Latest posts

Ko Myo Win
20 Sept, 23:24edited
ပဲ့တင်သံ ========မဆလ ခေတ်တုန်းက ကျနော်တို့မြို့မှာ ၃၉ ကြိမ်မြောက် ပြည်ထောင်စုအလံ ညအိပ်နားတဲ့အတွက် အခမ်းအနားတွေနဲ့ ကျကျနန ကြိုဆိုရပါတယ် ။ ကျနော်တို့ ဘင်ခရာတပ်ဖွဲ့ကလည်း ခါတိုင်းလို မဟုတ်ပဲ လေ့ကျင့်ပြင်ဆင်ကြရပါတယ် ။ သာမန် ပွဲ တွေ အတွက်ဆိုရင် ခေါင်းတွဲလို့ ခေါ်တဲ့ ဘင် ၊ ရှဲလ် ( လင်းကွင်း) တခုစီ ၊ ဆိုက်ဒရမ် ၄ လုံး အဲဒါပဲ သုံးပါတယ် ။ပွဲကြီးတွေကျတော့ ခေါင်းတွဲက ၂ ဖွဲ့စာသုံးရပါရော ။ လေ့ကျင့်တော့ အလက ( 1) ကျောင်းထဲမှာပါ ( ယခု အထက ၄ ထင်ပါရဲ့) ။ လေ့ကျင့်ရတာက ပထမအဆင့် အားလုံးတဖွဲ့တည်း ပေါင်း ချီတက် ။ ပြီးရင် ၂ ဖွဲ့ခွဲ ၊ နောက် မျက်နှာခြင်းပြန်ဆိုင် တဖွဲ့တည်း ပြန်ပေါင်း ဆိုပြီး လေ့ကျင့်ရပါတယ် ။တဖွဲ့တည်းမှာ ပြဿနာမရှိဘူးဗျ ။ ၂ ဖွဲ့ ခွဲထွက်ပြီး ပြန်ပေါင်းဖို့ မျက်နှာခြင်းဆိုင် အပြိုင်လာနေကြချိန် ပြဿနာတက်ပါရော.... ပြဿနာက ဘင် တီးတဲ့ ၂ ယောက်ရဲ့ စည်းချက်က တပြိုင်နက်တည်း ညီနေရမှာ မညီတော့ဘူး ။ ဘင်ခရာတပ်ဖွဲ့ ဆိုတာ ဘင်ရဲ့စည်းချက်သံနဲ့ လမ်းလျှောက်ကြရတာမို့ ဘင်သံမညီတော့ ခြေလှမ်းတွေမှားပြီး ကမောက်ကမ
Ko Myo Win
20 Sept, 01:56
ကြက်ဆူ နဲ့ သံလမ်းမဲ့ဘူတာ =====================ယနေ့ထိ မပြီးနိုင် မစီးနိုင် လှောင်ပြောင်ခံနေကြတဲ့ နအဖ ခေတ်ရဲ့ စီမံခန့်ခွဲမှုပါ ။ OK ဦးသန်းရွှေ ဘာကြောင့် ကြက်ဆူစီမံကိန်း လုပ်သလဲ လေ့လာကြပါစို့.....ကြက်ဆူဆီကနေ ဆေးဝါး ၊ စက်မှုကုန်ကြမ်း ၊ ဘိုင်အိုဒီဇယ် ၊ အလှကုန် အထိ ထုတ်လုပ်ကြပါတယ် ။ ကြက်ဆူရဲ့ အားသာချက်က ဆီထွက်နှုံး 40 % မှ 50 % ထိ ထွက်တာပါပဲ ( နေကြာ နဲ့ ပဲပိစပ်ထက် ပိုများတယ်) ။ ကြက်ဆူဖတ်ကအစ အမြစ်ထိုးပိုးမွှားသတ်ဆေးအဖြစ် သဘာဝအတိုင်း သုံးနိုင်တယ် ။ မြေဘယ်လောက်ညံ့ညံ့ ပေါက်တယ် ။ အရမ်းအေးရင်တောင် စားအုံးဆီလို မခဲဘူး ။ အားနည်းချက်က Ricin အဆိပ်ပါနေလို့ သန့်စင်ဖယ်ရှားဖို့ နည်းပညာလိုတယ် ။လက်တွေ့ သုံးနေတဲ့ နိုင်ငံတွေက.... - ဘရာဇီး ( ဒီဇယ် နဲ့ ရောပြီး ကားတွေ မောင်းနေတယ်) - အိန္ဒိယ ( လေယာဥ်ဆီ အဖြစ် စမ်းမောင်းပြနေပြီး ကမ္ဘာ့ကြက်ဆူ 80 % ကို ထုတ်လုပ်နေတယ်) - မက္ကဆီကို ( ကားတွေမှာ ထည့်မောင်းနေပြီ) - USA ( လေယာဥ်ဆီ အဖြစ် သုံးနေပြီ) - တရုတ် ( ဖြည့်စွက်လောင်စာအဖြစ် သုံးနေတယ်) - ထိုင်း / ဗီယက်နမ် (
Ko Myo Win
18 Sept, 13:17
ကြံ့ခိုင်ရေးသတင်း ===============ကြံ့ခိုင်ရေးပါတီရဲ့ ညီလာခံ ကျင်းပနေချိန်မှာ သတင်းတွေ ပလူပျံနေလေရဲ့ ။ ပထမသတင်းက ပါတီ ဗဟိုကော်မတီဝင်အားလုံး နှုတ်ထွက်သတဲ့ ။ ဟုတ်တယ် အဲဒီသတင်းက နှုတ်ထွက်ကြရတယ် ။ ဒါက ပါတီရဲ့ လုပ်ရိုးလုပ်စဥ်ပဲ ။ ၅ နှစ်တကြိမ် ဇီးရိုးဆက်တင် ချတယ်ခေါ်တယ် ။နောက်သတင်းက အစိုးရဝန်ကြီးတွေ ဒုဝန်ကြီးတွေ ညီလာခံ မတက်ရဆိုတဲ့ အမိန့် သမ္မတရုံးက ထုတ်ပြန်တယ်တဲ့ ။ ဒါလည်း ဟုတ်တာပဲ ခြေ / ဥ အရ နိုင်ငံရေးရာထူးရယူထားရင် ပါတီတာဝန်တွေ ထမ်းဆောင်လို့ မရတော့ဘူး ။ အဲဒါကြောင့် အဲဒီ အမိန့်သည် ဥပဒေနဲ့ ညီညွှတ်ရန် မဖြစ်မနေ ထုတ်ကို ထုတ်ကြရမယ့် အမိန့်ဖြစ်ပါတယ် ။ အမိန့်ထုတ်တာ မဆန်းပါဘူး... အမိန့်မထုတ်ပဲ အစည်းအဝေးတက်မှသာလျှင် အလွန်ထူးဆန်းတဲ့ ခြေ / ဥ ဖောက်ဖျက်မှုကြီး ဖြစ်ပါလိမ့်မယ် ။မနက်ဖြန် 19-9-2026 ပါတီညီလာခံကနေ ဘာတွေ ထူးခြားနိုင်သလဲ လေ့လာကြည့်မယ်ဆိုရင် ဗဟိုကော်မတီဝင် ဦးရေ တိုးလာနိုင်ပါတယ် ။ ကျန်တဲ့ တိုင်းနဲ့ပြည်နယ် ပါတီဥက္ကဌ ရာထူးများ ပြောင်းလဲဖွယ် မရှိဘူးလို့ ကြားမိပါတယ် ။ ခြွင်းချက်အနေနဲ့
