gram news
Hlaing Info channel avatar

Hlaing Info

@infohlaing

We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the peo

ProjectsENNews

47,451subscribers

Open the Channel

Latest posts

  • Hlaing Info

    14 Nov, 10:52

    အာဆီယံအနေဖြင့် မြန်မာစစ်အုပ်စုကို အသိအမှတ်မပြုရန် Fortify Rights တိုက်တွန်းနိုဝင်ဘာလ ၁၄ ရက်မြန်မာစစ်အုပ်စုက အရပ်သားပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သည့် တိုက်ခိုက်မှုများ ဆက်လက်ကျူးလွန်နေပြီး ရိုဟင်ဂျာများအပေါ်လည်း ရာဇဝတ်မှုများ ကျူးလွန်နေသည့်အတွက် အာဆီယံအနေဖြင့် စစ်အုပ်စုကို မြန်မာနိုင်ငံ၏ အစိုးရအဖြစ် အသိအမှတ်မပြုရန် Fortify Rights လူ့အခွင့်အရေးအဖွဲ့က တိုက်တွန်းလိုက်သည်။အရှေ့တောင်အာရှဒေသမှ လူ့အခွင့်အရေးအခြေအနေများကို အဓိကအာရုံစိုက်စောင့်ကြည့်လေ့လာနေသည့် အမေရိကန်အခြေစိုက် Fortify Rights အဖွဲ့က ယမန်နေ့နိုဝင်ဘာလ ၁၃ ရက် သောကြာနေ့တွင် ကြေညာချက်ထုတ်ပြန်ကာ အဆိုပါတိုက်တွန်းချက်ကို ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။ယင်းတိုက်တွန်းချက်သည် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် နိုဝင်ဘာလ ၁၅ ရက်နေ့ ကျင်းပမည့် ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ ထွက်ပေါ်လာခြင်းဖြစ်သည်။မြန်မာစစ်တပ်က အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ထင်ရှားသည့် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ကြောင်း အသိအမှတ်ပြုရန်နှင့် မြန်မာ့အရေးဖြေရှင်းနိုင်ရေးအတွက် လက်တွေ့ကျပြီး တိကျသည့် အရေးယူဆောင်ရွက်မှုအသစ်များ ချမှတ်ရန်လည်း Fortify Rights က အာဆီယံခေါင်းဆောင်များကို တိုက်တွန်းထားသည်။ထို့ပြင် မြန်မာစစ်အုပ်စုသည် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအပါအဝင် ကျယ်ပြန့်သည့် ရက်စက်ကြမ်းကြုတ်မှုများကို ကျူးလွန်နေသည်ဟု စွပ်စွဲထားပြီး တာဝန်ခံမှုရှိစေရေး ဆောင်ရွက်ရန်လည်း အဖွဲ့က တောင်းဆိုသည်။Fortify Rights ၏ အကြီးတန်းလူ့အခွင့်အရေးအထူးကျွမ်းကျင်သူ Yap Lay Sheng က စစ်အုပ်စု၏ တပ်ဖွဲ့များက အရပ်သားများကို ဆက်လက်တိုက်ခိုက်နေချိန်တွင် ၎င်းတို့ကို မြန်မာနိုင်ငံ၏ အစိုးရအဖြစ် သဘောထားခြင်းသည် နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်သကဲ့သို့ ဖြစ်စေပြီး မြန်မာနိုင်ငံနှင့် အာဆီယံ၏ ယုံကြည်စိတ်ချရမှုအတွက် အန္တရာယ်ရှိကြောင်း ပြောဆိုသည်။“စစ်အုပ်စုကို မြန်မာနိုင်ငံရဲ့ အစိုးရအဖြစ် သဘောထားတာဟာ သူတို့ရဲ့တပ်ဖွဲ့တွေက အရပ်သားတွေကို ဆက်လက်တိုက်ခိုက်နေချိန်မှာ နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်လိုက်သလို ဖြစ်စေပါတယ်။ ဒါဟာ မြန်မာနိုင်ငံအတွက်ရော အာဆီယံရဲ့ ယုံကြည်စိတ်ချရမှုအတွက်ပါ အန္တရာယ်ရှိပါတယ်” ဟု Yap Lay Sheng က ပြောဆိုသည်။ထို့အပြင် မြန်မာ့အရေးအပေါ် အာဆီယံ၏ အားနည်းသည့် ကိုယ်ကျင့်တရားဆိုင်ရာ ပြစ်တင်ရှုတ်ချမှုများကို အကျပ်အတည်းအဆုံးသတ်စေရန် လက်တွေ့ကျသည့် အရေးယူဆောင်ရွက်မှုများအဖြစ် ပြောင်းလဲရန် လိုအပ်ကြောင်း ၎င်းက တိုက်တွန်းသည်။“အာဆီယံအနေနဲ့ မြန်မာ့အကျပ်အတည်းကို အဆုံးသတ်နိုင်ဖို့ အားနည်းတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ပြစ်တင်ရှုတ်ချမှုတွေကို လက်တွေ့ကျတဲ့ ဆောင်ရွက်ချက်တွေအဖြစ် ပြောင်းလဲရပါမယ်” ဟု Yap Lay Sheng က ပြောသည်။မြန်မာစစ်အုပ်စု၏ လုပ်ရပ်များကြောင့် တောင်အာရှနှင့် အရှေ့တောင်အာရှတစ်ဝန်း ဒုက္ခသည်အများအပြား နေရပ်စွန့်ခွာထွက်ပြေးရခြင်း၊ မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေများ ဖြစ်ပေါ်လာခြင်းနှင့် ဒေသတွင်း လူကုန်ကူးမှု ပြဿနာ ပိုမိုကြီးထွားလာခြင်းတို့ ဖြစ်ပေါ်နေကြောင်း Fortify Rights က ထောက်ပြထားသည်။ထို့ပြင် အာဆီယံ၏ မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ်သည် ငြိမ်းချမ်းရေးတည် ဆောက်ရေးဆိုင်ရာ အဓိကရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ခြင်း မရှိဘဲ သိသိသာသာ ကျရှုံးနေပြီဖြစ်ကြောင်း Yap Lay Sheng က ဝေဖန်ခဲ့သည်။“အာဆီယံအနေနဲ့ ချဉ်းကပ်ပုံအသစ်တစ်ခုကို မချမှတ်ခင် မြန်မာနိုင်ငံရဲ့ အခြေအနေ ဘယ်လောက်အထိ ဆိုးရွားလာဖို့ လိုအပ်နေသေးသလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်” ဟု ၎င်းက ပြောဆိုသည်။မြန်မာစစ်အုပ်စုက အရပ်သားပြည်သူများကို ပစ်မှတ်ထား၍ တိုက်ခိုက်ခြင်းနှင့် ခွဲခြားမှုမရှိဘဲ တိုက်ခိုက်ခြင်းများ ပိုမိုပြင်းထန်လာနေသည့် အခြေအနေများကို မှတ်တမ်းတင်ထားကြောင်းFortify Rights အဖွဲ့က ဆက်လက်ပြောဆိုသည်။ယင်းတိုက်ခိုက်မှုများတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ အရပ်သားပစ်မှတ်များအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ ဆေးရုံများ၊ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အအုံများကို ဗုံးကြဲတိုက်ခိုက်မှုများ ပါဝင်ကြောင်း အဖွဲ့က ဆိုသည်။ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
    54792Open in Telegram
  • Hlaing Info

