gram news
မြေလတ်အသံ - Myaelatt Athan channel avatar

မြေလတ်အသံ - Myaelatt Athan

@myaelattathan

Sharing Information to the local

ProjectsENMilitary

34,198subscribers

Open the Channel

Latest posts

  • မြေလတ်အသံ - Myaelatt Athan

    22 Sept, 08:20

    ⁨တပ်ရင်းက ငွေတွေခိုးပြီး စစ်တပ်နဲ့ပေါင်းသွားသူရဲ့ သတင်းပေးမှုကြောင့် လုပ်ငန်းရှင်တဦး ဖမ်းဆီးသတ်ဖြတ်ခံရ အလောင်းတောင်ပြန်မရမင်းလှ၊ စက်တင်ဘာ ၂၂၊ ၂၀၂၆။ပဲခူးတိုင်း၊ မင်းလှမြို့၊ ဗိုလ်ရုံတန်းလမ်းမှာနေထိုင်တဲ့ လုပ်ငန်းရှင် အမျိုးသားတဦးကို စစ်တပ်ဖမ်းသွားပြီး ၁၀ ရက်အကြာမှာ သေဆုံးကာ မိသားစုဝင်တွေအလောင်းတောင်ပြန်မရဘူးလို့ ဖြစ်စဥ်ကိုသိတဲ့ ဒေသခံတွေဆီက သိရပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့က ဝေဖြိုးအိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင် အသက် ၂၇ နှစ်အရွယ် ကိုဝေဖြိုးအောင်ကို စစ်တပ်နဲ့ ရဲတွေက နေအိမ်ကနေ လာရောက်ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။စက်တင်ဘာလ ၂၀ ရက်နေ့မှာတော့ နေအိမ်ရှိ မိသားစုဝင် ၈ ဦးကိုသာ မင်းလှရဲစခန်းကို လိုက်လာဖို့ အကြောင်းကြားလာတာကြောင့် မိသားစုတွေကို လိုက်သွားချိန် ကိုဝေဖြိိုးအောင်ကို သေဆုံးလျက် တွေ့ခဲ့ရတာလို့ ဆိုပါတယ်။သတင်းအပြည့်အစုံ - https://myaelattathan.com/news/26363/
    2,25034841Open in Telegram
  • မြေလတ်အသံ - Myaelatt Athan

    22 Sept, 07:29

    ⁨ကနီမှာ တောင်ယာလုပ်နေတဲ့တောင်သူ ၁ ဦးကို စစ်တပ်က ဖမ်းဆီးပြီး ခေါင်းကိုသေနတ်နဲ့ ပစ်သတ်ကနီ၊ စက်တင်ဘာ ၂၁၊ ၂၀၂၆။စစ်ကိုင်းတိုင်း၊ ကနီမြို့အနီးမှာ ယာလုပ်ငန်းလုပ်ရင်း တောင်ယာထဲမှာ တဲထိုးနေထိုင်နေတဲ့ အမျိုးသား ၁ ဦးကို စစ်တပ်ပတ်ကင်းက ဖမ်းဆီးပြီး ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။အဲ့ဒီပတ်ကင်းအဖွဲ့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့က ပတ်ကင်းလှည့်ရင်း ယုန်မရတောရပ်ကွက် ၃ အနီးက ယာတောနားမှာ ဖမ်းဆီးသတ်ဖြတ်ခဲ့တာဖြစ်လို့ ဒေသခံတဦးက ပြောပါတယ်။“အလင်းဝင် မိန်းကလေး ၂ ယောက်၊ ယောက်ျားလေး ၁ ယောက် Gun ၂ လက် စခ က လိုက်ရှာတာ၊ တောထွက်တဲ့ သူအသတ်ခံရတာ။” လို့ ကနီဒေသခံက ပြောပါတယ်။သတင်းအပြည့်အစုံ - https://myaelattathan.com/news/26360/
    2,36021511Open in Telegram
  • မြေလတ်အသံ - Myaelatt Athan

