Последние посты

Voice of Myanmar
22 сент., 10:16
မုန်တိုင်းအရှိန်ကြောင့် မိုးရွာ လေပြင်းတိုက်လို့ စပါးခင်း ၊ ပြောင်းခင်းတွေ လဲကျပျက်စီးခဲ့သလို မြေပဲ၊ကြက်သွန်ခင်းတွေလည်း ပျက်စီးစက်တင်ဘာ ၂၂ ၊ ၂၀၂၆ CC (VOM)ဒီရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ မုန်တိုင်းအရှိန်ကြောင့် မိုးရွာ ၊ လေပြင်းတိုက်လို့ ဧရာဝတီတိုင်း ၊ ပဲခူးတိုင်း ၊ ရန်ကုန်တိုင်း စပါးစိုက်ခင်းအများအပြား နဲ့ ရှမ်းပြည်နယ်ထဲက ပြောင်းစိုက်ခင်းတချို့ အပင်တွေလဲကျပြီး ပျက်စီးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ဧရာဝတီတိုင်းမှာဆိုရင် ပုသိမ် ၊ အိမ်မဲ၊ ကျောင်းကုန်း၊ ညောင်တုန်း၊ ပန်းတနော်၊ မအူပင်စတဲ့မြို့နယ် တွေက စပါးစိုက်ဧက ရာနဲ့ချီပြီး လဲကျ ပျက်စီးမှုရှိခဲ့ပါတယ်။ရန်ကုန်တိုင်းမှာဆိုရင်လည်း တွံတေးမြို့နယ်၊ ခရမ်းမြို့နယ် ၊ သုံးခွ ၊ သန်လျင်မြို့နယ် အပါအဝင် စတဲ့မြို့နယ်တချို့ မှာ လေပြင်းတိုက်ခတ်မှုကြောင့် စပါးစိုက်ဧက ရာနဲ့ချီပြီး လဲကျခဲ့ကြောင်း ၊ စိုက်ခင်းထဲရေရှိတဲ့ စပါးခင်းတွေကတော့ ပျက်စီးဆုံးရှုံးမှုပိုများတယ်လို့သိရပါတယ်။" စပါးအဖုံးအလုံးတွေဖြစ်နေပြီ။အနှံထွက်တဲ့အပင်ကတချို့တလေပဲထွက်သေးတယ်။အဖုံးရင်
Voice of Myanmar
22 сент., 10:16

Voice of Myanmar
22 сент., 09:36
အုတ်တွင်းမြို့နယ် တိုက်ပွဲဆက်ဖြစ်နေလို့ ဒေသခံတွေ နေရပ်မပြန်နိုင်သေးစက်တင်ဘာ ၂၂ - ၂၀၂၆ SS (VOM)ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်မှာ အခုရက်ပိုင်းအတွင်း ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေ စစ်ဘေး တိမ်းရှောင်နေရပြီး လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးဘူးလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။အုတ်တွင်းမြို့နယ်ထဲက ကရင်ရွာ၊ ရွှေလောင်း၊ အင်းဝိုင်းနဲ့ ဘိုကုန်းကျေးရွာတွေဘက်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့ကစပြီး အစိုးရတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေ တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။တိုက်ပွဲ သုံးရက်ကြာ ငြိမ်သက်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့၊ ညနေပိုင်းက ကရင်ရွာကြီးဝန်းကျင်မှာ တကြိမ်၊ မနေ့ စက်တင်ဘာ ၂၁ ရက်၊ နေ့လယ် ၁၂ နာရီဝန်းကျင်က ပဲကြီးခုံကျေးရွာမှာ တကြိမ် ဒရုန်း တိုက်ခိုက်မှုတွေနဲ့အတူ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။“မနေ့က တိုက်ပွဲဖြစ်တဲ့အချိန် ဒရုန်းချတာ ခုနစ်လုံးလောက်ရှိတယ်။ လူအထိအခိုက်တော့ မကြားမိသေးဘူး။ အခု တိုက်ပွဲဖြစ်တဲ့ နေရာတွေက အမြန်လမ်း
Voice of Myanmar
22 сент., 09:36

