gram news
Ultras Blue Lions channel avatar

Ultras Blue Lions

@bluelions2345

Once a blue , Always a blue 💙💙

ProjectsENSports

6,010subscribers

Open the Channel

Latest posts

  • Ultras Blue Lions

    22 Sept, 12:48

    🚨 🔵 အသင်းမှာ ပွဲထွက်ခွင့် နည်းပါးနေတာနဲ့ ပတ်သက်လို့ ဇာဗီအလွန်ဆိုရဲ့လက်အောက်မှာ ကစားနေရတဲ့ Estevao ရဲ့ ပြောကြားချက်နည်းပြတိုင်းမှာတော့ သူတို့ရဲ့ ကိုယ်ပိုင်ကစားဟန်နဲ့ နည်းဗျူဟာတွေ ရှိကြတာပါပဲ။ ကျွန်တော်ကတော့ နေ့တိုင်း လေ့ကျင့်ရေးဆင်းတယ်၊ အကောင်းဆုံး ကြိုးစားအားထုတ်တယ်၊ ဒါကပဲ ကျွန်တော် လုပ်ဆောင်နေတဲ့ အရာပါ။ ချယ်လ်ဆီးမှာ အရည်အသွေးမြင့် ကစားသမားတွေ အများကြီး ရှိပါတယ်။ ဒါကြောင့် ကျွန်တော် ရရှိထားတဲ့ အခွင့်အရေးနဲ့ ကိုယ်တိုင် ထိန်းချုပ်လို့ရတဲ့ အရာတွေပေါ်မှာပဲ အာရုံစိုက်ထားပြီး လေ့ကျင့်ရေးမှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားနေပါတယ်။ အခွင့်အရေး ရလာတဲ့ အခါတိုင်းမှာလည်း အကောင်းဆုံး ပေးဆပ်ကစားသွားမှာပါ၊ ဒါကတော့ နေ့ရက်တိုင်း ကြိုးစားသွားရမယ့် အရာတစ်ခုပါပဲ။" ရသမျှ အခွင့်အရေးတိုင်းကို အမိအရ ဆုပ်ကိုင်နိုင်အောင် ကြိုးစားတယ်၊ ကိုယ်တိုင် ထိန်းချုပ်လို့ရတဲ့ အရာအားလုံးကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပြီး ကျန်တာကိုတော့ ဘုရားသခင်ရဲ့ လက်ထဲပဲ ပုံအပ်ထားပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အပြည့်အဝ ယုံကြည်မှု ရှိပါတယ်
    Image from a post by Ultras Blue LionsImage from a post by Ultras Blue Lions
  • Ultras Blue Lions

    22 Sept, 08:35

    အသင်းရဲ့ တာဝန်ရှိသူတွေက လူငယ်နောက်ခံလူ အချဉ်ပေါင်းကို အသင်းကနေ ထွက်ခွာသွားမှာကို စိုးရိမ်နေကြပြီး အခုလာမယ့် ဇန်နဝါရီကာလမှာ စာချုပ်သစ် ထပ်မံချုပ်‌ဆိုသွားဖို့ ပြင်ဆင်နေကြပါတယ် ။#UBL
    Image from a post by Ultras Blue LionsImage from a post by Ultras Blue Lions
  • Ultras Blue Lions

    22 Sept, 01:29

    နိုင်ငံတကာပြိုင်ပွဲအပြီး အလွန်ဆိုဖြေဆိုရမယ့် အောက်တိုဘာလ ပရီးမီးယားလိဂ်ခရီးကြမ်းကတော့ စတင်တော့မှာ ဖြစ်ပါတယ် ။ရမှတ်ဘယ်လောက်အထိ ရရှိမယ်လို့ ထင်ကြလဲ ?#UBL
    Image from a post by Ultras Blue LionsImage from a post by Ultras Blue Lions
  • Ultras Blue Lions

    21 Sept, 12:19

    အသင်းရဲ့ အဓိကကစားသမားတွေဖြစ်ကြတဲ့ ရီစီဂျိန်း ၊ ပယ်လ်မာ ၊ ဂျာအိုပက်ထရို ၊ ကိုင်စီဒိုတို့ဟာ သက်ဆိုင်ရာနိုင်ငံအသင်းရဲ့ လူစာရင်းတွေကနေ အသီးသီးနှုတ်ထွက်ထားခဲ့ကြပါတယ် ။ ဒဏ်ရာပြသာနာကြောင့် နှုတ်ထွက်ခဲ့ပြီး မကြာခင် ကော့ဟမ်ကို ပြန်လာကာ ကြံ့ခိုင်မှုပြည့်ဝအောင် လုပ်‌ဆောင်သွားဖို့ ရှိနေကြပါတယ် ။#UBL
    Image from a post by Ultras Blue LionsImage from a post by Ultras Blue Lions
  • Ultras Blue Lions