    22 Sept, 04:40

    ကလေးမြို့မှာ မီးလောင်လို့ ကလေးငယ် ၁ ဦးအပါအဝင် အမျိုးသမီး ၃ ဦး သေဆုံးကလေး၊ စက်တင်ဘာ ၂၂၊ ၂၀၂၆။စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်မှာ မီးလောင်လို့ ကလေးငယ် (၁) ဦးအပါအဝင် (၃) ဦး သေဆုံးတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးသူတွေဆီက သိရပါတယ်။ယမန်နေ့ စက်တင်ဘာလ (၂၁) ရက်နေ့ ည (၁၁) နာရီခန့်မှာ တပ်ဦးသီတာရပ်ကွက် ဗိုလ်ချုပ်လမ်း၊ ကမ္ဘာ့ရတနာဘဏ်ဘေးရှိ နေအိမ်တလုံးမှာ ဆိုလာနဲ့ ဘထ္ထရီ ဆက်သွယ်ထားတဲ့နေရာကနေ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။"သေတာက အမျိုးသမီးတွေကြီးပဲ ကလေးတယောက်ပါတယ်။ သူတို့ကျ မီးလောင်လောင်ချင်းမသိလို့ အောက်ဆီဂျင်ပြတ်ပြီး ဆုံးတာဖြစ်နိုင်တယ်။ ခန္ဓာကိုယ်မှာ မီးလောင်ဒဏ်ရာတွေတော့ နည်းနည်းပါးပါးရှိတယ်။ ကြမ်းပြင်တော မီးမကူးသေးဘူး"လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတဦးက ပြောပါတယ်။သတင်းအပြည့်အစုံ - https://myaelattathan.com/news/26357/
    2,62023521Open in Telegram
  • မြေလတ်အသံ - Myaelatt Athan

    21 Sept, 11:38

    https://youtu.be/NwaIsqSOol8
    YouTubeအညာဒေသမှာ ဝက်စျေးကျလို့ ဝက်မွေးမြူရေးသမားတွေ အရှုံးပေါ်အညာဒေသမှာ ဝက်စျေးကျလို့ ဝက်မွေးမြူရေးသမားတွေ အရှုံးပေါ် မြေလတ်အသံ၊ စက်တင်ဘာ ၂၁၊ ၂၀၂၆။ မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လကစလို့ ဝက်စျေးထိုးကျသွားတာကြောင့် ဝက်မွေးမြူရေးသမားတွေ အရှုံးပေါ်နေတယ်လို့…
    3,1701363Open in Telegram
  • မြေလတ်အသံ - Myaelatt Athan

    21 Sept, 05:27

    PDF တွေက မသွားဖို့တားမြစ်ထားတဲ့ လမ်းပိုင်းက သွားတဲ့အမျိုးသမီး ၃ ဦး မိုင်းထိလို့ ၁ ဦးသေ ၂ ဦးဒဏ်ရာရမုံရွာ၊ စက်တင်ဘာ ၂၁၊ ၂၀၂၆။စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ PDF တွေက မသွားဖို့ တားမြစ်ထားတဲ့ လမ်းပိုင်းကသွားခဲ့မိတဲ့ အမျိုးသမီး ၃ ဦး မိုင်းထိလို့ ၁ ဦးသေ ၂ ဦးဒဏ်ရာရတယ်လို့ မုံရွာမြို့နယ်ပကဖ တာဝန်ရှိသူတွေထံက သိရပါတယ်။စက်တင်ဘာလ ၁၉ ရက်နေ့ မနက် ၁၁ နာရီကျော်ခန့်မှာ ထနောင်းဝင်း-ကျောက္ကာ-ရေနံကုန်း လမ်းပိုင်းပေါ်က ထနောင်းဝင်းကျေးရွာအကျော်နားမှာ ဆိုင်ကယ်နဲ့လာတဲ့ အမျိုးသမီး ၃ ဦး တိုက်မိုင်းထိခဲ့တာလို့ ဆိုပါတယ်။"ပေလမ်းကြီးပေါ်မှာ သတိပေးစာတွေလည်း ကပ်ထားတယ်။ သစ်တုံးတွေလည်း ပိတ်ထားတယ်။ အဲဒီနားက ဓာတ်ဆီဆိုင်ကလည်း သွားလို့မရဘူးဆိုပြီး တားလိုက်သေးတယ်တဲ့။ တားတာကိုမရဘူး သွားကြတာတဲ့။ စစ် တွေရှုပ်နေလို့ အဲဒီလမ်းပိုင်းကို ၉ ရက်နေ့ကတည်းက တားမြစ်စာ ထုတ်ထားတာ။ အမျိုးသမီးတွေက ဆိုင်ကယ်နဲ့လာရင်းထိကြတာ"လို့ မုံရွာမြို့နယ်ပကဖ တာဝန်ရှိသူက ပြောပါတယ်။သတင်းအပြည့်အစုံ - https://myaelattathan.com/news/26351/
    3,6102686532Open in Telegram
  • မြေလတ်အသံ - Myaelatt Athan