Ko Myo Win
17 Sept, 00:35
ဖြေတတ်ပေါင် ============" ငမျိုးရေ တချိန်တုန်းက ငြိမ်းချမ်းရေး ဖော်ဆောင်သူ ဦးအောင်မင်းကြီးတယောက် အခုလည်း ငြိမ်းချမ်းရေးအဖွဲ့ထဲ ပြန်ပါလာပြီ ကွ ဒါကြောင့် ငြိမ်းချမ်းရေး ကိစ္စ အဆင်ချောဖို့ အကြောင်းရှိလား ကွ... ? "" အင်း....အားမနာ ပြောရရင်တော့ သုံးစားမရတဲ့ NCA ဖခင်ကြီးပြန်ပါလာတာပေါ့လေ....အဆင်ပြေ...မပြေကတော့ ဘယ်ပြောရပါ့မလဲ...တကယ်တမ်းကျတော့ ဦးအောင်မင်းက အရေးကြီးတာ မဟုတ်ဖူး လုပ်ပိုင်ခွင့်က အရေးကြီးတာ... ဦးသိန်းစိန်တုန်းက သူ့ခြေ သူ့လက် အကုန်လုပ်ခွင့်ရှိတယ်...အခု ဦးမင်းအောင်လှိုင်က အဲသလို အာဏာကုန်လွှဲပေးမလား ကြည့်ကြပေါ့ဗျာ....အတွေ့အကြုံအရတော့ သိပ်မထင်ပါဘူး.. နစက ခေတ် ၅ နှစ်လုံး နစက အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးကို ခင်ဗျား ဘယ်နှစ်ခါ တွေ့ဖူးသလဲ.... ? ကျုပ်ထင်ပါတယ် လမ်းမှာ လူခြင်းတိုးမိရင်တောင် မသိတဲ့သူက ၉၉ % ရှိမယ် ၊ ဦးခင်ညွှန့် အတွင်းရေးမှူးဘဝ နဲ့ ယှဥ်ကြည့်ပေါ့.... ''" ဆိုလိုတာက.....? "" ပါဝါ ခွဲဝေခွဲမှု ပေါ်လစီ ကို ပြန်ကြည့်ခိုင်းတာ ''" OK ရပြီ ကဲ...မင်းအမြင်
Ko Myo Win
16 Sept, 13:50
စိတ်ဓာတ်ခြင်းသာ ယှဥ်ကြည့် ======================" ငမျိုးရေ ဘယ်ရောက်နေတာလဲ ဟ ဒီနေ့ ပို့စ် တင်တာမတွေ့လို့... ''" ခရီးထွက်နေလို့ ကိုကြီးစိုး ခဏနေပြန်ရောက်တော့မှာပါ ဘာလို့လဲ ''" ဘာမှ မဟုတ်ဖူး ဘယ်ကို သွားတာလဲ ဟ.... ဒီလိုကွ အခုတလော ဒေါ်စုကြည်အုပ်ချုပ်တုန်းက တိုင်းပြည် ဗရုတ်ဗယက် မဖြစ်ပဲ အာဏာသိမ်းမှ ဖြစ်ရတာ မသိဘူးလား ဆိုတဲ့ မေးခွန်း ခဏခဏ တွေ့နေရလို့ ပြန်ဖြေခိုင်းမလို့ ? "" အင်း..ဒါကို အရင်နားထောင်အုံးဗျ... နေပြည်တော် ရောက်ခဲ့တဲ့ အထဲက ထူးခြားတာ တွေ့ခဲ့တယ်ဗျ ''" အေး ဘာထူးခြားတာလဲ ကွ ''" နေပြည်တော်က လူကြီးတွေ ရဲ့ အိမ်ခြံတွေ ရှိတဲ့ ရပ်ကွက်ထဲ ရောက်ခဲ့တယ်... ထူးခြားတာက အင်မတန်ရိုးသားပါတယ်ဆိုတဲ့ NLD သမ္မတဟောင်း ဦးထင်ကျော် ရဲ့ အိမ်ကို တွေ့ခဲ့တယ်.. နန်းတော် အငယ်စားလေးပါပဲဗျာ တကယ့်အပျံစား ပဲဗျို့.... နောက် ပိုထူးခြားတာက သူ့အိမ်က ပတ်ချာလည်က ဗိုလ်ချုပ်အငြိမ်းစားများရဲ့ အိမ်တွေ ချည်းပဲ ... ဘယ်သူ့အိမ်မှ သူ့အိမ်တဝက်လောက်တောင် မခမ်းနားဘူး 😂😂😂''"အေးကွ သမ္မတသက်တမ်း တဝက်လောက် လုပ်ရပြီး အဲသလောက်
Ko Myo Win
15 Sept, 01:06
