Latest posts

Essential English Grammar
27 Sept 2025, 04:28
"ခွင့်ပြုပါတယ်"တစ်ခုခုလုပ်ဖို့အတွက် ခွင့်ပြုချက်ပေးတယ်၊ ဒါမှမဟုတ် တစ်ခုခုလုပ်မှာကို မတားထားဘူး ဆိုတာကို ပြောဖို့ allow, permit နဲ့ let တို့ကို သုံးလို့ရပါတယ်။ permit က formal ဖြစ်တဲ့ စကားလုံးပါ။allow နဲ့ permit ကို အရင်ကြည့်ရအောင်။💟 allow နဲ့ permit ရဲ့နောက်မှာ object နဲ့ to-infinitive ပုဒ်စု လိုက်ပါတယ်။ဥပမာ 🔸 He allowed me to take the course. သူက ကျွန်တော့်ကို သင်တန်းတက်ခွင့်ပြုတယ်။ 🔸 They do not permit the students to use calculators in exams. ကျောင်းသားတွေကို စာမေးပွဲတွေမှာ ဂဏန်းတွက်စက်သုံးခွင့် မပြုဘူး။ဒီစကားလုံးတွေကို passive ပုံစံနဲ့ သုံးလည်း ရပါတယ်။ လူတွေကို လုပ်ခွင့်မပြုဘူး၊ people are not allowed / permitted to do something စသည်ဖြင့်ပေါ့။ဥပမာ 🔹 Visitors are not allowed to take photographs in the museum. ဧည့်သည်တွေကို ပြတိုက်ထဲမှာ ဓာတ်ပုံရိုက်ခွင့် မပြုဘူး။ 🔹 Children are not permitted to use the swimming pool.
Essential English Grammar
27 Sept 2025, 04:28




Essential English Grammar
30 Apr 2025, 00:51
အင်္ဂလိပ်မဆန်တဲ့ အင်္ဂလိပ်စကားများ



Essential English Grammar
16 Apr 2025, 03:04
💓 သင်္ကြန်အကြောင်း ပြောရအောင် 💓သင်္ကြန်အကြောင်း ပြောပါ၊ ရေးပါဆိုရင် သင်္ကြန်အကြောင်းသိဖို့နဲ့ ဝေါဟာရတွေ သိထားဖို့လိုပါတယ်။ သင်္ကြန်အကြောင်းကို ပြောလို့၊ ရေးလို့ကောင်းအောင် အစဉ်အတိုင်း စဉ်းစားကြည့်မယ်။အဓိပ္ပာယ် ----------- 📅 သင်္ကြန် = ပြောင်းလဲခြင်း (change) သက္ကတ ဘာသာစကား (Sanskrit)က လာပါတယ်။ ✒ Thingyan is a word derived from Sanskrit, that means change and accordingly, the Thingyan Festival marks the changing of the old year to the new. သင်္ကြန်ဆိုတာ သက္ကတဘာသာစကားက ဆင်းသက်လာပြီး ပြောင်းလဲခြင်းလို့အဓိပ္ပာယ်ရပါတယ်။ ဒါကြောင့် သင်္ကြန်ပွဲတော်ဟာ နှစ်ဟောင်းကနေ နှစ်သစ်ကိုကူးပြောင်းခြင်းကို အမှတ်အသားပြုပါတယ်။ကျရောက်သည့်လ၊ ကြာချိန်ကာလ --------------------------------------- 📅 မြန်မာပြက္ခဒိန်မှာ ပထမလတဲ့ဖြစ်တဲ့ တန်ခူးလ (Dagu, the first month of the Myanmar calendar) 📅 ဧပြီလ (April) 📅 သုံးရက်သို့မဟုတ် လေးရက်ကြာ (last for three or four days)✏ သင်္ကြန်အကြို = Thingyan Eve ✏ သင်္ကြန်အကျ
Essential English Grammar
16 Apr 2025, 03:04



Essential English Grammar
9 Apr 2025, 13:50