    20 Sept, 04:14

    မကျေပွဲမှာ ပန်တိုဂျာကို နောက်တကြိမ်အနိုင်ယူခဲ့တဲ့ ချန်ပီယံ ဗန် (အားကစားသတင်း)မြေလတ်အသံ၊ စက်တင်ဘာ ၂၀၊ ၂၀၂၆။UFC 331 ပွဲစဉ်ရဲ့ ခေါင်ပွဲဖြစ်တဲ့ Flyweight ချန်ပီယံကာကွယ်ပွဲမှာ ချန်ပီယံ ဂျော့ရှ်ဝါဗန်နဲ့ ချန်ပီယံဟောင်း ပန်တိုဂျာတို့ ယှဉ်ပြိုင်ခဲ့ရာ ၅ ချီအထိ ယှဉ်ပြိုင်ခဲ့ရပြီး ဂျော့ရှ်ဝါဗန်က အမှတ်ပေးဒိုင်တွေရဲ့အဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ချန်ပီယံဟောင်း ပန်တိုဂျာကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၇ ရက် UFC 323 ပွဲစဉ်မှာ အနိုင်ယူပြီး ချန်ပီယံဖြစ်လာခဲ့တဲ့ ဂျော့ရှ်ဝါဗန်က နောက်ထပ်တကြိမ် မကျေပွဲပြန်လည်တွေ့ဆုံရာမှာလည်း ထပ်မံအနိုင်ယူခဲ့ပြီး ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ဂျော့ရှ်ဝါဗန်ဟာ ချန်ပီယံဖြစ်ပြီးတဲ့နောက် တက်ဆူရိုတိုင်ရာကို UFC 328 မှာ တကြိမ် ချန်ပီယံဟောင်း ပန်တိုဂျာကို ယခု UFC 331 မှာတကြိမ် စုစုပေါင်း နှစ်ကြိမ် ချန်ပီယံခါးပတ်ကာကွယ်ထားခဲ့ပြီပဲ ဖြစ်ပါတယ်။#မြေလတ်အသံ #ဂျော့ရှ်ဝါဗန် #ပန်တိုဂျာ #UFC331 #MMA
    4,42054168211Open in Telegram
  • မြေလတ်အသံ - Myaelatt Athan

    19 Sept, 09:59

    ရထားတိုက်မှုဖြစ်ပြီးနောက် လမ်းပိတ်လိုက်လို့ ရွာ ၈ ရွာကျော်ကဒေသခံတွေ သွားလာရေးအခက်တွေ့ညောင်လေးပင်၊ စက်တင်ဘာ ၁၉၊ ၂၀၂၆။ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကမာဖရုံကျေးရွာအနီး ရန်ကုန်-မန္တလေး ရထားလမ်းဖြတ်ကူးတဲ့ လမ်းပိုင်းကို ပိတ်လိုက်တာကြောင့် ကျေးရွာ ၈ ရွာကျော်ကဒေသခံတွေ သွားလာရေးအခက်တွေ့နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။အဲ့ဒီလမ်းမှာ DEMU ရထားနဲ့ ထွန်စက်တိုက်မိပြီးနောက်တရက် စက်တင်ဘာ ၁၅ ရက်မှာတင် ရထားလမ်းကူးနေရာကို မီးရထားဝန်ထမ်းတွေက ပိတ်လိုက်တာကြောင့် ဆိုင်ကယ်၊ စက်ဘီးတွေကအစသွားလာလို့မရတော့ဘူးလို့ သိရပါတယ်။"ပိတ်ထားတော့သွားမရလို့ ဟိုးအဝေးကြီးကနေပတ်ပြီးမှ မြို့ထဲပြန်လာရမှာ။ ဒီလမ်းက ဘိုးစဥ်ဘောင်ဆက် သွားနေတဲ့လမ်းကိုး။ တရားမဝင်လို့သာပြောတယ်။ ကွန်ကရစ်လမ်းတွေ ခင်းထားတာ။ တရားမဝင်ဘူးဆိုပြီး လျှောက်ပြောနေတာ။ မောင်းတံပဲ မလုပ်ထားတာ။ အခုက စပါးလည်းပေါ်တဲ့ အချိန်ဆိုတော့ ကုန်ထုတ်လို့မရ အခက်ခဲတွေဖြစ်နေကုန်ပြီ"လို့ ဒေသခံတဦးက ပြောပါတယ်။သတင်းအပြည့်အစုံ - https://myaelattathan.com/news/26339/
    4,37014106521Open in Telegram
  • မြေလတ်အသံ - Myaelatt Athan