ရေးရမှာပေါ့ ==========" ငမျိုးရေ မင်းကို ငါကြည့်နေတာကြာပြီကွ အစိုးရရဲ့ လုပ်ဆောင်ချက်တွေ အပေါ် ရေးသားဖြန့်ဝေတာ နည်းနေသလားလို့.. ''" အင်း ဟုတ်တယ်လေ... လိုင်းပေါ်မှာ ဒီလောက် ပလူပျံနေတာ ကျုပ်ရေးစရာမှ မလိုတာပဲလေ ...''" မဟုတ်ဖူးလေကွာ..သမ္မတကြီး ပြည်ပခရီးထွက်တာမျိုး ကော်ဇောနီခင်း ကြိုဆို ဘာညာ ဒါမျိုးတွေ မင်းမရေးဘူးဆိုတာ သိပါတယ်.... သို့သော် စုံ / မ ကိစ္စပယ်ဖျက်တာမျိုး... နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကျော်မိုးထွန်း ကိစ္စစာထုတ်တာမျိုး... နောက် ရခိုင်စစ်ပွဲ အစရှိတဲ့ ကိစ္စတွေကိုတော့ ချီးကျူးသင့်တယ် ထင်တာပေါ့ကွာ... ''" သြော် ဒါလား...စုံ / မ ကိစ္စက QR စနစ်နဲ့ စရောင်းကတည်းက ခွင့်ပြုရမှာလေ..ပြည်သူတွေ အဆင်မပြေပါဘူး ဝိုင်းအော်နေကြတာပဲ... ဘာကြောင့် သတ်မှတ်ရပါတယ် အကျိုးက ဘာပါ အပြစ်က ဘာပါလို့တောင် ပြည်သူကို လူရာသွင်း ရှင်းမပြပဲ ခေါင်းမာမာ နဲ့ ငါလုပ်တာ အမြဲမှန်တယ် ဆိုတဲ့ အပေါက်နဲ့ ၄ / ၅ လ လောက် ဒုက္ခဆက်ပေးပြီးမှ ခပ်တည်တည်နဲ့ ဖြေလျော့ပါတယ် လုပ်လာတာ ကျုပ်က ဘယ်မျက်နှာနဲ့ ဂုဏ်ပြုနေရမှာလဲ ဗျ ''" ထားပါကွာ
Ko Myo Win
14 Sept, 00:13edited
မခံချင်စိတ် ==========ကျနော်တို့ လတ်တလော တိုက်ပွဲတွေ အတွက် ရေးလိုက်တိုင်း ၊ အတိတ်ကာလက အတုယူဖွယ် တိုက်ပွဲတွေအကြောင်း ဖော်ထုတ်တိုင်း အမြဲလိုလို တွေ့နေရတာက ရှမ်းမြောက်ကို ဘယ်လို လုပ်မှာလဲတဲ့... ?ပြည်ပကျူးကျော်မှု ဝင်ရောက်စွက်ဖက်မှုတွေ ရေးလိုက်တိုင်း တရုတ်ကို ဘယ်လိုလုပ်မှာလည်းတဲ့.... ? ဒီထက် ပိုလာရင် တရုတ်ကို ဘာလုပ်ရမယ် ညာလုပ်ရမယ် ပေါ့ဗျာ.... အရမ်းပြင်းထန်တဲ့ မျိုးချစ်စိတ်တွေနဲ့ လှုံ့ဆော်ကြတာပေါ့ လေ.......ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဝေဖန်နေကြတာတွေ မခံချင်စိတ်နဲ့ ပြောဆိုနေကြတာတွေထဲမှာ တကယ့် စစ်မှန်တဲ့ မျိုးချစ်သူတွေ အတော်များများပါသလို တမင် တရုတ်နဲ့ ရန်ဖြစ်စေချင်လို့ ဆွပေးနေတဲ့ သူတွေလည်း အများကြီးပါပဲ ။ အကြံဆီုးရှိတဲ့ သူတွေကတော့ တပ်မတော်ကို စစ်မျက်နှာ အများကြီးနဲ့ ဗရမ်းပတာ ဖြစ်စေချင်လို့ဗျ ။အခုချိန်မှာ ကရင် ၊ ကချင် ၊ ကယား ၊ AA တို့နဲ့ အပြင်းအထန်တိုက်နေရပါတယ် ။ ဒီထိုးစစ်အတွက် ကျနော်တို့ ပြင်ဆင်ခဲ့ရတဲ့ ကာလကို တွေးကြည့်ပါ ။ အိမ်နီးခြင်း တိုင်းပြည်တွေ ကောင်း မကောင်း ဘယ်သူမှ
Ko Myo Win
12 Sept, 13:42edited
ပျပ်ဝပ်ကျိုးနွံမည် ”ဟု အကြံပြုရာ အားလုံး သဘောတူညီပြီးနောက်...ဟိုသာသို့ အိမ်ရှေ့မင်း ၊ လာသာသို့ ပြည်ဘုရင် သတိုးဓမ္မရာဇာ ၊ ကိုင်းမားသို့ တောင်ငူဘုရင်မင်းခေါင် ၊ မိုးလျဉ် အင်းဝဘုရင် သတိုးမင်းစောတို့ အသီးသီး ချီတက်ဖို့ ပြင်ဆင်ကြပါတယ် ။မိုင်းဝန်းစော်ဘွားက လက်ဆောင် လက်နက်အများနှင့်...“သစ္စာတော်ခံ၍ အမှုတော်ကို ထမ်းပါတော့မည် ”ဟု လျှောက်လာသောကြောင့် သစ္စာတော်ပေးသည်။စော်ဘွားလေးဦးကတော့ ရှင်း၏ ဘုရင့်နောင် စစ်သူကြီးတွေ လာပြီဟု ကြားတာနဲ့ မြို့ကိုစွန့်ခွာပြီး တောကြိုအုံကြား ထွက်ပြေးဝင်ကြပါတယ် ။ စစ်သည်တို့လည်း တောထဲထိ လိုက်လံရှာဖွေကြရပါတယ် ။ ထိုသို့ရှာနေကြကြောင်းကို စော်ဘွားတို့ကြားလျှင် ဟိုသာ စော်ဘွားက ဆင်ကြီးနှစ်စီး၊ မြင်းကောင်းနှစ်စီး၊ မိုင်းလုံးဇာ၊ ဖျင်၊ ကတိုး များစွာ လက်ဆောင်ယူ၍....“ကျွန်တော် နာတော်ခံ၍ အမှုတော်ကို ထမ်းပါမည် ”ဟု သားကိုလွှတ်ပြီး ဆီးကြို၍ အညံ့ခံပါတယ် ။အိမ်ရှေမင်းကလည်း....