Voice of Myanmar
22 сент., 06:59
စမ်းချောင်းမှာ ကျောင်းသားနှစ်ယောက်ကို ဓားနဲ့ထိုး ရိုက်နှက်ခဲ့တဲ့ ကျူးလွန်သူ ရှစ်ယောက်ကိုဖမ်းမိစက်တင်ဘာ ၂၂ ၊ ၂၀၂၆ GG (VOM)ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်း၊ စမ်းချောင်းလင့်ခ် ၊ ညစျေးတန်းမှာ ကျောင်းသားနှစ်ယောက်ကို ဓားနဲ့ထိုးသွားသူတွေထဲက မိန်းကလေးတယောက်အပါအဝင် လူငယ်ရှစ်ယောက်ကို ဖမ်းဆီးရမိပြီလို့ သိရပါတယ်။ဖမ်းဆီးရမိသူတွေက အသက် ၁၈ နှစ်အရွယ်တွေဖြစ်တဲ့ ရွှေရည်ဝတီ (ခ) သဒ္ဒါ ၊သူရိန်ထွန်း ၊ ဇင်ကို ၊ အသက် ၁၇ နှစ်အရွယ်ဖြစ်တဲ့ မင်းထက်ကျော် နဲ့ နိုင်မင်းခန့် ၊ အသက် ၂၁ နှစ် အောင်အောင်ဦး၊ အသက် ၁၄ နှစ် အောင်မြတ်သူ ၊ အသက် ၁၆ နှစ်အရွယ် ပြည့်စုံအောင် တို့ ဖြစ်တယ်လို့ သိရပါတယ်။" မနေ့က ဖမ်းမိတာလို့ သိရတယ်။ ခုဖမ်းမိတဲ့အထဲက ကောင်မလေးကို တယ်လီဂရမ်မှာ စနောက်လို့ဆိုပြီး ကောင်မလေးရည်းစားက အဖွဲ့လိုက်သွားပြီး IMC ကကျောင်းသားနှစ်ယောက်ကို သွားပြီးလုပ်ကြတာလို့သိရတယ်။ အခုစစ်နေတယ်။ " လို့ လုံခြုံရေးတပ်ဖွဲ့နဲ့နီးစပ်သူ မြို့ခံတယောက်က ပြောပါတယ်။ပြစ်မှုကျူးလွန်သူတွေထဲက အသေးလေးလို့ခေါ်တဲ့
Voice of Myanmar
22 сент., 06:59

Voice of Myanmar
22 сент., 06:24

Voice of Myanmar
22 сент., 06:24
ပုဏ္ဏားကျွန်း သိမ်းဖို့ အစိုးရတပ်က စစ်ရေးအရှိန်နဲ့ထိုးစစ်ဆင်နေစက်တင်ဘာ ၂၂ - ၂၀၂၆ SN (VOM)ရခိုင်ပြည်နယ်အတွင်းက AA ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို ပြန်လည် သိမ်းယူနိုင်ဖို့ အစိုးရတပ်က စစ်ရေးအရှိန် မြှင့်တင်ထားပြီး ဆက်လက် ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲပိုမို ပြင်းထန်လာတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့မှစတင်ကာ အစိုးရတပ်တွေက တိုက်ပွဲ ဖော်ဆောင်လာလာတာဖြစ်ပြီး လက်ရှိမှာတော့ တိုက်ပွဲကာလ ရက်ပေါင်း ၂၀ နီးပါး ရှိလာပြီဖြစ်ပါတယ်။“အစိုးရတပ်က တဖက်မှာလည်း ပုဏ္ဏားကျွန်းကိုရဖို့ ထိုးစစ်ဆင်နေသလို တဖက်မှာလည်း စစ်တွေကို မပေးရရေး ကြိုးပမ်းနေတယ်။ ပုဏ္ဏားကျွန်း - စစ်တွေအစပ်နဲ့ စစ်တွေမြို့ရဲ့ အနီးတဝိုက်က ကာကင်းစခန်းတွေကို အစိုးရတပ်က အဓိက ခြေကုတ်ယူထားတာ တွေ့ရတယ်။ စစ်တွေမြို့ဘက်ကို ဦးတည်တဲ့ စစ်မျက်နှာပြင်မှာ တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာနိုင်တယ်။ နှစ်ဖက်စလုံးက စစ်ရေးအရ အသာစီးရဖို့ ကြိုးပမ်းနေတဲ့ အခြေအနေမှာ ရှိတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။အစိုးရတပ် စစ်ရေး
Voice of Myanmar
22 сент., 05:44
ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ( ၂၀၂၆ - စက်တင်ဘာ ၂၂ ၊ နံနက် ၁၀ နာရီ) Voice of Myanmar#ရွှေဈေး-ကမ္ဘာ့ရွှေဈေး တအောင်စ ၄၃၄၆ ဒေါ်လာရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၇,၁၅၀,၀၀၀ ကျပ်ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၁၀,၁၀၀,၀၀၀ ကျပ် ဝယ်ဈေး ၁၀,၀၆၀,၀၀၀ ကျပ်
Voice of Myanmar
22 сент., 05:44

