Latest posts

Burmese TV Pro
23 Sept, 12:41
🚨 မန်ယူနိုက်တက် CEO Omar Berrada ရဲ့ ထုတ်ပြန်ချက်"ဥရောပဖလားပြိုင်ပွဲတွေ ဝင်ခွင့်မရခဲ့တဲ့ ရာသီတစ်ခုမှာတောင် အသင်းရဲ့ စံချိန်တင် ဝင်ငွေနဲ့ ဝင်ငွေအမြတ်အစွန်း (EBITDA) တွေကို ရရှိခဲ့တာဟာ ကျွန်တော်တို့ စီးပွားရေးရဲ့ အခြေခံခိုင်မာမှုကို ပြသနေပါတယ်။ဒါဟာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ကျွန်တော်တို့ လုပ်ဆောင်ခဲ့တဲ့ အလုပ်တွေရဲ့ တိုက်ရိုက်ရလဒ်ဖြစ်သလို မန်ယူနိုက်တက်ရဲ့ လျှော့ပါးမသွားတဲ့ ရေပန်းစားမှုနဲ့ စီးပွားရေးအရ ခိုင်မာမှုကိုလည်း သက်သေပြနေတာပါ။ ဒီရလဒ်တွေက အသင်းအနေနဲ့ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီဆိုတာကို အတည်ပြုပေးနေပေမဲ့ ဘဏ္ဍာရေး ပိုမိုခိုင်မာစနစ်ကျစေဖို့ စည်းကမ်းတကျ စနစ်တကျ ဆက်လက်ဆောင်ရွက်သွားပါမယ်။ဒီလို ဘဏ္ဍာရေးအရ ခိုင်မာမှုကို မူတည်ပြီး နွေရာသီ အပြောင်းအရွှေ့မှာ အမျိုးသားရော အမျိုးသမီး အသင်းကိုပါ အင်အားဖြည့်တင်းနိုင်ခဲ့သလို အမျိုးသားအသင်းအနေနဲ့လည်း ချန်ပီယံလိဂ်ဘောလုံးပွဲတွေကို အို့လ်ထရက်ဖို့ဒ်ဆီ ပြန်လည်ယူဆောင်လာနိုင်ခဲ့ပါပြီ။"


Burmese TV Pro
23 Sept, 03:52
🚨🔴⚪️ Mikel Arteta ရဲ့ စာချုပ်သစ် သတင်းအာဆင်နယ်နည်းပြ Mikel Arteta ဟာ အာဆင်နယ်အသင်းနဲ့ သက်တမ်း ၄ နှစ် အထိ တိုးမြှင့်မယ့် စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ ✍️🔥အသက် ၄၄ နှစ်အရွယ် စပိန်လူမျိုးနည်းပြကြီးဟာ အာဆင်နယ်အသင်းကို ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ အောင်မြင်မှုတွေဆီ ဦးဆောင်ပေးနေသူဖြစ်ပြီး လန်ဒန်ကလပ်မှာ ဆက်လက်တာဝန်ထမ်း ဆောင်တော့မှာဖြစ်ပါတယ်။ 🔴⚪️


Burmese TV Pro
22 Sept, 12:00
Mbappé ရဲ့ Ballon d’Or မျှော်လင့်ချက် 🌕✨"ဒီနှစ်က ကျွန်တော့်အတွက် ရလဒ်ကောင်းတဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့တယ်လို့ တကယ်ခံစားရပါတယ်။ Ballon d’Or ဆုကို မရခဲ့ရင်တော့ တကယ် စိတ်ပျက်မိမှာပါ။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြိုင်ပွဲဝင်တစ်ယောက်အနေနဲ့ မနိုင်ရင် စိတ်ပျက်ရတာ သဘာဝပါပဲ။ကျွန်တော်က ပြိုင်ဆိုင်လိုစိတ် အမြဲရှိတဲ့သူပါ" လို့ RFI နဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။


Burmese TV Pro
21 Sept, 12:12
လီယိုနယ် မက်ဆီရဲ့ free kick ဂိုး ၇၅ ဂိုးပြည့် မြောက်သွားခဲ့မှု 😯🙌💫မက်ဆီဟာ သူ့ရဲ့ ကစားသမားဘဝမှာ Free-kick ဂိုး ၇၅ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီဖြစ်လို့ စာရင်းဇယားအရ သမိုင်းတစ်လျှောက် Free Kick သွင်းဂိုးအများဆုံး စာရင်းမှာ Marcelinho Carioca ကို မှီဖို့ (၃) ဂိုး သာ လိုပါတော့တယ်! ⚽🔥


