Latest posts

Education Channel
24 Sept, 16:49
"ဂုဏ်သိက္ခာ နှင့် မာန"'ဂုဏ်သိက္ခာ' ဆိုတာ မိမိရဲ့ အကျင့်သီလ၊ မိမိရဲ့ စိတ်ထားဖြူစင်မှုပေါ်မှာ အခြေခံတာ။ ကိုယ့်ကိုယ်ကိုယ် လေးစားသလို သူတပါးကိုလည်း လေးစားတတ်တာ ဟာ ဂုဏ်သိက္ခာရှိတဲ့သူရဲ့ လက္ခဏာပဲ။ ဂုဏ်သိက္ခာရှိတဲ့ သူဟာ အမှားလုပ်မိရင် ဝန်ခံရဲတယ်၊ ပြင်ဆင်ရဲတယ်၊ အေးမြတဲ့ သဘောရှိပါတယ်။'မာန' ကတော့ အဲဒီလိုမဟုတ်ဘူး။ မာနဆိုတာ 'ငါ' ဆို တဲ့ အစွဲကို ရှေ့တန်းတင်ပြီး သူတပါးထက် သာချင်တာ၊ သူတပါးကို အထင်သေးတာ။ မာနရှိနေရင် စိတ်ဟာ အမြဲတမ်း တင်းမာနေတတ်ပြီး အမှန်တရားကို လက်ခံ ဖို့ ခက်ခဲသွားတတ်တယ်။ မာနကြီးတဲ့သူဟာ အမှားကို အမှားမှန်းသိရင်တောင် 'ငါ့အရှိန်အဝါ ပျက်မှာစိုးလို့' ဆို ပြီး ဇွတ်မှိတ်ငြင်းတတ်ကြတာပေါ့။ ဒါကြောင့် မာနဆို တာ ပူလောင်တဲ့သဘော ရှိပါတယ်။မြတ်စွာဘုရားရှင်က မာနကို 'မဒ' (ယစ်မူးခြင်း) လို့ လည်း ဟောခဲ့တယ်။ ရာထူး၊ ဂုဏ်သိန်၊ ပညာတွေအပေါ် မှာ ယစ်မူးပြီး မာနတက်လာတဲ့အခါ လူဟာ အသိဉာဏ် ကွယ်သွားတတ်ပါတယ်။ ဂုဏ်သိက္ခာကို တန်ဖိုးထားတဲ့ သူကတော့ 'ငါ့ဂုဏ်သိက္ခာ ညစ်နွမ်းမှာစိုးလို့ အကုသိုလ် ကို မလုပ်ဘူး' ဆိုတဲ့ အသိနဲ့ မိမိကိုယ်မိမိ စောင့်ရှောက် တယ်။ မာနသမားကတော့ 'ငါ့ကို ဘယ်သူမှ လာထိလို့မ ရဘူး' ဆိုတဲ့ အတ္တနဲ့ သူတပါးကို ပြန်ပြီး ထိခိုက်စေတတ် ပါတယ်။ဒါကြောင့် အသိဉာဏ်ရှိတဲ့သူဟာ မာနကို လျှော့ချပြီး ဂုဏ်သိက္ခာကိုတော့ မြှင့်တင်ရပါမယ်။ နှိမ့်ချတတ်တာ ဟာ မာနမရှိခြင်းရဲ့ အလှတရားဖြစ်သလို၊ စိတ်ထား ဖြူစင်တာဟာလည်း ဂုဏ်သိက္ခာရဲ့ အနှစ်သာရပဲ။ မိမိရဲ့ စိတ်ထဲမှာ 'ငါ' ဆိုတဲ့ အစွဲမပါဘဲ အမှန်တရားနဲ့အညီ ရှင်သန်နိုင်မှသာလျှင် ဘယ်သူက ဘာပြောပြော မိမိရဲ့ ဂုဏ်သိက္ခာဟာ ခိုင်မြဲနေမှာ ဖြစ်ပါတယ်။"(ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ)
Education Channel
24 Sept, 06:09edited
ဆရာ့ ဂုဏ်ရည် (၇)ရပ်၁။ Talent. ...(အရည်အချင်း) ၂။ Educated. ...(ပညာ) ၃။ Active. ..(တက်ကြွ) ၄။ Clever. .(တော်) ၅။ Honest. ....(ရိုးသား) ၆။ Expert. .(ကျွမ်းကျင်) ၇။ Research. ....(ရှာဖွေ)"ကျယ်သုံးကျယ်'' -------------------------- ဆရာ၊ဆရာမ တစ်ယောက်ဖြစ်ရင် ၁။အသံကျယ်ရမယ်။ ၂။အမြင်ကျယ်ရမယ်။ ၃။အတွေးကျယ်ရမယ်။................ ၁။အသံမကျယ်ရင် ကလေးမကြားရပါဘူး။ ဒါကြောင့်မို့လို့ အသံအဟုန်မြင့် အတန်းတစ်တန်းလုံးကြားအောင် သင်ပေးကြပါ။တချို့ရှိကြပါတယ် လူပျို၊အပျိုဆိုတော့အသံ အကျယ်ကြီး မအော်ချင်ကြဘူး။ ရှက်လို့တဲ့😁 အသံမထွက်တာ တပည့်အားလုံး မကြားရရင် ဆရာရဲ့ အားနည်းချက်ပါပဲ။၂။အမြင်မကျယ်ရင် ဗဟုသုတ ပေးမရဘူး။ ကျွန်မတို့တွေက ကျောင်းဆရာ ဆရာမ တစ်ယောက်ဖြစ်တဲ့အတွက် အမြင်လည်းကျယ် ရမယ်၊ဗဟုသုတလည်း ကြွယ်ဝရမယ်။ဒီလိုဗဟုသုတမျိုးစုံကြွယ်နေမှ... ကိုယ့်ရဲ့စာသင်သားတပည့်လေးတွေကို....ဗဟုသုတ လက်ဆင့်ကမ်းမျှဝေနိုင်မှာ။ ကိုယ်မလုပ်နိုင်ရင်တောင် အသိတော့ မျှဝေ သင်ပြနိုင်ဖို့ လေ့လာပါ။၃။အတွေးမကျယ်ရင် ဘဝတစ်သက်စာ မပေးနိူင်ပါဘူး။ စာသင်သားတပည့်တွေ့ရဲ့ ဉီးနှောက့်ထဲကို ကောင်းတဲ့အတွေးတွေပဲ ထည့်ရမယ်။ ကောင်းတဲ့စကားကိုပဲ နားသွင်းရမယ်။ မကောင်းတဲ့အတွေး မကောင်းတဲ့စကား မကောင်းတဲ့အလုပ်ကို ကိုယ်တိုင်လဲ ဆင်ခြင် တပည့်တွေလဲ ရှောင်ရှားနိုင်ဖို့ အတွေးတွေ ထည့်ပေးရမယ်။ ဒါမှ လည်း သူတို့ရဲ့ ရှေ့ရေးဘဝတက်လမ်းမှာ လမ်းမှား မရောက်ကြမှာ။
Education Channel
24 Sept, 04:44
“အဂတိလိုက်စားမှုများတိုက်ဖျက်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့ - Together Against Corruption” ခေါင်းစဉ်ဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးက ကျင်းပပြုလုပ်မည့် လူငယ်အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ လူမှုကြော်ငြာပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်နိုင်ရေး အသိပေးတိုက်တွန်းနှိုးဆော်ခြင်း
Education Channel
23 Sept, 18:24
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်တစ်ခုခုသို့ ပထမဦးစားပေးလျှောက်ထားလိုသူများသည် အဆင့်မြင့်ပညာဦးစီးဌာနမှ ထုတ်ပေးသည့် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်ဖြင့် လျှောက်ထားရမည်။တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်ကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့မှ အောက်တိုဘာလ (၁၆) ရက်နေ့အထိ စနေ၊ တနင်္ဂနွေနှင့် ရုံးပိတ်ရက်များအပါအဝင် (ပိတ်ရက်မရှိ) လျှောက်ထားနိုင်သည်။ဆေးဝါးတက္ကသိုလ်များ၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်များ၊ သူနာပြုတက္ကသိုလ်များနှင့် အခြေခံကျန်းမာရေးတက္ကသိုလ်သို့ ပထမဦးစားပေး လျှောက်ထားလိုသူများသည် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာစာအိတ်ကို အောက်ပါတက္ကသိုလ်များသို့ ပေးပို့လျှောက်ထားရပါမည်။ (၁) မြစ်ကြီးနားတက္ကသိုလ် (၂) လွိုင်ကော်တက္ကသိုလ် (၃) ဘားအံတက္ကသိုလ် (၄) ဟားခါးတက္ကသိုလ် (၅) မုံရွာတက္ကသိုလ် (၆) ရွှေဘိုတက္ကသိုလ် (၇) စစ်ကိုင်းတက္ကသိုလ် (၈) ထားဝယ်တက္ကသိုလ် (၉) တောင်ငူတက္ကသိုလ် (၁၀) ပြည်တက္ကသိုလ် (၁၁) ပဲခူးတက္ကသိုလ် (၁၂) မကွေးတက္ကသိုလ် (၁၃) ပခုက္ကူတက္ကသိုလ် (၁၄) မန္တလေးအဝေးသင်တက္ကသိုလ် (၁၅) မိတ္ထီလာတက္ကသိုလ် (၁၆) ကျောက်ဆည်တက္ကသိုလ် (၁၇) မော်လမြိုင်တက္ကသိုလ် (၁၈) စစ်တွေတက္ကသိုလ် (၁၉) ရန်ကုန်အဝေးသင်တက္ကသိုလ် (၂၀) တောင်ကြီးတက္ကသိုလ် (၂၁) ကျိုင်းတုံတက္ကသိုလ် (၂၂) လားရှိုးတက္ကသိုလ် (၂၃) ပုသိမ်တက္ကသိုလ် (၂၄) ဟင်္သာတတက္ကသိုလ် (၂၅) မအူပင်တက္ကသိုလ်ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များသို့ ပထမဦးစားပေးလျှောက်ထားသူများအတွက်မူ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်ကို အောက်ဖော်ပြပါ လျှောက်လွှာလက်ခံမည့်နေရာ (၈) ခုအနက် တစ်ခုခုသို့ တိုက်ရိုက်ပေးပို့လျှောက်ထားရမည်ဖြစ်သည်။ ၁။ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန(နေပြည်တော်) ၂။ ဆေးတက္ကသိုလ်(၁) ရန်ကုန် ၃။ ဆေးတက္ကသိုလ်(၂) ရန်ကုန် ၄။ ဆေးတက္ကသိုလ်၊ မန္တလေး ၅။ ဆေးတက္ကသိုလ်၊ မကွေး ၆။ ဆေးတက္ကသိုလ်၊ တောင်ကြီး ၇။ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်) ၈။ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး)
Education Channel
23 Sept, 18:23
၂၀၂၆ Grade-12 အောင် အဝေးသင်လျှောက်ထားလိုသူများသည်လည်း ၂၈ ရက်နေ့တွင် စတင်ထုတ်ပေးမည့် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာတွင် ဖြည့်စွက်လျှောက်ထားရမှာ ဖြစ်ပါတယ် ။နေ့သင်တန်း (Day) တက်မည့်သူများက နေ့သင်တန်း ဇယားကွက်တွင် ဖြည့်သွင်းပါ။အဝေးသင်တက်မည့်သူများက အဝေးသင်ဇယားကွက်တွင် ဖြည့်သွင်းပါ။နေ့သင်တန်း (Day) တက်မည့်သူများသည် လမ်းညွှန်စာအုပ်၏ အပိုင်း (က) ကို သေခြာဖတ်ပြီးမှလျှောက်ပါ။အဝေးသင်တက်မည့်သူများက လမ်းညွှန်စာအုပ်၏ အပိုင်း (ခ) ကို သေခြာဖတ်ပြီးမှလျှောက်လွှာဖြည့်ပါ။1,830Open in Telegram
Education Channel
23 Sept, 18:22
မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် ၂၀၂၇-၂၀၂၈ ပညာသင်နှစ် အရာရှိလောင်းဒီပလိုမာ သင်တန်းအမှတ်စဉ်(၂၀) ဝင်ခွင့်ရရှိသူများစာရင်း ထုတ်ပြန်👇👇👇1,180Open in Telegram
Education Channel
22 Sept, 19:13



