Последние посты

The La Pyae
24 сент., 11:19
ကိုယ်က အရင်ကထက် skill ပိုရှိလာရင် အရင်လောက် ဘဝကမခက်တော့ဘူးဘဝကိုပိုလွယ်ကူဖို့ ထိုင်ပြီးဆုတောင်းနေတာတာထက်Skill ပိုရှိလာအောင် လေ့လာသင်ယူတာကပိုသေချာတယ်@thelapyae
The La Pyae
24 сент., 05:16
Ai တွေအရမ်းသုံးလို့Ironman လိုဖြစ်နေပြီလားမေးရင်ဖြစ်နေပါပြီ .... ကြာပေါ့ ... 😁@thelapyae


The La Pyae
24 сент., 03:45
Free Courses တွေ ထောင်နဲ့ချီပြီးရှိတယ်ပြဿနာက အချိန်မရှိတာပဲအမှန်တော့ အချိန်ကရှိတယ်တိုးတက်ဖို့ အတွက် course တွေမှာမသုံးပဲစိတ်အပန်းဖြေတဲ့ နေရာမှာသုံးတာများနေတာပါအရင်လေ့လာပါ ပြီးမှ အပန်းဖြေပါအပန်းပြေမှ လေ့လာမယ်ဆို မနေ့ကလိုပဲနောက်နေ့မှ လေ့လာမယ်လို့ဖြစ်နေပါဦးမယ်@thelapyae
The La Pyae
23 сент., 17:27
သေချာမတတ်သေးတဲ့ သူတွေက သေချာမတတ်သေးတဲ့ သူတွေကိုပဲ အလုပ်ခန့်ချင်တယ်သေချာတတ်သွားတဲ့သူတွေက သေချာတတ်တဲ့သူတွေကိုအလုပ်ခန့်ပြီးမှ သေချာမတတ်ပေမယ့် သင်ချင်တဲ့သူတွေကို အလုပ်ခန့်ချင်တယ်@thelapyae
The La Pyae
23 сент., 12:59
တွေးတတ်တာက အရေးကြီးတယ်ဒါပေမယ့် တွေးနေရုံနဲ့ ဘဝမပြောင်းဘူးတစ်ယောက်က နေ့တိုင်း Idea အသစ်တွေစဉ်းစားနေတယ် Plan တွေဆွဲနေတယ် Research လုပ်နေတယ် အချိန်ကောင်းကို စောင့်နေတယ်တစ်ယောက်ကတော့ သိသလောက်နဲ့ စလုပ်တယ် မှားရင်ပြင်တယ် မရရင် နည်းပြောင်းတယ် နေ့တိုင်း တစ်ခုခုစမ်းသပ်နေတယ်နှစ်ကြာလာတဲ့အခါ ကွာသွားတာက ဘယ်သူပိုသိလဲဆိုတာထက် ဘယ်သူပိုလုပ်ခဲ့လဲ ဆိုတာပဲဗျKnowledge က Direction ပေးတယ် Action က Result ပေးတယ်တစ်ခါတလေ သိတာနည်းပေမယ့် နေ့တိုင်းလုပ်တဲ့သူကသိတာများပြီး မစသေးတဲ့သူထက် ပိုဝေးရောက်သွားတတ်တယ်— @thelapyae
The La Pyae
23 сент., 11:55
ပိုက်ဆံနဲ့ ဝယ်လို့ရတာတွေ ပိုင်ဆိုင်ထားတာကောင်းတယ်အိမ်၊ ကား ၊ နည်းပညာကောင်းကောင်း အဝတ်အစားကောင်းကောင်း ဒါတွေက ဘဝကို ပိုအဆင်ပြေစေတယ် ဒါပေမယ့် ဘဝကို တကယ်တန်ဖိုးရှိစေတာကပိုက်ဆံနဲ့ ဝယ်လို့မရတဲ့အရာတွေ ဖြစ်နေတတ်တယ်✅ ကျန်းမာရေး✅စိတ်အေးချမ်းမှု✅ယုံကြည်လို့ရတဲ့သူတွေ✅ကိုယ့်ကို တကယ်နားလည်တဲ့ Relationship တွေ✅ကိုယ်ပိုင်အချိန်✅ကိုယ့်ကိုယ်ကို ယုံကြည်နိုင်မှု ဒီအရာတွေက ပိုက်ဆံရှိရုံနဲ့ အလိုလိုမရဘူး ပိုက်ဆံနဲ့ ဝယ်လို့ရတာတွေက ဘဝကို သက်တောင့်သက်သာဖြစ်စေတယ် ပိုက်ဆံနဲ့ ဝယ်လို့မရတာတွေက ဘဝကို ပြည့်စုံစေတယ် — @thelapyae
