Последние посты

The Voice Of Spring | နွေဦးအသံ |
26 сент., 11:25
◼️ပေါက်နဲ့ မြိုင်ရှိ စစ်ဘေးရှောင်တွေအတွက် NUG နဲ့ မကွေးယူနစ်အစိုးရတို့က ကျပ်သိန်း ၁,၀၀၀ ထောက်ပံ့၂၆ စက်တင်ဘာ ||| နွေဦးအသံ |||မကွေးဒေသ၊ ပေါက်နဲ့ မြိုင်မြို့နယ်တွေမှ စစ်ဘေးရှောင် ပြည်သူတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ ပူးပေါင်းပြီး တမြို့နယ်ကို ကျပ်သိန်း ၅၀၀ စီ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ဖို့အတွက် ပေါက်နဲ့ မြိုင်မြို့နယ်မှ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးနဲ့ လူသားစာနာ တာဝန်ခံတွေထံ ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တယ်လို့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက စက်တင်ဘာ ၂၅ ရက် ညပိုင်းမှာ အသိပေးထားတာပါ။အဆိုပါ ထောက်ပံ့ငွေတွေကို လူမှုစီးပွားတာဝန်ယူမှု (CSR) ရန်ပုံငွေတွေမှ ရရှိတာဖြစ်ပြီး ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ ဝန်ကြီးချုပ် ဒေါက်တာ ရဲထွန်းဇော်နဲ့ NUG အစိုးရ ဒုဝန်ကြီး ဒေါက်တာ ငိုင်းတမ်မောင်းတို့က ဦးဆောင်ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။အခုလို ထောက်ပံ့နိုင်မှုဟာ NUG အစိုးရ၊ လူသားစာနာ ဒုဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်း ဦးဆောင်တဲ့ CSR ကော်မတီနဲ့ မကွေးဖက်ဒရယ်ယူနစ် CSR ကော်မတီတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု ရလဒ်ဖြစ်တယ်လို့ မကွေးယူနစ်အစိုးရ ဝန်ကြီးချုပ် ဒေါက်တာ ရဲထွန်းဇော်က သူရဲ့ လူမှုကွန်ရက်မှတဆင့် အသိပေးထားတာ တွေ့ရပါတယ်။Photo | မကွေးဖက်ဒရယ်ယူနစ် အစိုးရ©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
The Voice Of Spring | နွေဦးအသံ |
26 сент., 07:33
◼️စလေမြို့ရှိ ခလရ ၄၁၆ စစ်တပ်ဂိတ်ကို ပကဖ စီးနင်းတိုက်ခိုက်၊ စကစ ၇ ဦးသေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိ၂၆ စက်တင်ဘာ ||| နွေဦးအသံ |||မကွေးဒေသ၊ စလေမြို့ရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ စက်တင်ဘာ ၂၅ ရက်၊ မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေး တပ်ခွဲ ၄ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။စစ်ကောင်စီတပ် ခလရ ၄၁၆ ရဲ့ အုတ်ဖိုဂိတ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးပြီး ၄ ဦး ဒဏ်ရာအပြင်းအထန်ရခဲ့တဲ့အပြင် MA1 ၁ လက်၊ MA2 ၁ လက်နဲ့ ကျည်ဘောက် ၂ ခုကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။အဲဒီတိုက်ပွဲကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့တဲ့အပြင် တော်လှန်ရေးရဲဘော်တွေလည်း အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ အဆိုပါတပ်က အသိပေးထားတာ တွေ့ရပါတယ်။Photo | မကွေးခရိုင် ပကဖ©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