    14 Nov, 10:01

    ထိုင်းတွင် မြန်မာလုပ်သား၂ဦး ယာဉ်တိုက်ခံရပြီး သေဆုံးမှု ဆက်တိုက်ဖြစ်နိုဝင်ဘာလ ၁၄ ရက်ထိုင်းနိုင်ငံအတွင်း မြန်မာလုပ်သား၂ဦး ယာဉ်တိုက်ခံရပြီး သေဆုံးမှု ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ထိုင်းနိုင်ငံ ၊ချွန်ဘူလီမြို့နယ်၊ ဘောဝင်းမြို့၊ ပရိဘောဂစက်ရုံတစ်ခုတွင် အလုပ်လုပ်နေသော CIစာအုပ်ကိုင် မြန်မာအလုပ်သမား ကိုစိုးမင်းထွေး (၂၂နှစ်)သည် ယနေ့(နိုဝင်ဘာ၁၄ရက်) နံနက်၇နာရီ ၄၅မိနစ်ခန့်တွင် အလုပ်သို့ ဆိုင်ကယ်ဖြင့်သွားရာလမ်း၌ ကားက ဝင်တိုက်သဖြင့် အခင်းဖြစ်နေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Worker Alliance Group မှ တာဝန်ရှိသူတစ်ဦးက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် ဖော်ပြထားသည်။ကိုစိုးမင်းထွေးသည် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ လေလံကုန်ကျေးရွာတွင်နေထိုင်ခဲ့ပြီး အိမ် ထောင်ရှိသူဖြစ်ကြောင်း သိရသည်။နိုဝင်ဘာ၁၂ရက်၊ ညနေ၆နာရီခွဲကလည်း လယောင်မြို့နယ်၊ ဖလွတ်ဒဲင် မြို့၊မဲ့နမ်းခူကျေးရွာရှိ‌ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် အလုပ်လုပ်နေသော CI စာအုပ်ကိုင် မဂျမ်း (၄၁နှစ်)သည် 7-Eleven တွင်ဈေးဝယ်ပြီးအပြန် ကားလမ်းဖြတ်ကူး‌စဉ် ဆိုင်ကယ်အတိုက်ခံရ၍လဲကျနေချိန်၌ ကားကြီး ၂စီးက ကြိတ်သွားသဖြင့် ဦးခေါင်းကြေမွ ပြင်းထန်သောဒဏ်ရာကြောင့် အခင်းဖြစ်နေရာ၌ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။မဂျမ်းသည် မန္တလေးတိုင်း ၊ရမည်းသင်းမြို့နယ်၊ ဆတ္ထိုးကြီးကျေးရွာတွင်နေထိုင်ခဲ့သူဖြစ်သည်။သေဆုံးသူ၂ဦး၏ မိသားစုဝင်များက ရသင့်ရထိုက်သည့် နစ်နာကြေး ရရှိရေးအတွက် Worker Alliance Group ထံ အကူအညီတောင်းခံထားသဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။ဓာတ်ပုံ-WAG တာဝန်ရှိသူ။ ပုံစာ-ယာဉ်တိုက်ခံရပြီး သေဆုံးသွားသူ၂ဦး။ #MPA #HlaingInfo
    843211Open in Telegram
  • Hlaing Info

    14 Nov, 09:45

    ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် လည်လှီးသတ်ခံထားရသည့် အသက် ၂၀ အရွယ် မိန်းကလေးတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ၊ သတ်ဖြတ်သွားသည့် တရားခံ ဖမ်းမမိသေးနိုဝင်ဘာလ ၁၄ ရက်ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ ကျောက်တံတားအောက်တွင် လည်ပင်းလှီးဖြတ်သတ်ဖြတ်ခံထားရသည့် အသက် ၂၀ အရွယ် မိန်းကလေးတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီး သတ်ဖြတ်သူကို လက်ရှိအချိန်အထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ၅ နာရီခန့်အချိန် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၄၈/၄ အနီးရှိ ကျောက်တံတားအောက်၌ လည်ပင်းလှီးဖြတ်ခံထားရသည့် ဒဏ်ရာများဖြင့် သေဆုံးနေသော မိန်းကလေးတစ်ဦး၏ ရုပ်အလောင်းကို ဒေသခံပြည်သူများက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ပြည်သူတချို့က တွေ့ရှိချိန်တွင် ရုပ်အလောင်းမှာ ပိုးလောက်များတက်နေပြီဖြစ်ကြောင်း၊ သေဆုံးသူသည် အသက် ၂၀ အရွယ်ခန့်ရှိ မိန်းကလေးတစ်ဦးဖြစ်သော်လည်း နိုဝင်ဘာလ ၁၄ ရက် ယနေ့အထိ အမည်နှင့် နေရပ်လိပ်စာကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ဒေသခံများက ပြောဆိုသည်။ထို့ပြင် သတ်ဖြတ်သူသည် သေဆုံးသူ၏ ရွှေငွေလက်ဝတ်လက်စားများကို ယူဆောင်သွားခြင်းမရှိကြောင်း သိရပြီး ရဲတပ်ဖွဲ့ကလည်း သံသယတရားခံကို ဖမ်းဆီးနိုင်ခြင်းမရှိသေးသဖြင့် လူသတ်မှုကျူးလွန်သူမှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။“တရားခံ မမိသေးပါဘူး။ သေဆုံးသူ အမည်တောင် မသိရသေးဘူး။ အလောင်းကတော့ တောင်ငူဆေးရုံကြီးရှိ ရင်ခွဲရုံမှာလို့ သိရတယ်။ သေဆုံးသူက လည်လှီးသတ်ခံရတာ၊ အလောင်းတောင် လောက်တက်နေပြီ” ဟု ဒေသခံပြည်သူများက ပြောဆိုသည်။သေဆုံးသူ၏ ရုပ်အလောင်းကို အမြန်လမ်းရဲတပ်ဖွဲ့က လူမှုကူညီရေးအသင်းများထံ အကူအညီတောင်းခံကာ တောင်ငူဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။လက်ရှိတွင် အမြန်လမ်းရဲတပ်ဖွဲ့က ရုပ်အလောင်းတွေ့ရှိခဲ့သည့် နေရာအနီးတစ်ဝိုက်တွင် ကင်းလှည့်မှုများ လုပ်ဆောင်နေသော်လည်း သတ်ဖြတ်မှုကျူးလွန်သူကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။#KTM #HlaingInfo
    88194321Open in Telegram
  • Hlaing Info

