့အချိန်မှာ ရုတ်တရက် ကားစက်ရပ်သွားတာကြောင့် ရက်ဒစ်က လာပြီးပြင်ပေးခဲ့ပါတယ်။ ကားစက်နိုးသွားတဲ့အချိန်မှာ ရက်ဒစ်ဟာ မီလာကိုအကူအညီတစ်ခုတောင်းခဲ့ပါတယ်။မီလာလည်း ကူညီဖို့ လက်ခံပေးလိုက်ပါတယ်။ အဲဒီလိုနဲ့ပဲ ရက်ဒစ်ရဲ့အကူအညီတောင်းတာက ဘာဖြစ်မလဲ။ မီလာကရော
    Иллюстрация к посту канала Shwepannthee MoviesИллюстрация к посту канала Shwepannthee Movies
  • Shwepannthee Movies

    5 сент., 10:09

    Name = 12 Strong (2018) (မြန်မာစာတန်းထိုး) 2018 ‧ War/Action ‧ 2h 10m Translation & Synopsis Written by Htoo Htoo Translation Checked & Encoded by Thi Ha Thu ==== 9/11 ဆိုတာနဲ့ အမေရိကန်နိုင်ငံရဲ့ ကမ္ဘာ့ကုန်သွယ်ရေးမျှော်စင်ညီနောင် (World Trade Center)ကို ပြန်ပေးဆွဲခံထားရတဲ့ ခရီးသည်တင်လေယာဉ်ကြီးတွေနဲ့ တိုက်ခိုက်တာခံရတဲ့ ၂၁ ရာစုရဲ့ ခြောက်ခြားစရာအကောင်းဆုံး အကြမ်းဖက်မှု ဖြစ်ရပ်ကြီးတစ်ခုကို ပြန်အမှတ်ရမိကြမယ် ထင်ပါတယ်။ အဲ့ဒီဖြစ်ရပ်ကြီးနောက်ပိုင်း အမေရိကန်တပ်တွေ အာဖဂန်နစ္စတန်နိုင်ငံကို ဝင်သိမ်းတာတွေ၊ နောက်ဆုံး ပါကစ္စတန်စစ်တက္ကသိုလ်ရဲ့ အနောက်တောင်ဘက် တစ်မိုင်တောင်မဝေးတဲ့ အဆောက်အဦထဲမှာ ပုန်းခိုနေတဲ့ အိုစမာဘင်လာဒင်ကို အမေရိကန်အထူးတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာတွေဟာ ကမ္ဘာကသိတဲ့ အထင်ကရဖြစ်ရပ်တွေပါပဲ။ ဒါပေမယ့် ဒီလိုလူသိများ ထင်ရှားခဲ့တဲ့ အဖြစ်အပျက်တွေနောက်ကွယ်မှာ လူသိပ်မသိခဲ့ပေမဲ့ အမှန်တကယ်အရေးပါခဲ့တဲ့ ဒဏ္ဍာရီလာသူရဲကောင်းပုံပြင်ဆန်ဆန် ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ခုရှိခဲ့ပါတယ်။ “12 Strong” တဲ့
    Иллюстрация к посту канала Shwepannthee MoviesИллюстрация к посту канала Shwepannthee Movies
  • Shwepannthee Movies