    21 Sept, 09:27

    ချယ်လ်ဆီးအသင်းဖက်ကတော့ ကိုးလ်ပါးမား အင်္ဂလန်အသင်းကနေ နှုတ်ထွက်သွားတာဟာ အသေးစားကြွက်သားဒဏ်ရာကြောင့်ဖြစ်တယ်လို့ ပြောဆိုထားပြီး လိုအပ်တဲ့ ကုသမှု ပြုလုပ်ဖို့ ဖြစ်တယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ် ။#UBL
    Image from a post by Ultras Blue LionsImage from a post by Ultras Blue Lions
  • Ultras Blue Lions

    21 Sept, 02:31

    ကိုင်စီဒိုက အီကွေဒေါလူစာရင်းကနေ နှုတ်ထွက်ခဲ့ပြီး ၊ သူ့အနေနဲ့ ဒဏ်ရာကနေ ရှောင်လွှဲချင်ခဲ့တာဖြစ်ပါတယ် ။ နိုင်ငံတကာပွဲပြီးလို့ ပရီးမီးယားလိဂ်ပြန်စတာနဲ့ ကြံ့ခိုင်မှုအပြည့်နဲ့ အသင်းအတွက် ကစားပေးနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ် ။#UBL
    Image from a post by Ultras Blue LionsImage from a post by Ultras Blue Lions
    888201Open in Telegram
  • Ultras Blue Lions

    20 Sept, 14:31

    နဂိုထဲက သူ့ဆီကနေ ကျွန်တော်တို့ အများကြီး မမျှော်လင့်ထားခဲ့သလို ၊ ထွက်ခွာသွားတဲ့ အန်ဇိုရဲ့နေရာအတွက် ယာယီသဘောမျိုးသာ သတ်မှတ်ထားခဲ့တာဖြစ်ပါတယ် ။ ဒါကြောင့် negative အမြင်တွေထက် သူ့ရဲ့ လုပ်နိုင်စွမ်းကိုသာ အလွန်ဆိုအနေနဲ့ ရအောင်ယူနိုင်ဖို့ဘဲ လိုအပ်ပါတယ် ။#UBL
    Image from a post by Ultras Blue LionsImage from a post by Ultras Blue Lions
  • Ultras Blue Lions

    20 Sept, 01:28

    ချယ်လ်ဆီးအသင်းက ဒီရာသီ အသင်းကြီးတွေထဲ ဘရိုက်တန်အသင်းကို အနိုင်ကန်ထားနိုင်တဲ့ ပထမဆုံးအသင်းဖြစ်လာခဲ့ပါတယ် ။#UBL
    Image from a post by Ultras Blue LionsImage from a post by Ultras Blue Lions
    1,340111Open in Telegram
  • Ultras Blue Lions

    19 Sept, 00:46

    Jamie Redknapp 🗣️ အခုချိန်မှာ ရောဘတ်ဆန်းချက်ဇ် တစ်ယောက် ဘာတွေတွေးနေမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ် ။ အယ်မီမာတီနက်ဇ် ရောက်လာရင်ပဲ အရာရာအားလုံး အဆင်ပြေသွားတော့မယ်လို့ လူတိုင်းက ထင်ခဲ့ကြတာလေ။ အခုတော့ ၄ ပွဲမှာ ၁၀ ဂိုးတောင် ပေးလိုက်ရပြီ ။#UBL
    Image from a post by Ultras Blue LionsImage from a post by Ultras Blue Lions
  • Ultras Blue Lions

    19 Sept, 00:43

    အလွန်ဆိုအတွက် စတင်ခက်ခဲတော့မယ့် လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်များ 😑🔹 Bournemouth (H) 🔹 Everton (A) 🔹 Tottenham (H) 🔹 Manchester United (H) 🔹 Sunderland (A)#UBL
    Image from a post by Ultras Blue LionsImage from a post by Ultras Blue Lions
  • Ultras Blue Lions

