Latest posts

HYPEN Organization
21 Sept, 12:26
🗣️ Hypers🎓 လေးတို့ လာနေကျ Hypen ရဲ့ ရင်ခွင်တစ်စုံဟာ အပြောင်းအလဲ တစ်ခုရှိလာခဲ့ရင်...⏰✨ တနင်္ဂနွေရောက်တိုင်း Hypers🎓 လေးတို့ရဲ့ အတွေးအခေါ်တွေနဲ့ အကြံဉာဏ်တွေကို ချပြရင်း အင်္ဂလိပ်စာပါ တိုးတက်စေမဲ့ Speaking Club ကို Hypen ကနေ ပြုလုပ်ပေးနေတယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်မှာပါ။📅 တစ်ပတ်တာရဲ့ တနင်္ဂနွေကို မရောက်ခင် ဒီအပတ်မှာ အတူတူဆွေးနွေးကြမဲ့ အကြောင်းအရာကို ကြိုတင်အသိပေးသလို အဲဒီခေါင်းစဉ်နဲ့ ပတ်သက်တဲ့ Vocabulary တွေကိုပါ အချိန်နဲ့ တစ်ပြေးညီ တင်ပေးနေ ကျဖြစ်ပါတယ်။ အဲဒီလိုနဲ့ တနင်္ဂနွေနေ့၊ ည ၈ နာရီကို ရောက်တဲ့အခါ Hypers🎓 လေးတို့လာနေကျ Hypen ရဲ့ ရင်ခွင်ဟာ သိုက်သိုက်မြိုက်မြိုက်နဲ့ စကားသံတွေ စတင်ဆူညံလာပါလိမ့်မယ်။🕐 ဒါပေမဲ့ တစ်ခါတလေမှာ အရာအားလုံးက တစ်တမတ်တည်း မရှိဘူးဆိုတဲ့ စကားလေးအတိုင်း Hypen ရဲ့ English Speaking Club လေးဟာလဲ အနည်းငယ် အပြောင်းအလဲလေးရှိကြောင်း အသိပေးချင်ပါတယ် Hypers🎓 လေးတို့ရေ။ အဲဒါကတော့ ပုံမှန် ည ၈ နာရီ စနေကျ English Speaking Club လေးကို လာမဲ့ အပတ်က စလို့ ၇:၄၅ မိနစ်မှာTelegramHypen Speaking Club InformationWe are gonna share zoom link and Sharing session
HYPEN Organization
21 Sept, 12:26



HYPEN Organization
17 Sept, 07:33
Media Partnership Announcement 🤝စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို ပြောဖို့ဆိုတာ တစ်ခါတလေ ကိုယ့်အတွက် မလွယ်ကူလှပါဘူး။🤍 ကိုယ့်ရဲ့ စိတ်နှလုံးသားထဲကအရာတွေကို အချိန်တစ်ခုပေးပြီး ပြောထုတ်နိုင်ဖို့ ၊ နားထောင်ပေးမယ့်နေရာတစ်ခုရှိဖို့နဲ့ မိမိရဲ့ခံစားချက်တွေကို ကိုယ်တိုင်ပြန်လည်သတိထားနိုင်ဖို့ ကတော့ အရေးကြီးပါတယ်။ဒါကြောင့် လူငယ်ဖြစ်တဲ့ Mindor လေးတို့အတွက် Mental Well-being အကြောင်းကို ပိုမိုလွတ်လပ်စွာ ပြောဆိုနိုင်ပြီး ကိုယ့်စိတ်ကိုယ် ပြန်လည်နားလည်နိုင်မယ့် Space တစ်ခု ဖန်တီးပေးဖို့အတွက် “နှလုံးသား Dialogue: Speak Your Mind” ဆိုတဲ့ Virtual Workshop & Interactive Online Challenge ကို MIND Organization ကနေ ယူဆောင်လာပြီဖြစ်ပါတယ် 🎉ဒီ Workshop မှာ Mental Health နဲ့ ပတ်သက်တဲ့ Sharing Session တွေ၊ မိမိရဲ့အတွင်းစိတ်ကို ဖော်ထုတ်နိုင်မယ့် Drawing Activity တွေအပြင် ကိုယ့်ရဲ့နေ့စဉ်ခံစားချက်တွေကို ပြန်လည်သုံးသပ်နိုင်ဖို့ 5-Day Anonymous Journaling Challenge လည်း ပါဝင်မှာဖြစ်ပါတယ်။✨ ဒီလိ