    14 Nov, 09:05

    မကွေးတိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ကျေးရွာများကို လက်နက်ကြီး၊ ဂျိုင်ရိုကော်ပတာများဖြင့် တိုက်ခိုက်မှုကြောင့် ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး နေအိမ်များ ပျက်စီးနိုဝင်ဘာလ ၁၄ ရက်မကွေးတိုင်းအတွင်းရှိ စေတုတ္ထရာနှင့် ဆိပ်ဖြူမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာများနှင့် စစ်ဘေးရှောင်ပြည်သူများ နေထိုင်ရာနေရာများကို လက်နက်ကြီးများ၊ ဂျိုင်ရိုကော်ပတာများဖြင့် ပစ်ခတ်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရသည်။ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ စစ်တပ်နှင့် ဆင်လူးကျေးရွာမှ ပျူစောထီး ဖိုးအောင် ပါဝင်သော ပျူစောထီးပူးပေါင်းအဖွဲ့က သံဆယ်တောင်ပေါ်မှနေ၍ စေတုတ္ထရာမြို့နယ်အတွင်းရှိ ကျောက်ပုံကျေးရွာ၊ ဂဲပျက်ကျေးရွာနှင့် ညောင်ကုန်းကျေးရွာတို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာ ၃ ရွာမှ ထောင်နှင့်ချီသော ဒေသခံပြည်သူများမှာ ကျေးရွာအတွင်း ဆက်လက်နေထိုင်ရန် မရဲတော့ဘဲ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း၊ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်ပျက်စီးမှု အခြေအနေများကိုမူ လက်ရှိအချိန်အထိ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။“တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ လက်ရှိမှာ ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။ထို့ပြင် ဆိပ်ဖြူမြို့နယ်တွင်လည်း နိုဝင်ဘာလ ၁၃ ရက်နေ့ ညောင်ဦးလေတပ်စခန်းမှ တက်လာသော ဂျိုင်ရိုကော်ပတာ ၃ စီးဖြင့် လိပ်ခြံကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူများ နေထိုင်ရာနေရာကို စစ်တပ်က ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။အဆိုပါတိုက်ခိုက်မှုအတွင်း ဗုံး ၃ လုံး ကျဲချခဲ့ပြီး ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း နေအိမ် ၃ လုံး ပျက်စီးခဲ့ကြောင်း ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။“စခတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လိပ်ခြံကျေးရွာ စစ်ရှောင်တွေ နေထိုင်တဲ့နေရာကို ဗုံး ၃ လုံး ကျဲချသွားတာပါ။ အဲဒီလို ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုး မရှိပေမဲ့ နေအိမ် ၃ လုံး ပျက်စီးခဲ့တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။အလားတူ အောက်တိုဘာလ ၂၀ ရက်ကလည်း စစ်တပ်သည် ဆိပ်ဖြူမြို့နယ်၊ အနောက်ကံတွင်းကျေးရွာရှိ ဘုန်းကြီးကျောင်းကို အသေခံဒရုန်း ၃ စီးဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်များ ပျက်စီးမှု မရှိခဲ့သော်လည်း ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခဲ့သည်။ဓာတ်ပုံ- စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သော ပြည်သူလူထု၏ နေအိမ်များ။ (ပုံအဟောင်းဖြစ်ပါသည်။) #KTM #HlaingInfo
    1,02017611Open in Telegram
  • Hlaing Info

    14 Nov, 08:11

    ရပ်စောက်မြို့နယ်တွင် အသက် ၈ နှစ်အရွယ် ကျောင်းသူတစ်ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သူ မုံလာကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) က သေဒဏ်အမိန့်ချနိုဝင်ဘာလ ၁၄ ရက်ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရပ်စောက်မြို့နယ်တွင် အသက် ၈ နှစ်အရွယ် ကျောင်းသူတစ်ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သူ အသက် ၅၅ နှစ်အရွယ် မုံလာဆိုသူကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) က သေဒဏ်အမိန့် ချမှတ်လိုက်ကြောင်း DPLA ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ဖြစ်စဉ်မှာ ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်နေ့က ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာအုပ်စု၊ လင်းလေအင်းကျေးရွာမှ အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသည် စာသင်ကျောင်းသို့ သွားရောက်စဉ် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။မိသားစုနှင့် ဒေသခံများက လိုက်လံရှာဖွေခဲ့ရာ နိုဝင်ဘာ ၄ ရက်နေ့တွင် စာသင်ကျောင်းအနီးရှိ သရက်ခြံအတွင်း၌ မိန်းကလေးငယ်၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။ကလေးငယ် သေဆုံးမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်အရေးယူပေးရန် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ထံ အမှုဖွင့်တိုင်ကြားခဲ့သော်လည်း ဖော်ထုတ်အရေးယူပေးခြင်း မရှိခဲ့ကြောင်း သိရသည်။ထို့နောက် DPLA တပ်ဖွဲ့က ကိုယ်တိုင်စုံစမ်းစစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်သူဟု သံသယရှိသည့် ရပ်စောက်မြို့နယ်၊ ကောင်းဘိုအုပ်စု၊ ရေပြန်ကျေးရွာနေ အသက် ၅၅ နှစ်အရွယ် မုံလာဆိုသူကို နိုဝင်ဘာ ၁၁ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း DPLA ဘက်က ပြောဆိုသည်။DPLA ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ဖမ်းဆီးရမိသူသည် ပြစ်မှုကျူးလွန်ကြောင်း ကိုယ်တိုင်ဝန်ခံခဲ့ပြီး တစ်ဦးတည်း ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။“သူကိုယ်တိုင် ဝန်ခံထားတယ်။ တစ်ယောက်ကျူးလွန်တာပါ။ ကျူးလွန်ပြီးတော့ ထွက်ပြေး တိမ်းရှောင်သွားတာ။ အချက်အလက်၊ သတင်းအတိအကျရတာနဲ့ လိုက်ဖမ်းတာ၊ ၁၁ ရက်နေ့မှာ ဖမ်းမိခဲ့တယ်။ သူ ဝက်သတ်၊ ကျွဲသတ်၊ နွားသတ်တာတွေလုပ်တယ်။ မူးယစ်ဆေးဝါးလည်း အလွန်အကျွံသုံးစွဲတဲ့သူ။ အခုတော့ သေဒဏ်ပေးလိုက်ပါပြီ” ဟု DPLA ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။DPLA ၏ ပြောကြားချက်အရ မုံလာသည် ပြစ်မှုကျူးလွန်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေခဲ့ရာ သတင်းအချက်အလက်များ ရရှိပြီးနောက် လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရမိပြီးနောက် DPLA က သေဒဏ်အမိန့် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) သည် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ပါဝင်သည့် ရွာငံမြို့နယ်၊ ပင်းတယမြို့နယ်နှင့် ရပ်စောက်မြို့နယ်တို့တွင် အခြေစိုက်လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည်။#KTM #HlaingInfo
    1,20032753Open in Telegram
  • Hlaing Info

