Latest posts

Eleven Media Group
14 Nov, 11:16
■ အမေရိကန်ကာကွယ်ရေးဝန်ကြီးက စစ်သင်္ချိုင်းတွင် ၎င်းအားသတိပေးခဲ့သည့် စစ်သည်ကို ခေါ်ယူဆုချီးမြှင့်အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်သည် အာလင်တန်စစ်သင်္ချိုင်းရှိ အမည်မသိစစ်သည်တော်၏ သင်္ချိုင်းဂူရှေ့တွင် ၎င်းနှင့်အဖွဲ့ဝင်များကို စည်းကမ်းရှိပေးရန် သတိပေးခဲ့သည့် စစ်သည်တစ်ဦးကို နိုဝင်ဘာ ၁၂ ရက်တွင် ဆုတံဆိပ်ချီးမြှင့်ခဲ့သည်။ဟက်ဆက်က အစောင့်တပ်ဟု လူသိများသည့် အမှတ် ၃ အမေရိကန်ခြေလျင်တပ်ရင်းကို ပင်တဂွန်သို့ ဖိတ်ခေါ်ခဲ့ကာ သောမတ်စ် အစ်ဂလေးဆီးယပ်စ် အမည်ရှိစစ်သည်ကို ၎င်း၏တာဝန်ကျေပွန်မှုအတွက် ဆုတံဆိပ် ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ နိုဝင်ဘာ ၁၁ ရက်က စစ်မှုထမ်းဟောင်းများနေ့ အခမ်းအနားအပြီး အမည်မသိစစ်သည်တော်၏ ဂူဗိမာန်ရှေ့တွင် ကာကွယ်ရေးဝန်ကြီး ဟက်ဆက်၊ ၎င်း၏ဇနီးနှင့် အဆင့်မြင့်အရာရှိများ ပါဝင်သည့်အဖွဲ့က ဓာတ်ပုံရိုက်ပြီးနောက် ရယ်ရယ်မောမော စကားပြောခဲ့ကြသည်။ထိုအချိန် ဂူဗိမာန်ရှေ့တွင် ကင်းလှည့်တာဝန်ယူနေသည့် အစ်ဂလေးဆီးယပ်စ်က အဖွဲ့ဘက်သို့လှည့်လာပြီး “လာရောက်သူအားလုံးဟာ တိတ်ဆိတ်မှုနဲ့ လေးစားမှုကို အချိန်တိုင်း လိုက်နာရပါမယ်” ဟု သတိပေးခဲ့သည်။
Eleven Media Group
14 Nov, 10:19
■ Binance မှ ခိုးယူခံရသည့် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ ဒစ်ဂျစ်တယ်ငွေကြေးများကို FBI သိမ်းယူFBI က ကမ္ဘာ့အကြီးဆုံး cryptocurrency (ဒစ်ဂျစ်တယ်ငွေကြေး) လဲလှယ်ရေးပလက်ဖောင်းဖြစ်သည့် Binance မှ ပြီးခဲ့သည့်လက ခိုးယူခံခဲ့ရသည့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ ပိုင်ဆိုင်မှုများကို တရားရုံးခွင့်ပြုချက်ဖြင့် သိမ်းယူထားကြောင်း နိုဝင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။Binance မှ ဒစ်ဂျစ်တယ်ငွေကြေး အမေရိကန်ဒေါ်လာ ၆ ဒသမ ၃ ဘီလီယံခန့် ခိုးယူခံရမှုသည် သမိုင်းတစ်လျှောက် အကြီးမားဆုံး ဒစ်ဂျစ်တယ်ငွေကြေး ခိုးယူခံရမှုဖြစ်လာပြီး နောက်ကွယ်တွင် မြောက်ကိုရီးယားဟက်ကာအဖွဲ့ TraderTraitor ပါဝင်နေသည်ဟု FBI က စွပ်စွဲထားသည်။အမေရိကန်အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်း၍ ခိုးယူခံရသည့် ငွေကြေးများထဲမှ ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိ ပိုင်ဆိုင်မှုများကို ထိန်းချုပ်နိုင်ခဲ့ပြီး ထိုပမာဏအနက် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကျော်ကို သိမ်းဆည်းရန် သို့မဟုတ် လွှဲပြောင်းမရအောင် ထိန်းချုပ်ထားရန် တရားရုံး၏ ခွင့်ပြုချက်ရရှိခဲ့ကြောင်း အမေရိကန်တရားရေးဌာန ထုတ်ပြန်ချက်တွင် ပါရှိသည်။
Eleven Media Group
14 Nov, 10:12
■ Photo News တောင်ကြီး မီးပုံးပျံ ပွဲတော် ဖွင့်ပွဲ နှင့် ပိတ်ပွဲတွင် ဖျော်ဖြေမည့် အကအဖွဲ့များ ကြိုတင် အကတိုက် လေ့ကျင့်မှု မြင်ကွင်းများ■ ဓါတ်ပုံ - စည်သာ(တောင်ကြီး) #တောင်ကြီး #တန်ဆောင်တိုင် #မီးပုံးပျံပွဲတော်ကြီး #news #media #elevennews■
Eleven Media Group
14 Nov, 06:06