The Voice Of Spring | နွေဦးအသံ |
26 сент., 05:11
◼️နွားထိုးကြီးမှာ စစ်အုပ်စုကို ပစ်ခတ်ဖမ်းဆီးရာ ပျူခေါင်းဆောင် သီတာယုမွန်ရဲ့တပည့်ကို လက်နက်နဲ့ အရှင်ဖမ်းမိ၂၆ စက်တင်ဘာ ||| နွေဦးအသံ |||မန္တလေး၊ နွားထိုးကြီးမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုကို မြင်းခြံခရိုင် အမှတ် ၉ တပ်ရင်း - Myingyan Black Tiger (MBT) က စက်တင်ဘာ ၂၀ ရက်၊ ညနေ ၄ နာရီခွဲခန့်မှာ ပစ်ခတ်ဖမ်းဆီးရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးကို အရှင်ဖမ်းမိပြီး သေနတ် တလက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။စစ်ရေးလှုပ်ရှားရာ နယ်မြေအတွင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို ပစ်ခတ်တားဆီးစဉ် လက်နက်ချဖို့အကြိမ်ကြိမ်ပြောဆိုသော်လည်း ထွက်ပြေးတဲ့အတွက် မဖြစ်မနေပစ်ခတ်ခဲ့တယ်လို့ MBT တပ်ဖွဲ့က စက်တင်ဘာ ၂၅ ရက်မှာ ရုပ်သံမှတ်တမ်းနဲ့တကွ ဖော်ပြထားတာပါ။အဲဒီနောက် စစ်တပ်လက်ပါးစေ ပျူစောထီး ခေါင်းဆောင် သီတာယုမွန်ရဲ့ တပည့်ဖြစ်သူ ဝဏ္ဏစိုးကို ဖမ်းဆီးနိုင်ခဲ့ပြီး လက်လုပ်ပစ္စတိုသေနတ် တလက်ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။မြို့ပြမှာနေတဲ့လူငယ်တွေအနေနဲ့လည်း အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှုထမ်းဖို့ မတရားဖမ်းဆီးပေါ်တာဆွဲမှုတွေကနေ လွတ်မြောက်အောင်ရုန်းထွက်ဖို့ Myingyan Black Tiger (MBT) က အသိပေးတိုက်တွန်းထားတာ တွေ့ရပါတယ်။©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
The Voice Of Spring | နွေဦးအသံ |
25 сент., 13:28
◼️စစ်မှုထမ်းကင်းလွတ်နေတဲ့ အနုပညာရှင်၊ ခရိုနီတွေနဲ့ သားသမီးတွေလဲ အလှည့်ကျစစ်မှုထမ်းရမည်ဟု စစ်တပ်ပြော၂၅ စက်တင်ဘာ ||| နွေဦးအသံ |||တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူကို အကြမ်းဖက်စစ်တပ်က နည်းမျိုးစုံနဲ့ အဓမ္မစစ်သားစုဆောင်းနေသော်လည်း ကင်းလွတ်ခွင့်ရနေသေးတဲ့ အနုပညာရှင်၊ အတတ်ပညာရှင်၊ လုပ်ငန်းရှင်တွေနဲ့ သူတို့ရဲ့ သားသမီးတွေကိုပါ အလှည့်ကျစစ်မှုထမ်းဆင့်ခေါ်သွားမယ်လို့ စစ်တပ်က သတိပေးလိုက်ပါတယ်။လက်ရှိ ထိပ်ပိုင်းစစ်ခေါင်းဆောင်တွေရဲ့ သားသမီးတွေပါ စစ်မှုထမ်းနိုင်သော်လည်း နိုင်ငံတကာနည်းတူ အနုပညာရှင်၊ အတတ်ပညာရှင်၊ လုပ်ငန်းရှင်တွေနဲ့ သူတို့ရဲ့ သားသမီးတွေကိုပါ စစ်မှုထမ်းဆင့်ခေါ်ဖို့ အစီအစဉ် ရှိမရှိ ကြံ့ဖွံ့အမတ် တဦးက မေးမြန်းရာမှာ စစ်အုပ်စု ကာကွယ်ရေးဒုဝန်ကြီးက ဖြေဆိုခဲ့တာပါ။အနုပညာရှင်၊ အတတ်ပညာရှင်၊ လုပ်ငန်းရှင်တွေနဲ့ သူတို့ရဲ့ သားသမီးတွေ အပါအဝင် "စစ်မှုထမ်းဥပဒေပါ သတ်မှတ်ချက်နဲ့ ကိုက်ညီသူတိုင်း အလှည့်ကျပါက ဆင့်ခေါ်မှာဖြစ်သလို ကင်းလွတ်ခွင့်ရနိုင်သူတွေမှလွှဲပြီး ကျန်တဲ့သူတွေ အလှည့်ကျစစ်မှုထမ်းရမှာဖြစ်တယ်"- လို့ စက်တင်ဘာ ၂၄ ရက်မှာ ပြုလုပ်တဲ့ စစ်အုပ်စုရဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အရပ်ဝတ်လဲထားတဲ့ ရွေးတုစစ်အစိုးရ၊ စစ်တပ်ခန့် ကာကွယ်ရေးဒုဝန်ကြီး အောင်မျိုးသန့်က တုံ့ပြန်ပြောဆိုခဲ့ပါတယ်။သို့သော်လည်း လက်တွေမှာတော့ စစ်ဗိုလ်ချုပ်များစွာနဲ့ သားသမီးတွေအပါအဝင် စစ်အုပ်စုနဲ့ နီးစပ်တဲ့ သရုပ်ဆောင်၊ အဆိုတော်၊ ခရိုနီလုပ်ငန်းရှင်တွေနဲ့ သူတို့ရဲ့ သားသမီးတွေဟာ ပြည်သူများ အဓမ္မဖမ်းဆီး ပေါ်တာဆွဲခံရပြီး နည်းမျိုးစုံနဲ့ စစ်သားစုဆောင်းခံနေရသော်လည်း စစ်တပ်အလိုကျ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ပြီး စစ်မှုထမ်းကင်းလွတ်နေဆဲ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။Photo | စစ်တပ်ပြုလုပ်သည့် ရွေးကောက်ပွဲမဲဆွယ်မှု၊ သင်္ကြန်ပွဲတို့တွင်တွေ့ရသည့် သရုပ်ဆောင်၊ အဆိုတော်များ (ပုံဟောင်း/လူမှုကွန်ယက်)။©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
The Voice Of Spring | နွေဦးအသံ |
25 сент., 05:42изменён
◼️ဂန့်ဂေါမြို့နယ် ပကဖ တာဝန်ရှိသူတွေနဲ့ ရဲဘော်များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ၂၅ စက်တင်ဘာ ||| နွေဦးအသံ |||မကွေးဒေသ၊ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ ရဲ့ မြို့နယ်၊ တိုက်နယ် တာဝန်ခံတွေနဲ့ ရဲဘော်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ အဆိုပါအဖွဲ့ရဲ့ စက်တင်ဘာ ၂၅ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဂန့်ဂေါမြို့နယ် ပကဖ တပ်ခွဲ ၁၊ ၂၊ ၃၊ ၄ မှ ရဲဘော်တွေနဲ့ မြို့နယ် တာဝန်ခံ၊ တိုက်နယ်တာဝန်ခံတွေ မြေပြင်မှာ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြတဲ့ ဓာတ်ပုံမှတ်တမ်းအချို့နဲ့အတူ ဖော်ပြထားတာပါ။ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း ဂန့်ဂေါမြို့နယ် ပကဖ တပ်ခွဲ ၂ (နဂါးညီနောင်)၊ တပ်ခွဲ ၃ (တောင်ပိုင်းတိုက်နယ်) မှ တို့မှ ပကဖ ရဲဘော်တွေကို မကွေးတိုင်း ပကဖ တာဝန်ခံ၊ ဂန့်ဂေါခရိုင် ပကဖ တာဝန်ခံနဲ့ အဖွဲ့ဝင်တွေက လာရောက်တွေ့ဆုံပြီး တော်လှန်ရေး ရှေ့လုပ်ငန်းစဉ်တွေနဲ့ စိတ်ဓာတ်ခွန်အားမြှင့်တင်ရေး အားပေးစကား ပြောကြားခဲ့ကြတယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