Voice of Myanmar
22 сент., 05:43
ကလေးမြို့မှာ ကွန်ပျူတာဆိုင်မီးလောင်လို့ ဝန်ထမ်းအမျိုးသမီးသုံးယောက် သေဆုံးစက်တင်ဘာ ၂၂ ၊ ၂၀၂၆ GG (VOM)စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တပ်ဦးသီတာရပ်ကွက်ရှိ ကွန်ပျူတာဆိုင်မှာ မီးလောင်မှုဖြစ်ပြီး ဆိုင်ဝန်ထမ်း အမျိုးသမီးသုံးယောက် သေဆုံးခဲ့တယ်လို့ ကလေးခရိုင်မီးသတ်ဦးစီးဌာနက သိရပါတယ်။စက်တင်ဘာ ၂၁ ရက်နေ့ည ၁၁ နာရီ ၁၀ မိနစ်လောက်မှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ် ပြီး ၊ မီလောင်ကျွမ်းချိန်မကြာပေမယ့် မီးကူးစက်မှုမြန် တဲ့အတွက် ဆိုင်အပေါ်ထပ်မှာ အိပ်နေတဲ့ ဝန်ထမ်းအမျိုးသမီးသုံးယောက် သေဆုံးခဲ့ပါတယ်။" Apple ကွန်ပျူတာမိတ္ထူဆိုင် မီးလောင်တာ။ လောင်တာအိမ်က တအိမ်တည်းပါ။ဆုံးတာက ဆိုင်အလုပ်သမားအမျိုးသမီးသုံးယောက် အပေါ်ထပ်မှာအိပ်ကြတာ။ ပိုင်ရှင်တွေက အောက်ထပ်မှာအိပ်တာ။ သူတို့က ဘေးကင်းတယ်။ မြို့မှာကတော့ ဆိုလာအင်ဗာတာနဲ့ သုံးကြတယ်။ညကျတော့ဖုန်းတွေအားသွင်းတယ်။ အဲဒီကနေ ဖုန်းအားသွင်းကပဲ အပူလွန်ကဲပြီး အနီးနားမှာရှိတဲ့စာရွက်စာတမ်းကို ကူးစက်လောင်တဲ့သဘောပါ။ အောက်ထပ်ကစလောင်တာပါ။မီးကစလောင်တဲ့အချိန်
Voice of Myanmar
22 сент., 05:43

Voice of Myanmar
22 сент., 05:42
ရန်ကင်းက သဘာဝရေကန်ထဲမှာ အမျိုးသားနှစ်ယောက်ရေနစ်သေဆုံးစက်တင်ဘာ ၂၂ ၊ ၂၀၂၆ GG (VOM)ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ (၁၁)ရပ်ကွက်၊ ညောင်ပင်သာလမ်းရှိ အုတ်စီကန်(သဘာဝရေကန်)မှာ အမျိုးသားနှစ်ယောက်ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။စက်တင်ဘာ ၂၁ ရက်နေ့ ညနေပိုင်း ၄ နာရီကျော်လောက်မှာ ရေနစ်သေဆုံးခဲ့တာဖြစ်ပြီး သေဆုံးသူတွေက အသက် ၄၀ ဝန်းကျင်အရွယ် ဖြစ်တယ်လို့ သိရပါတယ်။" ငါးမျှားရင်း အရက်သောက်ပြီး ရေဆင်းကူးကြတာမှာ ရေနစ်တာလို့ သိရတယ်။ ရေကန်က သဘာဝရေကန်ပါ။ တယောက်က ရန်ကင်း ၊ တယောက်က တောင်ဥက္ကလာကလို့တော့ သိရတယ်။ "လို့ မြေပြင်ကူညီရေးသွားရောက်ခဲ့တဲ့ မိုးစေတနာပရဟိတအသင်း(ရန်ကုန်)မှ တာဝန်ရှိသူက ပြောပါတယ်။ရုပ်အလောင်းတွေကို ညနေ ၄ နာရီ ၃၆ မိနစ် နဲ့ ၅ နာရီခွဲမှာ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပြီး လက်ရှိမှာ စံပြဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အင်းလျားကန်ထဲမှာလည်း ဗီယက်နမ်နိုင်ငံသား အမျိုးသားတယောက်ရဲ့ ရုပ်အလောင်းကို စက်တင်ဘာ ၁၃ ရက်နေ့မနက်ပိုင်းက တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။အလားတူ
Voice of Myanmar
22 сент., 05:42