HYPEN Organization
17 Sept, 07:33




HYPEN Organization
17 Sept, 07:33




HYPEN Organization
15 Sept, 12:00edited
📲 အခုပြောခဲ့တဲ့ System တွေ အားလုံးကတော့ Hypers🎓 လေးတို့ နေ့စဉ်သုံးနေတဲ့ Social Media တွေရဲ့ လည်ပတ်ပုံတွေ ဖြစ်ပါတယ်။ ပိုမြင်သာအောင် ပြောပြရရင် Hypers🎓 လေးတို့အနေနဲ့ Facebook မှာ Post တစ်ခု တင်လိုက်တဲ့အခါ ဖုန်း (Client) က အချက်အလက်တွေကို Packets လေးတွေအဖြစ် ခွဲပြီး ရေအောက်ကေဘယ်ကြိုးတွေကနေတစ်ဆင့် Facebook ရဲ့ Data Center (Server) ဆီ ပို့လိုက်တာပါ။ အဲဒီနောက် Hypers🎓 လေးတို့ရဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေ App ဖွင့်ကြည့်လိုက်တဲ့အခါ Server ကနေ အချက်အလက်တွေကို သူတို့ဖုန်းရဲ့ IP Address ဆီ အလင်းအမြန်နှုန်းနဲ့ ပြန်လည်ပေးပို့ပေးလိုက်တာပဲ ဖြစ်ပါတယ်⚡️အင်တာနက်ရဲ့ အလုပ်လုပ်ပုံတွေကို သိသွားပြီဆိုရင် ဒါကို လက်တွေ့ဘဝမှာ အကျိုးရှိရှိ ဘယ်လို အသုံးချမလဲဆိုတာကလဲ အရေးကြီးတယ် မဟုတ်လား Hypers🎓 လေးတို့ရေ။👣 Digital Footprint ကို သတိထားပါ။အင်တာနက်ပေါ်မှာ ကိုယ်ပြုလုပ်ခဲ့တဲ့ ခြေရာတိုင်း (Post တွေ၊ Comment တွေ၊ Search History တွေ) က အမြဲ ကျန်နေခဲ့တာမို့ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ Password တွေကိုFacebookHypen OrganizationHypen Organization. 22,800 followers · 48 talking about this. Nonprofit organization
HYPEN Organization
15 Sept, 12:00edited
❝နေ့စဉ်ဘဝထဲက မရှိမဖြစ် သုံးနေရတဲ့ Internet ရဲ့ လျှို့ဝှက်ချက်များ❞ 🤫👀 Hypers🎓 လေးတို့ထဲမှာ Wifi လေး ခဏလောက် ပြတ်သွားတာနဲ့ ❛ဘာများဖြစ်လို့ပါလိမ့်❜ ဆိုပြီး Wifi စက်နား ရောက်သွားတတ်ကြတဲ့ သူလေးတွေရှိလား📱အဲဒီလို ရောက်သွားတတ်တာက Hypers🎓 လေးတို့တင် မဟုတ်ပါဘူး။ အင်တာနက်ကို အသုံးပြုနေကြတဲ့ လူအများစုက အင်တာနက် ပြတ်သွားတာနဲ့ မနေနိုင်မထိုင်နိုင်တွေ ဖြစ်သွားတတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ ၂၁ ရာစုမှာ အခြေခံ အရေးကြီးဆုံးဖြစ်တဲ့ စားဝတ်နေရေးပြီးရင် အင်တာနက် ဆိုတာက မရှိမဖြစ် ပါလေရာငါးပိချက် ဖြစ်နေတာမို့လို့ပါပဲ 😜🌍 အခုဆိုရင် ကမ္ဘာကြီးက ရွာကြီးတစ်ရွာ ဖြစ်နေပြီလို့ ပြောနေကြတဲ့အတိုင်း အင်တာနက် ဆိုတာက လူတိုင်း အသုံးပြုနေကြတဲ့ အရာတစ်ခုဖြစ်ပါတယ်။ အခုလို ဒီ Content လေးကို ဖတ်လို့ရနေတယ်ဆိုတာကလဲ အင်တာနက်ရဲ့ ကျေးဇူးကြောင့်ပဲ မဟုတ်လား Hypers🎓 လေးတို့ရေ။ ဒါဆိုရင် ကိုယ့်အတွက် အကျိုးကျေးဇူးတွေ အများကြီးရှိနေတဲ့ အင်တာနက် အကြောင်းကို သေချာလေး သိသွားချင်ရင်တော့ အတူတူ ဖတ်ကြည့်ကြရအောင် 🔍Internet ဆိုတာ
HYPEN Organization
15 Sept, 11:59



HYPEN Organization
13 Sept, 04:30edited
ကမ္ဘာပေါ်မှာ အသက်ရှင်ဖို့ဆိုတာ ရိုးရိုးလေးပဲလို့ ထင်နေကြတုန်းလား ‼️ 🌍 လူသားတိုင်း မရှိမဖြစ် ရှူရှိုက်နေရတဲ့ လေတွေဟာ အလွယ်တကူနဲ့ ရရှိလာတာ မဟုတ်ပါဘူး။ ဒီအကြောင်းအရာကို ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ဘီလီယံပေါင်းများစွာကတည်းက ကမ္ဘာ့လေထုဟာ Oxygen လုံးဝမရှိဘဲ Methane, Carbon dioxide နဲ့ Ammonia တို့လို အဆိပ်အတောက် ဖြစ်စေတဲ့ ဓာတ်ငွေ့တွေက လွှမ်းမိုးနေခဲ့တာပါ။ ဒါကြောင့် အဲဒီလိုကာလကြီးမှာ သက်ရှိတွေ မရှင်သန်နိုင်လောက်ဘူးလို့ ထင်ကြမယ်ဆိုရင် မှားသွားပါလိမ့်မယ်နော်။ ဘာလို့လဲဆိုရင် အဲဒီအချိန်တုန်းက သက်ရှိတွေဟာ အောက်ဆီဂျင်လုံးဝ မလိုအပ်ဘဲ ရေအောက်အနက်ပိုင်းက ဓာတုပစ္စည်းတွေကို စားသုံးပြီး စွမ်းအင်ထုတ်နိုင်တဲ့ ခေတ်အစောပိုင်းကာလက ဘတ်တီးရီးယားလေးတွေ ဖြစ်နေလို့ပါပဲ။🪨 လွန်ခဲ့တဲ့နှစ်ပေါင်း ၂.၄ ဘီလီယံခန့်က ကမ္ဘာ့သမိုင်းမှာ အရေးကြီးတဲ့ ပြောင်းလဲမှုတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ ရေအောက်က Cyanobacteria လို့ခေါ်တဲ့ ရေညှိစိမ်းဘက်တီးရီးယားတွေဟာ နေရောင်ခြည်၊ ရေနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုသုံးပြီးFacebookHypen OrganizationHypen Organization. 22,800 followers · 48 talking about this. Nonprofit organization
HYPEN Organization
13 Sept, 04:30



HYPEN Organization
12 Sept, 12:06