Burmese TV Pro
21 Sept, 06:07
Premier League ပွဲစဉ် 5 ကန်အပြီး အမှတ်ပေးဇယားရပ်တည်မှု အခြေအနေပဲဖြစ်ပါတယ်။Arsenal နဲ့ Chelsea လဲရှုံးနိမ့်ခဲ့သလို Manchester United လဲသရေကျခဲ့ပေမယ့် ဗန်နိုင်ခဲ့တဲ့ သတင်းကြောင့် သိပ်အစမခံရတာ ကံကောင်းသလိုတော့ဖြစ်သွားပြီး🤣 international break 2 ပတ်နားသွားပြီပဲဖြစ်ပါတယ်။International break မှာကန်မယ့် နိုင်ငံပွဲစဉ်တိုင်းကိုလဲ Burmese Tv Pro Application မှာတိုက်ရိုက်Live ထုတ်လွှင့်ပြသပေးသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။✨


Burmese TV Pro
20 Sept, 04:07
ပန်တိုဂျာကိုအနိုင်ယူပြီး ချန်ပီယံခါးပတ် ဒုတိယအကြိမ်ကာကွယ်ခဲ့တဲ့ ဗန် 🇲🇲🔥UFC Flyweight ချန်ပီယံ ဂျော့ရှုဝါဗန် ဟာ အရင်ချန်ပီယံဟောင်း ပန်တိုဂျာကို ဒိုင်အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ချန်ပီယံခါးပတ်ကိုဒုတိယအကြိမ်ကာကွယ်နိုင်ခဲ့ပါပြီ။ 🤩


Burmese TV Pro
20 Sept, 03:10
Joshua Van ပွဲလာတော့မယ်နော် အားပေးဖို့ ready ပဲလား🇲🇲🇲🇲🤩🔥
Burmese TV Pro
19 Sept, 12:01edited
Joshua Van 🇲🇲 vs Alexandre Pantoja 🇧🇷Flyweight ချန်ပီယံခါးပတ် ကာကွယ်ပွဲ🔥မြန်မာပရိသတ်တွေအတွက်စောင့်မျှော်နေကြတဲ့UFC ပွဲစဉ်ကတော့ရောက်ရှိလာပါပြီ Flyweight ချန်ပီယံခါးပတ်ကို ကိုင်ဆောင်ထားတဲ့ Joshua Van ဟာ ချန်ပီယံဟောင်း Alexandre Pantoja နဲ့ ဒုတိယအကြိမ် ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ ချန်ပီယံခါးပတ်ကို ကာကွယ်ရမယ့် အရေးကြီးဆုံးပွဲတစ်ပွဲ ဖြစ်လာပါတယ်။ဒီပွဲစဉ်ကို မနက်ဖြန် စက်တင်ဘာ ၂၀ ရက် နေ့ မနက် ၄ နာရီခွဲလောက်တည်းက စတင်မှာဖြစ်ပြီး ဗန်ပွဲစဉ်ကိုတော့ မနက် ၉ နာရီဝန်းကျင်လောက်မှာ Burmese Tv Pro Application ကနေတိုက်ရိုက် Live ကြည့်ရှုရနိုင်မှာဖြစ်ပါတယ်။Burmese Tv Pro Application Download ဆွဲရန် link👇 http://burmesetv.orgဘယ်ကကြည့်ရမလဲ မသိသေးတဲ့သူတွေအတွက် ဒီ post ကို share ပြီးကူညီပေးခဲ့ကြပါအုန်းဗျို့✨


Burmese TV Pro
19 Sept, 02:02
Chelsea တို့အဝေးကွင်းမှာ Brentford အသင်းကိုဂိုးပြတ်အရေးနိမ့်