Great Writing စာအုပ်တွဲတွေက Foundation ပါ ထည့်ရေမယ်ဆိုရင် စုစုပေါင်း ခြောက်အုပ်ရှိပါတယ်။လေ့ကျင့်ခန်းများများနဲ့ အခြေခံကစပြီး လေ့လာလို့ရတဲ့ စာအုပ်တွေမို့ အချိန်ယူပြီး သေချာသင်ပေးတာ၊ လေ့ကျင့်တာဆိုရင် အကျိုးရှိပါတယ်။ တော်တော်များများ သိကြတဲ့ စာအုပ်ပါ။ခု နောက်ဆုံးထွက် 5th edition စာအုပ်တွေကို လွယ်လွယ်ကူကူ Download ယူနိုင်အောင် Telegram ကနေ တင်ပေးထားပါတယ်။Foundation https://t.me/essentialSayaSithuHtet/10001 https://t.me/essentialSayaSithuHtet/10012 https://t.me/essentialSayaSithuHtet/10023 https://t.me/essentialSayaSithuHtet/10034 https://t.me/essentialSayaSithuHtet/1004


Essential English Grammar
4 Mar 2025, 12:20
"Preparatory it"တချို့ကျောင်းသားတွေက ဝါကျအစမှာတွေ့တဲ့ စကားလုံးတွေကို Subject လို့ပဲ ပုံသေမှတ်တတ်ပါတယ်။ ဒါပေမဲ့ ဘယ်ဟုတ်နိုင်ပါ့မလဲ။ ဝါကျတစ်ခုက ဘာအကြောင်းကို အဓိက ပြောချင်တာလဲ။ အဲဒီအကြောင်းအရာက Subject ပါ။“မင်းနဲ့စကားပြောရတာ ကောင်းတယ်” ဆိုပြီး ပြောတယ်ဆိုပါတော့။ ဘယ်အကြောင်းအရာကို ပြောချင်တာလဲ။ “မင်းနဲ့ စကားပြောရတာ” ပေါ့။ အင်္ဂလိပ်လို to talk to you လို့ ရေးနိုင်တယ်။ “ကောင်းတယ်” ဆိုတာကတော့ is good လို့ ပြောမယ်။ ဒါဆိုရင် To talk to you is good. လို့ ရေးနိုင်မလား။ ရေးရင်တော့ မှားတယ်လို့မပြောနိုင်ပါဘူး။ ဒါပေမဲ့လည်း ဝါကျတစ်ကြောင်းရဲ့ Subject က infinitive ပုံစံဖြစ်နေရင် (ဆိုလိုတာက to + verb တစ်ခုရဲ့ အခြေခံပုံစံဖြစ်နေရင်) အဲဒါကို ဝါကျရဲ့ရှေ့မှာ ထားလေ့မရှိပါဘူး။ ဒါဆိုရင် ဘာလုပ်သလဲ။ preparatory subject နဲ့ စပြီး infinitive ကို နောက်မှာထားလေ့ရှိပါတယ်။ (preparatory ဆိုတာက “အကြိုဖြစ်သော” လို့ ဆိုလိုပါတယ်။)Preparatory it က be+adjective/ noun ပုံစံတွေနဲ့ အတွေ့ရများပါတယ်။It’s nice to talk to you.
Essential English Grammar
26 Feb 2025, 13:10
♥ တစ်စုံတစ်ခုက တခြားတစ်ခုကို ဖုံးအုပ်ပြီး ထိနေတယ်ဆိုရင် over သုံးရတယ်။ above မသုံးရဘူး။ She put a quilt OVER the bed. သူက အိပ်ရာပေါ်ကို အိပ်ရာဖုံး ထားခဲ့တယ်။♥ တစ်စုံတစ်ခုထက် ပိုမြင့်တဲ့နေရာကနေ ရေပြင်ညီလှုပ်ရှားမှုအတိုင်း သွားတာမျိုးကို ပြောဖို့အတွက်လည်း over သုံးလေ့ရှိပါတယ်။ I saw the helicopter fly out OVER the water, near the fishing boat. ရဟတ်ယာဉ်ကြီး ငါးဖမ်းလှေအနားကနေ ရေအပေါ်ပျံသွားတာ ကျွန်တော်တွေ့ခဲ့တယ်။♥ Below က above ရဲ့ ဆန့်ကျင်ဘက် ဖြစ်ပါတယ်။ under ကတော့ over ရဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ below နဲ့ under ကွာခြားပုံက above နဲ့ over ကွာသလိုပါပဲ။ It’s hard to believe that there is a railway line BELOW/ UNDER the building. ဒီအဆောက်အဦးရဲ့ အောက်မှာ မီးရထားလမ်းရှိတယ်ဆိုတာ ယုံဖို့ ခက်တယ်။ (နိမ့်တဲ့နေရာမှာ ရှိနေတာ) Her head was BELOW the level of the table and nobody noticed her. သူ့ရဲ့ခေါင်းက စားပွဲရဲ့အမြင့်အောက်မှာ ရှိနေတယ်။ ဘယ်သူမှ သူ့ကို သတိမထားမိခဲ့ဘူး။ (တိုက်ရိုက်အောက်ရောက်နေတာ