Ko Myo Win
12 Sept, 13:42
တပင်ရွှေထီး နဲ့ ဘုရင့်နောင် (54) =========================" ယခုအခါ စစ်ကြောင်း ၄ ကြောင်း ဆုံတွေ့ကြရပါပြီ ရှေ့သို့ အားလုံးပေါင်း ချီတက်ကြပါက အင်အားများပြားလှသဖြင့် စားရေရိက္ခာအတွက် ရှာဖွေရ ခက်ခဲရပါလိမ့်မည် ထို့ကြောင့် စစ်ကြောင်း ၄ ကြောင်းခွဲပြီး သတ်မှတ်နေရာသို့ ချီတက်မှ သင့်တော်ပါလိမ့်မည် ''ထိုအကြံကို အားလုံး သဘောကျသောကြောင့်....- အိမ်ရှေ့မင်း ၁၂ တပ်က မိုးနားသို့...- သတိုးမင်းစော ၁၂ တပ်က စန္ဒားသို့...- တောင်ငူမင်းခေါင် နဲ့ ပြည်သတိုးဓမ္မရာတို့က စည်ခွင်....ဆိုပြီး အင်အားဖြန့်ကျက်ကာ ရည်မှန်းချက်မြို့သို့ ချီတက်လာကြပါတယ် ။ မိုင်းမောစည်ခွင်၊ ဟိုသာ၊ လာသာ၊ မိုးနား၊ စန္ဒား၊ မိုးဝန်း၊ မိုးလျဉ် စော်ဘွားတို့လည်း ဘုရင့်နောင်၏ စစ်သူကြီးများ ချီတက်လာပြီဟု ကြားလျှင် မိုင်းဆည် သို့ စစ်ကူတောင်း၏ ။ မိမိတို့ မြို့ပြကိုလည်း ခိုင်လုံအောင် စီရင်၍နေကြသည်။အိမ်ရှေ့မင်း ၁၂ တပ် မိုင်းမောသို့ရောက်လျှင် မြို့စွန်ကျေးလက်တို့ကို သိမ်းယူပြီး သုံ့လူဖမ်းပါတယ် ။ ခုခံသူဟူသမျှ တစ်ယောက်မကျန် သတ်ပစ်ပါတယ် ။
Ko Myo Win
11 Sept, 05:00
မျိုးချစ်စိတ် နဲ့ စစ်မှုထမ်း ===================စစ်မှုထမ်း ပြဿနာ ကြားရတိုင်း နီ ပိတ် မီဒီယာတွေ ဘာအော်သလဲ ဆိုတော့ တပ်မတော်ကို ထောက်ခံတယ် ဆိုတဲ့ မျိုးချစ် အုပ်စုက လေနဲ့ ထောက်ခံနေကြတာ တကယ် တပ်ထဲဝင်ပြီး တိုက်ကြရင် စစ်မှုထမ်း ဖို့ အတင်းခေါ်စရာ မလိုဘူးဆိုပဲ ။သဘောကျစရာ ကောင်းတယ် နော....အေပေး နီတုံးတွေက PDF အုပ်စိုးတဲ့ ဒေသတွေ မပြောင်းပဲ တပ်မတော် စိုးမိုးတဲ့ ဒေသတွေမှာ နေထိုင်ရင်း အစိုးရ အရိပ်ခိုနေကြ ရတယ် ။တပ်မတော် မကောင်းကြောင်း ပြော တယ် ၊ PDF ရံဖန် ရံခါ အသာစီးရရင် ဝမ်းသာအားရ ကြွေးကြော်တယ် ။ ဂုဏ်ယူပါတယ် ဘာ ညာတွေတောင် လုပ်ကြသေးရဲ့ ။ကဲ တိုင်းပြည်ကာကွယ်ဖို့ ပြည်သူ့စစ်မှု ထမ်း ဥပဒေအရ တာဝန်ထမ်းကြရမယ် ဆိုတော့ မှ မင်းတို့ မျိုးချစ်တွေ စစ်ထဲဝင်ကြ ၊ ငါတို့က စစ်မှုမထမ်းချင်ဘူး တပ်မတော် နဲ့ အစိုးရ ရဲ့ အရိပ်အောက်နေ အေးအေးဆေးဆေး PDF ကို အားပေးမယ်ပေါ့ဆုတောင်းလေ နောက် ဆယ်ဘဝ ထိ ။ အစိုးရ အရိပ်ခိုချင်ရင် အစိုးရ သတ်မှတ်တဲ့ ဥပဒေကို လိုက်နာကြရမှာပဲ ။ မျိုးချစ်စိတ် ရှိလို့ ဆိုပြီး မင်းတို့အစားFacebookNyo WinNyo Win is on Facebook. Join Facebook to connect with Nyo Win and others you may know. Facebook gives people the power to share and makes the world more open and connected.
