Latest posts

Saw Ba Maung
22 Sept, 09:44
ရုရှားနိုင်ငံ၌ ကျင်းပသည့် နိုင်ငံတကာနည်းပညာကွန်ဂရက်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက် +++++ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တွင် စက်တင်ဘာလ ၈ ရက်မှ ၁၀ ရက်အထိ ကျင်းပခဲ့သည့် တတိယအကြိမ် နိုင်ငံတကာနည်းပညာကွန်ဂရက်နှင့် နည်းပညာပြပွဲသို့ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။ အဆိုပါ နည်းပညာကွန်ဂရက်နှင့် ပြပွဲကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆက်သွယ်ရေးနှင့် လူထုမီဒီယာဝန်ကြီးဌာနက ကြီးမှူး၍ မော်စကိုမြို့ရှိ Patriot Congress and Exhibition Center တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ ကွန်ဂရက်တွင် နိုင်ငံပေါင်း ၄၀ ကျော်မှ ကိုယ်စားလှယ် ၅၀၀၀ ကျော် ပါဝင်ခဲ့ကြပြီး ဉာဏ်ရည်တု (AI)၊ စက်ရုပ်နည်းပညာ (Robotics)၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစနစ်များ (Autonomous Systems) အပါအဝင် ခေတ်မီနည်းပညာနှင့် ဆန်းသစ်တီထွင်မှုများကို ကုမ္ပဏီနှင့် အဖွဲ့အစည်းပေါင်း ၃၀၀ ကျော်က ပြသခဲ့ကြသည်။


Saw Ba Maung
22 Sept, 09:42



Saw Ba Maung
22 Sept, 09:37
လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမှ နိုင်ငံ့ထုတ်ကုန်တိုးတက်ရေးအတွက် တန်ဖိုးကွင်းဆက်တစ်လျှောက် အားလုံးပါဝင်နိုင်ရေးဖော်ဆောင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မှာကြား


Saw Ba Maung
22 Sept, 09:35
တရုတ်စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံလိုသည်ကိုဆွေးနွေး +++++ တရုတ်စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလိုသည်ကို ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ် ဦးဇေယျာမျိုးမြင့်နဲ့ တရုတ်(ကူမင်း)အာဆီယံအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ Mr. De Long Yong တို့ ယမန်နေ့ နံနက်ပိုင်းက ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။တွေ့ဆုံစဥ် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့သွားရောက်ရင်းနှီးမြှုပ်နှံလိုတဲ့ကိစ္စ၊ မြန်မာစီးပွားရေးလုပ်ငန်းရှင်များနဲ့ စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လိုတဲ့ကိစ္စ၊ မြန်မာနိုင်ငံမှာ အခြေခံအဆောက်အဦများတည်ဆောက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြတဲ့အပြင် မြန်မာနိုင်ငံမှ စိုက်ပျိုးရေးထွက်ကုန်များကို ယူနန်ပြည်နယ်သို့ တင်ပို့ရောင်းချရေး၊ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။


Saw Ba Maung
22 Sept, 09:32
စိုက်ပျိုးသီးနှံများကို တစ်ဧကပန်းတိုင်အထွက်နှုန်းပြည့်မီအောင် စိုက်ပျိုးနိုင်ပါက အမေရိကန်ဒေါ်လာ လေးဘီလျံခန့်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သီးထပ်စွမ်းအား မြှင့်တင်နိုင်ပါက အမေရိကန်ဒေါ်လာ ၁၂ ဘီလျံခန့်အထိ ပိုမိုရရှိနိုင်သည်ကို တွက်ချက်ရရှိကြောင်း နိုင်ငံတော်သမ္မတ ပြောကြား +++++ မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းစားရေရိက္ခာလုံခြုံရေးကို အာမခံနိုင်ရုံသာမက နိုင်ငံ၏ စိုက်ပျိုးရေးအလားအလာကို အသုံးပြုပြီး ဒေသတွင်းနှင့် ကမ္ဘာ့စားရေရိက္ခာဈေးကွက်တွင် အရေးပါသည့် ထုတ်လုပ်သူနှင့် တင်ပိုသူနိုင်ငံအဖြစ်၊ တစ်နည်းအားဖြင့် ကမ္ဘာ့စပါးကျီနိုင်ငံတစ်နိုင်ငံအဖြစ် ပါဝင်ဖော်ဆောင်နိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိဟု ဆို။စိုက်ပျိုးသီးနှံများကို တစ်ဧကပန်းတိုင်အထွက်နှုန်းပြည့်မီအောင် စိုက်ပျိုးနိုင်ပါက အမေရိကန်ဒေါ်လာ လေးဘီလျံခန့်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သီးထပ်စွမ်းအား မြှင့်တင်နိုင်ပါက အမေရိကန်ဒေါ်လာ ၁၂ ဘီလျံခန့်အထိ ပိုမိုရရှိနိုင်သည်ကို တွက်ချက်ရရှိကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က