Essential English Grammar
26 Feb 2025, 13:10
“PREPOSITIONS OF POSITION AND MOVEMENT”တည်နေရာတို့၊ လှုပ်ရှားမှုတို့ အကြောင်းပြောပြတဲ့ preposition တွေ အကြောင်း ကြည့်ကြမယ်။ စိတ်ဝင်စားစရာကောင်းသလို အသုံးလည်းဝင်တာပေါ့။ ကဲ..စစချင်း ဒီနှစ်ခုကို ကြည့်ရအောင်။“across, over” across နဲ့ over ကို “တခြားတစ်ဖက်မှာရှိတဲ့ နေရာ”၊ ဒါမှမဟုတ် “လမ်း၊ တံတား၊ မြစ်၊ နယ်စပ် စတာတွေရဲ့ တခြားတစ်ဖက်ကို သွားခြင်း” ကို ပြဖို့ သုံးသတဲ့။ ဒီအတိုင်း ပြောပြရုံနဲ့ ဘယ်သဘောပေါက်ပါ့မလဲ။ ဒါကြောင့် ဥပမာလေးတွေ ကြည့်ပါ။ Mike lives in the house ACROSS/ OVER the road from ours. မိုက်ခ်က တို့အိမ်ရဲ့လမ်းတစ်ဖက်က အိမ်မှာနေတယ်။ The truck came towards them ACROSS/ OVER the bridge. ကုန်တင်ကားကြီးက တံတားပေါ်ကဖြတ်ပြီး သူတို့ဆီလာတယ်။ Once she was ACROSS/ OVER the border, she knew she would be safe. နယ်စပ်တစ်ဖက်မှာရှိရင် သူလုံခြုံမယ်ဆိုတာ သိတယ်။အခုပြောခဲ့တာက နှစ်ခုစလုံးရဲ့ ယေဘုယျသုံးစွဲပုံတွေပေါ့။ သီးသန့်သုံးစွဲပုံတွေလည်းရှိသေးတယ်။ နှိုင်းယှဉ်ကြည့်ကြမယ်။♥ မြင့်တဲ့တစ်စုံတစ်ခုရ
Essential English Grammar
22 Feb 2025, 10:57
Loving vs lovely ============Loving နဲ့ lovely က ရောတတ်တဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ ဒီတော့ မမှားရအောင် ကွဲကွဲပြားပြား မှတ်ကြပါမယ်။Loving က မြန်မာလိုဆိုရင် “ချစ်ခင်သော၊ ကြင်နာသော” လို့ အဓိပ္ပာယ်ရတယ်။ အင်္ဂလိပ်လို မှတ်ထားချင်ရင်တော့ feeling or showing love and care for somebody/something လို့ မှတ်ထားနိုင်ပါတယ်။ဥပမာ - the confidence he had gained from having a warm and loving family နွေးထွေးပြီး ချစ်ခင်ကြင်နာတဲ့မိသားစုရှိတာကနေ သူ ရထားတဲ့ မိမိကိုယ်မိမိ ယုံကြည်မှု What that child needs is plenty of loving care. ဒီကလေးလိုတာက ချစ်ခင်ဂရုစိုက်မှုတွေ အများကြီး ဖြစ်ပါတယ်။Lovely ကျတော့ “လှသော။ ချစ်စရာကောင်းသော။ နှစ်သက်ဖွယ်ဖြစ်သော” စတဲ့ အဓိပ္ပာယ်တွေ ရပါတယ်။ beautiful, attractive, very pleasant စသည်ဖြင့် အင်္ဂလိပ်လို မှတ်ထားနိုင်ပါတယ်။ဥပမာဝါကျတွေကို ကြည့်လိုက်ပါ။ She looked particularly lovely that night. အဲဒီညက သူက အထူးလှနေတယ်။ He has a lovely voice.