Voice of Myanmar
22 сент., 05:21
လဝက မှာ ပွဲစားတွေကတဆင့် ဆောင်ရွက်မှုမရှိစေရေး စစ်ဆေးကြပ်မတ်နေမန္တလေး၊ စက်တင်ဘာ- ၂၂- ၂၀၂၆ SA(VOM)မန္တလေးတိုင်းအတွင်းက လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင် အားဝင်ကြီးဌာနတွေမှာ မှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယားပြုလုပ်ရာမှာ ပွဲစားအကျိုးဆောင်တွေကို ဆောင်ရွက်ပေးတာမပြုလုပ်ဖို့ ညွှန်ကြားထားပြီး စစ်ဆေးကြပ်မတ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။မဟာအောင်မြေမြို့နယ်၊ ကိုယ်စားလှယ်အမှတ် ၂၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြိုးသန္တာ က ဒီကနေ့ကျင်းပတဲ့ တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့ အခမ်းအနားမှာ " အိမ်ထောင်စုဇယားနဲ့ နိုင်ငံသားစစ်ဆေးရေးကတ်ပြား ပြုလုပ်ရာတွင် ပြည်သူတွေကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့နဲ့ ရုံးရှေ့မှာ Notice စာ ကပ်ပေးဖို့ကိစ္စ" ကို လွှတ်တော်ကတဆင့် သက်ဆိုင်ရာ ဝန်ကြီးဌာနကို မေးမြန်းခဲ့ပါတယ်။မန္တလေးတိုင်းဒေသကြီးအတွင်းမှာ နိုင်ငံသားတိုင်း ကိုင်ဆောင်ရမယ့် နိုင်ငံသားစိစစ်ရေးကဒ်ပြား မှတ်ပုံတင်ပြုလုပ်ရာမှာ ပြည်သူတွေကိုယ်တိုင်
Voice of Myanmar
22 сент., 05:21

Voice of Myanmar
22 сент., 01:18
တရားမဝင် ကုန်ကျစရိတ်တွေက ကုန်ဈေးနှုန်းအပေါ် သက်ရောက်မှု ရှိနေတယ်လို့ သမ္မတပြောစက်တင်ဘာ ၂၁ - ၂၀၂၆ SS (VOM)ကုန်စည်သယ်ယူ ပို့ဆောင်ရာမှာ ဖြတ်သန်းရတဲ့ဂိတ်တွေ များပြားလာပြီး အဲဒီဂိတ်တွေနဲ့ ဆက်စပ်တဲ့ တရားမဝင် ကုန်ကျစရိတ်တွေက ကုန်ဈေးနှုန်းအပေါ် သက်ရောက်မှု ရှိနေတယ်လို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောပါတယ်။ဒီကနေ့ စက်တင်ဘာလ ၂၁ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ “လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲမှာ ပြောကြားခဲ့ခြင်းဖြစ်ပြီး အဲဒီဂိတ်တွေကို သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်အလိုက် ထိန်းသိမ်းဖို့လိုတယ်လို့ ဆိုပါတယ်။“ကုန်ဈေးနှုန်း ကြီးမြင့်ခြင်း ဆိုပြီး နေ့စဉ်နဲ့အမျှ အော်နေကြတာပေါ့။ ထုတ်လုပ်မှုနဲ့ စားသုံးသူ မမျှတာပေါ့။ ထုတ်လုပ်မှုကုန်ကျစရိတ် များတာပေါ့။ သံသရာ လည်နေတာပေါ့။ ဆီဈေးကြီးလို့ သယ်ယူပို့ဆောင်ရေးစရိတ် ကြီးလာတယ်။ အဲဒီတော့ ထုတ်လုပ်မှု ကုန်ကျစရိတ်ကြီးတယ်။ ဟိုဂိတ်၊ ဒီဂိတ်တွေပေါ့။ တိုင်းတွေ၊ ပြည်နယ်တွေမှာ ဖွင့်ထားကြတယ်။
Voice of Myanmar
22 сент., 01:18