Burmese TV Pro
18 Sept, 12:28

Burmese TV Pro
18 Sept, 12:27
🚨 MATCH DAY PREVIEW 🚨 Brentford vs Chelseaပရီးမီးယားလိဂ် ပွဲစဉ် (၅) ရဲ့ လန်ဒန်ဒါဘီပွဲစဉ်အဖြစ် ဘရန့်ဖို့ဒ်နဲ့ ချဲလ်ဆီးတို့ ယနေ့ည (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၉ ရက် နံနက် ၁:၃၀ နာရီ) မှာ ယှဉ်ပြိုင်ကစားကြတော့မှာဖြစ်ပါတယ်။ဘရန့်ဖို့ဒ် (အိမ်ရှင်): အိမ်ကွင်း Gtech Community Stadium မှာ ကစားရမှာဖြစ်လို့ တိုက်စစ်ဖွင့်ပြီး ခံစစ်ကျစ်လစ်တဲ့ ကစားဟန်နဲ့ ချဲလ်ဆီးကို အခက်တွေ့အောင် လုပ်ဆောင်လာနိုင်ပါတယ်။ တောင်ပံတိုက်စစ်နားနဲ့ ကောင်တာတွေက ချဲလ်ဆီးခံစစ်အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်လာမှာပါ။ချဲလ်ဆီး (ဧည့်သည်): နည်းပြရဲ့ နည်းဗျူဟာအောက်မှာ စနစ်တကျ ကစားလာနိုင်ပြီး တိုက်စစ်ပိုင်းမှာ Cole Palmer ရဲ့ ဖန်တီးမှုတွေနဲ့အတူ အဝေးကွင်းမှာ ၃ မှတ်အပြည့်ရယူဖို့ ပစ်မှတ်ထားလာမှာဖြစ်ပါတယ်။အိမ်ရှင် ဘရင့်ဖို့ဒ်ရဲ့ မာကျောတဲ့ကစားဟန်ကြောင့် ပွဲက အကြိတ်အနယ်ရှိမှာဖြစ်ပေမဲ့ တိုက်စစ်ပိုင်း အခွင့်အရေးဖန်တီးနိုင်စွမ်း သာလွန်တဲ့ Chelsea ကပဲအနိုင်ရသွားမယ်လို့ သုံးသပ်လိုက်ပါတယ်။ခန့်မှန်းဂိုးရလဒ် Brentford 1 - 2 Chelsea


Burmese TV Pro
18 Sept, 06:40
🚨🏴 “၇၃ ဂိုးကပဲ သက်သေပြနေတာပါ” - Ballon d’Or အကြောင်း ပြောကြားလာတဲ့ Harry Kaneမကြာသေးမီက Marca နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဟာရီကိန်းက သူ့ရဲ့ ခြေစွမ်းနဲ့ Ballon d’Or ဆုနဲ့ ပတ်သက်ပြီး အခုလိုပဲ ပွင့်ပွင့်လင်းလင်း ပြောကြားသွားခဲ့ပါတယ်။💬 "ကျွန်တော့်အကြောင်း ကျွန်တော် ထုတ်ပြောနေရတာမျိုး မကြိုက်ပါဘူး... ဒါပေမဲ့ ကျွန်တော် သွင်းယူခဲ့တဲ့ ၇၃ ဂိုးကပဲ သက်သေပြနေတာပါ။ ဒါဟာ ကျွန်တော့်ဘဝမှာ အကောင်းဆုံးနဲ့ အအောင်မြင်ဆုံး ရာသီတစ်ခုဖြစ်ခဲ့တယ်ဆိုတာ သေချာပါတယ်"လက်ရှိမှာတော့ ဟာရီကိန်းဟာ အကောင်းဆုံး ပုံစံရရှိနေပြီး Ballon d’Or ဆုအတွက်လည်း ရေပန်းစားနေသူတစ်ဦး ဖြစ်နေပါတယ်။


Burmese TV Pro
17 Sept, 11:49
💗🇺🇸 Cruz Azul ကို အနိုင်ယူပြီး Campeones Cup ချန်ပီယံဖြစ်လာခဲ့တဲ့ Inter Miami 🏆✨Inter Miami အသင်းဟာ Cruz Azul အသင်းကို အနိုင်ရရှိပြီး Campeones Cup ဖလားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ အသင်းအတွက် အနိုင်ဂိုးများကို လီယိုနယ် မက်ဆီ နဲ့ ကက်စီမီရို တို့က သွင်းယူပေးခဲ့ကြတာပါ။🇦🇷 မက်ဆီရဲ့ စံချိန်သစ်ဒါ့အပြင် လီယိုနယ် မက်ဆီဟာ MLS သမိုင်းတလျှောက် အသင်းအတွက် ပြိုင်ပွဲစုံ ဂိုး (၁၀၀) ပြည့်မြောက်အောင် အမြန်ဆုံး သွင်းယူနိုင်ခဲ့တဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။📊 မက်ဆီ၏ Inter Miami စာရင်းဇယား 🏟️ ပွဲပေါင်း: ၁၁၄ ပွဲ ⚽ ဂိုး: ၁၀၀ ဂိုး 🅰️ အထောက်အပံ့: ၅၅ ကြိမ် 🎯 စုစုပေါင်း ဂိုးပါဝင်ပတ်သက်မှု (G/A): ၁၅၅ ကြိမ်


