gram news
Tamadaw Daily Activity channel avatar

Tamadaw Daily Activity

@tatmadawactivityy

တပ်မတော်သတင်းတွေ ဖတ်ကြမယ်

ProjectsENMilitary

5,880subscribers

Open the Channel

Latest posts

  • Tamadaw Daily Activity

    21 Sept, 15:57

    တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သီးထပ်စွမ်းအားမြှင့်တင်နိုင်ပါက အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံခန့်အထိ ပိုမိုရရှိနိုင်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြားတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သီးထပ်စွမ်းအားမြှင့်တင်နိုင်ပါက အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံခန့်အထိ ပိုမိုရရှိနိုင်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ စက်တင်ဘာလ ၂၁ ရက် နံနက်ပိုင်းက ကျင်းပသည့် "လယ်ယာကဏ္ဍ ဖွံဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို"အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။မြန်မာနိုင်ငံတွင် လယ်ယာထုတ်ကုန်များတိုးမြှင့်ရန်လိုအပ်နေသည်ကို တွေ့ရှိရကာ မြန်မာနိုင်ငံ၏ အဓိကပိုကုန်များထဲတွင် လယ်ယာထွက်ကုန်များသည် အရေးကြီးသည့်အခန်းကဏ္ဍတွင်ပါဝင်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ(၄ ဒသမ ၇၄၁)ဘီလီယံ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ(၃ ဒသမ ၇၄၃)ဘီလီယံတင်ပိုနိုင်ခဲ့သည်ဟု ပြောသည်။
    Image from a post by Tamadaw Daily ActivityImage from a post by Tamadaw Daily ActivityImage from a post by Tamadaw Daily ActivityImage from a post by Tamadaw Daily Activity
  • Tamadaw Daily Activity

    21 Sept, 14:50

    ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းရှိ တပ်မတော်အရာရှိကြီးများအား တွေ့ဆုံအမှာစကားပြောကြား =========================== ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း သည် စက်တင်ဘာလ ၂၁ ရက် မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းရှိ ရုံးဌာနအသီးသီးမှ တပ်မတော်အရာရှိကြီးများအား နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားပါတယ်။ အမှာစကားပြောကြားရာတွင် တပ်မတော်အရာရှိကြီးများအနေဖြင့် လုပ်ငန်းတာဝန်များအပေါ်တွင် စိတ်ဓာတ်၊ စည်းကမ်းနှင့် ခံယူချက်များ ကောင်းမွန်စွာဖြင့် ကြိုးပမ်းထမ်းဆောင်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ မိမိတို၏ အဖွဲအစည်းနှင့် သက်ဆိုင်သည့် ဘာသာရပ်များနှင့် လုပ်ငန်းများကိုလည်း Professional ကျကျ ကျွမ်းကျင်ပိုင်နိုင်အောင် အမြဲမပြတ်လေ့လာဆည်းပူးနေကြရန်လိုကြောင်း စသည်ဖြင့် ပြောကြားခဲ့တယ်လို သိရပါတယ်။
    Image from a post by Tamadaw Daily ActivityImage from a post by Tamadaw Daily ActivityImage from a post by Tamadaw Daily Activity
  • Tamadaw Daily Activity

    21 Sept, 13:42

    ကုန်ဈေးနှုန်းကြီးမြင့်ရခြင်း အကြောင်းအရင်းနှင့် တိုင်းပြည်ဝင်ငွေရချင်ရင် ကုန်ထုတ်လုပ်မှုမြှင့်တင်ရမှာဖြစ်တဲ့အကြောင်း“လယ်ယာကဏ္ဍ ဖွံဖြိုးတိုးတက်မှုမှသည် နိုင်ငံထုတ်ကုန်တိုးတက်မှုသို” အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြားချက်မှ ကောက်နုတ်ဖော်ပြချက်
  • Tamadaw Daily Activity

    21 Sept, 09:44

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် “ လယ်ယာကဏ္ဍ ဖွံဖြိုးတိုးတက်မှု မှသည် နိုင်ငံထုတ်ကုန် တိုးတက်မှုသို” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားသို တက်ရောက် အမှာစကားပြောကြားပထဝီအနေအထားအရ ရရှိထားသည့် အားသာချက်များကို ထိရောက်စွာအသုံးချပြီး ပြည်တွင်းစားရေရိက္ခာ ဖူလုံရေးအပြင် အရည်အသွေးမြင့် လယ်ယာထွက်ကုန်များ ထုတ်လုပ်ကာ ဒေသတွင်းနှင့် ကမ္ဘာ့ ဈေးကွက်များကို ထိုးဖောက်နိုင်ရေးကို အလေးထား ဆောင်ရွက်ကြရန်လိုအပ်ကြောင်းထည့်သွင်းပြောကြားနေပြည်တော်၊စက်တင်ဘာ-၂၁“ လယ်ယာကဏ္ဍ ဖွံဖြိုးတိုးတက်မှု မှသည် နိုင်ငံထုတ်ကုန် တိုးတက်မှုသို” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်းဗင်းရှင်း ဗဟိုဌာန-၁ (MICC-1) ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။
    Image from a post by Tamadaw Daily ActivityImage from a post by Tamadaw Daily ActivityImage from a post by Tamadaw Daily ActivityImage from a post by Tamadaw Daily Activity
  • Tamadaw Daily Activity