    1 сент., 02:48

    Name = Gerald's Game (2017) (မြန်မာစာတန်းထိုး) 2017 ‧ Horror/Drama ‧ 1h 43m Translation & Synopsis Written by Pig Crazy Translation Checked & Encoded by Thi Ha Thu ==== ဒီဇာတ်ကားလေးကတော့ ဆိုက်ကိုကား တစ်ကားပဲ ဖြစ်ပါတယ်။ ဂျက်စီနဲ့ သူမယောက်ျား ဂျဲရတ်ဟာ အပန်းဖြေဖို့အတွက် ကန်ဘေးနားက သီးသန့်အိမ်လေးကို အလည်လာကြပါတယ်။ သူတို့ဟာ အဲဒီအိမ်မှာ တစ်ပတ်လောက်နေမယ်ဆိုပြီး တစ်ပတ်စာ အစားအသောက်တွေလည်း ယူလာကြပါတယ်။ ဂျက်စီက ညဝတ်အင်္ကျီအသစ်နဲ့ ကုတင်ပေါ်ကနေ ဆွဲဆောင်မှုရှိတဲ့ ပုံစံတွေကို လုပ်ကြည့်နေပါတယ်။ အဲဒီအချိန် ဂျဲရတ်ရောက်လာပြီး ဂျက်စီရဲ့ လက်ကောက်ဝတ်တစ်ဖက်စီကို လက်ထိပ်နဲ့ ကုတင်တိုင်မှာ ခတ်ထားလိုက်ပါတော့။ ဂျက်စီက ဒါကို မမျှော်လင့်ထားတဲ့အတွက် နည်းနည်းလန့်သွားပြီး သူတို့နှစ်ယောက် ရန်ဖြစ်ကြပါတယ်။ အဲဒီအချိန် ဂျဲရတ်က ရုတ်တရက် နှလုံးဖောက်ပြီး သေဆုံးသွားပါတယ်။ ဂျက်စီကတော့ ကုတင်တိုင်မှာ လက်ထိပ်နဲ့ တွဲချည်ခံရပြီး ကျန်နေခဲ့ပါတယ်။ အဲဒီအချိန်မှာ သူမက အရမ်းထိတ်လန့်လာပြီး အော်ဟစ်အကူအညီတောင်းပေမဲ့ သူတို့အိမ်က
    Иллюстрация к посту канала Shwepannthee MoviesИллюстрация к посту канала Shwepannthee Movies
  • Shwepannthee Movies

    1 сент., 02:12

    Name = Pihu (2017) (မြန်မာစာတန်းထိုး) 2017 ‧ Thriller/Drama ‧ 1h 33m, IMDb 6.7 Translation & Synopsis Written by Yan Chan Translation Checked & Encoded by Thi Ha Thu ==== ရွှေရွှေရဲ့ဘော်ဒါတွေကို ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ဒါရိုက်တာ ဗီနွတ်ကာပရီရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။အိန္ဒိယနိုင်ငံမှာ အမှန်တကယ်ဖြစ်ပွားခဲ့တယ် ဖြစ်စဉ်ကို ဇာတ်လမ်းဆင်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ ဘောလိဝုဒ်လောကမှာ ကုန်ကျစရိတ်အသက်သာဆုံးရိုက်ကူးထားတဲ့ကားလေးဆိုလည်း မမှားပါဘူး။ရူပီး သိန်း ၅၀သာကုန်ကျခဲ့ပါတယ်။သဲထိတ်ရင်ဖိုနဲ့ဒရမ်မာအမျိုးအစားဖြစ်ပြီးတော့IMDB 6.7/10ရရှိထားတဲ့ဇာတ်ကားလေးပါ။Box Office မှာရုံတင်ဝင်ငွေ ၂၉.၅ သန်း(ရူပီး) ပြန်လည်ရရှိခဲ့တဲ့ကားလေးဖြစ်ပါတယ်။ ပီဟူးလေးနေရာမှာသရုပ်ဆောင်ခဲ့တဲ့ Myra Vishwakarmaဟာ ဇာတ်ကားစရိုက်တုန်းက အသက် ၂နှစ်နဲ့ ၅လပဲရှိပါသေးတယ်။အိမ်တစ်လုံးထဲမှာ အကူအညီမဲ့စွာ ပိတ်မိနေတဲ့ ၂နှစ်သမီးအရွယ်ကလေးလေးတစ်ယောက်အကြောင်းကို ပုံဖော်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ === Tele = https://t.me/sptvideosonly/772
    Иллюстрация к посту канала Shwepannthee MoviesИллюстрация к посту канала Shwepannthee Movies
  • Shwepannthee Movies