Ko Myo Win
10 Sept, 03:03
- ရာဇသင်္ကြန် ၊ သမိန်ယိုကရတ် ၊ ဘယဂါမဏိ ၊ နေမျိုး ကျော်ထင် ၊ ဗညားပတ် ၊ မင်းမဟာ ၊ သမိန်ပရူ ၊ စည်သူကျော်ထင် ၊ သမိန်ဗြသမိုက် ၊ လက်ဝဲနန္ဒမိတ် ၊ ဗညားဒလ ၊ သားတော် အိမ်ရှေ့မင်း တပ် ၁၂ တပ် ။ တိုက်ဆင် ၄၀၀ ၊ မြင်း ၅၀၀၀ ၊ စစ်သည်သူရဲ ၁၂၀၀၀၀ နှင့် မိုးမိတ်စစ်ကြောင်း ။သက္ကရာဇ် ၉၂၄ ခု၊ တပေါင်းလဆန်း ၄ ရက်၊ သောကြာနေ့မှာ စတင် ချီတက်ကြပါတယ် ။ မိုးဝန်းပြင်သို့ရောက်လျှင် စစ်ကြောင်းကြီး ၄ ကြောင်းလုံး တွေ့ဆုံကြပါတယ် ။ ထိုအခါ ဗညားဒလက.......ကိုရွှေမျိုးဝင်း
Ko Myo Win
10 Sept, 03:03
ကသည်းစော်ဘွားလည်း ချိန်းချက်သည့်နေ့ရောက်လျှင် သမီးကို အခြွေအရံများစွာ ကို အော်သို့ လာပို့ပါတယ် ။ ကသည်းအမတ် လေးယောက်တို့ကိုလည်း လက်ဆောင် လက်နက်အများနှင့် ဟံသာ ဝတီတိုင်အောင် လိုက်၍ ဆက်ရသည် ။ အဲဒီကြမှ ဗညားဒလလည်း ရေတပ်၊ ကြည်းတပ်တွေနဲ့ ပြန်ခဲ့ကြရာ သက္ကရာဇ် ၉၂၂ ခု၊ ဝါဆို လဆန်း ၄ ရက်နေ့၊ ဟံသာဝတီသို့ ရောက်ပါတယ် ။ဘုရင့်နောင်လည်း ကသည်းစော်ဘွား သမီးကို နန်းတွင်းတွင် နေရာပေးလိုက်ပါတယ် ။ ကသည်းစော်ဘွားကိုလည်း သာသနာတော် တည်စေခြင်းငှာ ရွှေရုပ်တု၊ ငွေရုပ်တု၊ ပဉ္စလောဟာရုပ်တုတို့ကို မပြတ်ကိုးကွယ်ဟူ၍ ရာဇတမန်နှင့် ဇိပ်သင်ရံကို ပို့ရလေသည် ။ အထူးထူး သော ပုဆိုးကောင်း၊ ခါသာ၊ မူရီဇော်ကရတ်တို့ကိုလည်း လက်ဆောင်ပြန်ပေးပြီး ကသည်းသံတို့ကို ပြန်လွှတ်လိုက်ပါတယ် ။သက္ကရာဇ် ၉၂၂ ခု၊ ပြာသိုလပြည့်ကျော် ၂ ရက်နေ့မှာ မဟာစေတီကို ထီးတင်ပါတယ် ။ ဆောင်းတော်မူသော မကိုဋ်တော်ကိုလည်း လှူတော်မူသည်။ ထိုအခါ လက်အောက်ခံ မင်းများနှင့် မှူးမတ်များလည်း များစွာသော အလှူဝတ္ထုတို့ကို လှူကြပါတယ် ။ ကြေးစင်တစ်သောင်းကိုလည်း ကြေးမိုးရွာ
Ko Myo Win
10 Sept, 03:03
တပင်ရွှေထီး နဲ့ ဘုရင့်နောင် ( 53) =========================“ကသည်းတို့ရဲ့ မျဉ်းထဲမြို့ သည် အင်အားမကြီးပါဘူး ။ မိုးကောင်း ၊ မိုးညှင်း ၊ စန္ဒားစော်ဘွားတို့ကို တာဝန်ပေးလိုက်တာက ပိုကောင်းပါလိမ့်မယ် ''ထိုအခါ ဗညားဒလက..." ကသည်းကလည်း ထီးဆောင်းမင်းတပါး ဖြစ်ပါတယ် ၊ စော်ဘွားများသာ စေလွှတ်လိုက်ပါက အကယ်၍ မအောင်မြင်လျှင် အရှင်မင်းမြတ်ပဲ သိက္ခာကျဆင်းရပါမယ် ၊ ဒါကြောင့် စိတ်ချရတဲ့ မှူးမတ်တွေကို အင်အားအပြည့်နဲ့ တာဝန်ပေးမှ သင့်တော်ပါမယ်..စစ်ဆိုတာ စတိုက်ပြီဆိုတာနဲ့ ရန်သူကို ဦးကျိုး ခြောက်ခြားသွားအောင် လုပ်ပြလို့ အရေးကြီးပါတယ် ၊ မစို့မပို့ ခွန်အားသုံးခြင်းဖြင့် ရန်သူ့အတွက် အားဆေး မဖြစ်သင့်ပါဘူး ''ဘုရင့်နောင်ကလည်း...." အမတ်ကြီး ဗညားဒလရဲ့ အကြံအား ငါ သဘောကျ၏ ။ မိမိအင်အားကို အနည်းငယ်သာ သုံးပြီး ရန်သူအတွက် အားဆေး ဖြစ်စေမည် ဆိုတာ ကြိုက်၏ ထို့ကြောင့် ရန်သူကို ပြတ်သားစွာ ချေမှုံးနိုင်မယ့် စစ်အင်အားဖြင့် သွားတိုက်ရန် ချက်ခြင်း စီစဥ်.....''ပြတ်သားလှတဲ့ မင်းမိန့်ဆိုတော့ အမြန်ဆုံး တပ်ဖွဲ့လိုက်ကြပါတယ် ။- စတ