Saw Ba Maung
22 Sept, 09:31
လယ်ယာကဏ္ဍမှ တန်ဖိုးမြှင့်ထုတ်ကုန်နှင့် ပိုကုန်ဈေးကွက်အထိ ချိတ်ဆက်ဆောင်ရွက်ရန်လိုကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား +++++ “လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့” ဟူသည့် ရည်မှန်းချက်သည် လယ်ယာကဏ္ဍတစ်ခုတည်းကို ဖွံ့ဖြိုးတိုးတက်စေရန်ပြောကြားခြင်းမဟုတ်ဘဲ လယ်ယာထွက်ကုန်မှ ကုန်ကြမ်း၊ ကုန်ကြမ်းမှ တန်ဖိုးမြှင့်ထုတ်ကုန်၊ ပိုကုန်ဈေးကွက်အထိ တန်ဖိုးကွင်းဆက်တစ်လျှောက် ချိတ်ဆက်ပြီး နိုင်ငံ့ထုတ်ကုန်တိုးတက်လာစေရေးကို ရည်မှန်းသည့် မူဝါဒဦးတည်ချက်တစ်ရပ်လည်းဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က စက်တင်ဘာလ ၂၁ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန- ၁ (MICC-1) တွင် ကျင်းပပြုလုပ်သည့် “လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံထုတ်ကုန်တိုးတက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားရာတွင်


Saw Ba Maung
22 Sept, 09:28
လုံခြုံရေးနှင့် သက်ဆိုင်သည့် မည်သည့်ကိစ္စရပ်မဆို အလေးအနက်ထားထိန်းသိမ်းကြရန် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တိုက်တွန်း +++++ သတင်းလုံခြုံရေးကို တစ်ဦးချင်းစီက အထူးဂရုပြုဆောင်ရွက်ကြရမည်ဖြစ်ပြီး သတင်းလုံခြုံမှုကျိုးပေါက်ခြင်းကြောင့် များစွာသောထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်သဖြင့် လုံခြုံရေးနှင့် သက်ဆိုင်သည့် မည်သည့်ကိစ္စရပ်မဆို အလေးအနက်ထားထိန်းသိမ်းကြရန်လိုကြောင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက တိုက်တွန်းပြောကြားပါတယ်။ - စက်တင်ဘာလ ၂၁ ရက်၊ မွန်းလွဲပိုင်းက ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်းရှိ ရုံးဌာနအသီးသီးမှ တပ်မတော်အရာရှိကြီးများအား နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားစဉ် ယခုလိုတိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။


Saw Ba Maung
22 Sept, 09:27
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားနိုင်ပါကြောင်း ပြည်သူသို့အသိပေးခြင်း