✍️ Plastic သုံးစွဲတာကို လျှော့ချပေးပါ။ ဈေးဝယ်သွားတဲ့အခါ တစ်ခါသုံးပလတ်စတစ်အိတ်အစား အထည်အိတ်ကို ယူဆောင်သွားပေးသင့်ပါတယ်။ နောက်ပြီး တစ်ခါသုံးရေဘူးအစား ကိုယ်ပိုင်ရေဘူးကို အသုံးပြုပေးပါ။ ဒါမှသာ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့ Plastic စွန့်ပစ်ပစ္စည်းတွေ အသုံးပြုမှု လျော့နည်းလာပြီး သဘာဝပတ်ဝန်းကျင်ကိုလည်း ဆက်လက်ထိန်းသိမ်းသွားနိုင်မှာ ဖြစ်ပါတယ်။ 🪴 အပင်တွေ စိုက်ပျိုးပေးပါ။ အပင်စိုက်ပျိုးပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ဖို့ ကိုယ်ပိုင်ခြံဝန်း ဒါမှမဟုတ် လသာဆောင်တွေမှာ အပင်ငယ်လေးတွေ စိုက်ပျိုးခြင်း၊ စက္ကူတွေကို အလေအလွင့်မရှိအောင် ပြန်လည်အသုံးပြုခြင်းတို့အပြင် သစ်ပင်ခုတ်လှဲတာကို တတ်နိုင်သမျှ ရှောင်ကြဉ်ပြီး တခြားသူတွေနဲ့ အပင်အတူတူစိုက်ပျိုးရတဲ့ ပွဲမျိုးတွေမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်သင့်ပါတယ်။ 🙆🏻♀️ အစားအသောက်တွေ စွန့်ပစ်မှုကို လျော့ချပေးပါ။ နောက်တစ်ခုအနေနဲ့ကတော့ ကိုယ့်အတွက် ပိုလျှံနေလို့ စွန့်ပစ်လိုက်တဲ့ အစားအသောက်တွေက အလေအလွင့်ဖြစ်ပြီး ကမ္ဘာကြီးကို ပူနွေးစေတဲ့ MethaneFacebookHypen OrganizationHypen Organization. 22,800 followers · 48 talking about this. Nonprofit organization
HYPEN Organization
12 Sept, 12:06
ကမ္ဘာကြီး ပူနွေးလာရတဲ့ နောက်ကွယ်က လျှို့ဝှက်ချက်များ 🌍 “ဒီနှစ်နွေက အရင်နှစ်တွေထက် ပိုပူသလိုပဲ.." ဆိုတဲ့အတွေးမျိုး တွေးဖူးကြလား Hypers🎓 လေးတို့ရေ ‼️ တစ်ခါတလေ ရာသီဥတုပူလာတာကို ပုံမှန် ရာသီအပြောင်းအလဲတစ်ခုလို့ပဲ ထင်မိနိုင်ပါတယ်။ ဒါပေမဲ့ လေ့လာချက်တွေအရ လူသားတွေရဲ့ လုပ်ဆောင်ချက်တွေကြောင့် ကမ္ဘာ့အပူချိန် တဖြည်းဖြည်း မြင့်တက်လာနေရတာဖြစ်ပါတယ်။ ဒါဆိုရင် လူတွေရဲ့ နေ့စဉ်ဘဝမှာ ပြုလုပ်နေတဲ့ ဘယ်အရာတွေက ကမ္ဘာကြီးကို ပိုပြီး ပူနွေးလာစေတာလဲ 🧐 ☀️ ကမ္ဘာမြေဟာ နေရောင်ခြည်ကနေ ရရှိတဲ့ အပူတချို့ကို အာကာသထဲ ပြန်လည်ထုတ်လွှတ်လိုက်တဲ့အခါ လေထုထဲမှာရှိတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ တွေက အဲဒီအပူတချို့ကို ထိန်းသိမ်းထားပေးတာကြောင့် ကမ္ဘာမြေဟာ သက်ရှိတွေ နေထိုင်နိုင်တဲ့ အပူချိန်မှာ တည်ရှိနေတာပါ။ ဒီသဘာဝဖြစ်စဉ်ကို Greenhouse Effect လို့လဲ ခေါ်ပါတယ်။ 🌀 ဒီလိုပူနွေးစေတဲ့ ပြဿနာကတော့ ဓာတ်ငွေ့တွေ အလွန်အကျွံ များပြားလာတာပါပဲ။ ဘာလို့လဲဆိုရင် ကျောက်မီးသွေး၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို လျှပ်စစ်ထုတ်လုပ်ဖို့ စက်ရုံတွေနဲ့