Ko Myo Win
9 Sept, 01:25
၅။ နိုင်ငံတကာဆက်ဆံရေးနှင့် မဟာမိတ် - ပြင်ပမှ စီးပွားရေး၊ စစ်ရေးနှင့် နည်းပညာ အကူအညီများ ရရှိခြင်း။ ( ရုရှား ၊ အိန္ဒိယ ၊ တရုတ် ၊ မြောက်ကိုရီးယား ၊ အီရန် ၊ ပါကစ္စတန် တို့နဲ့ ဆက်ဆံပြီး သိသိသာသာ တမျိုး ၊ တိုးတိုးတိတ်တိတ် တဖုံ ရယူနေတဲ့ အကူညီတွေက တရားမဝင် မစို့မပို့ ခိုးပို့နေရရှာတဲ့ အဆင့်နဲ့ ယှဥ် တွေးကြည့်လေ)- နိုင်ငံတကာစင်မြင့်တွင် ရန်သူကို သံတမန်ရေးအရ ဝိုင်းပယ်နိုင်ပြီး မိမိဘက်က တရားဝင်မှု ရရှိခြင်း။ ( နှိုင်းစရာမလိုတော့ဘူး.. တနိုင်ငံပြီး တနိုင်ငံ ခရီးဆက်နေတဲ့ သမ္မတကြီး နဲ့ Zoom မီတင်လေး လုပ်ပါရစေဆိုပြီး တီမောလို နိုင်ငံပေါက်စကို ခြေသလုံးဖက်နေရရှာတဲ့ အဆင့်)ဘယ်အချက်မှ အသာစီး ရရှိမထားတဲ့ သူပုန်တွေက ဘယ်လို နိုင်မလဲတွေးမရတာ ဦးဏှောက်ရှိသူတိုင်းပါပဲ ။ ငါတို့ကို တကမ္ဘာလုံးက ထောက်ခံတယ် ပြည်သူ သန်း ၅၀ လုံးက ထောက်ခံတယ် ဆိုပြီး အလိမ်အညာ စိတ္တိဇနာမ်လေးတွေနဲ့ နိုင်မယ်ထင်ရင်ဖြင့်....အင်းးးရွာသာကြီးတော့ စည်ကားအုံးမှာပဲ 😬😬😬ကိုရွှေမျိုးဝင်း
Ko Myo Win
9 Sept, 01:25
အနိုင် အရှုံး သီအိုရီ ================စစ်ပွဲတွေ တိုက်ကြရာမှာ စစ်အောင်နိုင်ရေး အတွက် အချက်တွေ အများအပြားရှိပါတယ် ။ ရှေးခေတ် စစ်ဗျူဟာဆရာကြီး ဆွန်ဇူး (Sun Tzu) ရဲ့ "စစ်သေနင်္ဂဗျူဟာ" အယူအဆများနှင့် ခေတ်သစ်စစ်ရေးအမြင်များအရ စစ်တစ်ခုကို အနိုင်ရဖို့ လိုအပ်တဲ့ အဓိက အခြေခံအချက်တွေကို အောက်ပါအတိုင်း ခွဲခြားနိုင်ပါတယ် -1 ။ ခေါင်းဆောင်မှုနှင့် စိတ်ဓာတ်အင်အား- စစ်သေနင်္ဂဗျူဟာ ကျွမ်းကျင်ပြီး ပြတ်သားတဲ့ ဆုံးဖြတ်ချက် ပေးနိုင်သော စစ်ဗိုလ်ချုပ်များနှင့် ခေါင်းဆောင်များ ရှိခြင်း ။ ( ကိုယ့်အပွင့် ကိုယ်တပ်ပြီး ရာထူးယူနေကြတဲ့ သူပုန်တွေ နဲ့ အဲဒီသူပုန်ကို ဆရာတင်ပြီး ရပ်ရွာထဲက မိမနိုင် ဖမနိင် ကလေကချေတွေနဲ့ စုဖွဲ့ထားတဲ့ ပေါက်ပန်းသေးအဆင့် နဲ့ ရာထူးတဆင့်တက်ဖို့တောင် မလွယ်တဲ့ တပ်မတော်အဆင့် ၊ အရေးကြီးလှတဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက် ယခုမှ တပ်မတော်က စ ကျင့်သုံးတာ တွေ့ရ)- စစ်သည်များ၏ တိုက်ခိုက်လိုစိတ်၊ ယုံကြည်ချက်နှင့် စည်းကမ်းပြည့်ဝမှုသည် လက်နက်အင်အားထက်ပင် ပိုမိုအရေးပါတတ်ပါသည် ။ ( စည်းကမ်းကတပ်မတော်နဲ့ တခြားစီပါ
Ko Myo Win
8 Sept, 08:24