Voice of Myanmar
22 сент., 01:17
တောင်ပြုန်း မပြောပါနှင့် ရတနာ့ဂူပွဲ ကိုပင် မရောက်တော့။ဒီနေရာမှာ နေကြတုန်းပဲကို၊ ပြောင်းသွားပြီမှတ်လို့ ----------------------------------------------------- ကျွန်တော်တို့ သရက်ကုန်း အိမ်မြေကိစ္စကတော့ သွေးအေး မသွားသေး။ အိမ်မှာ အရပ်ထဲမှာ ပုံမှန်အတိုင်း ဖြစ်သော်လည်း အပြင်ထွက်လိုက်တာနှင့် တစ်နေ့တစ်မျိုး သတင်းက မရိုးပေ။ ကျွန်တော်တို့ ထိုနေရာမှာ အခြေမပျက် ရှိနေဆဲ ဆိုတာကိုပင် အံ့အားသင့်နေကြသည်။ အခြားမပြောပါနှင့် အမေ့နာရေးကို လာမေး လာပို့ကြသည့် ဆွေရင်းမျိုးရင်း မိတ်ရင်းဆွေရင်းတွေကပင် “သြော်.. ဒီအိမ်မှာပဲ ဆုံးတာကိုး၊ ဒီမြေတွေ အသိမ်းခံရလို့ ဒီအိမ်က မရှိတော့ဘဲ အခြားတစ်နေရာ ပြောင်းသွားကြပြီလို့ ကြားနေတာ” ဟုချည်း ပြောကြသည်။ ကြာတော့ စေတနာလား ဝေဒနာလားပင် မခွဲခြားနိုင်တော့ပေ။အသိပေး အကြောင်းကြားပါ့မယ်တဲ့ ---------------------------------------- ရန်ကုန်က ဦးတက်တိုး၏ အကြောင်းကြားချက်အရတော့ ချိန်းထားသည့် တနင်္လာနေ့မှာပဲ ၈မိုင်ရုံးမှာ သူတို့ မင်းသား လက်ထဲ စာရောက်သွားသတဲ့။ အရေးတကြီး ကိစ္စရှိလာလို့
Voice of Myanmar
22 сент., 01:17
တောသူ တောင်သားပေမယ့် ------------------------------- မွေးသည်မှ စ၍ အသက် ၃၀အရွယ်အထိ အဘ အမေနှင့် အတူနေခဲ့ရသည်။ အသက်၃၀မှ ၄၅နှစ်အထိ အမေနှင့်နေခဲ့ရသည်။ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးကအစ မိဘ၂ပါးကပဲ ရှေ့ဆောင်ခဲ့သည်။ ကျွန်တော် အသက်၃၀အရွယ် (၁၉၈၈) တွင် အဘက ရုတ်တရက် ကွယ်လွန်ခဲ့ရာ ကျန်ရစ်သည့် အမေက ကျန်းကျန်းမာမာဖြင့် အိမ်၏ ပြုဖွယ်ကိစ္စများကို ဦးဆောင်ခဲ့ပြန်သည်။ ဥပမာ ဆိုပါတော့ သင်္ကြန်ကြိုအိုး ပြင်ဆင်တာ၊ အခါကြီးရက်ကြီးများတွင် ကုသိုလ်ကောင်းမှု ပြုတာ၊ သီတင်းကျွတ်လဆန်း ၁၄ရက်၊ လပြည့်နှင့် လပြည့်ကျော် ၁ရက်နေ့များတွင် ဆီမီးထွန်းညှိပူဇော်တာ၊ ထိုလပြည့်ကျော် ၁ရက်နေ့ တွင် ဘုရာမီးပူဇော်ရုံမက အိမ်ပေါက် အိမ်တွင်း ရေကန်ရေတွင်း၊ ဆန်အိုး မီးဖိုကအစ မီးထွန်းညှိတာ၊ တပိုတွဲလပြည့်နေ့နံနက်စောစော မီးပုံးထင်းနှင့် ထမနှဲ ဆွမ်းပူဇော်တာ စသည်တို့ ဖြစ်သည်။သည်နေရာတွင် ကျွန်တော် သတိတရ ပြောပါဦးမည်။ အဘတို့ အမေတို့က တောသူတောင်သားဖြစ်ပေမယ့် ကိုကွယ်ရာအဖြစ် ဘုရားတရားသံဃာ ရတနာ၃ပါးပဲ ဖြစ်သည်။ အဘ၏ မိခင်ရင်းရော၊ မိခင်ဆုံပြီး မိထွေးရော
Подписчики пишут боту, вы отвечаете реплаем, ваш аккаунт скрыт. Создаётся в одно касание.
Как это работает →