    19 Sept, 06:02

    လက်နက်ကြီးတွေနဲ့ အင်အားထောင်ကျော်ပါ စစ်တပ်စစ်ကြောင်း ယောနယ်ကိုဦးတည်စစ်ကြောင်းထိုးနေမကွေး၊ စက်တင်ဘာ ၁၉၊ ၂၀၂၆။မကွေးမြို့ကနေ ယောဒေသဘက်ကို အင်အားထောင်ကျော်ပါစစ်တပ်စစ်ကြောင်းက ဦးတည်စစ်ကြောင်းထိုး လာနေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။စက်တင်ဘာ ၁၉ ရက် ဒီမနက် ၆ နာရီခန့်ကစတင်ပြီး တပ်မ ၈၈ လက်အောက်ခံတပ်တွေ စုပေါင်းထားတဲ့ အင်အား ၁၅၀၀ ဝန်းကျင်ပါ ကားအစီးရေ ၁၈၀ ကျော်ဟာ မကွေး-ပွင့်ဖြူ-စလင်းလမ်းမကြီးအတိုင်း ထွက်ခွာလာနေတယ်လို့ ဆိုပါတယ်။"မနက် ၁၀ နာရီကျော်လောက်မှာ ပွင့်ဖြူကိုဖြတ်ပြီး။ စလင်းတော့မရောက်သေးဘူး။ ၁၀၈ စီးတော့ဖြတ်ပြီး။ တင့်ကားတွေလည်းပါတယ်။ ကြားဖြတ်တိုက်ဖို့လည်း မလွယ်တော့ အဲ့ဘက်က အဖွဲ့တွေမလုပ်ကြဘူးနေမယ်။ ဒီဘက်ခြမ်းမှာလည်း ခြုံခိုတိုက်ခိုက်ဖို့မလွယ်ဘူး။ လယ်ကွင်းတွေ ပြည်သူနေအိမ်တွေပဲရှိတာ"လို့ စလင်းပကဖတာဝန်ရှိသူက ပြောပါတယ်။သတင်းအပြည့်အစုံ - https://myaelattathan.com/news/26335/
    4,30025145433Open in Telegram
  • မြေလတ်အသံ - Myaelatt Athan

    18 Sept, 09:13

    ဘုန်းကြီးကျောင်းဝန်းထဲ ဒရုန်းဗုံးကြဲခံရလို့ ကပ္ပိယသေဆုံးပြီး သံဃာတပါးဒဏ်ရရာမတ္တရာ၊ စက်တင်ဘာ ၁၈၊ ၂၀၂၆။မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဘိုးကြီးကျွန်းကျေးရွာက ဘုန်းကြီးကျောင်းဝန်းထဲ ဗုံးကြဲခံရလို့ ကပ္ပိယသေဆုံးပြီး သံဃာတပါးဒဏ်ရရာတယ်လို့ မတ္တရာမြို့နယ်ပကဖ တာဝန်ရှိသူတွေထံက သိရပါတယ်။စက်တင်ဘာလ (၁၇) ရက်နေ့ညနေ (၆) နာရီ မိနစ် (၅၀) ခန့်မှာ ဥဒိန်ရွာမှာ တပ်စွဲထားတဲ့စစ်တပ် တပ်ဖွဲ့ဝင်တွေကနေ ကျေးရွာအနောက်တောင်ဘက်ခြမ်းရှိ ဘုန်းကြီးကျောင်းအတွင်းကို ဗုံးသီးနှစ်လုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။"ဗုံးသီးက နှစ်လုံး ကျောင်းပေါ်ကျတာမဟုတ်ဘူး။ ကျောင်းဝန်းထဲကိုကျတာ။ ထိတဲ့ သူတွေက ကျောင်းဝန်းထဲမှာရှိနေကြချိန်ထိတာ။ ဗုံးသီးကျပြီး လက်နက်ကြီးတွေနဲ့လည်း ထပ်ပစ်တာရှိသေးတယ်။ ပစ်တဲ့ရွာနဲ့ ထိတဲရွာက မြစ်အရှေ့ဘက်အနောက်ဘက်ပဲ။ ရဲဘော်လည်းမရှိပဲ သက်သက်ပစ်တာ" လို့ မတ္တရာမြို့နယ်ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။သတင်းအပြည့်အစုံ - https://myaelattathan.com/news/26331/
    4,7603063221Open in Telegram
  • မြေလတ်အသံ - Myaelatt Athan