    1 сент., 01:17изменён

    Name = Palma (2021) (မြန်မာစာတန်းထိုး) 2021 ‧ Drama/ Family • 1h 50m, IMDb 6.8 Translation & Synopsis Written by Moh Moh Translation Checked & Encoded by Thi Ha Thu === ဒီဇာတ်ကားလေးကတော့ 2021 ခုနှစ်ကမှ ထွက်ရှိထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးဖြစ်ပါတယ် ခွေးလေး ပါလ်မာကို သူ့သခင်က လေယာဉ်ပေါ်ခေါ်သွားလိုမရတဲ့အတွက် လေဆိပ်မှာပဲ ထားပစ်ခဲ့ပါတယ် ပါလ်မာကတော့ လေဆိပ်ကနေထွက်မသွားပဲ သူ့သခင် လိုက်စီးသွားတဲ့ လေယာဉ် IL-18 လေဆိပ်ကို ဆိုက်လာချိန်တိုင်း သခင့်ကိုနေ့တိုင်းအမြဲမျှော်နေခဲ့တာပါ ကိုလ်ရာဆိုတဲ့ ကောင်လေးကတော့ သူ့မိခင်သေသွားပြီး လေယာဉ်မှူးလာဇက်ဗ်က ပါလ်မာရှိရာမြိုကို ခေါ်လာခဲ့ပါတယ် ကိုလ်ရာက ဖခင်ဖြစ်သူကို မုန်းတီးနေပြီး သူ့မိခင်ကိုသာလွမ်းနေခဲ့တာပါ ကိုလ်ရာဟာ ပါလ်မာခံစားနေရတာကိုနားလည်ပြီး သူမသခင်ကို ပါလ်မာကိုပြန်ခေါ်ပေးဖို စာပိုဖို့ကြိုးစားခဲ့ပါတယ် IMDb ratingကလဲ 6.7/10 ရရှိထားပါတယ် === Telegram Link = https://t.me/sptvideosonly/770
    Иллюстрация к посту канала Shwepannthee MoviesИллюстрация к посту канала Shwepannthee Movies
  • Shwepannthee Movies

    11 апр. 2023 г., 06:52

    Name = A Chinese Ghost Story III (1991) (မြန်မာစာတန်းထိုး) 1991 ‧ Romance/Martial Arts ‧ 1h 44m, IMDb 6.6 Translation & Synopsis Written by Win Htet Aung Translation Checked & Encoded by Cain === Chinese Ghost Story ရဲ့ သုံးကားမြောက်ဇာတ်ကားဖြစ်တဲ့ ဒီဇာတ်ကားလေးမှာတော့ ရှေ့နှစ်ကားတုန်းက မင်းသား Leslie Cheung မပါတော့ပေမဲ့ မင်းသမီး Joey Wongနဲ့ ဒုတိယကားတုန်းက နတ်ဆရာအငယ်လုပ်တဲ့ Jacky Cheung ကတော့ ဆက်လက်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ပြောရရင် ဒီဇာတ်ကားဟာ ရှေ့ကားရဲ့ နှစ် ၁၀၀ အကြာမှာ ဇာတ်အိမ်ပြန်တည်ထားတာ ဖြစ်ပါတယ်။ ဒီတတိယမြောက် ဇာတ်ကားမှာတော့ ပထမကားတုန်းက သစ်ပင်မိစ္ဆာ လိုလို နောက်တစ်ကြိမ် ပြန်လည်သောင်းကျန်းတာကို ဆရာတပည့် ဘုန်းကြီးနှစ်ယောက်နဲ့ ပိုက်ဆံမက်တဲ့ နတ်ဆရာတို့ ပူးပေါင်းနှိမ်နင်းကြတာကို တွေ့ရမှာပါ။ ထပ်လောင်းပြီး ပြောရရင် ဒီတစ်ကားဟာလည်း ရှေ့နှစ်ကားထက် မညံ့တဲ့ ဇာတ်ကားတစ်ကား ဖြစ်တာကို တွေ့ရမှာပါ။ ဒီတော့ ဟောင်ကောင်ရဲ့ ရွှေခေတ်က အချစ်သရဲကားလေးကို ကြည့်ရှုခံစားလိုက်ပါဦး။ === Telegram Link =
    TelegramShwepannthee Video onlyA Chinese Ghost Story III (1991) (မြန်မာစာတန်းထိုး) === Review = https://t.me/shwepanntheevideoonly/814
    41,70048265533Открыть в Telegram
  • Shwepannthee Movies