The Voice Of Spring | နွေဦးအသံ |
24 сент., 16:02
◼️အလင်းဝင်လာတဲ့ (ပစ)၃ ဦးကို စိုးမိုးနယ်မြေမှာ လုံခြုံစွာနေရာချပေးထားဟု မင်းဘူး PDF အသိပေး၂၄ စက်တင်ဘာ ||| နွေဦးအသံ |||မကွေးဒေသ၊ စလင်းမြို့နယ်အခြေစိုက် PDF မင်းဘူးခရိုင် တပ်ရင်း ၁ ထံ အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှုထမ်းတပ်သား(ပစ) ၃ ဦး အလင်းဝင်ရောက်ခဲ့တာကြောင့် မိသားစုနဲ့အတူ လုံခြုံစွာနေရာချပေးထားတယ်လို့ စက်တင်ဘာ ၂၄ ရက်၊ အဆိုပါတပ်ရင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။စစ်အုပ်စုရဲ့ အဓမ္မပေါ်တာဆွဲခြင်းခံရပြီး စစ်မှုထမ်းသင်တန်းတက်ခဲ့ရတဲ့ အပတ်စဉ် ၁၄ မှ တပ်သား ၁ ဦးနဲ့ အပတ်စဉ် ၂၆ မှ တပ်သားတဦးတို့ အလင်းဝင်ရောက်လာတဲ့အတွက် သူတို့ကို တပ်ရင်းစိုးမိုးနယ်မြေမှာ မိသားစုနဲ့အတူ အေးချမ်းလုံခြုံစွာနေရာချပေးထားတယ်လို့ အသိပေးထားတာပါ။အလင်းဝင်ရောက်လိုတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နွေးထွေးစွာကြိုဆိုလျက်ရှိသလို လူအခွင့်အရေးအပြည့်အဝရရှိစေပြီး လက်နက်ခဲယမ်းတွေ ယူဆောင်လာပါက ထိုက်တန်စွာဂုဏ်ပြုဆုငွေတွေ ချီးမြှင့်ပေးသွားမယ်လို့ ကြေညာထားပါတယ်။ဒါကြောင့် အကြမ်းဖက်စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူ့အကျိုးကို ရှေးရှုပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံသို့ အလင်းဝင်ရောက်ပူးပေါင်းလာကြဖို့ကိုလည်း မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းက တိုက်တွန်းနှိုးဆော်ထားတာ တွေ့ရပါတယ်။Photo | မင်းဘူးခရိုင်တပ်ရင်း ၁©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
The Voice Of Spring | နွေဦးအသံ |
24 сент., 12:57
◼️စစ်အင်အားဖြည့်ဖို့ လူငယ် ၂၀၀ နီးပါး စစ်တပ်က အဓမ္မဖမ်းဆီးခဲ့ပြီး ရွာစဉ်လှည့် ပေါ်တာဆွဲနေဟုဆို၂၄ စက်တင်ဘာ ||| နွေဦးအသံ |||ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ရှိ လက်လွှတ်လိုက်ရတဲ့ တပ်စခန်းပြန်လည်ရရှိရေး အကြမ်းဖက်စစ်တပ်က ထိုးစစ်ဆင်လာတာကြောင့် KIA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်အင်အားဖြည့်တင်းဖို့ လူငယ် ၂၀၀ နီးပါးကို စစ်တပ်က