■ အီဘိုလာရောဂါ ကူးစက်ဖြစ်ပွားနေသည့် ဒီအာကွန်ဂိုတွင် အိုင်အက်စ်အဖွဲ့နှင့် ဆက်နွှယ်သည့် သေနတ်သမားများ၏ တိုက်ခိုက်မှုများကြောင့် အရပ်သား ၄၄ ဦး သေဆုံးအီဘိုလာရောဂါ ကူးစက်ဖြစ်ပွားနေသည့် ဒီအာကွန်ဂိုတွင် အိုင်အက်စ်အဖွဲ့နှင့် ဆက်နွှယ်သည့် သေနတ်သမားများ၏ တိုက်ခိုက်မှုများကြောင့် အရပ်သား ၄၄ ဦး သေဆုံးခဲ့ကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် လုံခြုံရေးဆိုင်ရာ သတင်းရင်းမြစ်များက အေအက်ဖ်ပီ သတင်းဌာနကို နိုဝင်ဘာ ၁၃ ရက်က ပြောကြားခဲ့သည်။မြောက်ကီဗူးပြည်နယ်တွင် လျင်မြန်စွာ ပျံ့နှံ့နေသည့် အီဘိုလာကူးစက်ရောဂါကို တိုက်ဖျက်နေသော ကျန်းမာရေးဝန်ထမ်း ၃ ဦး အပါအဝင် လူပေါင်း ၆၆ ဦး သေဆုံးခဲ့သည့် ဒီမိုကရက်တစ် မဟာမိတ် တပ်ဖွဲ့များ (ADF) ၏တိုက်ခိုက်မှု ဖြစ်ပွားပြီး ရက်ပိုင်းအကြာတွင် အီတူရီပြည်နယ်တွင်လည်း အလားတူတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။နိုဝင်ဘာ ၉ ရက်မှ ၁၂ ရက်အတွင်း ADF အဖွဲ့သည် အီတူရီပြည်နယ် မမ်ဘာဆာနယ်မြေ အတွင်းရှိ ကျေးရွာအများအပြားကို တိုက်ခိုက်ခဲ့သည်။အဆိုပါတိုက်ခိုက်မှုကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ တက်ဒရိုစ် အာဒါနွန် ဂေဘရီယေဆုက နောက်ဆုံးဖြစ်ပွားနေသည့် အီဘိုလာကူးစက်ရောဂါကာလ ခြောက်လပြည့်မြောက်ချိန်တွင် ဒေသတွင်း မတည်ငြိမ်မှုများသည် ဒီအာကွန်ဂို၏ အီဘိုလာရောဂါ တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းစဉ်အတွက် အကြီးမားဆုံး အဟန့်အတားများထဲမှ တစ်ခု ဖြစ်နေကြောင်း သတိပေးပြောကြားခဲ့သည်။#elevennews #အီဘိုလာရောဂါ #ဒီအာကွန်ဂို #အိုင်အက်စ်အဖွဲ့ #သေနတ်သမားမျာ■ Website Link- - - >>>https://news-eleven.com/article/316830Eleven Media Group Co., Ltdအီဘိုလာရောဂါ ကူးစက်ဖြစ်ပွားနေသည့် ဒီအာကွန်ဂိုတွင် အိုင်အက်စ်အဖွဲ့နှင့် ဆက်နွှယ်သည့် သေနတ်သမားများ၏ တိုက်ခိုက်မှုများကြောင့် အရပ်သား…အီဘိုလာရောဂါ ကူးစက်ဖြစ်ပွားနေသည့် ဒီအာကွန်ဂိုတွင် အိုင်အက်စ်အဖွဲ့နှင့် ဆက်နွှယ်သည့် သေနတ်သမားများ၏ တိုက်ခိုက်မှုများကြောင့် အရပ်သား ၄၄ ဦး သေဆုံးခဲ့ကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် လုံခြုံရေးဆိုင်ရာ သတင်းရင်းမြစ်များက အေအက်ဖ်ပီ သတင်းဌာနကို နိုဝင်ဘာ ၁၃…
Eleven Media Group
14 Nov, 06:01
■ တရုတ်၏ အင်အားကြီးထွားလာမှုကို ကြောက်ရွံ့နေရန် မလိုအပ်ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ပြောကြားတောင်ကိုရီးယားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ အင်အားကြီးထွားလာမှုကို ကြောက်ရွံ့မနေသင့်ဘဲ ၎င်း၏ စွမ်းဆောင်ရည်များကိုလည်း လျှော့မတွက်သင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ချိုဟွန်းက နိုဝင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။ထို့ပြင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစွာ လုပ်ဆောင်ကြရန် ချိုက လာမည့်သီတင်းပတ်အတွင်း တရုတ်နိုင်ငံ၌ ကျင်းပမည့် APEC အစည်းအဝေး မတိုင်မီ တိုက်တွန်းခဲ့သည်။"ဒီတစ်ခေါက် တရုတ်နိုင်ငံ ခရီးစဉ်အတွင်း တရုတ်နိုင်ငံရဲ့ အင်အားကြီးထွားလာမှုအပေါ် အခြေအမြစ်မရှိ ကြောက်ရွံ့နေဖို့ မလိုအပ်သလို၊ သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ အလားအလာတွေကိုလည်း လျှော့မတွက်သင့်ဘူးဆိုတာကို သတိပြုမိခဲ့ပါတယ်" ဟု ချိုက X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။တောင်ကိုရီးယားအစိုးရအနေဖြင့် မိမိတို့ ပြည်သူများနှင့် ကုမ္ပဏီများ၏ ကိုယ်ပိုင်လွတ်လပ်စွာ လုပ်ကိုင်နိုင်စွမ်းနှင့် တီထွင်ဖန်တီးနိုင်စွမ်းတို့ကို အသုံးချကာ နှစ်နိုင်ငံစလုံး အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို တည်ဆောက်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။#elevennews #တရုတ် #အင်အားကြီးထွားလာ #ကြောက်ရွံ့နေရန် #တောင်ကိုရီးယား■ Website Link- - - >>>https://news-eleven.com/article/316829Eleven Media Group Co., Ltdတရုတ်၏ အင်အားကြီးထွားလာမှုကို ကြောက်ရွံ့နေရန် မလိုအပ်ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ပြောကြားတောင်ကိုရီးယားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ အင်အားကြီးထွားလာမှုကို ကြောက်ရွံ့မနေသင့်ဘဲ ၎င်း၏ စွမ်းဆောင်ရည်များကိုလည်း လျှော့မတွက်သင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ချိုဟွန်းက နိုဝင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
Eleven Media Group
14 Nov, 04:29
■ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိထားသူများ ခွင့်ပြုမိန့်ရရှိထားသည့် မြေအတွက် မြေခွန်ကို အပြည့်အဝပေးဆောင်စေရေးနှင့် ပေးဆောင်ရန်ပျက်ကွက်ပါက အရေးယူမည်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိထားသူများ ခွင့်ပြုမိန့်ရရှိထားသည့် မြေအတွက် မြေခွန်ကို အပြည့်အဝပေးဆောင်စေရေးနှင့် ပေးဆောင်ရန်ပျက်ကွက်ပါက အရေးယူနိုင်ရေး ဆောင်ရွက်ကြရန် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောကြားသည်။နိုဝင်ဘာ ၁၃ ရက်က နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပသည့် ဒုတိယအကြိမ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီအစည်းအဝေးတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များအရ လျှောက်ထားသည့် လုပ်ငန်းနှင့်ပတ်သက်၍ ဆက်စပ်ဝန်ကြီးဌာနများသို့ သဘောထားတောင်းခံရာတွင် ကြန့်ကြာမှုမရှိစေရေးအတွက် ဗဟိုကော်မတီအဖွဲ့ဝင်များအနေဖြင့် မိမိတို့ဝန်ကြီးဌာနရုံးအဖွဲ့များအား ဆောလျင်စွာပြန်ကြားပေးရေး သတိပေးတိုက်တွန်းပေးရန်လိုကြောင်း၊ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရယူထားပြီး သတ်မှတ်ကာလအတွင်း ထိရောက်အကျိုးရှိစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းမရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧရိယာများကို ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ သက်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီများကစိစစ်၍ ဗဟိုကော်မတီသို့တင်ပြပြီး ဥပဒေနှင့်အညီ မှန်ကန်စွာအရေးယူ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။ဆက်လက်၍ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိထားသူက ခွင့်ပြုမိန့်ရရှိထားသည့် မြေအတွက် မြေခွန်ကို သီးနှံအမျိုးအစား၊ လုပ်ငန်းအမျိုးအစားအလိုက် မြေခွန်ကင်းလွတ်သည့် ကာလကုန်ဆုံးသည့်နေ့မှစ၍ တစ်နှစ်လျှင် တစ်ကြိမ်ပေးသွင်းစေရေးအတွက် ၂၀၂၆ ခုနှစ် ဇွန် ၁ ရက်မှစ၍ မြေခွန်နှုန်း ထားအသစ်ဖြင့် ကောက်ခံလျက်ရှိကြောင်း၊ မြေခွန်များ အပြည့်အဝပေးဆောင်စေရေးနှင့် ပေးဆောင်ရန်ပျက်ကွက်ပါက အရေးယူဆောင်ရွက်နိုင်ရေးကို တိုင်းဒေသကြီး၊ ပြည်နယ်စီမံခန့်ခွဲရေးကော်မတီများက ကြီးကြပ်ဆောင်ရွက်ပေးကြရန် တိုက်တွန်းကြောင်း ၎င်းက ပြောကြားသည်။#elevennews #မြေလွတ် #မြေလပ် #မြေရိုင်းများ #မြေ #မြေခွန်■ Website Link- - - >>>https://news-eleven.com/article/316826Eleven Media Group Co., Ltdမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိထားသူများ ခွင့်ပြုမိန့်ရရှိထားသည့် မြေအတွက် မြေခွန်ကို အပြည…မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိထားသူများ ခွင့်ပြုမိန့်ရရှိထားသည့် မြေအတွက် မြေခွန်ကို အပြည့်အဝပေးဆောင်စေရေးနှင့် ပေးဆောင်ရန်ပျက်ကွက်ပါက အရေးယူနိုင်ရေး ဆောင်ရွက်ကြရန် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီဥက္ကဋ္ဌ…