    19 Sept, 00:41

    တကယ်ကို စိတ်ပျက်ခဲ့ရတဲ့ အဝေးကွင်းပွဲစဉ်တစ်ပွဲပါဘဲ ။ ခက်ခဲမယ်ဆိုတာသိပေမဲ့ ဒီလောက်အထိ ဆိုးရွားသွားမယ်လို့ မထင်ခဲ့တာတော့ အမှန်ပါဘဲ ။ အလွန်ဆိုတို့တသိုက် စတင်ဖိအားတွေ ဝင်လာရပြီလို့ ပြောရမယ့် အချိန်တွေ ရောက်လာခဲ့ပါတယ် ။#UBL
    Image from a post by Ultras Blue LionsImage from a post by Ultras Blue Lions
  • Ultras Blue Lions

    19 Sept, 00:38

    မကြည့်လိုက်ရတဲ့ ညိုကီတို့အတွက် 😭#UBL
    340video3Open in Telegram
  • Ultras Blue Lions

    18 Sept, 12:23

    ရီစီဂျိန်းက ဒဏ်ရာကြောင့် နိုင်ငံအသင်းနဲ့ ပူးပေါင်းနိုင်ခြင်း မရှိသလို ၊ ကလပ်အသင်းရဲ့ ပွဲစဉ်တွေကိုလည်း လွဲချော်သွားဖွယ် ရှိနေပါတယ် ။#UBL
    Image from a post by Ultras Blue LionsImage from a post by Ultras Blue Lions
  • Ultras Blue Lions

    18 Sept, 12:21

    ဒီညကစားမယ့် ဘရန်းဖို့စ်အသင်းနဲ့ ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းရဲ့ တတိယမြောက် အဝေးကွင်းဝတ်စုံကို ဝတ်ဆင်သွားဖွယ် ရှိနေပါတယ် ။#UBL
    Image from a post by Ultras Blue LionsImage from a post by Ultras Blue Lions
  • Ultras Blue Lions

    18 Sept, 02:48

    နည်းပြဇာဘီအလွန်ဆိုက ဂျာအိုပက်ဒရိုအနေနဲ့ ဘရန်းဖို့စ်နဲ့ ယှဉ်ပြိုင်ရမည်ပွဲစဉ်ကို လွဲချော်ဖွယ် ရှိနေတယ်လို့ ပြောကြားလိုက်ပါတယ် ။ ဘရာဇီးလက်‌ရွေးစင်အသင်းမှ နုတ်ထွက်ခဲ့ရသည့် ဒဏ်ရာပြဿနာကြောင့် ယခုပွဲစဉ်တွင် ပါဝင်နိုင်ရန် မသေချာသလို ၊ အလွန်ဆိုအနေနဲ့ ကစားသမားများရဲ့ ကြံ့ခိုင်မှုအခြေအနေကို ပွဲမတိုင်မီ နောက်ဆုံးလေ့ကျင့်ခန်းအထိ တိကျစွာ ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ လျှို့ဝှက်ထားခဲ့တာ ဖြစ်ပါတယ် ။#UBL
    Image from a post by Ultras Blue LionsImage from a post by Ultras Blue Lions
  • Ultras Blue Lions

    17 Sept, 07:26

    🗣️ John Terryအန်ဇိုမာရီစကာ ချယ်လ်ဆီးကနေ ထွက်ခွာသွားတုန်းက တခြားသူတွေလို ကျွန်တော်သူ့ကို ဝေဖန်ခဲ့တာမဟုတ်ပါဘူး။ အထူးသဖြင့် ပပ်နောက်ပိုင်း မန်ခစီးတီးအသင်းရဲ့ နည်းပြဖြစ်လာတဲ့အချိန်မှာပေါ့။ဒါပေမယ့် အခုတော့ ပရိသတ်တွေက သူ့ကို ဘာကြောင့် ဝေဖန်ခဲ့ကြလဲဆိုတာ နားလည်လာပါပြီ။ ဒါမှမဟုတ် ကျွန်တော့်ရဲ့ ကိုယ်ပိုင်ခံစားချက်လို့ပဲ ပြောရမယ်ထင်ပါတယ်။ အကြောင်းကတော့ သူကအန်ဇိုကိုပါ သူနဲ့အတူ ခေါ်သွားခဲ့လို့ပါ။အစပိုင်းမှာတော့ ချယ်လ်ဆီးမှာ ရော်ဂျာရှိနေတဲ့အတွက် အန်ဇိုမရှိလည်း ရတယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်အောင် ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ရော်ဂျာက အန်ဇိုရဲ့အဆင့်နဲ့တောင် မနီးစပ်သေးဘူးလို့ ထင်ပါတယ်။မန်ချက်စတာဒါဘီကိုကြည့်လိုက်ပါ။ တချို့အချိန်တွေမှာ အထူးသဖြင့် ကွင်းလယ်ပိုင်းမှာ မန်စီးတီးက အနီရောင်ဝတ်ထားတာကိုတောင် ကျွန်တော် မသတိထားမိလောက်အောင် ဖြစ်ခဲ့ပါတယ်။ အန်ဇိုချယ်လ်ဆီးမှာ ရှိနေတုန်းကလည်း အဲဒီလိုအခြေအနေတွေကို အကြိမ်ကြိမ် မြင်တွေ့ခဲ့ရပါတယ်။တကယ်တော့ ချယ်လ်ဆီးအသင်းဟာ တန်ဖိုးရှိတဲ့ ကစားသမားတစ်ဦးကို
    Image from a post by Ultras Blue LionsImage from a post by Ultras Blue Lions
  • Ultras Blue Lions