    11 апр. 2023 г., 06:52

    A Chinese Ghost Story III (1991) (မြန်မာစာတန်းထိုး)
    Иллюстрация к посту канала Shwepannthee MoviesИллюстрация к посту канала Shwepannthee Movies
  • Shwepannthee Movies

    5 апр. 2023 г., 11:47

    Name = The Dark Knight Rises (2012) (မြန်မာစာတန်းထိုး) 2012 ‧ Action/Thriller ‧ 2h 45m, IMDb 8.4 Translation & Synopsis Written by Wave Translation Checked & Encoded by Cain === Batman ဇာတ်ကားတွေထဲမှာမှ Rating အကောင်းဆုံး Batman Trilogy ရဲ့သုံးကားမြောက်နဲ့ နောက်ဆုံးဇာတ်ကားပဲဖြစ်ပါတယ်။ ဒီကားထဲမှာ Catwoman အဖြစ် အချောလေး Anne Hathaway က ဝင်ရောက်အားဖြည့်ပေးထားပါတယ်။ ဒီ Batman Trilogy က အဲ့တုန်းကထွက်ဖူးသမျှ စူပါဟီးရိုးဇာတ်ကားတွေထဲမှာ အကောင်းဆုံးလို့သတ်မှတ်ခြင်းခံခဲ့ရတာပါ။ ဒါကြောင့် သင်သာ Batman fan မှန်ရင် ကြည့်ကိုကြည့်ဖူးသင့်တဲ့ကားဖြစ်တဲ့အတွက် မကြည့်ဖူးသေးရင် စမ်းကြည့်ကြည့်ဖို့ တိုက်တွန်းပါရစေခင်ဗျာ။ ဇာတ်လမ်းကိုညွှန်းရရင် ဒီကားဟာ ဟာဗေးဒန့်နဲ့ ရေချယ်သေဆုံးပြီး ၈ နှစ်အကြာကာလကို အခြေခံထားပါတယ်။ လင်းနို့လူသားဟာ ဟာဗေးဒန့်ရဲ့ပြစ်မှုတွေကို ဝင်အစားခံပြီး တစ်မြို့လုံးကလည်း လင်းနို့လူသား ဟာဗေးဒန့်ကိုသတ်တယ်လို့ပဲ သိထားတာပါ။ နောက်ပြီး တစ်မြို့လုံးမှာရှိတဲ့ လူဆိုးတွေအားလုံးနီးပါးဟာလည်း ဒန့်ဥပဒေကြောင့်
    TelegramShwepannthee Video onlyThe Dark Knight Rises (2012) (မြန်မာစာတန်းထိုး) === Review = https://t.me/shwepanntheevideoonly/812
    36,20022631Открыть в Telegram
  • Shwepannthee Movies

    5 апр. 2023 г., 11:47

    The Dark Knight Rises (2012) (မြန်မာစာတန်းထိုး)
    Иллюстрация к посту канала Shwepannthee MoviesИллюстрация к посту канала Shwepannthee Movies
  • Shwepannthee Movies