Eleven Media Group
14 Nov, 03:47
■ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၅ ရက်မှ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၃ ရက်အထိ ရှမ်းနှင့် ကရင်ပြည်နယ် နယ်စပ်ဒေသများအတွင်း တရားမဝင်ဝင်ရောက်လာပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ခဲ့သည့် ထိုင်းနိုင်ငံသား ၉၄၇ ဦး ဖမ်းဆီးရမိ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၅ ရက်မှ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၃ ရက်အထိ ရှမ်းနှင့် ကရင်ပြည်နယ် နယ်စပ်ဒေသများအတွင်း တရားမဝင်ဝင်ရောက်လာပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ခဲ့သည့် ထိုင်းနိုင်ငံသား ၉၄၇ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံအတွင်းသို့ တရားဝင်ဖြစ်စေ၊ တရားမဝင်နယ်စပ်ဖြတ်ကျော်၍ ဖြစ်စေ ဝင်ရောက်လာပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ခဲ့သည့် ပြည်ပနိုင်ငံသားများတွင် ထိုင်းနိုင်ငံသားများလည်း ပါဝင်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၅ ရက်မှစတင်၍ လက်ရှိအချိန်ထိ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ် နယ်စပ်ဒေသများအတွင်း တရားမဝင် ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသား အမျိုးသား ၅၂၉ ဦးနှင့် အမျိုးသမီး ၄၁၈ ဦး၊ စုစုပေါင်း ၉၄၇ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။အဆိုပါ ဖမ်းဆီးရမိသူများအနက် အွန်လိုင်းလိမ်လည်လောင်းကစားမှုပြုလုပ်သူ ထိုင်းနိုင်ငံသားများသည် အွန်လိုင်းလောင်းကစားလုပ်ငန်းများကို လစာငွေအများအပြားဖြင့် လုပ်ကိုင်ရမည်ဟု အွန်လိုင်းမှတစ်ဆင့် သွေးဆောင်စည်းရုံးခံရပြီး မက်လုံးပေးလိမ်လည်ခြင်း ခံခဲ့ရကြောင်း၊ ၎င်းတို့သည် အသိပညာနည်းပါးသူ၊ နည်းပညာအားနည်းသူနှင့် လောဘစိတ်ရှိသူ ထိုင်းနိုင်ငံသားများကို အဓိကပစ်မှတ်ထားပြီး စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများဖြင့် မက်လုံးပေး သွေးဆောင်စည်းရုံးလိမ်လည်ခြင်း၊ ကံစမ်းမဲ၊ ဆုကြေးငွေများဖြင့် မက်လုံးပေး၍ လိမ်လည်ခြင်း၊ လောင်းကစားဝါသနာပါသူများအား လူမှုကွန်ရက်များမှတစ်ဆင့် အွန်လိုင်းလောင်းကစားနှင့် ဂိမ်းပလက်ဖောင်းများကို ကြော်ငြာခြင်းနှင့် အနိုင် ရရှိနိုင်ခြေမြင့်မားကြောင်းတို့ဖြင့် မက်လုံးပေးလိမ်လည်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများဖြင့် မက်လုံးပေး၍ လိမ်လည်ခြင်းတို့ကို လုပ်ဆောင်ကြကြောင်း သိရသည်။#elevennews #ရှမ်း #ကရင်ပြည်နယ် #အွန်လိုင်းလိမ်လည်လောင်းကစားမှုများ #ထိုင်းနိုင်ငံသား■ Website Link- - - >>>https://news-eleven.com/article/316825Eleven Media Group Co., Ltd၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၅ ရက်မှ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၃ ရက်အထိ ရှမ်းနှင့် ကရင်ပြည်နယ် နယ်စပ်ဒေသများအတွင်း တရားမဝင်ဝင်ရောက်လာပြီး…၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၅ ရက်မှ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၃ ရက်အထိ ရှမ်းနှင့် ကရင်ပြည်နယ် နယ်စပ်ဒေသများအတွင်း တရားမဝင်ဝင်ရောက်လာပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ခဲ့သည့် ထိုင်းနိုင်ငံသား ၉၄၇ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