Saw Ba Maung
22 Sept, 01:31
ယမန်နေ့တပ်မတော်ကထုတ်ပြန်တဲ့ ဒရုန်း footage ထဲမှာ AAလက်ထဲရောက်နေတဲ့ WMA301 လို့ယူဆရတဲ့ သံချပ်ကာယာဉ်ကို ဒရုန်းနဲ့ဖျက်ဆီးလိုက်တာကိုတွေ့ရပါတယ်။သံချပ်ကာယာဉ်ကို Drone နဲ့ဖျက်ဆီးနိုင်တဲ့အထိကို မြန်မာ့တပ်မတော်ဒရုန်းတပ်ဖွဲ့က အင်အားကြီးလာတာကိုတွေ့နိုင်ပါတယ်။တစ်ဖက်ကကြည့်ရင်လည်း ကိုယ့်လက်နက်ကို ကိုယ်တိုင်ပြန်ဖျက်ဆီးရတော့ ရင်ထဲသိပ်မကောင်းဘူး။#Warlens_myanmar



Saw Ba Maung
22 Sept, 01:29
ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ “တတိယအကြိမ် နိုင်ငံတကာနည်းပညာကွန်ဂရက်နှင့် နည်းပညာပြပွဲ” သို့ တက်ရောက်


Saw Ba Maung
22 Sept, 01:29
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်းတိုက် ပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယ ရတ္တညူ မဟာနာယက၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ ဆဋ္ဌသင်္ဂီတိ ပါဠိပဋိဝိသောဓက၊ သကျသီဟနှင့် အစိုးရသိရီပဝရဓမ္မာစရိယ ဘဒ္ဒန္တဇနကာဘိဝံသ၏ ဥတုဇရုပ်ကလာပ်တော်နှင့် အန္တိမအဂ္ဂိစျာပနလောင်တိုက် တည်ဆောက်နေမှုကို ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် သွားရောက်ကြည့်ရှုစစ်ဆေး


Saw Ba Maung
22 Sept, 01:28
ဘယ်လောက်ထိခိုးနေလဲဆိုတာ တွေးတာကြည့်လိုက်တော့..ဒီကောင်တွေ ထောက်ပံ့တယ်ဆိုတာ ဘယ်မှာတွေများ သက်သေနဲ့ရှင်းပြတာရှိလဲ...စစ်တိုက်နေတဲ့ PDF တွေကိုကြည့်လိုက် လိုင်းပေါ်တက်ပြီး အကုန်တောင်းစားနေတဲ့သူတွေချည်ပဲ...ထမင်းဖိုးတောင် ဒီလောက်ထိတောင်းနေတာ ခဲယမ်းနဲ့ လက်နက်ဖိုးဆိုရင် စာရင်းပျောက် အင်းပျောက်နဲ့ ဘယ်လောက်ထိတောင် ခိုးနေမလဲ..?


Saw Ba Maung
22 Sept, 01:22
နိုင်ငံ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့သားကောင်းရတနာများဖြစ်သော ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၅)မှ ပြည်သူ့စစ်မှုထမ်းများ၏ ဂုဏ်ယူဖွယ်အိမ်ပြန်ခရီးအား မိဘဆွေမျိုးမိသားစုဝင်များသာမက ဒေသခံပြည်သူလူထုကပါ ဝမ်းမြောက်ဝမ်းသာ စည်ကားသိုက်မြိုက်စွာ ဂုဏ်ပြုကြိုဆို




Saw Ba Maung
22 Sept, 01:21
ရှီကျင့်ဖျင် အမေရိကန်သို့ သွားမည်တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ဖိတ်ကြားချက်အရ စက်တင်ဘာ ၂၃ ရက်ကနေ ၂၅ ရက်အထိ အမေရိကန်နိုင်ငံကို နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်မှာ ဖြစ်ပါတယ်။ - ဒီခရီးစဉ်အတွင်း ရှီကျင့်ဖျင်နဲ့ ထရန့်တို့ဟာ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ကမ္ဘာ့ရေးရာတွေကို ထိပ်သီးဆွေးနွေးကြမှာဖြစ်ပြီး ကုန်သွယ်ရေး၊ နည်းပညာ၊ ရှားပါးသတ္တုနဲ့ အရေးကြီးကုန်ကြမ်းတွေ၊ စိုက်ပျိုးရေးထုတ်ကုန်တွေလို ကိစ္စတွေက အဓိကဆွေးနွေးစရာတွေထဲမှာ ပါဝင်လာနိုင်ပါတယ်။ - ဒီတွေ့ဆုံမှုဟာ မေလက ထရန့်ရဲ့ တရုတ်ခရီးစဉ်အပြီး နှစ်နိုင်ငံခေါင်းဆောင်တွေ ထပ်မံတွေ့ဆုံကြတာဖြစ်ပြီး ကမ္ဘာ့စီးပွားရေးနဲ့ နှစ်နိုင်ငံကုန်သွယ်ရေးအပေါ် သက်ရောက်မှုရှိနိုင်တဲ့ ဆွေးနွေးပွဲတစ်ရပ်အဖြစ် စောင့်ကြည့်ခံနေရပါတယ်။