အဓမ္မပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။မြန်မာ-တရုတ်နယ်စပ်၊ အမတ်ပေါ်ဒေသ၊ နယ်ခြားမှတ်တိုင် (၃၀) အနီးရှိ ရဟတ်ယာဉ်ကွင်း ပါရှိပြီး စစ်ဗျူဟာအရ အရေးပါတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ် ပူးပေါင်းစခန်းကို KIA ပူးပေါင်းတပ်တွေက စက်တင်ဘာ ၁၈ ရက်မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။အဆိုပါ ဗျူဟာစခန်း လက်လွှတ်ခဲ့ရပြီးနောက် စစ်ကောင်စီနဲ့ လက်အောက်ခံ ပြည်သူ့စစ် ပူးပေါင်းတပ်တွေက စခန်းပြန်လည်ရရှိရေး တန်ပြန်ထိုးစစ်လာတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ KIO/KIA သတင်းပြန်ကြားရေး LAIZA TV က စက်တင်ဘာ ၂၃ ရက်၊ ညပိုင်းမှာ ကြေညာခဲ့တာပါ။ဒါ့အပြင် ပူတာအို၊ မချမ်းဘော၊ နောင်မွန်း မြို့နယ်တွေနဲ့ အနီးဝန်းကျင် ကျေးရွာတွေမှ ဒေသခံလူငယ် ၁၉၀ ကျော်ကို စစ်အုပ်စုက စစ်အင်အားဖြည့်တင်းဖို့ အဓမ္မစစ်သားစုဆောင်းသွားသလို ပစ္စည်းသယ်ယူရာမှာ စေခိုင်းဖို့အတွက် ရွာစဉ်လှည့်ပြီး ပေါ်တာဆွဲလျက်ရှိတယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။Photo | KIA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
The Voice Of Spring | နွေဦးအသံ |
24 сент., 10:22
◼️စစ်ကောင်စီတပ်သားနဲ့ ပျူ ၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ၂၄ စက်တင်ဘာ ||| နွေဦးအသံ |||စစ်ကိုင်းဒေသ၊ ကန့်ဘလူမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်အုပ်စု ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက စက်တင်ဘာ ၂၄ ရက်၊ မနက် ၂ နာရီခန့်မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးပြီး သေနတ် ၅ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ပျဉ်းတော်ကျေးရွာလမ်းဆုံရှိ စစ်တပ် ဂိတ်စခန်းကို စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ၇ ဦး သေဆုံးပြီး ကာဘိုင်သေနတ် ၅ လက်၊ ခဲယမ်းဆက်စပ်ပစ္စည်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ပကဖ၊ ပအဖ တို့က အသိပေးထားတာပါ။အဆိုပါစခန်းသိမ်း တိုက်ပွဲကို ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး မိနစ်ပိုင်းအတွင်း သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။Photo | ကန့်ဘလူ ပအဖ©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
The Voice Of Spring | နွေဦးအသံ |
22 сент., 17:09