Eleven Media Group
14 Nov, 01:11
■ နိုဝင်ဘာ ၁၄ ရက် နံနက်ခင်း သတင်းအစီအစဉ် (တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု)• မြန်မာ-ထိုင်း နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ သဘာဝဓာတ်ငွေ့နှင့် စွမ်းအင်ကဏ္ဍအပါအဝင် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့်ကိစ္စရပ်များ ဆွေးနွေး • တနင်္သာရီမြစ်အတွင်း လှေတစ်စီးမီးလောင်မှုဖြစ်ပွားကာ လှေသားတစ်ဦး ဒဏ်ရာရ • ရန်ကုန်-ပုဂံ-ရန်ကုန် ရထားလက်မှတ်များကို ORTP စနစ်ဖြင့် အွန်လိုင်းမှဝယ်ယူနိုင်မည် • AI ချစ်ပ်များကို လွှဲပြောင်းပေးနိုင်ခြေရှိသော Megaspeed ကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီကို မလေးရှားက စုံစမ်းစစ်ဆေး • မိမိအနေဖြင့် ယူရို-၂၀၂၈ ပြိုင်ပွဲမတိုင်မီ အင်္ဂလန်အသင်းမှ ထွက်ခွာမည်မဟုတ်ကြောင်းနှင့် ထွက်ခွာခွင့်စာချုပ်လည်း ချုပ်ဆိုမထားကြောင်း တူဟယ်လ် ပြောကြား#eleven_live #nov14
Eleven Media Group
22 Sept, 17:22

Eleven Media Group
22 Sept, 17:22
■ တရုတ်နိုင်ငံ တည်ထောင်သည့် (၇၇) နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်ပွဲသို့ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက်■ လာမည့်ကာလများတွင် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုသာမက ယဉ်ကျေးမှုနှင့် ပညာရေး အစရှိသည့် ပြည်သူအချင်းချင်း ချိတ်ဆက်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ပြောကြားတရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် (၇၇) နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့(စက်တင်ဘာ ၂၂ ရက်)ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Wyndham Grand Hotel ၌ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက်ခဲ့ကြောင်း သိရသည်။အဆိုပါ အခမ်းအနားတွင် ဦးစွာ ဒုတိယသမ္မတနှင့် အခမ်းအနားသို့တက်ရောက်လာကြသူများအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျား၊ စစ်သံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ခင်းကျင်းပြသထားသည့် မြန်မာ-တရုတ် ချစ်ကြည်ရေးအထိမ်းအမှတ် ပြခန်းများကိုEleven Media Group Co., Ltd■တရုတ်နိုင်ငံ တည်ထောင်သည့် (၇၇) နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်ပွဲသို့ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက်■လာမည့်ကာလများတွင် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုသာမက ယဉ်ကျေးမှုနှင့် ပညာရေး အစရှိသည့် ပြည်သူအချင်းချင်း ချိတ်ဆက်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ပြောကြား တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် (၇၇) နှစ်မြောက် နှစ်ပ…
Eleven Media Group
22 Sept, 15:55edited