Saw Ba Maung
22 Sept, 01:20
မိုဘိုင်းဖုန်း IMEI မှတ်ပုံတင်ပေးသည့် CEIR OSS (YGN) ရုံး နေရာပြောင်းရွှေ့ဖွင့်လှစ်ရန်ကုန်၊ စက်တင်ဘာ ၂၁ မိုဘိုင်းဖုန်း IMEI မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် CEIR OSS (YGN) ရုံးကို ရန်ကုန်မြို၊ ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန E-Service ရုံးသို ယနေ့ စက်တင်ဘာ ၂၁ ရက်မှစတင်၍ နေရာပြောင်းရွှေ့ဖွင့်လှစ်ထားကြောင်း သိရသည်။


Saw Ba Maung
22 Sept, 01:18
အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် အင်ဒိုနီးရှားနိုင်ငံသား တစ်ဦး မြန်မာ - ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ထပ်မံလွှဲပြောင်းပေးအပ်




Saw Ba Maung
22 Sept, 01:11
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းရှိ တပ်မတော်အရာရှိကြီးများအား တွေ့ဆုံအမှာစကားပြောကြား




Saw Ba Maung
22 Sept, 01:00
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သီးထပ်စွမ်းအားမြှင့်တင်နိုင်ပါက အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံခန့်အထိ ပိုမိုရရှိနိုင်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား +++++ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သီးထပ်စွမ်းအားမြှင့်တင်နိုင်ပါက အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံခန့်အထိ ပိုမိုရရှိနိုင်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ စက်တင်ဘာလ ၂၁ ရက် နံနက်ပိုင်းက ကျင်းပသည့် "လယ်ယာကဏ္ဍ ဖွံဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို"အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။မြန်မာနိုင်ငံတွင် လယ်ယာထုတ်ကုန်များတိုးမြှင့်ရန်လိုအပ်နေသည်ကို တွေ့ရှိရကာ မြန်မာနိုင်ငံ၏ အဓိကပိုကုန်များထဲတွင် လယ်ယာထွက်ကုန်များသည် အရေးကြီးသည့်အခန်းကဏ္ဍတွင်ပါဝင်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ(၄ ဒသမ ၇၄၁)ဘီလီယံ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ(၃ ဒသမ ၇၄၃)ဘီလီယံတင်ပိုနိုင်ခဲ့သည်ဟု ပြောသည်။
Saw Ba Maung
22 Sept, 00:58
"ဖြည်းဖြည်းချင်းပြော၊ကျက်ထားတာတွေမပြောနှင့်"
Saw Ba Maung
21 Sept, 22:57edited
🌹ကျက်သရေမင်္ဂလာအပေါင်းနဲ့ပြည့်စုံသောမင်္ဂလာမနက်ခင်းပါ 🌷🌼🌼🙏🙏🙏🌷စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ 🌹🙏🙏🌹🌹ပူပင်သောက ကင်းဝေးပါစေ🌷သတ္တဝါ အားလုံး စိတ်အေးချမ်းမူ့ ရရှိပါစေ🙏🌷

Related Channels
Other channels in the same section of the catalogue.