Education Channel
22 Sept, 19:13
🌍☀️ မနက်ဖြန်… ကမ္ဘာကြီးရဲ့ ရာသီနှစ်ခုကို နေတစ်စင်းတည်းက ခွဲပေးတော့မယ် စက်တင်ဘာ ၂၃ ရက်၊ 00:05 UTC မှာ ထူးခြားတဲ့ အာကာသဖြစ်ရပ်တစ်ခု ဖြစ်ပေါ်ပါမယ်။ ☀️ အဲဒီအချိန်မှာ နေဟာ ကမ္ဘာ့အီကွေတာပေါ်ကို တည့်တည့်နီးပါး ကျရောက်နေမှာ ဖြစ်ပြီး ကမ္ဘာတစ်ဝန်း နေ့နဲ့ည အချိန်တွေဟာ အတော်လေး နီးစပ်လာပါမယ်။ ဒီဖြစ်ရပ်ကို September Equinox လို့ခေါ်ပါတယ်။ 🌎 🍂 မြောက်ကမ္ဘာခြမ်းအတွက် ဒါဟာ နက္ခတ္တဗေဒအရ ဆောင်းဦးရာသီ စတင်တဲ့အချိန် ဖြစ်ပါတယ်။ ဒီနေ့နောက်ပိုင်းမှာ နေ့အချိန်တွေ တဖြည်းဖြည်းတိုလာပြီး ညတွေ ပိုရှည်လာပါမယ်။ 🌸 တောင်ကမ္ဘာခြမ်းအတွက်တော့ ဆန့်ကျင်ဘက်ဖြစ်ပြီး နွေဦးရာသီ စတင်တဲ့အချိန် ဖြစ်ပါတယ်။ နေ့အချိန်တွေက နွေရာသီဘက်ကို တဖြည်းဖြည်း ပိုရှည်လာပါမယ်။ 🌅 ဒီအချိန်ဝန်းကျင်မှာ နေဟာ ကမ္ဘာ့နေရာအများစုမှာ အရှေ့ဘက်အတည့်နီးပါးကနေ ထွက်ပြီး အနောက်ဘက်အတည့်နီးပါးမှာ ဝင်သွားပါမယ်။ ဒါပေမယ့် Equinox ဖြစ်တဲ့နေ့မှာ နေ့ ၁၂ နာရီ၊ ည ၁၂ နာရီ တိတိကျကျ ဖြစ်တယ်လို့တော့ မဆိုနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့… 🌫️ ကမ္ဘာ့လေ
Education Channel
22 Sept, 18:57
"#အလယ်တန်းကျောင်းအုပ်ရာထူးမှအထက်တန်းကျောင်းအုပ်ရာထူးတိုးရေးဖြေအောင်မြင်ကြသူများ #လူတွေ့ဖြေများကိုပြည်နယ်တိုင်းအလိုက်သတ်မှတ်အချိန်ဇယားလေးတွေပါခင်ဗျား။#တစ်ရက်ကြိုသတင်းပို့ကြရပါမည်။ #ရန်ကုန်တိုင်း/နေပြည်တော် (၂၈.၉.၂၀၂၆)ရက်နေ့နံနက်(၉)နာရီလူတွေ့နှုတ်ဖြေကြရပါမည်။#ပဲခူး(ရှေ့)/ပဲခူး(နောက်)/နေပြည်တော် (၂၉.၉.၂၀၂၆)ရက်နေ့နံနက်(၉)နာရီလူတွေ့နှုတ်ဖြေကြရပါမည်။#ကရင်ပြည်နယ်/မွန်ပြည်နယ်/ပဲခူး(နောက်)/ရှမ်း (တောင်) (၁.၁၀.၂၀၂၆)ရက်နေ့နံနက်(၉)နာရီလူတွေ့နှုတ်ဖြေကြရပါမည်။#မကွေးတိုင်း/ရှမ်း (တောင်)/ချင်းပြည်နယ် (၂.၁၀.၂၀၂၆)ရက်နေ့နံနက်(၉)နာရီလူတွေ့နှုတ်ဖြေကြရပါမည်။#စစ်ကိုင်းတိုင်း/ဧရာဝတီတိုင်း/ကယားပြည်နယ် (၅.၁၀.၂၀၂၆)ရက်နေ့ နံနက်(၉)နာရီလူတွေ့နှုတ်ဖြေကြရပါမည်။#ကချင်ပြည်နယ်/တနင်္သာရီတိုင်း/ရှမ်း(ရှေ့)/ဧရာဝတီတိုင်း (၆.၁၀.၂၀၂၆)ရက်နေ့နံနက်(၉)နာရီလူတွေ့နှုတ်ဖြေကြရပါမည်။#ဧရာဝတီတိုင်း/မန်းတိုင်း/ရခိုင်ပြည်နယ်/ရှမ်း(မြောက်)
Education Channel
22 Sept, 14:46




Education Channel
22 Sept, 14:45



Education Channel
22 Sept, 14:44