    21 Sept, 09:42

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ “လယ်ယာကဏ္ဍ ဖွံဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို” အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲသို တက်ရောက်မိန့်ခွန်း ပြောကြား“လယ်ယာကဏ္ဍ ဖွံဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ စက်တင်ဘာ ၂၁ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။နိုင်ငံတော်သမ္မတက လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်မှုမှတစ်ဆင့် နိုင်ငံ့ထုတ်ကုန်တိုးတက်လာစေရေးအတွက် ထုတ်လုပ်မှုမှ ကုန်ကြမ်း၊ တန်ဖိုးမြှင့်ထုတ်ကုန်၊ စက်မှုလုပ်ငန်း၊ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပိုကုန်အထိ တန်ဖိုးကွင်းဆက်တစ်လျှောက် အားလုံးပါဝင်နိုင်ရေး ချိတ်ဆက်ဖော်ဆောင်ရန်လိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    Image from a post by Tamadaw Daily ActivityImage from a post by Tamadaw Daily ActivityImage from a post by Tamadaw Daily ActivityImage from a post by Tamadaw Daily Activity
  • Tamadaw Daily Activity

    21 Sept, 07:25

    လယ်ယာထွက်ကုန်များကို ကုန်ကြမ်းအဖြစ်သာ ရောင်းချခြင်းမပြုဘဲ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မှာကြား ================================= စိုက်ပျိုးရေးကဏ္ဍတွင် မိရိုးဖလာစိုက်ပျိုးရေးမှ စီးပွားဖြစ်လယ်ယာစိုက်ပျိုးရေးသို ကူးပြောင်းကာ “မျိုး၊ မြေ၊ ရေ၊ နည်း” အခြေခံအချက်များပြည့်စုံစေရေး၊ လယ်ယာထွက်ကုန်များကို ကုန်ကြမ်းအဖြစ်သာ ရောင်းချခြင်းမပြုဘဲ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်ရေးနှင့် ဒေသထွက်ကုန်ကြမ်းအခြေခံ MSME လုပ်ငန်းများ ဖွံဖြိုးရေးတိုကို ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ စက်တင်ဘာလ ၂၁ ရက်တွင် နေပြည်တော်၌ ကျင်းပပြုလုပ်သည့် “လယ်ယာကဏ္ဍ ဖွံဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းမှာကြားခဲ့တာဖြစ်ပါတယ်။
    Image from a post by Tamadaw Daily ActivityImage from a post by Tamadaw Daily ActivityImage from a post by Tamadaw Daily ActivityImage from a post by Tamadaw Daily Activity
  • Tamadaw Daily Activity

    21 Sept, 07:18

    လယ်ယာကဏ္ဍမှ နိုင်ငံ့ထုတ်ကုန်တိုးတက်ရေး တန်ဖိုးကွင်းဆက်တစ်လျှောက် ချိတ်ဆက်ဖော်ဆောင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မှာကြား ================================= လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်မှုမှတစ်ဆင့် နိုင်ငံ့ထုတ်ကုန်တိုးတက်လာစေရေးအတွက် ထုတ်လုပ်မှုမှ ကုန်ကြမ်း၊ တန်ဖိုးမြှင့်ထုတ်ကုန်၊ စက်မှုလုပ်ငန်း၊ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပိုကုန်အထိ တန်ဖိုးကွင်းဆက်တစ်လျှောက် အားလုံးပါဝင်နိုင်ရေး ချိတ်ဆက်ဖော်ဆောင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ စက်တင်ဘာလ ၂၁ ရက်တွင် နေပြည်တော်၌ ကျင်းပပြုလုပ်သည့် “လယ်ယာကဏ္ဍ ဖွံဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းမှာကြားခဲ့တာဖြစ်ပါတယ်။
    Image from a post by Tamadaw Daily ActivityImage from a post by Tamadaw Daily ActivityImage from a post by Tamadaw Daily ActivityImage from a post by Tamadaw Daily Activity
  • Tamadaw Daily Activity

    21 Sept, 07:10

    လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်ရေးမှ နိုင်ငံ့ထုတ်ကုန်တိုးတက်ရေးအတွက် တန်ဖိုးကွင်းဆက်တစ်လျှောက် အားလုံးပါဝင်နိုင်ရေးဖော်ဆောင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မှာကြား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် “လယ်ယာကဏ္ဍ ဖွံဖြိ
    Image from a post by Tamadaw Daily ActivityImage from a post by Tamadaw Daily ActivityImage from a post by Tamadaw Daily ActivityImage from a post by Tamadaw Daily Activity