ဇင်းမယ်ဘုရင် အကူညီတောင်းတဲ့ လင်းဇင်းမင်း အန္တရာယ်ကို ရှင်းလင်းနှိမ်နင်းပြီးကြောင်း ၊ လင်းဇင်းမင်းရဲ့ စစ်သေနာပတိ နဲ့ ထက်ထောက်တို့ကို အရှင်ဖမ်းမိကြောင်း အင်းဝ ရှိ ဘုရင့်နောင်ထံ သတင်းပို့လိုက်ပါတယ် ။ ထိုအခါ ဘုရင့်နောင်က အနန်းမြို့ကို ဗညားငသည်လုံ ၊ ဇင်းငသည် မြို့ကို ဗညားသံပိုက် ၊ ပြဲမြို့ကို ဗညားသဲ ၊ တုရိုင်းမြို့ကို ဗညားငသည်တို့ကို အသီးသီး ပေးအပ်ခိုင်းလိုက်ပါတယ် ။ထို့နောက် ကိုယ့်လက်အောက်က အုပ်ချုပ်ခံ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် နဲ့ တရားမျှတတဲ့ အုပ်ချုပ်ရေးအတွက် အားလုံးနေသားတကျဖြစ်အောင် စနစ်တကျ စီစဥ်ခဲ့ရန် မိန့်ပါတယ် ။ အဲဒါတွေ ပြီးစီးကြောင်း သတင်းပို့မှသာ သတိုးမင်းစောနဲ့ တပ်မှူး စစ်ကဲ အပေါင်းတို့ကို ပြန်ခဲ့တော့လို့ ခေါ်လိုက်ပါတယ် ။အင်းဝမှာရှိနေတဲ့ ဘုရင့်နောင်ထံ မိုးဝန်းစော်ဘွား ၊ မိုးနဲစော်ဘွား ခုံမှိုင်း က ဗညားခုံမှိုင်း ၊ လာသာစော်ဘွား ညီစဆိုင်လုံ ၊ စန္ဒားစော်ဘွားက ညီမိုးရစ်စားတို့ကို ခေါ်လာပြီး လက်ဆောင် ပဏ္ဏာကာရ အများနှင့် ခိုလှုံလာကြပါတယ် ။ဘုရင့်နောင်က ခိုလှုံလာသော ညီသားတို့ကို
Ko Myo Win
8 Sept, 08:24
တပင်ရွှေထီး နဲ့ ဘုရင့်နောင် ( 52) =========================" အင်း..ညီတော် သတိုးဓမ္မလျှောက်တင်ချက်ကို ငါသဘောကျတယ် ဒီတော့ ငါနဲ့ထပ်တူ စိတ်ချရတဲ့ ညီတော် သတိုးမင်းစောက ငါ့ကိုယ်စား စစ်ချီရမယ်.. ငါ့အာဏာကို ညီတော်အား ယုံကြည်စွာ သုံးခွင့်ပေးလိုက်တယ်... ညီတော်အနေနဲ့ ငါ၏ အာဏာအား တလွဲမသုံးရ သုံးခဲ့သော် ကွပ်မည် ''ရှင်း၏ ပြတ်၏ အာဏာကို ခွဲဝေပေးလိုက်တယ် ၊ တလွဲမသုံးနဲ့ သုံးရင် သတ်မတဲ့.... ဧကရာဇ်မင်း ပီသပါပေ့ ဒီလို အာဏာကို ခွဲဝေသုံးတတ်လို့လဲ စိုးမိုးအုပ်အုပ်ရမယ့် နယ်ပယ်တွေ ကျယ်သထက် ကျယ်လာရတာပေါ့လေ ။အမိန့်ကြောင့် စစ်ပြင်ကြပါတယ် ။- လက်ယာရဲတိုင် ၊ တုရင်ရာဇာ ၊ လက်ယာ ယောဓာ ၊ ရာဇတမန် ၊ နန္ဒသိန်းစည်း မြင်းတပ် ၅ တပ် ။ ဆင်တပ်မှာ ဗညားကျန်းတော ၊ ဘယကျော်ထင် ၊ ရာဇသင်္ကြန် ၊ နန္ဒကျော်ထင် ၊ သမိန်သံလိုက် ၊ သီရိဇေယ ကျော်ထင် ၊ အဲမွန်ဒယာ ၊ နေမျိုးကျော်ထင် ၊ သမိန်ဇိပ်ပွန် ၊ ညောင်ရွှေ စော်ဘွား ၊ မိုးနဲစော်ဘွား ၊ အင်းဝဘုရင် သတိုးမင်းစော ဆင်တပ် ၁၂ တပ် ။ စုစုပေါင်း ၁၇ တပ် တိုက်ဆင် ၊ မြင်း ၆၀၀ ၊ စစ်သည် ၁၄၀၀၀၀ နှင့်
Ko Myo Win
7 Sept, 21:47
သေမင်းတမန် ဆိုတာ ==================မြန်မာ့တပ်မတော်တွင် အသုံးပြုလျက်ရှိသော ထင်ရှားသည့် အမြှောက်ကြီးများ (Artillery) ကို အမျိုးအစားအလိုက် ခွဲခြားဖော်ပြပေးထားပါသည်။ ၁ ။ တာဝေးပစ် ဒုံးလက်နက်ဆန်းများ (Multiple Rocket Launcher Systems - MRLS1 - 122 mm MRLS (Type-81/Type-90B/M-1985): ဒုံးသီး ၄၀ ကို စက္ကန့်ပိုင်းအတွင်း ဆက်တိုက်ပစ်ခတ်နိုင်ပြီး တပ်မတော်၏ ပစ်ကူပေးစနစ်တွင် အဓိကအသုံးပြုသည်။ ( 122 mm Rocket: ဒုံးသီးတစ်လုံးတွင် ယမ်း explosive Weight ၁၈-၂၁ ကီလိုဂရမ်ခန့် ပါဝင်ပြီး ပေါက်ကွဲမှုကြောင့် အချင်း ၃၀ မှ ၅၀ မီတာ အတွင်းရှိ ပစ်မှတ်များကို ပြင်းထန်စွာ ပျက်စီးစေသည်။122 mm Rocket: ဒုံးသီးတစ်လုံးတွင် ယမ်း explosive Weight ၁၈-၂၁ ကီလိုဂရမ်ခန့် ပါဝင်ပြီး ပေါက်ကွဲမှုကြောင့် အချင်း ၃၀ မှ ၅၀ မီတာ အတွင်းရှိ ပစ်မှတ်များကို ပြင်းထန်စွာ ပျက်စီးစေသည်။)2 ။ 240 mm / 300 mm MRLS (SY-300 / MAM-01): တာဝေးပစ် ဒုံးပစ်စနစ်များဖြစ်ပြီး ကီလိုမီတာ ၁၀၀ မှ ၁၅၀ ကျော်အထိ ပစ်ခတ်နိုင်သော မဟာဗျူဟာမြောက် အမြှောက်ကြီးများ