■ အမေရိကန်သို့ နိုင်ငံတော်ခရီးစဉ် လာရောက်မည့် တရုတ်သမ္မတအား ဒေါ်နယ်ထရန့်ကိုယ်တိုင် လေတပ်စခန်းတွင် စောင့်ကြိုမည်တရုတ်သမ္မတ ရှီကျင်းပင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ဖိတ်ကြားချက်အရ စက်တင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ အမေရိကန်သို့ နိုင်ငံတော်အဆင့်ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။စက်တင်ဘာ ၂၃ ရက်တွင် ထရန့်က သမ္မတရှီကျင်းပင်နှင့် သမ္မတကတော် ဖုန်းလိယွမ်တို့ကို မေရီလန်းပြည်နယ်ရှိ Joint Base Andrews လေတပ်စခန်းတွင် ကိုယ်တိုင်သွားရောက်ကြိုဆိုမည်ဖြစ်သည်။ ပြည်ပခေါင်းဆောင်တစ်ဦးကို အမေရိကန်သမ္မတကိုယ်တိုင် လေဆိပ်တပ်စခန်းသို့ သွားရောက်ကြိုဆိုခြင်းမှာ ရှားရှားပါးပါးဖြစ်သည်။အမေရိကန်စစ်တပ်၏ တပ်ဖွဲ့အသီးသီးမှ စစ်သည် ၄၇၉ ဦး ပါဝင်သည့် နိုင်ငံတော်အဆင့် ကြိုဆိုပွဲအခမ်းအနားကို အိမ်ဖြူတော်၌ ကျင်းပမည်ဖြစ်ပြီး ဂုဏ်ပြုတပ်ဖွဲ့နှင့် စစ်ဘက်တီးဝိုင်းများ၏ အခမ်းအနားများအပြီးတွင် B-2 Spirit ဗုံးကြဲလေယာဉ်တစ်စင်းနှင့် F-22 Raptor တိုက်လေယာဉ် လေးစင်းတို့ကEleven Media Group Co., Ltdအမေရိကန်သို့ နိုင်ငံတော်ခရီးစဉ် လာရောက်မည့် တရုတ်သမ္မတအား ဒေါ်နယ်ထရန့်ကိုယ်တိုင် လေတပ်စခန်းတွင် စောင့်ကြိုမည်တရုတ်သမ္မတ ရှီကျင်းပင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ဖိတ်ကြားချက်အရ စက်တင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ အမေရိကန်သို့ နိုင်ငံတော်အဆင့်ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
Eleven Media Group
22 Sept, 15:17

Eleven Media Group
22 Sept, 15:17
■ တောင်ကြီးမြို့တွင် ကျောက်တုံးကြီးတစ်တုံး လိမ့်ကျပြီးနောက် တောင်ထိပ်ကျောက်သားများကို ပညာရှင်များ အဖွဲ့ဖြင့် စစ်ဆေးမည်တောင်ကြီးမြို့တွင် ကျောက်တုံးကြီးတစ်တုံး လိမ့်ကျပြီးနောက် တောင်ထိပ် ကျောက်သားများကို ပညာရှင်များ အဖွဲ့ဖြင့် စစ်ဆေးမည်ဖြစ်ကြေင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြောကြားချက်အရ သိရသည်။၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၉ ရက် ည ၁၀ နာရီကျော်တွင် ဘုရားတောင်မှ ကျောက်တုံးကြီး လိမ့်ကျခြင်း ဖြစ်ကာ သတ္တုတွင်းဦးစီးဌာနရုံး၏ ရုံးအဆောက်အဦးကို ထိခိုက်ပြီး လမ်းမှ တစ်ဖက်တစ်ချက် BOC ဆီဆိုင်ဘေးနားရှိ ဆီသိုလှောင်ရာ မြေနေရာသို့ ကျရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။တောင်ကြီးမြို၊ သစ်တောရပ်ကွက်၊ သတ္တုတွင်းဦးစီးဌာနရုံးသို့ ပြိုကျခဲ့သဖြင့် ရုံးအဆောက်အဦ တစ်ခု ပျက်စီးခဲ့ပြီး ထပ်မံကျရောက်နိုင်သော စိုးရိမ်မှုကြောင့် ရုံးနေရာ ယာယီရွေ့ပြောင်းထားကြောင်း သိရသည်။“အခုအစိုးရအနေနဲ့ အဲ့ကျောက်တုံး ပြိုကျတဲ့ နေရာကို သက်ဆိုင်ရာ ဘူမိဗေဒပညာရှင်တွေ ကွင်းဆင်း စစ်ဆေးတဲ့ အဆင့်ပဲရှိသေးတယ်။ အဲဒါပြီးမှ အစီရင်ခံစာ အသေးစိတ်ထွက်မယ်။Eleven Media Group Co., Ltdတောင်ကြီးမြို့တွင် ကျောက်တုံးကြီးတစ်တုံး လိမ့်ကျပြီးနောက် တောင်ထိပ်ကျောက်သားများကို ပညာရှင်များ အဖွဲ့ဖြင့် စစ်ဆေးမည်တောင်ကြီးမြို့တွင် ကျောက်တုံးကြီးတစ်တုံး လိမ့်ကျပြီးနောက် တောင်ထိပ် ကျောက်သားများကို ပညာရှင်များ အဖွဲ့ဖြင့် စစ်ဆေးမည်ဖြစ်ကြေင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြောကြားချက်အရ သိရသည်။
Eleven Media Group
22 Sept, 14:46

Eleven Media Group
22 Sept, 14:46