The La Pyae
23 сент., 11:46изменён
သူများအောင်မြင်နေတာကို ပျော်ပေးနိုင်ဖို့ဆိုတာ- ကိုယ်တိုင်လဲတိုးတက်မှုရှိနေမှ - ဝင်ငွေလဲ အဆင်ပြေနေမှ - ကျန်းမာရေးလဲကောင်းနေမှ - Relationship တွေလဲအဆင်ပြေပြီး - ကိုယ်နေထိုင်ရတဲ့ဘဝက comfort ဖြစ်နေမှ ဒဏ်ရာတွေရှိနေရင် ဟန်ဆောင်ပြုံးပြဖို့တောင်မလွယ် @thelapyae
The La Pyae
23 сент., 10:33
Work from home လုပ်ပြီး အလုပ်နောက်ကျတဲ့သူကလဲရှိသေးတယ် 😁လမ်းပိတ်နေတာနေမှာပါ 😁@thelapyae
The La Pyae
22 сент., 09:01
အပျင်းကြီးရင် → ရည်ရွယ်ချက်ပျောက်တယ်ဒေါသကြီးရင် → ပညာပျောက်တယ်ကြောက်စိတ်ကြီးရင် → အိမ်မက်ပျောက်တယ်အတ္တကြီးရင် → တိုးတက်မှုပျောက်တယ်မနာလိုစိတ်ကြီးရင် → ငြိမ်းချမ်းမှုပျောက်တယ်စိုးရိမ်စိတ်ကြီးရင် → ယုံကြည်မှုပျောက်တယ်@thelapyae
The La Pyae
22 сент., 03:51
ရှာတဲ့သူကတွေ့တယ် မေးတဲ့သူကအဖြေရတယ်သွားတဲ့သူက ခရီးရောက်တယ် လုပ်တဲ့သူက result ထွက်တယ်စမ်းကြည့်တဲ့သူက အသစ်တွေသိတယ် လေ့လာတဲ့သူက ပိုတတ်တယ်Reflect လုပ်တဲ့သူက ကိုယ့်ကိုယ်ကိုပိုနားလည်တယ်အားလုံးက Action Based တွေကြီးပဲဘာမှမလုပ်လို့သာ ဘာမှမဖြစ်တာပါ@thelapyae
The La Pyae
21 сент., 18:08
ဆုံးဖြတ်ချက်အများစုကို မိန်းမကိုပဲလုပ်ခိုင်ပါတယ်ကျနော့်ကိုရွေးလိုက်ထဲက သူကမှန်ကန်တဲ့ ရွေးချယ်မှုတွေကို ရွေးချယ်တတ်တဲ့သူဆိုတာ ကျနော်အပြည့်အဝယုံတယ် 😁@thelapyae
The La Pyae
21 сент., 06:50изменён
အမှောင်ထဲနေတာများတဲ့သူကနေရောင်လင်းတဲ့ ကောင်းကင်ကို မော့ကြည့်ရင် မျက်မှောင်ကြုတ်ကြည့်ရတယ်မျက်စိကျိန်းတယ်လေနော်ဒီလိုပဲ ....အဆင်မပြေနေတဲ့သူတွေကအရမ်းတော်ပြီး အရမ်းလှ အရမ်းတောက်ပ အရမ်းအဆင်ပြေနေရင်လဲ သူတို့တွေကိုကြည့်တဲ့အခါမျက်မှောင်ကြုတ်ပြီး ကြည့်မရဖြစ်နေမှာပဲဒီသဘောနားလည်သွားရင် ဘယ်သူ့ကိုမှ အပြစ်မမြင်တော့ဘူး
The La Pyae
21 сент., 06:37
လူတစ်ယောက်ရဲ့ လုပ်ကိုင်နိုင်စွမ်းနဲ့Mental bandwidth က အကန့်အသတ်ရှိတယ်တစ်နေ့ကို အာရုံစိုက်နိုင်တဲ့အချိန်က အကန့်အသတ်ရှိတယ်ဆုံးဖြတ်နိုင်တဲ့အင်အားကလည်း အကန့်အသတ်ရှိတယ်မောလာရင် Quality ကျတယ်စက်တွေကတော့ မတူဘူးတစ်ချိန်တည်းမှာ အလုပ်အများကြီးလုပ်နိုင်တယ်Data အများကြီးကို ကိုင်တွယ်နိုင်တယ် မပင်ပန်းဘူး