Ko Myo Win
7 Sept, 02:52edited
ကြေမွတော့မယ့် တိမ်တိုက်များ =======================လူဦးရေ ၁၈ မှ ၅၅ ကြားရခိုင် 2.15 သန်း 1.15 သန်း ကချင် 1.! .57 ကရင် .7 .4 -------------------------------------------------- Total 4.35 2.21 ---------------------------------------------------- အစိုးရ 32.5 သန်း 17.5 သန်းဒီစာရင်းက လက်ရှိ အနှစ်ချုပ်ထားတဲ့ စာရင်းပါပဲ ။ ဒီစာရင်းထဲမှာ ထွက်ပြေးတဲ့သူတွေ ၊ သေကုန်တဲ့ သူတွေ စာရင်း မပါဝင်သေးဘူး...သူပုန်တွေ အတွက် အစွမ်းကုန် တွက်ပြထားတာ ။လတ်တလော တပ်မတော်က ထိုးစစ်ဆင်မယ့် ၃ ဖွဲ့ကို အရင်တွက်ပြတာပါ ။ ဒါက လူသားရင်းမြစ် ရနိုင်တဲ့ စာရင်းပဲ ရှိပါသေးတယ် ။ လက်နက်ခဲယမ်း ရိက္ခာ နည်းပညာကလည်း ဆင် နဲ့ ကြွက်လောက် ကွာဟ နေတာပါပဲ ။အကန်မေးခွန်း လာပါလိမ့်မယ့်...ဒါဆို ဘာကြောင့် စစ်တိုင်းဌာနချုပ်ကြီး ၂ ခု ကျခဲ့ရသလဲပေါ့ ။ အဖြေက တိုတိုရှင်းရှင်းပဲ ခြံစည်းရိုးဖြဲပေးတဲ့ ဗမာ PDF နဲ့ တပ်တွင်းက စစ်ခြောက် ၊ စစ်လောက်တွေရယ် အညံ့စားပေါ်လစီ ရယ်ကြောင့်ပဲ ။OK တပ်မတော်က သင်ခန်းစာကို တန်ဖိုးကြီးကြီး ပေးဝယ်ခဲ့ရပြီး
Ko Myo Win
6 Sept, 13:29
ပိဋကတ်သုံးပုံကိုလည်း ပါဠိအဋ္ဌကထာ၊ ဋီကာနှင့်တကွ အပ်တော်မူ၍ ကြည့်ရှုသင်ကြား ပို့သတော်မူစေသည်။ အင်းဝတောင် (ရှင်ဗုဒ္ဓ ဃောသ)ကိုလည်း စင်္ကြန်နှနှစ်ထပ် ကျောင်းရံနှင့်တကွ ဆောက်၍ လှူတော်မူသည်။ ဘုရားဆင်းတုရုပ်တု တော် ပျက်စီးကျိုးပဲ့လေသည်များကိုလည်း လုပ်ပြန်ဆက် ပြန်၍ ရွှေထည့်တော်မူသည်။ ကြေးစင်တစ်ထောင်ကို လည်း ခေါင်းလောင်းကြီးသွန်းစေ၍၊ ပုဂံရွှေစည်းခုံမှာ လှူတော်မူသည် ။အဲလို ကာလမှာပဲ ဇင်းမယ်မင်းထံမှ သတင်းပို့လာပါတယ် ။" လင်းဇင်းမင်း ဗြစဲစစ် သည် အင်အားအလုံးအရင်းနဲ့ ချီလာပြီး ပြဲအနန်း၊ လကွန်း၊ တုရိုင်းဇင်းခေါင်းမြို့စားများလည်း ပူးပေါင်းပါဝင်ကြသဖြင့် စိုးရိမ်နေရပါကြောင်း '' mဒါနဲ့ ဘုရင့်နောင်လည်း အစည်းအဝေးခေါ်ပြီး...." ကဲ ဇင်းမယ်ကတော့ စစ်ကူတောင်းနေပြီ ငါတို့ ဘယ်လိုစီစဥ်ကြမလဲ ဆွေးနွေးကြစို့.. ''ထိုအခါ အိမ်ရှေ့မင်းက... “ဇင်းမယ်မြို့တွင် ထားခဲ့သော ဗညားဒလ၊ ဗညားစက်တို့မှာလည်း အင်အားတောင့်ပါတယ် ။ ဇင်းမယ်မှာလည်း အလုံးအရင်း ဆင် မြင်း ရှိပါတယ် ။ ဒီတော့ ယုံကြည်ရတဲ့ စစ်သူကြီးတွေ ခန့်ပြီး
Related Channels
Other channels in the same section of the catalogue.