◼️ရခိုင်-မကွေးအစပ် စစ်တပ်ကို AA ၂ ရက်တာတိုက်ခိုက်မှု စကစများစွာသေဆုံးပြီး လက်နက်အမြောက်အများသိမ်းရ၂၂ စက်တင်ဘာ ||| နွေဦးအသံ |||ရခိုင်နဲ့ မကွေးအစပ် နေရာ ၃ နေရာမှာ အကြမ်းဖက်စစ်တပ်ကို အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေက စက်တင်ဘာ ၂၀ နဲ့ ၂၁ ရက်တို့မှာ ၂ ရက်တာ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။မင်းတုန်းမြို့နယ်အစပ် သဖန်ရောင်ကျေးရွာ၊ ကံကြိုးကျေးရွာနဲ့ ပွိုင့် ၉၄၈ ကုန်းအနီးတို့မှာ ၂ ရက်တာတိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း သေဆုံးခဲ့တဲ့ စစ်အုပ်စု အလောင်းများစွာနဲ့ သိမ်းဆည်းရရှိ လက်နက်ခဲယမ်း အမြောက်အများကို AA က ထပ်မံထုတ်ပြထားတာပါ။ရခိုင်ပြည်နယ်အတွင်း ဆုံးရှုံးထားတဲ့ မြို့နယ်တွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်တပ်က 'ရန်နိုင်အောင်စစ်ဆင်ရေး' လို့ အမည်တပ်ပြီး အင်အားအလုံးအရင်းအသုံးပြုကာ ဖြန့်ကျက်ထိုးစစ်ဆင်နေသော်လည်း သေဆုံးထိခိုက်၊ ဆုံးရှုံးမှုများစွာနဲ့ အထိနာလျက်ရှိတယ်လို့ သတင်းရရှိပါတယ်။
The Voice Of Spring | နွေဦးအသံ |
22 сент., 17:08





The Voice Of Spring | နွေဦးအသံ |
22 сент., 15:11
◼️ကော့သောင်းမှာ စစ်ထဲထည့်ဖို့ စစ်တပ်ဖမ်းဆီးထားသူ ၂ ဦးနဲ့ ပစတဦးကို ပကဖ ကယ်ထုတ်🔹စစ်မှုထမ်း(ပစ)က တော်လှန်ရေးရဲဘော်အဖြစ် စစ်တပ်ကို ပြန်လည်တိုက်ခိုက်မည်ဟုဆို၂၂ စက်တင်ဘာ ||| နွေဦးအသံ |||ကော့သောင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က စစ်ထဲထည့်ဖို့ အဓမ္မဖမ်းဆီးချုပ်နှောင်ထားတဲ့ လူငယ် ၂ ဦးနဲ့ စစ်မှုထမ်း(ပစ)တဦးကို မြို့နယ် (ပကဖ) က ကယ်ထုတ်ခဲ့ပြီး စစ်မှုထမ်းတပ်သားက စစ်တပ်ကို ပြန်လည်တိုက်ခိုက်လိုတာကြောင့် စီစဉ်ဆောင်ရွက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။မလိဝမ်းကျေးရွာ၊ စစ်တပ်လက်ပါးစေ အုပ်ချုပ်ရေးမှူးရုံးမှာ စစ်တပ်က စစ်မှုထမ်းတပ်သားအဖြစ်စေခိုင်းဖို့ ပေါ်တာဆွဲဖမ်းဆီးချုပ်နှောင်ထားတဲ့ ကျော်မင်းဦး (၂၁ နှစ်)နဲ့ ကျော်မင်းခန့် (၂၄ နှစ်)တို့ကို ပကဖ ရဲဘော်တွေက စက်တင်ဘာလထဲမှာ သွားရောက်ကယ်တင်နိုင်ခဲ့တယ်လို့ မြို့နယ် ပကဖ က ထုတ်ပြန်ထားတာပါ။အလားတူ ကော့သောင်းအခြေစိုက် စစ်တပ် ခလရ ၂၆၂ မှ ပြည်သူ့ရင်ခွင်ခိုလှုံလိုတဲ့ အပတ်စဉ် ၂၀ ဆင်း စစ်မှုထမ်းတပ်သား(ပစ) ဇော်ကိုကို ကိုလည်း ပကဖ ရဲဘော်တွေက စက်တင်ဘာလထဲမှာပဲ
The Voice Of Spring | နွေဦးအသံ |
22 сент., 15:11





The Voice Of Spring | နွေဦးအသံ |
22 сент., 13:48