The La Pyae
21 сент., 05:48
18 pro max မတတ်နိုင်လဲColor တူ ကိုကြီး pro max တော့ရှိပါတယ် 😁@thelapyae


The La Pyae
21 сент., 02:47
JEV ကိုထွင်တဲ့ဘဲက အိမ်ထောင်သည်ပဲနေမှာမိန်းမ က non stop အများကြီးပြောလဲပြန်ပြောရင် အင်းလေ ၊ ဒါပေါ့ ၊ မဟုတ်ပါဘူး ၃ ခုလောက်ပဲ ပြန်ပြောတာကနေ Idea ရသွားတာနေမယ်Input က 1 million token ဝင်လဲ Output token က ၃ ခုလောက်လေးထွက်တာဆိုတော့ 😁တခြား model တွေထက် အဆပေါင်းများစွာဈေးသက်သာတယ် အလုပ်လဲမြန်မြန်ပြီးတယ်@thelapyae
The La Pyae
21 сент., 02:23
Macbook တွေရဲ့ Camera Notch ကနေ ထွက်လာတဲ့ UI အသစ်လေးရော Agent နဲ့ call ခေါ်တာတွေရော အပါအဝင် တခြား improvement တွေပါ လုပ်ပေးထားပါတယ် Enjoy using Talk 2 Notionhttps://t.me/talk2notion/149TelegramTalk2Notionhttps://apps.apple.com/us/app/talk2notion-second-brain/id6769528455 Talk2Notion : Second Brain Now it’s out version 1.1.2 • UI အသစ်လုပ်ပေးထားပါတယ် • စာကို Notion ထဲမပို့ပဲ transcript ပဲ ကူးချင်သာတွေအတွက် transcirpt only mode ရပါပြီ • Agent ကို call ခေါ်ဖို့အတွက်…
The La Pyae
20 сент., 15:30
မေး - ညီမ လူရွေးမမှားချင်ဘူး ဘာတွေရှောင်ရမလဲ ?ဖြေ - uniqlo woman section က နေဝယ်ဝတ်တဲ့ ကောင်တွေကိုပဲ ရှောင်လိုက်ပါ 😁😁😁@thelapyae
The La Pyae
20 сент., 12:53
အပြင်ထွက်ချင်တဲ့ အရွယ်မှာ အိမ်မှာအတင်းနေခိုင်းပြီးအိမ်မှာနေတာအသားကျသွားမှ အပြင်လေးဘာလေးထွက်ပြီး သူငယ်ချင်းလေးဘာလေးရှာတဲ့အော် .... မိဘများ .. 😁😁😁ပြီးရင်မေးဦးမယ်ဘယ်တော့ အိမ်ထောင်ပြုမှာလဲတို့ဘာတို့@thelapyae
The La Pyae
20 сент., 12:30
သူများလိုဖြစ်ဖို့ ကြိုးစားရတာတစ်ခါတလေ ကိုယ်ဖြစ်ချင်တဲ့ version ကိုပိုဝေးသွားစေတယ်။သူဘယ်လိုပြောလဲ သူဘယ်လိုဝတ်လဲ သူဘယ်လိုအောင်မြင်လဲ သူဘယ်လိုနေထိုင်လဲကြည့်ပြီးယူလို့ရတယ်ဒါပေမယ့် အကုန်ကူးယူလို့တော့မရဘူးကိုယ်မှာ ကိုယ့်အတွေ့အကြုံရှိတယ် ကိုယ့်အားသာချက်ရှိတယ် ကိုယ့်အမြင်ရှိတယ် ကိုယ်သွားချင်တဲ့ဘဝလည်း မတူဘူးသူများဆီက သင်ယူပါ
The La Pyae
20 сент., 10:11
Coming Soonhttps://t.me/talk2notion/148TelegramTalk2NotionMac အတွက် New UI မကြာခင်လာပါမယ် @talk2notion