HYPEN Organization
12 Sept, 12:06



HYPEN Organization
12 Sept, 04:31
စပ်စုစိန်လေးတွေဖြစ်ခဲ့တဲ့ ငယ်ဘဝဆီပြန်သွားကြရအောင်…. 🔙Hypers🎓 လေးတို့ရဲ့ ပတ်ဝန်းကျင်မှာ အကြောင်းအရာတစ်ခုခုကို “ဘယ်လိုဖြစ်တာလဲ၊ ဘာကြောင့်လဲ” ဆိုပြီး အဖြေကို မသိရမချင်း အမေးအမြန်းထူတဲ့ ကလေးလေးတွေကို တွေ့ဖူးကြတယ်ဟုတ် 👀🤩 ဒီလိုတွေ မြင်ရတဲ့အခါမှာ Hypers🎓 လေးတို့ ကိုယ်တိုင်ကလဲ တစ်ချိန်တုန်းက အခုလိုမျိုး Curious ဖြစ်ခဲ့ဖူးတယ် ဆိုတာကိုရော ပြန်မှတ်မိလောက်ကြမလားနော်❔🌏 ကမ္ဘာကြီးပေါ် ခြေစချတဲ့ ကလေးငယ်တွေဟာ အစိမ်းသက်သက်ဖြစ်နေတဲ့ ပတ်ဝန်းကျင်ကိုလိုက်ပြီး ပဟေဠိဆန်တဲ့ မေးခွန်းတွေနဲ့အတူ စပ်စုလေ့ရှိတတ်ကြပါတယ်။ ဥပမာပြောရရင် “ကောင်းကင်မှာ ကြယ်တွေက ဘာလို့ ရှိနေရတာလဲ၊ လေကို ဘာကြောင့် မမြင်ရတာလဲ” ဆိုတဲ့ မေးခွန်းတွေ ထုတ်လိုက်တဲ့ အခါမှာတော့ ဖြေဆိုဖို့ရာ ခဲယဉ်းသွားတာပေါ့နော်။ ဒီလို အခြေအနေမှာ “ကလေးက ကလေးလိုမနေဘူး”၊ “နေရာတကာဝင်မပါနဲ့” ဆိုတဲ့ အဖြေတွေကြောင့် ကလေးငယ်တွေရဲ့ စူးစမ်းလိုစိတ်ဟာ ငုပ်လျှိုးသွားခဲ့ရပါတယ် 😨💁🏻♂️ ကဲ ဒါကြောင့် ကွယ်ပျောက်သွားတဲ့ စူစမ်းလိုစိတ်လေးတွေကို Hypen နဲ့လက်တွဲပြီးTelegramHypen Speaking Club InformationWe are gonna share zoom link and Sharing session
HYPEN Organization
12 Sept, 04:30



HYPEN Organization
9 Sept, 04:47
လူတစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့ အတွေးအခေါ်တွေဟာ နေထိုင်ရာ ပတ်ဝန်းကျင်နဲ့လဲ ဆက်စပ်နေတတ်ပါတယ်။ ကိုယ့်အိပ်မက်တွေကို နားလည်ပေးတဲ့သူ၊ ကိုယ်စိတ်ဓာတ်ကျတဲ့အချိန် အားပေးစကားပြောတဲ့သူ၊ ကိုယ်မှားနေတဲ့အခါ အမှန်အတိုင်း ထောက်ပြပေးတဲ့သူတွေ ရှိနေတာက အခက်အခဲတွေကြားမှာ ကိုယ့်အတွက် အားအင်တစ်ခု ဖြစ်စေမှာပါ။ တစ်ဖက်မှာလဲ Social Media ပေါ်က သူများတွေရဲ့ အောင်မြင်မှုတွေကို ကြည့်ပြီး ကိုယ့်ဘဝနဲ့ အမြဲနှိုင်းယှဉ်နေမိတာမျိုးကို သတိထားဖို့ လိုပါတယ်။ သူများဘဝရဲ့ Highlight တွေကို ကိုယ့်ရဲ့ Behind the Scenes နဲ့ နှိုင်းယှဉ်နေရင် ဘဝက မလုံလောက်ဘူးလို့ အလွယ်တကူ ခံစားရနိုင်တဲ့အတွက်ကြောင့် ပြိုင်ပွဲမဟုတ်တဲ့ဘဝမှာ သူများတွေရဲ့ အရှိန်ကို လိုက်ကြည့်ရင်း ကိုယ့်ရဲ့ ခြေလှမ်းတွေကို မေ့မသွားဖို့က ပိုအရေးကြီးပါတယ် Hypers🎓 လေးတို့ရေ။🙏 အခက်အခဲတွေ ကြုံလာတဲ့အခါ အကူအညီတောင်းဖို့ မကြောက်ပါနဲ့။“ငါသန်မာတယ်ဆိုရင် အရာအားလုံးကို တစ်ယောက်တည်း ဖြေရှင်းနိုင်ရမယ်” ဆိုတဲ့အတွေးက တစ်ခါတလေ ပိုပြီးပင်ပန်းစေနိုင်ပါတယ်။ တကယ်တော့ Strong ဖြစ်တယ်ဆိုတာFacebookHypen OrganizationHypen Organization. 22,800 followers · 48 talking about this. Nonprofit organization
HYPEN Organization
9 Sept, 04:47
❝ လောကဓံ မုန်တိုင်းတွေကြား မယိုင်လဲအောင် ဘယ်လိုတည်ဆောက်ကြမလဲ ❞❤️🩹 လူတိုင်းရဲ့ဘဝမှာ “အရာရာ အဆင်ပြေနေတယ်” လို့ ခံစားရတဲ့ အချိန်တွေရှိသလို “ဘာလို့ ဒီလောက်တောင် ခက်ခဲနေရတာလဲ” လို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးရတဲ့ အချိန်တွေလဲ ရှိကြဖူးမှာပါ။ အထူးသဖြင့် လူငယ်ဘဝမှာ ပညာရေး၊ အလုပ်အကိုင်၊ အချစ်ရေး၊ မိသားစုနဲ့ ကိုယ့်အနာဂတ်အတွက် ရွေးချယ်ရမဲ့ အရာတွေ များလာတာကြောင့် စိတ်ဖိစီးမှုတွေ၊ မသေချာ မရေရာမှုတွေနဲ့ အခက်အခဲတွေကို တစ်ချိန်တည်းမှာ ရင်ဆိုင်ရတတ်ပါတယ်။ဒီလို လောကဓံမုန်တိုင်းတွေ ဆက်တိုက် ဝင်လာတဲ့အခါ “ငါလုပ်သမျှ ဘာလို့လွဲနေရတာလဲ”၊ “ဘာလို့ ငါပဲ ကံဆိုးနေတာလဲ” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တဲ့အတွေးတွေက ပြဿနာကို ဖြေရှင်းဖို့ စဉ်းစားတဲ့ အတွေးတွေထက် ပိုများနေတတ်ပါတယ်။ ဒါပေမဲ့ ဘဝမှာ အခက်အခဲမရှိအောင် နေထိုင်နိုင်ဖို့ထက် အခက်အခဲတွေ ကြားကနေ ပြန်လည်ရပ်တည်နိုင်ဖို့က ပိုပြီးအရေးကြီးတယ်ဆိုတာ Hypers🎓 လေးတို့ သတိထားမိကြရဲ့လား❓အဲဒီလို ခက်ခဲမှုတွေကို လက်ခံရင်း ကျရှုံးမှုတွေကို ရင်ဆိုင်ကြုံတွေ့ပြီးတဲ့နောက်FacebookHypen OrganizationHypen Organization. 22,800 followers · 48 talking about this. Nonprofit organization
HYPEN Organization
9 Sept, 04:47



HYPEN Organization
8 Sept, 13:31