ကျောင်းအုပ်ရဲ့ အောင်မြင်မှုကိုရာထူးနဲ့ပဲ တိုင်းလို့မရပါဘူး။သူ့ကျောင်းက ဆရာ/ဆရာမတွေ အလုပ်လုပ်ရတာ စိတ်ချမ်းသာလာသလား။ ကျောင်းသားတွပညာရေးအတွက် အခွင့်အလမ်းကောင်းတွေ ရလာသလား။မိဘတွေနဲ့ ကျောင်းကြား ယုံကြည်မှုရှိလာသလား။ဝန်ထမ်းတွေကြား အချင်းချင်း လေးစားမှုရှိလာသလား။ဒါတွေကလည်း ကျောင်းအုပ်တစ်ယောက်ရဲ့ အောင်မြင်မှုတွေပါပဲ။ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးတွေကိုလည်း လူသားတစ်ယောက်အနေနဲ့ နားလည်ပေးကြပါ။ သူတို့မှာလည်း မိသားစုရှိပါတယ်။သူတို့မှာလည်း ကိုယ်ပိုင်အခက်အခဲတွေရှိပါတယ်။သူတို့လည်း ပင်ပန်းပါတယ်။ သူတို့လည်း စိတ်ညစ်တတ်ပါတယ်။သူတို့လည်း တစ်ခါတလေ“ဒီနေ့တော့ မလုပ်နိုင်တော့ဘူး…”လို့ တွေးမိတတ်ပါတယ်။ဒါပေမယ့် နောက်တစ်နေ့ မနက်ရောက်ရင်—ကျောင်းတံခါးကို ပြန်ဖွင့်ပြီးဆရာ/ဆရာမတွေနဲ့အတူကျောင်းသားတွေရဲ့ အနာဂတ်အတွက် ဆက်ပြီး ရပ်တည်နေကြရပါတယ်။ ဒါကြောင့်—ကျောင်းအုပ်ဆရာကြီးတစ်ယောက်ရဲ့ ရုံးခန်းထဲမှာ စားပွဲတစ်လုံး၊ ကုလားထိုင်တစ်လုံးနဲ့ စာရွက်ပုံတွေကိုပဲ မမြင်ပါနဲ့။အဲဒီစားပွဲနောက်မှာ—အထက်က ဖိအား၊အောက်က အခက်အခဲ၊မိဘတွေရဲ့
Education Channel
22 Sept, 14:44
🏫 ကျောင်းအုပ်ဆရာကြီးရဲ့ ဖိအား“အထက်ကလည်း မလွတ်၊ အောက်ကလည်း မလွတ်၊ အလယ်မှာ ညှပ်နေတဲ့ဘဝ…”ကျောင်းအုပ်ဆရာကြီးဆိုတာ ကျောင်းတစ်ကျောင်းရဲ့ အကြီးအကဲပါ။အပြင်ကလူတွေမြင်ရင်— “ကျောင်းအုပ်ကြီးပဲ… ရာထူးလည်းရှိတယ်၊ အာဏာလည်းရှိတယ်၊ ဝန်ထမ်းတွေကိုလည်း ညွှန်ကြားလို့ရတယ်…”လို့ ထင်ကြတတ်ပါတယ်။ဒါပေမယ့်…ကျောင်းအုပ်တစ်ယောက်ရဲ့ ရုံးခန်းတံခါးကို ပိတ်လိုက်တဲ့အချိန်မှာ သူ့ခေါင်းထဲမှာ ဘယ်လောက်များတဲ့ ဖိအားတွေ ရှိနေတယ်ဆိုတာ အပြင်ကလူတွေ မမြင်နိုင်ကြပါဘူး။မနက်ကျောင်းဖွင့်ချိန်ကတည်းက စပြီး—“ဒီနေ့ ဘာတွေ လုပ်ရမလဲ…” “အထက်က ညွှန်ကြားချက် ဘာတွေရှိသေးလဲ…” “ဝန်ထမ်းတွေ အားလုံး အဆင်ပြေရဲ့လား…” “ကျောင်းသားတွေရဲ့ ပညာရေးကရော…” “မိဘတွေ ဘာတွေ ပြောလာဦးမလဲ…” “စာရွက်စာတမ်းတွေ ပြည့်စုံရဲ့လား…”
Education Channel
22 Sept, 06:15
https://www.youtube.com/live/QLsla8DkO4o?si=e3Y3UABn8769-GUbYouTube@educationchannel2019 #Educational#Educational #Channel #EducationForAll #Myanmar(Burma) #SingaporeOur Channel Observe on continuousely Daily Reoutine Activites of Educational Activities and brocasting it we can. Please be patient and follow us.