    14 Nov, 07:52

    စစ်အုပ်စုနှင့်ပူးပေါင်းနေသည့် ပြည်တွင်းနှင့်နိုင်ငံတကာ ကုမ္ပဏီများအနေဖြင့် တရားမျှတမှုအတွက် တစ်ချိန် ရင်ဆိုင်တာဝန်ခံရမည်ဟု Magnitsky လူ့အခွင့်အရေးဆုရှင် ဦးရဲလင်းမြင့်သတိပေးနိုဝင်ဘာလ ၁၄ ရက်စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ပြည်တွင်းနှင့် နိုင်ငံတကာကုမ္ပဏီများအနေဖြင့် ပြည်သူများအပေါ် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်မှုအတွက် တစ်နေ့တွင် တရားမျှတမှုနှင့် ရင်ဆိုင်ကာ တာဝန်ခံရမည်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ် Magnitsky လူ့အခွင့်အရေးဆုရှင် Justice and Accountability Initiative (JAI) ဥက္ကဋ္ဌ ဦးရဲလင်းမြင့်က သတိပေးပြောကြားသည်။နိုဝင်ဘာလ ၁၂ ရက်နေ့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ကျင်းပသည့် Magnitsky လူ့အခွင့်အရေးဆုပေးပွဲ အခမ်းအနား၌ ဆုလက်ခံရယူစဉ် စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ကုမ္ပဏီများကို ဦးရဲလင်းမြင့်က ယင်းကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်သည်။၎င်းက စစ်အုပ်စုနှင့် ပူးပေါင်းနေသည့် ပြည်တွင်းကုမ္ပဏီများနှင့် နိုင်ငံတကာကုမ္ပဏီများအနေဖြင့် လက်ရှိပူးပေါင်းဆောင်ရွက်မှုများကြောင့် နောင်တစ်ချိန်တွင် တရားမျှတမှုအတွက် ပြန်လည်ရင်ဆိုင်ရနိုင်ကြောင်း၊ ယင်းကုမ္ပဏီများ၏ တာဝန်ခံမှုရှိလာစေရန် အရပ်ဘက်အဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူများက မဆုတ်မနစ် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားသည်။“စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ပြည်တွင်းကုမ္ပဏီတွေ၊ နိုင်ငံတကာကုမ္ပဏီတွေကို သတိပေးချင်တာရှိပါတယ်။ အခု တယ်လီနော (Telenor) လိုပဲ ကျွန်တော်တို့ တရားမျှတမှုကို လုပ်နိုင်သလိုပဲ ခင်ဗျားတို့ရဲ့ စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ တစ်နေ့မှာ ခင်ဗျားတို့ဆီကို တရားမျှတမှုအတွက် ရောက်လာမယ်၊ တရားမျှတမှုသည် ခင်ဗျားတို့ အိမ်တံခါးလာခေါက်မယ်လို့ ကျွန်တော့်အနေနဲ့ သတိပေးချင်ပါတယ်” ဟု ဦးရဲလင်းမြင့်က ပြောကြားသည်။ထို့ပြင် စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ပြည်သူများအပေါ် စစ်ရာဇ ဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ဖြစ်ပေါ်စေရန် ပါဝင်ပတ်သက်ခဲ့သည့် ကုမ္ပဏီများအနေဖြင့် ယင်းလုပ်ရပ်များအတွက် တစ်နေ့တွင် ပြန်လည်တာဝန်ခံရမည်ဖြစ်ကြောင်းလည်း ၎င်းက သတိပေးသည်။“ကျွန်တော်တို့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ တက်ကြွလှုပ်ရှားသူတွေသည် ဘယ်တော့မှ မဆုတ်မနစ်ဘဲနဲ့ ကြိုးစားနေတာ ဖြစ်ပါတယ်။ ခင်ဗျားတို့ရဲ့ စစ်အုပ်စုနဲ့ ပူးပေါင်းဆောင် ရွက်ပြီး ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်မှုတွေအတွက် ခင်ဗျားတို့ တစ်နေ့မှာ ပြန်ပြီး တာဝန်ခံရမှာ ဖြစ်ပါတယ်” ဟု ဦးရဲလင်းမြင့်က သတိပေးသည်။ဦးရဲလင်းမြင့်သည် Justice and Accountability Initiative (JAI) အဖွဲ့၏ ဥက္ကဋ္ဌဖြစ်ပြီး မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဆက်နွှယ်နေသည့် စီးပွားရေးလုပ်ငန်းများကို တာဝန်ခံမှုရှိလာစေရန် ဥပဒေကြောင်းအရ ကြိုးပမ်းဆောင်ရွက်နေသူဖြစ်သည်။ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
    1,20032332Open in Telegram
  • Hlaing Info pinned a photo