    18 Sept, 04:52

    အုတ်တွင်းနယ်မှာ လက်နက်ကြီး၊ ဒရုန်းချခံရလို့ PDF ၅ ဦးနဲ့ ပြည်သူ ၅ ဦးသေဆုံးအုတ်တွင်း၊ စက်တင်ဘာ ၁၈၊ ၂၀၂၆။ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ရွှေလောင်းကျေးရွာမှာ စစ်တပ်က လက်နက်ကြီး၊ ဒရုန်းနဲ့ချလို့ PDF (၅) ဦးနဲ့ပြည်သူ (၅) ဦး သေဆုံးတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။စက်တင်ဘာလ ၁၅ ရက်နေ့ နေ့လည်ပိုင်းမှာ စစ်တပ်အင်အား ၁၀၀ ခန့်ဟာ ကျေးရွာအနီးကိုရောက်လာပြီးနောက် ရွာထဲကို လက်နက်ကြီး ၊ ဒရုန်းတွေနဲ့ အကြိမ်ရေများစွာပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။"စကောက်တွေ ဝဲတယ်။ ပြီးတော့ ကျနော်တို့ရဲဘော်တွေရှိတဲ့နေရာကို ခန့်မှန်းပြီးတော့ ဒရုန်းတွေနဲ့ကြဲတာ။ အဲဒီမှာ ရဲဘော် ၃ ယောက်နဲ့ မိသားစု ၃ ယောက်ကျတယ်။ အဲဒီမှာ ကူညီဖို့သွားထပ်ရဲဘော်နှစ်ယောက်လည်း ထပ်ကျတယ်။ လက်နက်ကြီးဒရုန်းတွေနဲ့မနားတမ်းထုတာမှာ ပြည်သူကလေးတွေလည်းထပ်ထိတာ" လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။သတင်းအပြည့်အစုံ - https://myaelattathan.com/news/26324/
    4,6402997652Open in Telegram
  • မြေလတ်အသံ - Myaelatt Athan

    17 Sept, 11:59edited

    ⁨စစ်တပ်ပစ်တဲ့ လက်နက်ကြီးကြောင့် ကလေး ၂ ယောက်မိခင် မုဆိုးမတဦးသေဆုံးမြင်းခြံ၊ စက်တင်ဘာ ၁၇၊ ၂၀၂၆။မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပျိုးကန်ကျေးရွာမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကလေး ၂ ယောက်မိခင် အသက် ၃၃ နှစ်အရွယ် မုဆိုးမတဦး သေဆုံးကာ၊ တခြား ၂ ဦးလည်း ဒဏ်ရာရတယ်လို့ ရွာခံတွေထံက သိရပါတယ်။စက်တင်ဘာလ ၁၆ ရက်နေညနေ ၅ နာရီကျော်မှာ မြင်းခြံမြို့အခြေစိုက် ခမရ ၁၅ တပ်မှ လက်နက်ကြီးတလုံးပစ်ခတ်ခဲ့ရာ ကျေးရွာအနောက်ခြမ်းပြည်သူနေအိမ်နား ကျရောက်ပေါက်ကွဲခဲ့ပြီး လက်နက်ကြီးထိမှန်လို့ အသက် ၃၃ နှစ်အရွယ် မဇင်မာစိုးမှာ နေရာမှာပင်သေဆုံးကာ၊ အသက် ၅၀ အရွယ် မနီနဲ့ အသက် ၂၀ အရွယ် မဝါဝါနွယ်တို့ဒဏ်ရာရသွားပါတယ်။"သေသူက အိမ်ရှေ့မှာ ဆေးလိပ် လိပ်နေတာ။ သူတို့ရဲ့အရှေ့မြောက်ဘက်နားလေးက အိမ်မှာလည်း သွပ်ဖောက်ပြီးတော့ ဝင်တဲ့အစကလဲ ကလေးမလေးတယောက်ခေါင်းထိတယ်။ နောက်တယောက်ကလည်း အစက နဘေးမှန်တာရှိသေးတယ်"လို့ ရွာခံတဦးကပြောပါတယ်။သတင်းအပြည့်အစုံ - https://myaelattathan.com/news/26320/
    4,4603352111Open in Telegram
  • မြေလတ်အသံ - Myaelatt Athan