◼️စလင်းမှာ မီးဘေးသင့် ပြည်သူတွေကို ပကဖ ငွေကြေးနဲ့ ရိက္ခာတွေ ထောက်ပံ့၂၂ စက်တင်ဘာ ||| နွေဦးအသံ |||မကွေးဒေသ၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ မီးဘေးသင့် ပြည်သူတွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ ရဲဘော်/ရဲမေတွေက ငွေကြေးနဲ့ ရိက္ခာတွေ သွားရောက်ကူညီထောက်ပံ့ခဲ့တယ်လို့ မြို့နယ် ပကဖ ရဲ့ စက်တင်ဘာ ၂၂ ရက်၊ ထုတ်ပြန်ချက်အရ သိရပါတယ်။စစ်တပ် စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတာကြောင့် စားဝတ်နေရေး အခက်အခဲတွေ ရင်ဆိုင်နေကြရတဲ့ မြို့နယ် ပကဖ နဲ့ ရပ်ကျေး ပကဖ တွေရဲ့ မိသားစုဝင် အိမ်ထောင်စု ၅၀ ခန့်ကို ငွေကြေးနဲ့ ဆန်တွေ သွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။နိုင်ငံတဝှမ်းမှာ NUG အစိုးရက ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ တွေကို ကျယ်ပြန့်စွာ ဖွဲ့စည်းထားပြီး လူထုစည်းရုံးရေး၊ ပြည်သူ့စစ်မဟာဗျူဟာ ဖော်ဆောင်ရေးနဲ့ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေ စနစ်တကျ လုပ်ဆောင်လျက်ရှိတယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup✅ဆ
The Voice Of Spring | နွေဦးအသံ |
22 сент., 13:48




The Voice Of Spring | နွေဦးအသံ |
22 сент., 13:48





The Voice Of Spring | နွေဦးအသံ |
22 сент., 11:17
◼️အညာမှာ အောင်ပွဲရရှေ့တန်းပြန်ရဲဘော်တွေနဲ့ ရှေ့တန်းထွက်မယ့်ရဲဘော်တွေကို ဂုဏ်ပြုညစာစားပွဲပြုလုပ်၂၂ စက်တင်ဘာ ||| နွေဦးအသံ |||အညာတမာစစ်ဆင်ရေး ရှေ့တန်းစစ်မြေပြင်မှ ပြန်လာတဲ့ ရဲဘော်တွေနဲ့ ရှေ့တန်းထွက်မယ့် ရဲဘော်တွေကို ကြိုဆိုခြင်းနဲ့ ဂုဏ်ပြုညစာစားပွဲ စက်တင်ဘာ ၂၀ ရက်၊ ညပိုင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။အညာမြေတပ်ပေါင်းစုနဲ့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့မှ ရှေ့တန်းပြန်လာတဲ့ ရဲဘော်တွေ၊ ရှေ့တန်းသွားကြမယ့် ရဲဘော်တွေအတွက် ကြိုဆိုပွဲ၊ ဂုဏ်ပြုညစာစားပွဲကို တော်လှန်ပြည်သူအလှူရှင်တွေရဲ့ ပါဝင်လှူဒါန်းမှုတွေနဲ့ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း အညာမြေတပ်ပေါင်းစုက ဖော်ပြထားတာပါ။တမာမြေစစ်ဆင်ရေး၊ အမေစုစစ်ဆင်ရေးနဲ့ အညာတမာစစ်ဆင်ရေးတွေမှာ အညာမြေတပ်ပေါင်းစုနဲ့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်တွေအနေနဲ့ တောက်လျှောက်လိုက်ပါပြီး တိုက်ပွဲဝင်လျက်ရှိတယ်လို့ ဆိုပါတယ်။အဲဒီစစ်ဆင်ရေးတွေမှာ အောင်ပွဲနဲ့အတူ ပြန်လာနိုင်တဲ့ ရဲဘော်တွေအတွက် ဝမ်းမြောက်ဂုဏ်ယူရသော်လည်း ကျဆုံးခဲ့ရတဲ့
The Voice Of Spring | နွေဦးအသံ |
22 сент., 11:17





The Voice Of Spring | နွေဦးအသံ |