Burmese TV Pro
17 Sept, 02:21
🚨 မန်ယူနိုက်တက် ကာရာဘောင်ဖလားမှ ထွက်ခွာခဲ့ရ 🚨အိမ်ကွင်း Old Trafford မှာ ဘရိုက်တန်အသင်းကို ဦးဆောင်ဂိုး ရရှိခဲ့သော်လည်း ပွဲအပြီးတွင် အနိုင်ဂိုးများ ခွင့်ပြုခဲ့ရကာ ဘရိုက်တန်က အံ့အားသင့်ဖွယ် (Comeback) ဖြင့် အနိုင်ရရှိသွားခဲ့ပါတယ်။ဒီနိုင်ပွဲကြောင့် ဘရိုက်တန်အသင်းက ကာရာဘောင်ဖလား နောက်တစ်ဆင့်သို့ တက်လှမ်းသွားခဲ့ပြီး မန်ချက်စတာယူနိုက်တက်ကတော့ ပြိုင်ပွဲမှ လမ်းခွဲထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။


Burmese TV Pro
16 Sept, 12:51
ယနေ့ည ယှဉ်ပြိုင်ကစားမယ့် ဘောလုံး ပွဲစဉ်တွေ အတွက် Admin အကြိုက်ရွေးချယ်မှု ✅Leverkusen ( Over ) ❤️Salzburg ( Body ) 🔥Sunderland ( Body ) 🤩Manchester United ( Body ) 👍ဆရာသမားတို့ကရောဘယ်အသင်းတွေ အကြိုက်တူလဲ၊ ထုံးစံအတိုင်း အကြိုက်တူတဲ့ အသင်းရဲ့ emoji လေးတွေနှိပ်သွားပေးဗျာ၊ ရွေးချယ်ရခက်နေတဲ့သူတွေ လူအများဆုံးရွေးထားတဲ့အသင်းကို ကစ်လို့ရအောင်ပေါ့။ ဆရာသမားတို့ရဲ့ ကိုယ်ပိုင်ငွေကြေးကိုသုံးပြီးဆော့ရမှာဖြစ်တဲ့အတွက် အကြိုက်တူမှ လိုက်ကစ်ကြပါလို့ သတိပေးအပ်ပါတယ်။❗Admin - ဘဒင်
Burmese TV Pro
16 Sept, 05:09
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ Carabao ဖလားပွဲစဉ်တွေရဲ့ ပွဲပြီးရလဒ်တွေပဲဖြစ်ပါတယ်။ပွဲစဉ်တိုင်းရဲ့ ပွဲပြီး Highlights video တွေကို Burmese Tv Pro Application ထဲမှာဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။


Burmese TV Pro
15 Sept, 11:44
🚨🏆 OFFICIAL: UEFA Champions League Final (၂၀၂၇ - ၂၀၂၉) အိမ်ရှင်ကွင်းများလာမည့် UCL ဗိုလ်လုပွဲများ ကျင်းပမည့် ကွင်းကြီး (၃) ကွင်းကို UEFA မှ အတည်ပြု ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။2027 UCL Final: 🇪🇸 Estadio Metropolitano (Madrid)2028 UCL Final: 🇩🇪 Allianz Arena (Munich)2029 UCL Final: 🇪🇸 Spotify Camp Nou (Barcelona)


Burmese TV Pro
15 Sept, 03:47
Premier League ပွဲစဉ် 4 ကန်အပြီး အမှတ်ပေးဇယားရပ်တည်မှု အခြေအနေပဲဖြစ်ပါတယ်။


Burmese TV Pro
14 Sept, 12:35

Burmese TV Pro
14 Sept, 12:35
🔥 Match Preview: Leeds United vs Newcastle United 🏴အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ် (၄) အဖြစ် ယနေ့ညဉ့်နက် (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၅ ရက်၊ နံနက် ၁:၃၀ နာရီ) မှာ လိဒ်စ်ယူနိုက်တက်နဲ့ နယူးကာဆယ်ယူနိုက်တက်တို့ Elland Road ကွင်းမှာ ထိပ်တိုက်တွေ့ဆုံ ယှဉ်ပြိုင်ကြတော့မှာ ဖြစ်ပါတယ်။နှစ်သင်းစလုံး ဒီရာသီမှာ အရှုံးမရှိသေးဘဲ ရမှတ် ၅ မှတ်စီ ရထားကြတာကြောင့် ပွဲကတော့ အတိတ်ကလိုပဲ ဂိုးပြိုင်သွင်းကြမယ့် ပွဲကြမ်းတစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။ Elland Road ကွင်းမှာ လိဒ်စ်တို့ ခံစစ်ကျစ်လစ်ပေမယ့် တိုက်စစ်ပိုင်း ပိုမိုစုံလင်တဲ့ နယူးကာဆယ်ကို ကောင်းကောင်းယှဉ်ပြိုင်ရမှာပါ။ခန့်မှန်းရလဒ်: လိဒ်စ် ၁ - ၂ နယူးကာဆယ်

Related Channels
Other channels in the same section of the catalogue.