    17 Sept, 03:51

    သရက်ခရိုင်တပ်ရင်း ၄ က ရဲဘော် ၆ ဦး စစ်တပ်ထံ ဘက်ပြောင်းမင်းတုန်း၊ စက်တင်ဘာ ၁၇၊ ၂၀၂၆။သရက်ခရိုင်တပ်ရင်း ၄ က ရဲဘော် ၆ ဦးဟာ စစ်တပ်ဘက်ကို ဘက်ပြောင်းသွားတယ်လို့ သက်ဆိုင်ရာ တပ်ရင်းဘက်က စက်တင်ဘာလ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ဘက်ပြောင်းသွားသူတွေကတော့ ရန်ပိုင်စိုး၊ လမင်းသန့်၊ ဇင်မိုးအောင်၊ မိုးထက်ကျော်၊ မျိုးထက်နိုင်၊ သူထူးစံတို့ ၆ ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ စစ်တပ်ဘက်ကို ဘက်ပြောင်းသွားတာလို့ ဆိုပါတယ်။"၆ ဦးစလုံးတပြိုင်နက်တည်းပြေးတာမဟုတ်ဘူး။ ရဲဘော်ပိုင်လေးက အရင်ဆုံးပြေးတယ်။ ပြီးတော့ ကျန်တဲ့ ၅ ဦးကို စည်းရုံးပြီး ထပ်ခေါ်တာ။ ရှေ့တန်းမှာ တာဝန်ပေးထားချိန် ပြေးကြတာ။ သူတို့ပြေးပြီးနောက်ပိုင်း မင်းတုန်းနယ်ထဲ စစ်ကြောင်းဝင်နေတာတော့ရှိတယ်"လို့ သရက်ခရိုင်တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။သတင်းအပြည့်အစုံ - https://myaelattathan.com/news/26316/
    4,93029168332Open in Telegram
  • မြေလတ်အသံ - Myaelatt Athan

    16 Sept, 10:15

    ဘုန်းကြီးကျောင်း ရေသန့်စက်ဖွင့်ပွဲ ဗုံးကြဲခံရလို့ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ◼️အမျိုးသား(၂) ဦးလည်းသေဆုံးပြီး (၈) ဦးဒဏ်ရာရရွှေဘို၊ စက်တင်ဘာ ၁၆၊ ၂၀၂၆။စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်းဝင်းထဲမှာ ရေသန့်စက်ဖွင့်ပွဲလုပ်နေချိန် ဗုံးကြဲခံရလို့ သံဃာတပါးအပါအဝင် (၃) ဦးသေဆုံးပြီး (၈) ဦးဒဏ်ရာရတယ်လို့ ရွှေဘိုမြို့နယ်ပကဖ တာဝန်ရှိသူတွေထံက သိရပါတယ်။ယနေ့ စက်တင်ဘာလ (၁၆) ရက်နေ့ နေ့လည် (၁၂) နာရီ (၃၄) မိနစ်မှာ မိတ္ထီလာလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ တစီးက ဘုန်းကြီးကျောင်းဝင်းအတွင်းကို ဗုံး (၃) လုံးကြဲချသွားတာလို့ ဆိုပါတယ်။"ကျောင်းထိုင်ဘုန်းကြီးက ဦးစီးပြီးတော့ ကျေးရွာအတွင်းပြည်သူတွေ သောက်ရေအဆင်ပြေနိုင်စေဖို့ ရေသန့်စက် တပ်ဆင်ပေးခဲ့တာ။ စက်တပ်ဆင်ပြီးတော့ ဒီနေ့ ရေသန့်စက်ဖွင့်ပွဲပြုလုပ်ပြီး ကျေးရွာနေပြည်သူတွေကို ရေသန့်ပေးဝေနေချိန်မှာ ဗုံးလာကြဲသွားတာ" လို့ ရွှေဘိုမြို့နယ်ပကဖ တာဝန်ရှိသူက ပြောပါတယ်။သတင်းအပြည့်အစုံ - https://myaelattathan.com/news/26313/
    5,03034156544Open in Telegram
  • မြေလတ်အသံ - Myaelatt Athan