22 сент., 06:28изменён
◼️ရခိုင်လူမျိုးတို့အထွတ်အမြတ်ထားရာ တောင်ဖူးဘုရားကြီးကို စစ်တပ်ဗုံးကြဲဖျက်ဆီး၊ အမျိုးသမီး တဦးသေဆုံး၂၂ စက်တင်ဘာ ||| နွေဦးအသံ |||ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး တဦးသေဆုံးပြီး တဦးအပြင်းအထန်ဒဏ်ရာရခဲ့တဲ့အပြင် တောင်ဖူးဘုရားကြီးရဲ့ ကျောင်းဆောင်တော်လည်း ကြီးမားစွာပျက်စီးခဲ့တယ်လို့ သိရပါတယ်။ရခိုင်လူမျိုးတို့ အထွတ်အမြတ်ထားတဲ့ သမိုင်းဝင်တောင်ဖူးဗုဒ္ဓရုပ်ပွားတော်မြတ် စံပယ်ရာ သာသနိကမြေဖြစ်တဲ့ တောင်ဖူးကျေးရွာကို စစ်ကောင်စီ လေတပ်က စက်တင်ဘာ ၂၀ ရက် ည ၁ နာရီခန့်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းမီဒီယာအချို့မှာ ဖော်ပြထားတာပါ။တိုက်ခိုက်မှုကြောင့် အသက် ၃၂ နှစ်အရွယ် အမျိုးသမီး တဦးသေဆုံးပြီး အသက် ၄၃ နှစ်အရွယ် အမျိုးသမီး တဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့တဲ့အပြင် ဉာဏ်တော်အမြင့်ဆုံး ရုပ်ပွားတော်များထဲမှ တဆူဖြစ်တဲ့ တောင်ဖူးဘုရား ကျောင်းဆောင်တော်ကြီး ကြီးမားစွာပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ဒါ့အပြင် ကျေးရွာထဲရှိ ဘုန်းတော်ကြီးကျောင်းဆောင်တွေနဲ
The Voice Of Spring | နွေဦးအသံ |
22 сент., 06:28





The Voice Of Spring | နွေဦးအသံ |
21 сент., 13:53
◼️ဘီးလင်းမှာ စစ်တပ်က ပေါင် ၅၀၀ ဗုံးများကြဲချတိုက်ခိုက်ခဲ့သဖြင့် စာသင်ကျောင်းများအပါနေအိမ် ၄၀ ခန့်ပျက်စီး၂၁ စက်တင်ဘာ ||| နွေဦးအသံ |||မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ အကြမ်းဖက်လေတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးများကြဲချတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းတွေအပါအဝင် ပြည်သူပိုင်နေအိမ်အဆောက်အအုံ ၄၀ လုံးခန့် ပျက်စီးခဲ့တယ်လို့ KNU ရဲ့ စက်တင်ဘာ ၂၁ ရက်ထုတ်ပြန်ချက်အရ သိရပါတယ်။ကျသောင်းဆိပ်ကျေးရွာကို စစ်ကောင်စီလေတပ်က စက်တင်ဘာ ၁၉ ရက်၊ ည ၁၁ နာရီခန့်မှာ ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ရွာအနောက်ပိုင်းရှိ စာသင်ကျောင်း ၃ ကျောင်း၊ ဝန်ထမ်းအိမ်ရာ ၁ လုံး၊ နေအိမ် ၂ လုံးနဲ့ အရှေ့ပိုင်းရှိ စာသင်ကျောင်း ၂ ကျောင်း အပါအဝင် ပြည်သူပိုင်နေအိမ်အဆောက်အအုံ ၃၆ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ဒါ့အပြင် တရက်တည်းမှာပဲ ကျသောင်းဆိပ်ရွာအနောက်ခြမ်းကို ကတိုင်ဒိ အခြေစိုက်စစ်တပ်က ည ၁၁ နာရီ ၄၀ မိနစ်ခန့်မှာ ၁၂၀ မမ လက်နက်ကြီး ၄ လုံး နဲ့ ထပ်မံပစ်ခတ်ခဲ့တာကြောင့် ပြည်သူလူထုရဲ့ လုပ်ငန်းခွင်တွေနဲ့