Essential English Grammar
22 Feb 2025, 10:57



Essential English Grammar
11 Feb 2025, 09:40
forwarded from @essentialsayasithuhtet
Can I + Verb? ကို သုံးစွဲပြီး စကားပြောပုံလေး လေ့လာကြည့်ပါဦး။https://youtu.be/gt6sIs_dx5YYouTubeLesson 43: Can I + verb?တစ်ခုခုလုပ်ဖို့ ခွင့်ပြုချက်တောင်းတဲ့အခါ သုံးစွဲတဲ့ Can I + (verb)? ပုံစံကို လေ့လာကြည့်ပါဦး။ Basic speaking patterns တွေကို သင်ကြားပေးနေတာ ဖြစ်ပါတယ်။ Telegram မှာ သင်ခန်းစာတွေကို လေ့လာချင်ရင် https://t.me/essentialSayaSithuHtet ကို နှိပ်ပြီး လေ့လာနိုင်ပါတယ်။
Essential English Grammar
29 Jan 2025, 12:50
အင်္ဂလိပ်စာအုပ်တွေကိုဖတ်ရင်း အကျိုးရှိနိုင်မယ့် အချက်အလက်တွေကို ထုတ်နှုတ်ပြထားပါတယ်။ဒီ Playlist ကို နှိပ်ပြီး video တစ်ခုချင်းစီကို ကြည့်ရှုလို့ ရပါတယ်ခင်ဗျာ။Life-changing Books: https://www.youtube.com/playlist?list=PLLutYsv1-KzbRyUfXFlDBXmzyr4pTMcZJ
Essential English Grammar
25 Jan 2025, 12:20
"Lesson 32"စဉ်းစားနေတယ်၊ စိတ်ကူးကြည့်နေတယ် လို့ ပြောချင်ရင် I'm thinking of လို့ ပြောနိုင်ပါတယ်။ လေ့လာကြည့်ပါဦး။https://youtu.be/UK-ptudki90YouTubeLesson 32: I'm thinking of + (verb-ing)Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
Essential English Grammar
23 Jan 2025, 11:57
"Lesson 31" I'm sorry to + (Verb)"စိတ်မကောင်းပါဘူး၊ ဝမ်းနည်းပါတယ်၊ တောင်းပန်ပါတယ်" စသည်ဖြင့် စာနာသနားတဲ့၊ နောင်တရတဲ့ ခံစားချက်ကို ဖော်ပြတဲ့ စကားကို လေ့လာကြည့်ပါဦး။https://youtu.be/KiYl7T8uoxQYouTubeLesson 31: I'm sorry to + (Verb)"စိတ်မကောင်းပါဘူး၊ ဝမ်းနည်းပါတယ်၊ တောင်းပန်ပါတယ်" စသည်ဖြင့် စာနာသနားတဲ့၊ နောင်တရတဲ့ ခံစားချက်ကို ဖော်ပြတဲ့ စကားကို လေ့လာကြည့်ပါဦး။
Essential English Grammar
13 Jan 2025, 10:29
Basic Writing ကို Telegram မှာ member ဝင်ပြီး လေ့လာနိုင်ပါပြီ။Essay တွေ ရေးတာပဲ ဖြစ်ဖြစ်၊ တခြားEnglish Writing အတွက်ပဲဖြစ်ဖြစ် ဘယ်လိုတွေး၊ ဘယ်လိုရေးဆိုပြီး ပြောကြပေမဲ့ အခြေခံဝါကျတွေတောင် ဖြောင့်အောင် မရေးတတ်ရင် အဆင်မပြေဘူးလေ။Writing က ချက်ချင်းသင်၊ ချက်ချင်းတတ်တာမဟုတ်ဘဲ အချိန်ယူရတော့ တချို့လေ့လာသူတွေက အချိန်ယူပြီး လေ့လာချင်ကြတယ်။ အချိန်မရွေး လေ့လာလို့ရတာ သဘောကျကြတယ်။ ဒါဆိုရင် Video သင်ခန်းစာတွေကို အထပ်ထပ်ကြည့်၊ ကိုယ်ရေးချင်တဲ့ပုံစံနဲ့ ချိတ်ဆက်ရေးသားလေ့ကျင့်လို့ ရရင် အဆင်အပြေဆုံးပေါ့။ဒီ သင်တန်းမှာ video သင်ခန်းစာတွေနဲ့ စကားစု တစ်ခုချင်းစီကစပြီး ရေးတတ်အောင် စသင်ပါတယ်။ စကားစုတွေရေးတတ်ပြီဆိုရင် ဝါကျတည်ဆောက်တတ်အောင်၊ အဲဒီကနေမှ ဝါကျတွေကို ချိတ်ဆက်တတ်၊ အတွေးအစဉ်မပြတ်အောင် သုံးရတဲ့ စကားတွေသုံးတတ်အောင် သင်တာပါ။ဒါကြောင့် အခြေခံအားနည်းတဲ့အတွက် အခြေခံကစပြီး သေချာလေ့ကျင့်ချင်သူတွေအတွက် ဒီသင်တန်းက အထူးသင့်တော်ပါတယ်။ သင်ထားသမျှ တဆင့်ချင်းစီ ကြေညက်အောင် လေ့လာ၊ လေ့ကျင့်သွားမယ်ဆိုရင်TelegramSithu HtetYou can contact @SayaSithuHtetEssentialEnglish right away.