    16 Sept, 23:33

    ကာရာဘောင်ဖလား‌ နောက်တစ်ဆင့်မှာ ချယ်လ်ဆီးအသင်းက လီဗာပူးလ်အသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်းသွားရောက်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ် ။#UBL
    Image from a post by Ultras Blue LionsImage from a post by Ultras Blue Lions
    1,16062Open in Telegram
  • Ultras Blue Lions

    16 Sept, 23:21

    အမေရိကန်ဘီလျံနာ တော့ဒ်ဘိုလီ ချယ်လ်ဆီး အသင်းမှ ရှယ်ယာများကို ရောင်းချပြီး ကလပ်အသင်းနှင့် သက်ဆိုင်သည့် လုပ်ငန်းစဉ်များမှ အပြီးတိုင် နှုတ်ထွက်ရန် သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ပူးတွဲပိုင်ရှင် ပူးပေါင်းလုပ်ကိုင်သူ ဝေါ်လ်တာနဲ့ တော့ဒ်ဘိုလီတို့ထံမှ ရှယ်ယာများကို အများစုပိုင်ဆိုင်ထားတဲ့ Clearlake Capital မှ ပေါင် ၁ ဘီလျံခန့် (ပေါင် ၉၅၀ မီလီယံ) နဲ့ အပြီးသတ် ဝယ်ယူလိုက်ပြီလည်း ဖြစ်ပါတယ် ။#UBL
    Image from a post by Ultras Blue LionsImage from a post by Ultras Blue Lions
  • Ultras Blue Lions

    16 Sept, 13:14

    BTS 2026/27 squad photo. 📸🥶#UBL
    Image from a post by Ultras Blue LionsImage from a post by Ultras Blue LionsImage from a post by Ultras Blue LionsImage from a post by Ultras Blue Lions
  • Ultras Blue Lions

    16 Sept, 08:00

    🗣 လီဗိုင်းကိုးဝဲလ်ကို ချယ်လ်ဆီးကို ရောက်စတည်းက မင်းအတွက် အအံ့ဩရဆုံး အရာတစ်ခုက ဘာလဲ" လို့ မေးမြန်းခဲ့ရာဒါက ဖြေရနည်းနည်း ခက်တယ်ဗျ၊ ဘာလို့လဲဆိုတော့ ကျနော် ဒီအသင်းကို စရောက်တော့ ကလေးလေးပဲ ရှိသေးတာဆိုတော့ အချိန် တော်တော်လေး ကြာခဲ့ပြီလေ။ ဘာပဲဖြစ်ဖြစ် အရွယ်ရောက်လာတဲ့အထိ ဒီမှာ ကြီးပြင်းခဲ့ရတာဆိုတော့အသက်အရွယ် အပိုင်းအခြား အသင်းတိုင်းမှာ ခြေစွမ်းအဆင့်အတန်းတွေ မြင့်မားလွန်းလှပြီး ပထမအသင်းကြီးဆီ မရောက်မချင်း အစဉ်မပြတ် တိုးတက်လာအောင် လုပ်ဆောင်ရတာပါပဲ။အမြဲတမ်း တိုးတက်မှုတွေ ဖြစ်ပေါ်နေတာကြောင့် ဘယ်တော့မှ ပေါ့ဆလို့ မရပါဘူး။ ဒါကြောင့် ခြေလှမ်းတိုင်း အဆင့်တိုင်းမှာ 'ငါတော့ ပြီးပြည့်စုံသွားပြီ' လို့ ဘယ်တော့မှ တွေးလို့မရပါဘူး။ အခု ပထမအသင်းကြီး ရောက်နေချိန်မှာတောင်မှပေါ့။#UBL
    Image from a post by Ultras Blue LionsImage from a post by Ultras Blue Lions