    14 Nov, 07:28

  • Hlaing Info

    14 Nov, 07:09

    ရန်ကုန်တွင် ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် ၂၅,၀၀၀ အထိ မြင့်တက်၊ စားဖိုဆောင်သီးနှံအသင်းက ကြက်သွန်နီဈေးနှုန်း ကျဆင်းရေး ညှိနှိုင်းအစည်းအဝေးခေါ်ယူပြီးနောက် ဈေးပိုတက်လာနိုဝင်ဘာလ ၁၄ ရက်မြန်မာနိုင်ငံတွင် ကြက်သွန်နီဈေးနှုန်းများ အဆမတန်မြင့်တက်လာပြီး ရပ်ကွက်လက်လီဈေးများတွင် တစ်ပိဿာလျှင် ကျပ် ၂၅,၀၀၀ အထိ ရောက်ရှိနေသလို ဘုရင့်နောင်ကုန်စည်ဒိုင်တွင်လည်း အရည်အသွေးနှင့် အမျိုးအစားအလိုက် ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀၀ ဝန်းကျင် ဈေးပေါက်နေကြောင်း ကြက်သွန်ပွဲရုံများနှင့်ကုန်သည်များထံမှ သိရသည်။ကြက်သွန်နီဈေးနှုန်းများ မြင့်တက်လာမှုကြောင့် မြန်မာနိုင်ငံကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သုံးသီးနှံ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက နိုဝင်ဘာ ၁၃ ရက်တွင် ဈေးနှုန်းညှိနှိုင်းရေးအစည်းအဝေး ခေါ်ယူခဲ့သော်လည်း အစည်းအဝေးအပြီးတွင် ကြက်သွန်နီဈေးနှုန်းများ ပိုမိုမြင့်တက်လာကြောင်း ကုန်သည်များက ပြောဆိုသည်။နိုဝင်ဘာ ၁၄ ရက် ဘုရင့်နောင်ကုန်စည်ဒိုင်၏ ဒိုင်ဖွင့်ဈေးအရ ကြက်သွန်နီကားစီးရေ ၂၀ စီး ဝင်ရောက်ခဲ့ပြီး ဆိပ်ဖြူ၊ မြင်းခြံ၊ မုံရွာနှင့် တောင်သာဒေသထွက် ကြက်သွန်နီများ စျေးကွက်အတွင်းဝင်ရောက်လာကြောင်း၊ သို့ရာတွင် စျေးနှုန်းမှာမူ အမြင့်ပိုင်းတွင်သာ ရှိနေကြောင်း သိရှိရသည်။ရန်ကုန်မြို့၊ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဆိပ်ဖြူနှင့် မြင်းခြံထွက် ကြက်သွန်နီ ရှယ်တစ်ပိဿာ ကျပ် ၁၉,၀၀၀၊ လတ်ကြီး ကျပ် ၁၈,၀၀၀၊ လတ်သန့် ကျပ် ၁၆,၅၀၀ နှင့် လတ်ချော ကျပ် ၁၃,၀၀၀ ဈေးရှိနေသည်။မုံရွာထွက် ကြက်သွန်နီမှာ ရှယ်တစ်ပိဿာ ကျပ် ၁၉,၀၀၀၊ လတ်ကြီး ကျပ် ၁၈,၀၀၀၊ လတ်သန့် ကျပ် ၁၇,၀၀၀ နှင့် လတ်ချော ကျပ် ၁၃,၅၀၀ ဈေးရှိပြီး တောင်သာထွက် ကြက်သွန်နီမှာ ရှယ် ကျပ် ၁၈,၀၀၀၊ လတ်ကြီး ကျပ် ၁၇,၀၀၀၊ လတ်သန့် ကျပ် ၁၅,၅၀၀ နှင့် လတ်ချော ကျပ် ၁၃,၅၀၀ ဈေးပေါက်နေကြောင်း သိရသည်။လက်ရှိ ရန်ကုန်မြို့၊ ရပ်ကွက်ဈေးများ၌ ကြက်သွန်နီတစ်ပိဿာ ကျပ် ၂၅,၀၀၀ အထိ ရောင်းချနေရပြီး ပွဲရုံဈေးများတွင်လည်း ကျပ် ၂၀,၀၀၀ ဝန်းကျင်အထိ ရောက်ရှိနေကြောင်း ကြက်သွန်ပွဲရုံများနှင့် ကုန်သည်များထံမှ သိရသည်။“မနေ့က ကြက်သွန်ဈေးတွေ အရမ်းတက်နေလို့ ဈေးနှုန်းညှိနှိုင်းဖို့ အစည်းအဝေးခေါ်တာပါ။ ဒါပေမဲ့ အစည်းအဝေးလုပ်ပြီးတဲ့နောက် ကြက်သွန်အဝင်က နည်းနေတော့ ဈေးက ပိုတက်လာတယ်” ဟု ကြက်သွန်ပွဲရုံပိုင်ရှင် ကုန်သည်တစ်ဦးက ပြောသည်။ကြက်သွန်နီဈေးနှုန်းများ မြင့်တက်လာရခြင်းမှာ အဓိကစိုက်ပျိုးထုတ်လုပ်ရာ မကွေးနှင့် စစ်ကိုင်းတိုင််အတွင်းရှိ ဒေသအများအပြားတွင် စစ်ရေးပဋိပက္ခများ ဖြစ်ပွားနေခြင်း၊ မိုးရွာသွန်းမှုကြောင့် စိုက်ပျိုးထုတ်လုပ်ရေးနှင့် သယ်ယူပို့ဆောင်ရေးအခက်အခဲများ ရှိလာခြင်း၊ ရာသီဥတု မမှန်ခြင်း၊ ရေကြီးခြင်းတို့ကြောင့်ဖြစ်ကြောင်း တောင်သူများက ပြောဆိုကြသည်။ထို့ပြင် ယမန်နှစ်က ကြက်သွန်နီဈေးနှုန်း ကောင်းမွန်မှုမရှိခဲ့သဖြင့် ယခုနှစ်တွင် တောင်သူအများအပြား စိုက်ပျိုးမှုလျှော့ချခဲ့ရာ ထွက်ရှိမှုနည်းပါးလာခြင်းကလည်း ဈေးနှုန်းမြင့်တက်မှုကို ပိုမိုဖြစ်ပေါ်စေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။လက်ရှိတွင် ကြက်သွန်နီဈေးနှုန်းများ ဆက်လက်မြင့်တက်နေခြင်းကြောင့် စားသုံးသူပြည်သူများအတွက် အခြေခံစားသောက်ကုန် ဝယ်ယူသုံးစွဲစရိတ် ပိုမိုကြီးမြင့်လာပြီး အိမ် ထောင် စုများအပေါ် စားဝတ်နေရေးဝန်ထုပ်ဝန်ပိုး ပိုမိုဖြစ်ပေါ်လာနေသည်ဟု ရန်ကုန်အိမ်ရှင်မတချို့က ပြောဆိုကြသည်။#KTM #HlaingInfo
    1,39016852Open in Telegram
  • Hlaing Info