Essential English Grammar
13 Jan 2025, 10:29



Essential English Grammar
4 Jan 2025, 13:15
"Go ဆိုတိုင်း သွားတာလား"go ရဲ့ အဓိပ္ပာယ်ကို ပြောပါဦးလို့ ပြောလိုက်ရင် အများစုက “သွားသည်” လို့ ပြောကြလိမ့်မယ်။ မဟုတ်လို့လားဆိုတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီဝါကျတစ်ကြောင်းကို ဖတ်ကြည့်ပါဦး။🔸 Leaves go brown in autumn. သစ်ရွက်တွေက ဆောင်းဦးရာသီမှာ အညိုရောင်ဖြစ်လာတယ်။ဒီဝါကျမှာတော့ go က တစ်နေရာကနေ တစ်နေရာကို သွားသည်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်တော့ဘူး။ အညိုရောင်ဖြစ်လာသည်။ ညိုလာသည် ဆိုတဲ့ သဘောကိုပြတဲ့ “ဖြစ်လာသည်” ဆိုတဲ့ အဓိပ္ပာယ်ရတယ်။အင်္ဂလိပ်လိုလေး တစ်ချက်အရင်မှတ်ကြမယ်။ ♦️ We use go to mean ‘become’ before some adjectives. တချို့ adjectives တွေရဲ့ ရှေ့မှာ go ကို ဖြစ်လာသည် (become) ဆိုတဲ့ အဓိပ္ပာယ်နဲ့သုံးတယ်။go ကို ဖြစ်လာသည် လို့ မှတ်တာကတော့ ဟုတ်ပါပြီ။ ဘယ်စကားလုံးတွေ၊ ဘယ် adjective တွေနဲ့ တွဲရင် ခုလို အဓိပ္ပာယ်ဖြစ်တာလဲ။ပထမတစ်ချက်ကို အရင်ကြည့်မယ်။(1) အရောင်ကိုပြတဲ့ စကားလုံးတွေနဲ့ တွဲလိုက်ရင် “ဖြစ်လာတယ်” ဆိုတဲ့ အဓိပ္ပာယ်ရမယ်။🔸 Leaves go brown in autumn.
Essential English Grammar
4 Jan 2025, 13:15

9,450Open in Telegram
Essential English Grammar
30 Dec 2024, 13:00
“until” နဲ့ “by” ဘယ်လို ခွဲခြားသုံးမလဲ?♦ until က ဒီအဓိပ္ပာယ်တွေရှိပါတယ်။ (1) တိုင်အောင်၊ အထိ (2) မ..မချင်း◊ အချိန်ကာလတစ်ခုအထိ ဆက်ဖြစ်သွားမယ့် အခြေအနေကိုပြောဖို့ until သုံးရတယ်။အင်္ဂလိပ်လို မှတ်ချင်ရင် ဒီစာကြောင်းလေးနဲ့ မှတ်ပါ။ ♦ We use until to talk about a situation or state that will continue up to a certain moment.ဟောဒီဥပမာလေးကြည့်ရင် မြင်လွယ်မယ်။ Can I stay until the weekend? ကျွန်တော် ဒီစနေ၊ တနင်္ဂနွေအထိ နေလို့ရနိုင်မလား။ဒီဝါကျမှာ နေမယ်ဆိုတာက စနေ၊ တနင်္ဂနွေအထိပေါ့။ ခုအချိန်ကစပြီးနေမှာ စနေ၊ တနင်္ဂနွေရောက်တဲ့အထိပဲ။ အဲဒီအချိန်ကျော်ရင်တော့ မနေတော့ပါဘူးလေ။ ဒီလိုမျိုး အချိန်ကာလတစ်ခုအထိ ဆက်လုပ်သွားမှာကို ပြောတဲ့အခါ until သုံးတာပေါ့။until ကိုတော့ သိပါပြီတဲ့။ by ကိုရော ဘယ်လိုသုံးပါလိမ့်။♦ by ကို “(အချိန်) နောက်ဆုံးထား၍၊ ထက်နောက်မကျဘဲ၊ မှာ” ဆိုတဲ့ အဓိပ္ပာယ်တွေနဲ့ သုံးနိုင်တယ်။TelegramSaya Sithu HtetEnglish for Teachers and Students
Related Channels
Other channels in the same section of the catalogue.