    3 апр. 2023 г., 07:57

    Name = A Man Called Otto (2022) (မြန်မာစာတန်းထိုး) 2022 ‧ Drama/Comedy ‧ 2h 6m, IMDb 7.4 Translation & Synopsis Written by Keiko Translation Checked & Encoded by Cain === ဟိုးရှေးရှေးတုန်းကနဲ့မစတဲ့ ပုံပြင်တစ်ပုဒ်ကတော့ ဇနီးသည်ဆုံးသွားပြီးနောက်မှာ move on မလုပ်နိုင်ဘဲ အဓိပ္ပါယ်မဲ့သွားတဲ့ဘဝကြီးကို အထီးကျန်ကျန်ဖြတ်သန်းနေရတဲ့ အော့တိုဆိုတဲ့အဘိုးကြီးတစ်ယောက်ရဲ့ နေ့စဉ်ဘဝနဲ့စပါတယ်။ အော့တိုအတွက်တော့ “မင်းမရှိရင်မဖြစ်ဘူး” ဆိုတဲ့စကားက အလိမ်အညာစကားမဟုတ်ခဲ့ပါဘူး။ သူ့အတွက်တော့ သူ့ဇနီးသည်ကသာ ရှင်သန်ခြင်းရဲ့အဓိပ္ပါယ်၊ သူ့ရဲ့အရာရာဖြစ်ခဲ့ပြီး ဇနီးသည်မရှိတော့တဲ့ သူ့ဘဝကြီးက ဗလာနတ္ထိပါပဲ။ ဒါကြောင့် ဇနီးသည်နောက်ကိုလိုက်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာပဲ ဘေးအိမ်ကို အိမ်နီးချင်းအသစ်တွေပြောင်းလာခဲ့ပြီး သူ့ဘဝကလည်း ပြောင်းလဲသွားပါတော့တယ်။ ဒီဇာတ်ကားက အခု (၂၀၂၃) နှစ်စကမှ digital version ထွက်ရှိထားတဲ့ အသစ်စက်စက်ဇာတ်ကားတစ်ကားဖြစ်ပြီး IMDb rating 7.4 အထိရရှိထားတာမို့ ဝေဖန်ရေးဆရာတွေ စိတ်ကြိုက်တွေ့ခဲ့တဲ့ ဇာတ်ကားတစ်ကားလို့
    TelegramShwepannthee Video onlyA Man Called Otto (2022) (မြန်မာစာတန်းထိုး) === Review = https://t.me/shwepanntheevideoonly/810
    25,500127111Открыть в Telegram
  • Shwepannthee Movies

    3 апр. 2023 г., 07:57

    A Man Called Otto (2022) (မြန်မာစာတန်းထိုး)
    Иллюстрация к посту канала Shwepannthee MoviesИллюстрация к посту канала Shwepannthee Movies
  • Shwepannthee Movies

    30 мар. 2023 г., 04:32

    Name = A Chinese Ghost Story II (1990) (မြန်မာစာတန်းထိုး) 1990 ‧ Horror/Romance ‧ 1h 44m, IMDb 6.9 Translation & Synopsis Written by Win Htet Aung Translation Checked & Encoded by Cain === ဒီကားကတော့ A Chinese Ghost Story ရဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်ပြီးတော့ ပထမကားရဲ့ အဆုံးသတ်ကနေ ပြန်စထားပါတယ်။ လိန်ချိုက်စန်အနေနဲ့ သရဲမလေး စုစီးကို လူပြန်ဝင်စားနိုင်အောင် ကူညီပေးပြီးတဲ့နောက်မှာ သူရဲကောင်း ရင်ချီရာနဲ့ လမ်းခွဲပြီး သူ့မြို့ကနေ ပြန်လာခဲ့ရာကနေ ဒီဒုတိယကားမှာ ဇာတ်လမ်းပြန်စထားပါတယ်။ ရှေ့တစ်ကားမှာ ပြောခဲ့သလိုပါပဲ အရင်ရွှေခေတ်က ဟောင်ကောင်ကားတွေရဲ့ ရိုက်ချက်ကတော့ ဒီတစ်ကားမှာလည်း မညံ့ဘူးပြောရမှာပါပဲ။ ဒီဒုတိယကားမှာလည်း ဇာတ်လိုက်မင်းသားရဲ့ အူကြောင်ကြောင် တုံးအအ အပြုအမူတွေနဲ့ သူ့သေဆေးသူ ဘယ်လိုတွေဖော်မလဲဆိုတာ ရင်တမမနဲ့ ကြည့်ရဦးမှာပါ။ ဒီတော့ ပရိသတ်ကြီးကိုယ်တိုင်ပဲ ကြည့်ရှုခံစားကြည့်လိုက်ပါဦး။ === Telegram Link = https://t.me/sptvideosonly/762 === Watch HD Version and Download = https://www.shwepannthee.video
    TelegramShwepannthee Video onlyA Chinese Ghost Story II (1990) (မြန်မာစာတန်းထိုး) === Review = https://t.me/shwepanntheevideoonly/808
    21,90014311Открыть в Telegram
  • Shwepannthee Movies

    30 мар. 2023 г., 04:32

    A Chinese Ghost Story II (1990) (မြန်မာစာတန်းထိုး)
    Иллюстрация к посту канала Shwepannthee MoviesИллюстрация к посту канала Shwepannthee Movies
  • Shwepannthee Movies