Education Channel
22 Sept, 05:11
၂၀၂၆-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များသို့ ဝင်ခွင့်လျှောက်ထားနိုင်ကြောင်းကြေညာချက်၁။ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ကျန်းမာရေးလူစွမ်းအားအရင်းအမြစ်ဦးစီး ဌာနအောက်ရှိ ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်တစ်ခုခုသို့ ပထမဦးစားပေးလျှောက်ထားလိုသူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့်စိစစ် ရွေးချယ်ရေးအဖွဲ့ (အဆင့်မြင့်ပညာဦးစီးဌာန)မှ ထုတ်ပေးသည့် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ စာအိတ်ဖြင့် လျှောက်ထားရမည်ဖြစ်သည်။၂။ ဆေးဝါးတက္ကသိုလ်များ၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်များ၊ သူနာပြု တက္ကသိုလ်များ နှင့် အခြေခံကျန်းမာရေးတက္ကသိုလ်သို့ ပထမဦးစားပေးလျှောက်ထားသူများသည် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာစာအိတ်ကို ပညာရေးဝန်ကြီးဌာန ဝန်ကြီးဌာနအောက်ရှိ လျှောက်လွှာတင်သွင်းရန် သတ်မှတ်ထား သော တက္ကသိုလ်များသို့ ပေးပို့လျှောက်ထားရမည်ဖြစ်သည်။၃။ ဆေးတက္ကသိုလ်များနှင့်
Education Channel
22 Sept, 05:04

Education Channel
22 Sept, 04:57
၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန်ကြေညာခြင်း
Education Channel
22 Sept, 04:57
[ မေးထားသူများအတွက် ]ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များသို့ ပထမဦးစားပေးလျှောက်ထားသူများသည် ၂၈ ရက်နေ့ ထုတ်ပေးမည့် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာ စာအိတ်ဖြင့် လျှေက်ထားရမည်။လျှောက်လွှာများကို [ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန(နေပြည်တော်) ၊ ဆေးတက္ကသိုလ်(၁) ရန်ကုန် ၊ ဆေးတက္ကသိုလ်(၂) ရန်ကုန် ၊ ဆေးတက္ကသိုလ်၊ မန္တလေး ၊ ဆေးတက္ကသိုလ်၊ မကွေး ၊ ဆေးတက္ကသိုလ်၊ တောင်ကြီ ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်) ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး) ] စသည့် တက္ကသိုလ်များတွင် တိုက်ရိုက်လျှေက်ထားရမည်။ဆေးဝါးတက္ကသိုလ်များ၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်များ၊ သူနာပြု တက္ကသိုလ်များ နှင့် အခြေခံကျန်းမာရေးတက္ကသိုလ်သို့ ပထမဦးစားပေးလျှောက်ထားသူများသည် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာစာအိတ်ကို ပညာရေးဝန်ကြီးဌာန ဝန်ကြီးဌာနအောက်ရှိ လျှောက်လွှာတင်သွင်းရန် သတ်မှတ်ထား သော တက္ကသိုလ်၂၅ ခုသို့ ပေးပို့လျှောက်ထားရမည်ဖြစ်သည်။1,300Open in Telegram
Education Channel
22 Sept, 04:55
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များသို့ ဝင်ခွင့်လျှောက်ထားနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ကြေညာချက်ထုတ်ပြန်
Education Channel
22 Sept, 03:45



Related Channels
Other channels in the same section of the catalogue.