    22 Sept, 17:15

    ခိုင်မာသော စိတ်ဓာတ်များကို အခြေခံ၍ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း နှင့် တန်းတူညီမျှခြင်းတို့အတွက် တိုင်းရင်းသား ပြည်သူလူထုအပေါင်းတို့နှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားကြပါစို့ ။ 💪💪💪မိဘပြည်သူများ ရန်သူမျိုးငါးပါးမှ အမြန်ဆုံးကင်လွတ်နိုင်ကြပြီး အမြဲတစေ ကျန်းမာချမ်းသာကြပါစေဟု Hlaing Info ဝိုင်းတော်သားများမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏🙏🙏သတင်းတင်ဆက်မှုကို ဒီမှာတင်ရပ်နားပါမည်။မိဘပြည်သူ့များအားလုံး ကောင်းစွာ အိပ်စက်အနားယူနိုင်ပြီး အိမ်မက်လှလှ မက်ပါစေ ❤️❤️❤️Good night ပါခင်ဗျာ။#HlaingInfo
    394311Open in Telegram
  • Hlaing Info

    22 Sept, 16:28

    မင်းတုန်းတိုက်ပွဲ စစ်တပ်ထံမှလက်နက်မျိုးစုံ ၃၀ ကျော်နဲ့ခဲယမ်း​တွေသိမ်းရ■စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွားစက်တင်ဘာလ ၂၂ ရက်ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းအစပ်မှာစက် တင်ဘာလ ၂၀ရက်နဲ့ ၂၁ရက်ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဘက်မှလက်နက်မျိုးစုံ ၃၀ ​ကျော်နဲ့ခဲယမ်းအများအ ပြားကိုသိမ်းဆည်းရရှိ​ကြောင်းအာရက္ခတပ်တော်(AA)ကယ​နေ့ညမှာထုတ်ပြန်ပါတယ်။မင်းတုန်းမြို့နယ်၊ ကံကြိုးကျေးရွာအနီး၊ ပွိုင့် (၉၄၈) ကုန်းပတ်ဝန်းကျင် နဲ့ သဖန်ရောင်ကျေးရွာပတ်ဝန်းကျင်မှာ နှစ်ရက်ဆက်တိုက် ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။သေဆုံးတဲ့ စစ်သားတွေရဲ့ရုပ်လောင်းတွေနဲ့ သိမ်းဆည်းနိုင်ခဲ့တဲ့လက်နက်ခဲယမ်းတွေကို AAက စက်တင်ဘာလ၂၂ရက်ညမှာ ထုတ်ပြန်ခဲ့တာမှာလက်နက်မျိုးစုံ ၃၀ ​ကျော်နဲ့ခဲယမ်းပများအပြားသိမ်းရတာ​တွေ့ရပါတယ်။"မင်းတုန်းအနောက်ခြမ်း ရခိုင်ရိုးမထိအရောက် ရဲ၀င်းဦးမှ တပ်မ(၅၅) အား တာဝန်ပေးကာလက်နက်ခဲယမ်းများ ပေးပို့လှူဒါန်းတာ"လို့ မြေပြင်စစ်ရေးသတင်းရင်း မြစ်က အာရက္ခ တပ်တော် AA ရဲ့ ထုတ်ပြန်ချက်ကို
    67719821Open in Telegram
  • Hlaing Info

    22 Sept, 16:02

    မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ ဦးသေဆုံးစက်တင်ဘာလ ၂၂ ရက်မြန်မာနိုင်ငံတစ်ဝန်း စက်တင်ဘာလ ၂၂ ရက်နေ့ ရရှိထားသော အချက် အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၂ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက်များအရ သိရှိရသည်။ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။#KTM #HlaingInfo
    795179311Open in Telegram
  • Hlaing Info

    22 Sept, 14:14

    ကော့သောင်းမြို့နယ်တွင် စစ်မှုထမ်းရန် ပေါ်တာဆွဲခံရပြီး ဖမ်းဆီးချုပ်နှောင်ခံထားရသူ လူငယ်၂ ဦးနှင့် စစ်မှုထမ်းတပ်သား ၁ ဦးတို့ကို ကော့သောင်း ပကဖ က ကယ်ထုတ်စက်တင်ဘာလ ၂၂ ရက်တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် စစ်မှုထမ်းရန် ပေါ်တာဆွဲခံရပြီး ဖမ်းဆီး ချုပ် နှောင်ခံထားရသူ လူငယ်၂ ဦးနှင့် စစ်မှုထမ်းတပ်သား ၁ ဦးတို့ကို ကော့သောင်း ပကဖက ကယ်ထုတ် နိုင်ခဲ့ကြောင်း ကော့သောင်းခရိုင်ပကဖမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြော ကြားသည်။ယခုစက်တင်ဘာလ ၁၅ ရက်နေ့က ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ စစ်မှုထမ်းတပ်သားသစ်အဖြစ် ပေါ်တာဆွဲခံရပြီး မတရားဖမ်းဆီးချုပ်နှောင် ခံထားရသော အသက် ၂၁ အရွယ် မောင်ကျော်မင်းဦး နှင့် အသက် ၂၄ နှစ်အရွယ် မောင်ကျော်မင်းခန့်တို့ကို ကော့သောင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ - ပကဖရဲဘော်များက ခေါ်ထုတ်ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။ကျော်မင်းဦးသည် ကော့သောင်းမြို့နယ်၊ ၂ မိုင်ရွာဇာတိဖြစ်ပြီး ကျော်မင်းခန့်သည် မုံရွာမြို့နယ်ဇာတိဖြစ် ကြောင်း၊
    1,640301811Open in Telegram
  • Hlaing Info

    22 Sept, 14:01

    01- October 2026 ထွက်မည့် ထိုင်းထီရပါပြီ 🍀🍀🍀🍀 ထိုင်းထီ ၁ စောင် မြန်မာငွေ ၁၅,၀၀၀ ကျပ်909000 844301 213602 109003 393207 185908 388009115510 505111 098612 873213 626614 872815 198316 473617
    1,58016711Open in Telegram
  • Hlaing Info