တစ်ခုကိုပဲ အာရုံစိုက်ပါ 🧐 Multitasking လုပ်တာထက် အလုပ်တစ်ခုတည်းကို အာရုံစိုက်လိုက်တာက ပစ္စုပ္ပန်မှာ အခက်အခဲမရှိ နေထိုင်နိုင်ဖို့ လိုအပ်တဲ့ အချက်တစ်ချက်ပါပဲ။ဖုန်းအသုံးပြုမှုလျှော့ပါ 📴 ဖုန်းနဲ့ Social Media သုံးစွဲမှုကို လျှော့ချလိုက်တာက တကယ့်လက်တွေ့ကို အာရုံစိုက်လာစေနိုင်မှာပဲ ဖြစ်ပါတယ်။လက်ရှိအချိန်ကို သတိထားပါ ⏳ Hypers🎓 လေးတို့ အခုချိန်မှာ ကြားနေရ၊ မြင်တွေ့နေရတဲ့ အရာတွေနဲ့ ခံစားချက်တွေကို သတိထားစောင့်ကြည့်ပြီး လက်တွေ့ကျကျ တွေးခေါ်တတ်ပါစေ။ကျေးဇူးတင်တတ်ပါစေ 🙇 ကိုယ့်ဆီမှာရှိနေတဲ့ အရာလေးတွေကိုပဲ ပြန်တွေးရင်း ကျေးဇူးတင်တတ်ခြင်းက ကိုယ်ပိုင်ဆိုင်ထားတဲ့ ဘဝကို ကျေနပ်အားရစေမဲ့ အချက်ဆိုရင်လဲ မမှားပါဘူး။အတိတ်ကနေ သင်ခန်းစာယူပါ 📝 ပြုပြင်လို့မရတော့တဲ့ အတိတ်က အမှားတွေအတွက် ဘာကြောင့်များ ထပ်တွေးပြီး ခံစားနေတော့မှာလဲနော်။ ဒါကို သင်ခန်းစာယူပြီး ရှေ့ဆက်လိုက်တာက ရွေးချယ်မှုကောင်းတစ်ခု ဖြစ်လာမှာ အသေအချာပါပဲ။အနာဂတ်ကို စီစဉ်ပြီး ဒီနေ့မှာ ရှင်သန်ပါ 🌱 အနာဂတ်အတွက် Plan ချပြီး လက်ရှိပိုင်ဆိုင်ထားတဲ့FacebookHypen OrganizationHypen Organization. 22,800 followers · 48 talking about this. Nonprofit organization
HYPEN Organization
8 Sept, 13:30
အတိတ်နဲ့ အနာဂတ်မှာပဲ လည်ပတ်နေရင်း ပစ္စုပ္ပန်ကိုရော ဝင်ကြည့်ပေးခဲ့ဖူးလား ❓🔖 တကယ်တော့ လူအများစုဟာ ကိုယ်နဲ့အတူရှိနေတဲ့ လက်ရှိပစ္စုပ္ပန်ကိုတော့ သတိမမူမိဘဲ ပြီးဆုံးခဲ့တဲ့ အတိတ်နဲ့ ဖြစ်မလာသေးတဲ့ အနာဂတ်အကြောင်း တွေးတောရင်း တစ်နေ့တာရဲ့ တန်ဖိုးရှိတဲ့ အခိုက်အတန့်တွေကို မသိလိုက်ခင်မှာပဲ ဆုံးရှုံးသွားတတ်ကြပါတယ်။ ဥပမာပြောရရင် မိသားစုတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ထမင်းလက်ဆုံစားနေတဲ့အချိန်မှာ ကိုယ်ဟာ ရှေ့ဆက်ကြုံတွေ့ရမဲ့ အရာတွေကို ကြိုပူပန်နေမိတဲ့အခါ ပြန်မရနိုင်တော့တဲ့ မိသားစုဘဝ ပုံရိပ်လေးတွေကို လက်လွှတ်လိုက်ရတဲ့အပြင် Hypers🎓 လေးတို့ရဲ့ တန်ဖိုးရှိတဲ့ ပစ္စုပ္ပန်ကိုပါ အတွေးတွေနဲ့ပဲ ပိတ်လှောင်ပစ်လိုက်သလို ဖြစ်သွားစေပါတယ် 😶🌫️🧏🏻 ဒါဆိုရင် အတိတ်နဲ့ အနာဂတ်အကြောင်းတွေချည်း တွေးနေတာကို တစ်ခန်းရပ်ပြီး လက်ရှိကိုပဲ အာရုံစိုက်နေရမှာလား ဆိုရင်လဲ မဟုတ်ပါဘူး။ အဓိကကတော့ Hypers🎓 လေးတို့ ကိုယ်တိုင်က “Living in the Present” ဖြစ်နေဖို့သာ လိုအပ်တာပါ။ မြန်မာလို တိုက်ရိုက်ဘာသာပြန်ရင်တော့ “ပစ္စုပ္ပန်မှာ နေထိုင်ခြင်း”
Related Channels
Other channels in the same section of the catalogue.