    27 мар. 2023 г., 12:40изменён

    Name = Grave of the Fireflies (1988) (မြန်မာစာတန်းထိုး) 1988 ‧ War/Drama ‧ 1h 29m, IMDb 8.5 Translation & Synopsis Written by Zakumi Translation Checked & Encoded by Cain === IMDb rating 8.5 တိတိရရှိထားတဲ့ ဒီ Grave of The Fireflies ဆိုတဲ့ဇာတ်ကားကို anime fan တိုင်း ကြားဖူးကြလောက်မှာပါ။ ဒီဇာတ်ကားမှာဆိုရင် ဒုတိယကမ္ဘာစစ်ရဲ့အကျိုးဆက်ဟာ ဂျပန်က အောက်ခြေလူတန်းစား ပြည်သူပြည်သားတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲဆိုတာကို ရိုက်ကူးဖော်ပြပေးထားပြီးတော့ လက်တွေ့ဖြစ်ပျက်ခဲ့တာကို အခြေခံပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်ကားကိုတော့ အသက်ထွက်ပြီးတဲ့နောက် ဘဝတစ်ပါးမကူးခင်မှာ သူ့ဘဝရဲ့အဆိုးဆုံးအချိန်တွေကို မြင်ယောင်တဲ့ပုံစံမျိုးနဲ့ သေလူတစ်ယောက်ရဲ့ရှုထောင့်ကနေ တင်ဆက်ပေးထားပြီးတော့ ထိုသေလူ လူငယ်လေး ဆဲတနဲ့ သူ့ညီမငယ်လေး ဆဲစုကိုတိုရဲ့ စစ်ဘေးရှောင်ခရီးကို ရှုစားရမှာပဲဖြစ်ပါတယ်။ စစ်အတွင်း အောက်ခြေလူတန်းစားတွေ ဘယ်လောက်ခက်ခဲခဲ့ကြသလဲ၊ ခုတစ်မျိုး တော်ကြာတစ်မျိုးပြောင်းလဲလွယ်လှတဲ့ လူတွေရဲ့စိတ်နေစိတ်ထားတွေကို
    TelegramShwepannthee Video onlyGrave of the Fireflies (1988) (မြန်မာစာတန်းထိုး) === Review = https://t.me/shwepanntheevideoonly/806
    19,50014131Открыть в Telegram
  • Shwepannthee Movies

    27 мар. 2023 г., 12:40

    Grave of the Fireflies (2017) (မြန်မာစာတန်းထိုး)
    Иллюстрация к посту канала Shwepannthee MoviesИллюстрация к посту канала Shwepannthee Movies
  • Shwepannthee Movies

    24 мар. 2023 г., 19:18

    Name = Beauty and the Beast: The Enchanted Christmas (1997) (မြန်မာစာတန်းထိုး) 1997 ‧ Family/Fantasy ‧ 1h 12m, IMDb 5.9 Translation & Synopsis Written by Moe Chan Myae Ko Translation Checked & Encoded by Cain === ဒီဇာတ်ကားလေးကတော့ Beauty and The Beast ဇာတ်ကားလေးရဲ့အဆက်လေးပဲဖြစ်ပါတယ်။ ခရစ်စမတ်ကို နောက်ကြောင်းခံရိုက်ကူးထားပြီးတော့ ဘဲလ်ကို ဝံပုလွေအုပ်လက်ထဲကနေ ကယ်ပြီးတဲ့အချိန်တုန်းက ဘဲလ်နဲ့ သတ္တဝါကြီးတို့ ဘယ်လိုခင်မင်ရင်းနှီးသွားကြလဲဆိုတာကို ဒီကားလေးမှာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ မင်းသားလေးက ခရစ်စမတ်ပွဲနေ့မှာ သတ္တဝါကြီးအဖြစ်ပြောင်းလဲခံလိုက်ရပြီး သူ့ဘဝရဲ့ ကံဆိုးမိုးမှောင်ကြခဲ့တဲ့နေ့တစ်ခုဖြစ်တာကြောင့် ရဲတိုက်ထဲမှာ ခရစ်စမတ်ပွဲကျင်းပခွင့်မပြုခဲ့ပါဘူး။ ဒါပေမယ့် ဘဲလ်ရောက်လာတဲ့အချိန်မှာတော့ သတ္တဝါကြီးရဲ့ပူဆွေးမှုတွေကို ဖြေဖျောက်ပေးဖို့အတွက် ခရစ်စမတ်ပွဲကို ပြန်ပြီးကျင်းပဖို့ စီစဉ်ပါတော့တယ်။ သတ္တဝါကြီးကတော့ အဲ့ဒီအကြံကိုသဘောမကျခဲ့ဘူး။ ဒီဇာတ်ကားလေးထဲမှာ ဗီလန်အဖြစ်ပါဝင်လာတဲ့ ဇာတ်ကောင်အသစ်ကတော့
    TelegramShwepannthee Video onlyBeauty and the Beast: The Enchanted Christmas (1997) (မြန်မာစာတန်းထိုး) === Review = https://t.me/shwepanntheevideoonly/804
    17,500851Открыть в Telegram
  • Shwepannthee Movies