    22 Sept, 13:42

    ချွန်ဘူရီတွင် မြန်မာအလုပ်သမားများ လိုက်ပါလာသော ၆ ဘီးကား တိမ်းမှောက်ပြီး ၁၁ ဦး ဒဏ်ရာရကာ စိုးရိမ်ရသူများပါဝင်စက်တင်ဘာလ ၂၂ ရက်ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ဘန်လာမုန်းမြို့နယ်၊ နောင်ပလာလိုင်ကျေးရွာအုပ်စုတွင် မြန်မာအလုပ်သမားများ လိုက်ပါလာသော ၆ ဘီးကား တိမ်းမှောက်ပြီး ၁၁ ဦး ဒဏ်ရာရကာ စိုးရိမ်ရသူများပါဝင်ကြောင်း ထိုင်းသတင်းများအရ သိရသည်။စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် နောင်ပလာလိုင်ကျေးရွာအုပ်စု လမ်းမကြီး အမှတ် ၃၆ ရှိ ပတ္တယားဘက်သို့ သွားရောက်သည့် လမ်းပိုင်းတွင် မြန်မာ အလုပ်သမားများ တင်ဆောင်လာသည့် ၆ ဘီးကား လမ်းချော် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ထိုယာဉ်တိမ်းမှောက်ရာနေရာကို ပတ္တယားမြို့မှ ကယ်ဆယ်ရေးယာဉ်များ၊ လူနာတင်ယာဉ်များနှင့် စေတနာ့ဝန်ထမ်းများ ဘန်လာမုန်းမြို့နယ် ရဲစခန်းတို့မှ ရောက်ရှိလာပြီး ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ယင်း မော်တော်ယာဉ် တိမ်းမှောက်မှုကြောင့် မြန်မာ အလုပ်သမား အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၂ ဦး စုစုပေါင်း ၁၁ ဦး ဒဏ်ရာရရှိခဲ့ပြီး
    1,470314Open in Telegram
  • Hlaing Info

    22 Sept, 13:35

    မြန်မာတွေပါတဲ့ငါးဖမ်းလှေထိုင်းကမ်းလွန်မှာနစ်မြုပ်၊ ၃ ဦးသေဆုံးပြီး ၄ ဦးပျောက်ဆုံးနေစက်တင်ဘာလ ၂၂ ရက်ထိုင်းမှာ မြန်မာတွေပါတဲ့ ငါးဖမ်းလှေတစ်စီး နစ်မြုပ်မှုကြောင့် ၃ ဦးသေဆုံးပြီး ၄ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။S. Kanchanawari 888 ငါးဖမ်းလှေဟာ စက်တင်ဘာ ၂၁ ရက်ည ဒေသစံတော်ချိန် ၁၀း၀၀ နာရီခန့်က ချွန်ဘူရီ ပြည်နယ်တောင်ဖက် ကမ်းလွန်၊ ဆာမဲဆန်ကျွန်းနားက ဆာမဲဆန် ရေနက်တူးမြောင်းလို့ ခေါ်ဝေါ်တဲ့ ရေလမ်းကြောင်းမှာ နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။အဲဒီ ရေပြင်ဟာ နက်ရှိုင်းပြီး ခန့်မှန်းရခက်တဲ့ ပင်လယ် ရေစီးကြောင်းတွေ တည်ရှိတဲ့ နေရာအဖြစ် လူသိများပါတယ်။စုစုပေါင်း ရေယာဉ်ဝန်ထမ်း ၂၂ ဦး လိုက်ပါသွားတဲ့ ရေယာဉ်ဟာ ပင်လယ်ပြင်မှာ လေပြင်းတွေ တိုက်ခတ်ပြီး လှိုင်းတွေထန်နေတဲ့ ဆိုးရွားတဲ့ ရာသီဥတုနဲ့ ရင်ဆိုင်ရပြီး နစ်မြုပ်သွားခဲ့တာလို့ သိရပါတယ်။သင်္ဘောပေါ်မှာ ထိုင်း ၂ ဦးနဲ့ မြန်မာ ၂၀ ဦး လိုက်ပါသွားခဲ့ကြောင်း၊ ၁၅ ဦးကို အနီးတဝိုက်မှာ ရှိနေတဲ့ တခြား ငါးဖမ်းလှေတွေက ကယ်တင်နိုင်ခဲ့ပြီး ၃ ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူတွေထဲမှာ
    1,48017163Open in Telegram
  • Hlaing Info

    22 Sept, 13:24

    ယခုနှစ်အတွင်း အကျဉ်းထောင်တွေမှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသား ၇ ဦး သေဆုံးစက်တင်ဘာလ ၂၂ ရက်ယခုနှစ်အတွင်း အကျဉ်းထောင်တွေမှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသား ၇ ဦး သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရှေး အသင်း (အေအေပီပီ) ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။“၂၀၂၆ ခုနှစ်အတွင်း အကျဉ်းထောင်များမှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိခြင်းတို့ ကြောင့် နိုင်ငံရေးအကျဉ်းသား (၇) ဦး သေဆုံးခဲ့” လို့ အေအေပီပီ က ဖော်ပြထားပါတယ်။အကြမ်းဖက်စစ်အုပ်စု ရဲ့ အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသား တွေရဲ့ ထောင်တွင်းအခြေအနေတွေက ဆက်လက်ဆိုးရွားနေဆဲဖြစ်ပြီး အကျဉ်းသားတွေ ရရှိလာမယ့် အနိမ့်ဆုံး စံနှုန်းတွေကိုတောင် ရရှိခြင်းမရှိဘဲ နည်းလမ်းမျိုးစုံနဲ့ ချိုးဖောက်ခံနေရတယ်လို့ အေအေပီပီ က အသိပေးထားပါတယ်။အခုဖော်ပြပါ ကိန်းဂဏန်းအရေအတွက်တွေက အေအေပီပီ ရဲ့ လက်လှမ်းမီသမျှ ကောက်ယူရရှိထားတဲ့
    1,470324111Open in Telegram
  • Hlaing Info

    22 Sept, 13:18

    စစ်တပ်အတွင်းသတင်းလုံခြုံမှုများ ကျိုးပေါက်ပါက ထိခိုက်မှုနှင့် ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်နိုင်၍ အလေးအနက်ထား ထိန်းသိမ်းရန် ဒုတပ်ချုပ် ကျော်စွာလင်း ပြောဆိုစက်တင်ဘာလ ၂၂ ရက်အကြမ်းဖက် စစ်တပ်အတွင်းသတင်းလုံခြုံမှုများ ကျိုးပေါက်ပါက ထိခိုက်မှုနှင့် ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်နိုင်၍ အလေးအနက်ထား ထိန်းသိမ်းရန် ဒုတပ်ချုပ် ကျော်စွာလင်းက ပြောဆိုခဲ့ကြောင်း သိရသည်။စက်တင်ဘာလ ၂၁ ရက်နေ့တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ခန်းမ၌ ပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဝင်းအတွင်းရှိ ရုံးဌာနအသီးသီးမှ အရာရှိကြီးများနှင့် တွေ့ဆုံပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။စစ်တပ်အတွင်း သတင်းလုံခြုံမှု ကျိုးပေါက်ပါက ထိခိုက်မှုနှင့် ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်နိုင်သဖြင့် လုံခြုံရေးနှင့် သက်ဆိုင်သည့် ကိစ္စရပ်မှန်သမျှကို အလေးအနက်ထား ထိန်းသိမ်းကြရန် လိုအပ်ကြောင်း ဒုတပ်ချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။စစ်သားတစ်ဦးချင်းစီအနေဖြင့် သတင်းလုံခြုံရေးကို အထူးဂရုပြု
    1,53040321Open in Telegram
  • Hlaing Info