■ တောင်ကြီးမြို့နယ် အေးသာယာမြို့ စက်မှုဇုန်တိုးချဲ့မြေဧရိယာပေါ်ရှိ နေအိမ်များသည် တရားမဝင် ဆောက်လုပ်ထားဟုဆိုကာ ကျူးကျော်သတ်မှတ်ပြီး ပထမအကြိမ် သတိပေးစာကပ်တောင်ကြီးမြို့နယ် အေးသာယာမြို့ အမှတ်(၁၂) ရပ်ကွက် စက်မှုဇုန် တိုးချဲ့မြေဧရိယာပေါ်ရှိ နေအိမ်များသည် တရားမဝင် ဆောက်လုပ်ထားဟုဆိုပြီး ကျူးကျော်သတ်မှတ်ကာ ပထမအကြိမ် သတိပေးစာကပ်ထားကြောင်း သိရသည်။အေးသာယာမြို့၊ အမှတ်(၁၂) ရပ်ကွက် စက်မှုဇုန် တိုးချဲ့မြေဧရိယာပေါ်တွင် မြေပေးမိန့်ဖြင့် ခွင့်ပြုထားခြင်း မရှိဘဲ တရားမဝင် ဆောက်လုပ်ထားကြောင်း တွေ့ရှိရသဖြင့် ထိုမြေပေါ်တွင် ဝင်ရောက်နေထိုင်ခြင်း မပြုဘဲ ထွက်ခွာသွားရမည့်အပြင် ၎င်းမြေပေါ်မှ နိုင်ငံပိုင်ပစ္စည်းမှတစ်ပါး အခြားအရပ်ရပ် ပစ္စည်းများကိုလည်း အမိန့်စာပါနေ့ရက်မှစတင်၍ ၂၁ ရက်အတွင်း ရွေ့ပြောင်းထုတ်ယူရမည့် အကြောင်း ပါရှိသည်။၁၈၈၉ ခုနှစ် အထက်မြန်မာပြည်မြေနှင့် အခွန် စည်းမျဉ်းဥပဒေ ပုဒ်မ ၂၅ (ဃ) နှင့် နည်းဥပဒေ ၆၉(၁) တို့အရ နို့တစ်စာ ထုတ်ပြန်လိုက်ကြောင်း ဆိုသည်။ထိုဆင့်စာပါ အမိန့်အတိုင်း လိုက်နာရန်ပျက်ကွက်ပါကEleven Media Group Co., Ltdတောင်ကြီးမြို့နယ် အေးသာယာမြို့ စက်မှုဇုန်တိုးချဲ့မြေဧရိယာပေါ်ရှိ နေအိမ်များသည် တရားမဝင် ဆောက်လုပ်ထားဟုဆိုကာ ကျူးကျော်သတ်မှတ်ပြီး…တောင်ကြီးမြို့နယ် အေးသာယာမြို့ အမှတ်(၁၂) ရပ်ကွက် စက်မှုဇုန် တိုးချဲ့မြေဧရိယာပေါ်ရှိ နေအိမ်များသည် တရားမဝင် ဆောက်လုပ်ထားဟုဆိုပြီး ကျူးကျော်သတ်မှတ်ကာ ပထမအကြိမ် သတိပေးစာကပ်ထားကြောင်း သိရသည်။
Eleven Media Group
22 Sept, 14:43
■ မကွေးတိုင်း ရေနံချောင်းမြို့နယ်တွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီး တစ်ဦးဒဏ်ရာရမကွေးတိုင်း ရေနံချောင်းမြို့နယ်တွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီး တစ်ဦးဒဏ်ရာရရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။ဖြစ်စဉ်မှာ စက်တင်ဘာ ၂၂ ရက် ညနေ ၃ နာရီ ၁၀ မိနစ်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ဒေါင်းနေတံတားအနီး ခရီးသည်တင်ယာဉ် တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရေနံချောင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ခရီးသည်လေးဦးအနက် ယာဉ်နောက်လိုက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မကွေးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။#elevennews #ရေနံချောင်းမြို့နယ် #ခရီးသည်တင်ယာဉ်Website Link - - - >>> https://news-eleven.com/article/315335Eleven Media Group Co., Ltdမကွေးတိုင်း ရေနံချောင်းမြို့နယ်တွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီး တစ်ဦးဒဏ်ရာရမကွေးတိုင်း ရေနံချောင်းမြို့နယ်တွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီး တစ်ဦးဒဏ်ရာရရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
Eleven Media Group
22 Sept, 14:26
■ မုဒုံမြို့ မီတာ ၄၀၀ အားကစားကွင်းတွင် ဘောလုံးပွဲကျင်းပနေစဉ် မိုးကြိုစက်ကွင်းမိ၍ ဘောလုံးသမားတစ်ဦး သေဆုံးမုဒုံမြို့ မီတာ ၄၀၀ အားကစားကွင်းတွင် ဘောလုံးပွဲကျင်းပနေစဉ် မိုးကြိုစက်ကွင်းမိ၍ ဘောလုံးသမားတစ်ဦး သေဆုံးမှု ယနေ့ (စက်တင်ဘာ ၂၂ ရက်) ညနေပိုင်းက ဖြစ်ပွားကြောင်း သိရသည်။ယနေ့ (စက်တင်ဘာ ၂၂ ရက်) ညနေ ၅ နာရီ မိနစ် ၄၀ ခန့်တွင် မုဒုံမြို့ မီတာ ၄၀၀ အားကစားကွင်းတွင် ကျင်းပပြုလုပ်နေသည့် မုဒုံမြို့နယ်အမျိုးသားအလွှတ်တန်းဘောလုံးပြိုင်ပွဲ၌ Lion City (မော်လမြိုင်) အသင်းမှ ရှေတန်းကစားသမားဖြစ်သူ Sa Sa (ကျောနံပါတ် - ၉) မှာ မိုးကြိုးစက်ကွင်းထိမှန်ကာ လဲကျသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောကြားသည်။၎င်းကဆက်လက်ပြီး "ဘောလုံးကန်နေတဲ့အချိန်မှာ မိုးကရွာနေတယ်။ မိုးချိမ်းပြီး မိုးကြိုးပစ်သံကြားလိုက်တဲ့အချိန်မှာ ဘောလုံးသမားက ကွင်းထဲမှာလဲကျနေပြီး အသက်ပါ ပါသွားတာပါ" ဟု ပြောကြားသည်။#elevennews #မုဒုံမြို့ #ဘောလုံးပွဲ #မိုးကြိုစက်ကွင်းWebsite Link - - - >>> https://news-eleven.com/article/315336Eleven Media Group Co., Ltdမုဒုံမြို့ မီတာ ၄၀၀ အားကစားကွင်းတွင် ဘောလုံးပွဲကျင်းပနေစဉ် မိုးကြိုစက်ကွင်းမိ၍ ဘောလုံးသမားတစ်ဦး သေဆုံးမုဒုံမြို့ မီတာ ၄၀၀ အားကစားကွင်းတွင် ဘောလုံးပွဲကျင်းပနေစဉ် မိုးကြိုစက်ကွင်းမိ၍ ဘောလုံးသမားတစ်ဦး သေဆုံးမှု ယနေ့ (စက်တင်ဘာ ၂၂ ရက်) ညနေပိုင်းက ဖြစ်ပွားကြောင်း သိရသည်။
Eleven Media Group
22 Sept, 14:16
■ ကလေးမြို့ရှိ နေအိမ်တစ်လုံးအတွင်းမှ ကျပ် ၁ ဒသမ ၉ ဘီလျံတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးကလေးမြို့ရှိ နေအိမ်တစ်လုံးအတွင်းမှ ကျပ် ၁ ဒသမ ၉ ဘီလျံတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။စက်တင်ဘာ ၁၅ ရက် ည ၁၀ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်နေ မညန်ရှန်းဝုန်(ခ)ဝုန်ပီး(ခ)ချင်းမ၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။ထိုသို့ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား ၇၆၀၀၀၀ ပြား (ခန့်မှန်းကျပ် ၁ ဒသမ ၉ ဘီလျံ)နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။#elevennews #ကလေးမြို့ #စိတ်ကြွဆေးပြားများWebsite Link - - - >>> https://news-eleven.com/article/315334Eleven Media Group Co., Ltdကလေးမြို့ရှိ နေအိမ်တစ်လုံးအတွင်းမှ ကျပ် ၁ ဒသမ ၉ ဘီလျံတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးကလေးမြို့ရှိ နေအိမ်တစ်လုံးအတွင်းမှ ကျပ် ၁ ဒသမ ၉ ဘီလျံတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
Eleven Media Group
22 Sept, 14:09
■ အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံသား တစ်ဦးကို သက်ဆိုင်ရာနိုင်ငံသို့ ထပ်မံလွှဲပြောင်းအွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံသား တစ်ဦးကို သက်ဆိုင်ရာနိုင်ငံသို့ ထပ်မံလွှဲပြောင်းပေးကြောင်း သိရသည်။ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးအား မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးကြောင်း သိရသည်။#elevennews #အွန်လိုင်းလိမ်လည်မှု #အင်ဒိုနီးရှားနိုင်ငံသားWebsite Link - - - >>>Eleven Media Group Co., Ltdအွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် အင်ဒိုနီးရှားနိုင်ငံသား တစ်ဦးကို သ…အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် အင်ဒိုနီးရှားနိုင်ငံသား တစ်ဦးကို သက်ဆိုင်ရာနိုင်ငံသို့ ထပ်မံလွှဲပြောင်းပေးကြောင်း သိရသည်။
Eleven Media Group
22 Sept, 13:57
Followers write to the bot, you answer by reply, your account stays hidden. Created in one tap.
How it works →Related Channels
Other channels in the same section of the catalogue.