    24 мар. 2023 г., 19:17

    Beauty and the Beast: The Enchanted Christmas (1997) (မြန်မာစာတန်းထိုး)
    Иллюстрация к посту канала Shwepannthee MoviesИллюстрация к посту канала Shwepannthee Movies
  • Shwepannthee Movies

    22 мар. 2023 г., 03:35

    Name = Malèna (2000) (မြန်မာစာတန်းထိုး) 2000 ‧ Drama/Romance ‧ 1h 32m, IMDb 7.4 Translation & Synopsis Written by Keiko Translation Checked & Encoded by Cain === လှပတဲ့အရာတွေကို လူတိုင်းနှစ်သက်ကြပေမဲ့ ဆူးမရှိတဲ့နှင်းဆီတစ်ပွင့်အတွက်တော့ သူပိုင်ဆိုင်ထားတဲ့အလှအပဟာ အန္တရာယ်ပါပဲ။ မယ်လီနာ့ဘဝဟာလည်း ဆူးမရှိတဲ့နှင်းဆီတစ်ပွင့်လိုပါပဲ။ စစ်မီးကတောက်လောက်နေချိန်မို့ အရာရာခက်ခဲနေချိန်မှာ အမျိုးသားဖြစ်သူကပါ ရှေ့တန်းထွက်သွားရတာမို့ ပူပူနွေးနွေးလက်ထပ်ပြီးခါစ မယ်လီနာဟာ သူစိမ်းရပ်ရွာမှာ တစ်‌ယောက်တည်းကျန်ခဲ့ရပါတယ်။ အဲဒီအချိန်မှာပဲ လှပလွန်းတဲ့သူ့ရုပ်ရည်ကြောင့် မနာလိုတတ်တဲ့ လူသဘောသဘာဝအရ တိတ်တိတ်ပုန်းလင်ငယ်ပဲနေနေသလို သွားပုပ်လေလွင့်စကားတွေ စပြီးရင်ဆိုင်ခဲ့ရတာပေါ့။ ကံဆိုးရှာတဲ့မယ်လီနာ့အတွက် အမျိုးသားဖြစ်သူကပါ ရှေ့တန်းမှာကျဆုံးသွားတဲ့အခါမှာတော့ ဒီစကားတွေကပိုဆိုးလာခဲ့ပြီး စစ်ရယ်၊ မယ်လီနာ့အလှရယ်၊ လူတွေရဲ့မနာလိုစိတ်ရယ်ဟာ မယ်လီနာ့ဘဝကို လှလှပပဖျက်ဆီးပါတော့တယ်။ ဒီဇာတ်ကားမှာဆိုရင် မယ်လီနာနေရာမှာ Monica Bellucci က
    TelegramShwepannthee Video onlyMalèna (2000) (မြန်မာစာတန်းထိုး) === Review = https://t.me/shwepanntheevideoonly/802
    16,600235221Открыть в Telegram
  • Shwepannthee Movies

    22 мар. 2023 г., 03:35

    Malèna (2000) (မြန်မာစာတန်းထိုး)
    Иллюстрация к посту канала Shwepannthee MoviesИллюстрация к посту канала Shwepannthee Movies