    22 Sept, 12:36

    မြန်မာစစ်တပ်ထံ ရိုဟင်ဂျာဒုက္ခသည်များ လွှဲပြောင်းပေးမည့် အစီအစဉ် ရပ်တန့်ရန် မလေးရှားကိုတောင်းဆိုစက်တင်ဘာလ ၂၂ ရက်မလေးရှားနိုင်ငံက ရိုဟင်ဂျာဒုက္ခသည် ၅,၀၀၀ ခန့်ကို မြန်မာစစ်တပ်ထံ ပြန်လည်လွှဲပြောင်းပေးရန် စီစဉ်နေခြင်းကို ရပ်တန့်ရန် Burma Campaign UK က မလေးရှားအစိုးရကို ယနေ့ တောင်းဆိုလိုက်သည်။ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့ ထုတ်ပြန်သော ကြေညာချက်တွင် Burma Campaign UK က ရိုဟင်ဂျာဒုက္ခသည်များကို ၎င်းတို့ ထွက်ပြေးလာရသည့် အကြောင်းအရင်းဖြစ်သည့် မြန်မာစစ်တပ်ထံ ပြန် လည်အပ်နှံခြင်းသည် ပြဿနာဖြေရှင်းသည့်နည်းလမ်းမဟုတ်ကြောင်း ပြောထားသည်။မလေးရှားအစိုးရအနေဖြင့် ရိုဟင်ဂျာဒုက္ခသည်များကို မြန်မာစစ်တပ်ထံ လွှဲပြောင်းပေးရန် စီစဉ်ထားသော်လည်း မြန်မာစစ်တပ်ဘက်က ယင်းဒုက္ခသည်များကို လက်ခံရန် သဘောတူထားခြင်း ရှိ၊ မရှိမှာ အပြည့်အဝ ရှင်းလင်းခြင်းမရှိသေးကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။Burma Campaign UK က ရိုဟင်ဂျာများကို မြန်မာစစ်တပ်ထံ လွှဲပြောင်းပေးမည့်အစီအစဉ် ရပ်တန့်ရန် မလေးရှားအစိုးရထံ
    1,71031741Open in Telegram
  • Hlaing Info

    22 Sept, 12:19

    ဆိပ်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး နိုင်မင်းထွန်း ကျူးလွန်ထားသော မုဒိမ်းမှုများ အပါအဝင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး တစ်ဦးလျှင် ငွေကျပ် သိန်း ၁၀၀ ကျော် ငွေကြေးတောင်းခံမှုများကို အရေးယူပေးရန် တိုင်ကြားသော်လည်း အရေးယူခံရခြင်းမရှိစက်တင်ဘာလ ၂၂ ရက်မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူ နိုင်မင်းထွန်း ကျူးလွန်ထားသော မုဒိမ်းမှုများ အပါအဝင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး တစ်ဦးလျှင် ငွေကျပ် သိန်း ၁၀၀ ကျော် ငွေကြေးတောင်းခံမှုများကို အရေးယူပေးရန် တိုင်ကြားသော်လည်း အရေးယူခံရခြင်းမရှိကြောင်း ထွေ/အုပ် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။မြို့နယ်အုပ်ချုပ်ရေးမှူး နိုင်မင်းထွန်းသည် သေနတ်ခါးကြားချိတ်၍ ကြက်သွန်ဂိုထောင်များမှ အလုပ်သမားများ၊ အလုပ်သွားအလုပ်ပြန် လူငယ်များကို ခြိမ်းခြောက်ရိုက်နှက် စစ်မှုထမ်း စာရင်း လိုအပ်သည်ထက် ပေါ်တာဆွဲ ဖမ်းဆီးမှုများ လစဉ်လုပ်ဆောင်နေကြောင်း သိရသည်။ထို့နောက် ဖမ်းဆီးထားသူများအနက် ငွေကြေးတတ်နိုင်သူများထံမှ ကျပ်သိန်း ၁၀၀ နှင့်အထက်
    1,7601815311Open in Telegram
  • Hlaing Info

    22 Sept, 11:51

    စက်သုံးဆီကို QR ကုတ်နှင့် စုံ/မ စနစ်ဖြင့် ရောင်းချမှုကြောင့် အမေရိကန်ဒေါ်လာ ၃ ဘီလီယံ သက်သာနေပြီဟု မင်းအောင်လှိုင်ပြော၊▪️သန်လျင်ရေနံချက်စက်ရုံ စတင်လည်ပတ်နေပြီး ဓာတ်ဆီနှင့် ဒီဇယ်ဆီများ အရည်အသွေးမမီတော့ဘဲ ဆေးဆိုးရောင်းနေဟု ဆီဆိုင်များပြောစက်တင်ဘာလ ၂၂ ရက်မြနမာနိုင်ငံတွင် စက်သုံးဆီအသုံးပြုမှုကို QR ကုတ်နှင့် စုံ/မ စနစ်ဖြင့် ကန့်သတ်ရောင်းချနေခြင်းကြောင့် ပြည်ပမှ စက်သုံးဆီတင်သွင်းမှုအတွက် အသုံးပြုရသည့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၃ ဘီလီယံခန့် လျော့ကျသွားကြောင်း မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ယမန်နေ့ စက်တင်ဘာ ၂၁ ရက် နေပြည်တော်တွင် ပြုလုပ်သည့် “လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် မင်းအောင်လှိုင်က ထိုသို့ ပြောကြားခြင်းဖြစ်သည်။မင်းအောင်လှိုင်က မြန်မာနိုင်ငံအနေဖြင့် ပြည်ပမှ လောင်စာဆီများကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော်မှ ၆ ဘီလီယံခန့်အထိ အသုံးပြု၍ တင်သွင်းနေရကြောင်း၊ ယခုအခါ ဆီသုံးစွဲမှုကို
    1,860381132Open in Telegram
Download the series as CSV
A feedback bot for your channel — free

Followers write to the bot, you answer by reply, your account stays hidden. Created in one tap.

How it works →
Create the bot