    16 Sept, 05:23

    နွားထိုးကြီးက PDF ထုတ်လုပ်ရေးစခန်းတခုကို စစ်တပ်သိမ်းပိုက်◾️ စစ်ရေးပြင်းထန်နေပြီး ဒေသခံပြည်သူထောင်ချီ တိမ်းရှောင်နေရနွားထိုးကြီး၊ စက်တင်ဘာ ၁၆၊ ၂၀၂၆။မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ အနောက်မြောက်ခြမ်းရှိ ပဲခင်းကြီးကျေးရွာက PDF ထုတ်လုပ်ရေးစခန်တခုကို စစ်တပ်သိမ်းပိုက် သွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။စက်တင်ဘာလ (၁၅) ရက်နေ့မနက် (၁၀) နာရီကျော်ခန့်မှာ တံတားဦးဘက်ကနေ အင်အား (၅၀၀) ကျော်နဲ့ ထိုးနေတဲ့စစ်ကြောင်းက အင်အား (၂၀၀) ကျော်ဟာ ပဲခင်းကြီးကျေးရွာကို ရောက်လာပြီးနောက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။"စခန်းသိမ်းခံရတာဟုတ်တယ်။ လက်ရှိက စစ်ကြောင်းနဲ့ရှုပ်နေလို့ နောက်မှ အသေးစိတ်ထုတ်ပြန်ပေးမယ်။ တိုက်ပွဲလည်းဖြစ်ထားသေးတယ်။ "လို့ ဖြစ်စဥ်ကို သိထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။သတင်းအပြည့်အစုံ - https://myaelattathan.com/news/26303/
    5,2703383221Open in Telegram
  • မြေလတ်အသံ - Myaelatt Athan

    16 Sept, 04:16

    သဲကုန်းမှာ အမျိုးသမီးတဦး နေအိမ်ထဲ သေနတ်နဲ့ပစ်သတ်ခံရသဲကုန်း၊ စက်တင်ဘာ ၁၆၊ ၂၀၂၆။ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်မှာ အမျိုးသမီးတဦး နေအိမ်ထဲ သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။သဲကုန်းမြို့နယ်၊ ဗြမ္မာ့အင်းအုပ်စု၊ ကွင်းကြီးရွာက အသက် (၃၆) နှစ်ဝန်းကျင် ဒေါ်နီလာမြင့်(ခ)သီတာ ဖြစ်ပြီး စက်တင်ဘာ (၁၃) ရက် မနက် (၆) နာရီခွဲလောက်က နေအိမ်မှာ သေနတ်နဲ့ပစ်သတ်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။“အသက် ၄ဝ ဝန်းကျင်လောက်အမျိုးသမီးတဦး သေနတ်နဲ့ ပစ်သတ်ခံရတာတော့ ကြားတယ်။ ပုတီးကုန်းဆေးရုံကိုသယ်သွားတယ်ပြောတယ်။ အဲရွာတွေက တောစပ်(သစ်တောကြိုးဝိုင်း)တွေနဲ့နီးနေပြီလေ" အဲဒီဒေသခံတဦးက ပြောပါတယ်။သတင်းအပြည့်အစုံ - https://myaelattathan.com/news/26300/
    4,66012531Open in Telegram
  • မြေလတ်အသံ - Myaelatt Athan

    15 Sept, 05:08

    ပြွန်တန်ဆာမြို့ ရထားလမ်းမှာ DEMU ရထားနဲ့ ထွန်စက်တိုက်မိပြီး ၂ ဦးသေဆုံးညောင်လေးပင်၊ စက်တင်ဘာ ၁၅၊ ၂၀၂၆။ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ ပြွန်တန်ဆာဘူတာနဲ့ဒိုက်ဦးဘူတာအကြား ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းမှာ DEMU ရထားနဲ့ထွန်စက်တိုက်မိပြီး ၂ ဦးသေဆုံးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။စက်တင်ဘာလ ၁၄ ရက်နေ့ နေ့လည် ၁၂ နာရီကျော်ခန့်မှာ နေပြည်တော်မှ ထွက်ခွာလာတဲ့ အမှတ် ၈ အစုန် DEMU အမြန်ရထားနဲ့ ရထားလာချိန် လမ်းဖြတ်ကူးတဲ့ ထွန်စက်တို့ တိုက်မိခဲ့တာလို့ ဆိုပါတယ်။"လူက ရုပ်တွေက တော်တော်ပျက်သွားတယ်။ ရထားတိုက်တာဆိုတော့ အကုန်လုံးပိန်လိမ်ရှုပ်တွပြီး အရိုးတွေအကုန်ကျိုးပေါ့။ ထွန်စက်ကလည်း လုံးလုံးပြတ်သွားတာ ၃ ပိုင်းပေါ့။ ဘီးတွေလည်းတစစီ။ အင်ဂျင်တွေလည်း တစစီ။ ရထားလမ်းအောက်ပြုတ်ကျတာကော အပေါ်မှာ ပိနေတာတွေကော ဖြစ်သွားတာ"လို့ ဖြစ်စဥ်ကို မြင်တွေ့ခဲ့တဲ့ ဒေသခံတဦးက ပြောပါတယ်။သတင်းအပြည့်အစုံ - https://myaelattathan.com/news/26297/
    5,2701911321Open in Telegram
  • မြေလတ်အသံ - Myaelatt Athan

    15 Sept, 04:27

    မင်းတုန်းမှာ စက်တပ်လေထီးနဲ့ဗုံးကြဲခံရလို့ ကလေးငယ် ၃ ဦးအပါအဝင် ၆ ဦးသေဆုံးမင်းတုန်း၊ စက်တင်ဘာ ၁၅၊ ၂၀၂၆။မကွေးတိုင်း၊ မင်းတုန်းမြို့နယ် အနောက်ခြမ်း ရခိုင်ရိုးမအနီးရှိ ဇွန်ကျကျေးရွာမှာ စက်တပ်လေထီးနဲ့ဗုံးကြဲခံရလို့ ကလေးငယ် ၃ ဦးအပါအဝင် ၆ ဦးသေဆုံးတယ်လို့ သရက်ခရိုင်တပ်ရင်း ၄ တာဝန်ရှိသူတွေဆီက သိရပါတယ်။စက်တက်ဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီ မိနစ် ၄၀ ခန့်မှာ သရက် ကပစ ၁၂ ကနေ တက်လာတဲ့ စက်တပ်လေထီး ၃ စီးဟာ ကျေးရွာထဲကို ဗုံး ၈ လုံးကြဲချခဲ့တယ်လို့ဆိုပါတယ်။"ဗုံးတွေက ရွာအဝန်းအဝိုင်းထဲကို ကြဲချတာ။ လမ်းပေါ်ကျတာ၊ နေအိမ်အနီးအနားကျတာ၊ ဘုန်းကြီးကျောင်းတကျောင်းနားကျတာတွေ ရှိတယ်။ တိုက်ပွဲဖြစ်တာမရှိဘူး။ တိုက်ပွဲနဲ့လည်းဝေးတဲ့​နေရာပါ။ သက်သက်ကိုဗုံးလာကြဲတာ။ ထိခိုက်သေဆုံးသူတွေက ရွာမှာပဲရှိနေချိန်ထိတာ။ ကလေးတွေပြေးလွှားဆော့ကစားနေချိန်ထိတာ"လို့ သရက်ခရိုင်တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။သတင်းအပြည့်အစုံ - https://myaelattathan.com/news/26288/
    5,25025611Open in Telegram
Download the series as CSV
A feedback bot for your channel — free

Followers write to the bot, you answer by reply, your account stays hidden. Created in one tap.

How it works →
Create the bot