Latest posts

Myanmar Now
14 Nov, 01:35
တရုတ်- မြန်မာ ပဋိပက္ခစီးပွားရေးနှင့် မဟာဗျူဟာမြောက် သတ္တုသယံဇာတများ ---------------------------- နယ်စပ်ဒေသတွင် စစ်ရေးမငြိမ်မသက်ဖြစ်နေလင့်ကစား တရုတ်က ၎င်း၏သြဇာကို အသုံးချပြီး ပဋိပက္ခနယ်မြေရှိ ထိပ်တန်း ရှားပါးသတ္တု၊ ကျောက်မျက်တို့ကို အဆက်မပြတ် တူးဖော်သယ်ဆောင်လျက်ရှိသည်။အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/82228/Myanmar Nowတရုတ်- မြန်မာ ပဋိပက္ခစီးပွားရေးနှင့် မဟာဗျူဟာမြောက် သတ္တုသယံဇာတများ - Myanmar NowLatest news & insightful features on Myanmar
Myanmar Now
13 Nov, 11:30
ချင်း- မကွေးနယ်စပ် ဆက်တိုက်ဗုံးကြဲမှုကြောင့် အမျိုးသား ၂ ဦးသေဆုံး --------------------- မြေပြင်စစ်ရေးတင်းမာနေသည့် ချင်းပြည်နယ် တောင်ပိုင်းနှင့် မကွေးတိုင်း ယောနယ်အစပ်ကို ယမန်နေ့ညပိုင်းကစ၍ ဆက်တိုက်ဗုံးကြဲမှုကြောင့် အမျိုးသားနှစ်ဦး သေဆုံးပြီး ကလေးနှစ်ဦး အပါအဝင် အရပ်သားသုံးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/82222/Myanmar Nowချင်း- မကွေးနယ်စပ် ဆက်တိုက်ဗုံးကြဲမှုကြောင့် အမျိုးသား ၂ ဦးသေဆုံး - Myanmar NowLatest news & insightful features on Myanmar
Myanmar Now
13 Nov, 10:46
စစ်တောင်းမြစ်အရှေ့ခြမ်းတွင် တော်လှန်ရေးစခန်းများကျပြီးနောက် တိုက်ပွဲဆက်ပြင်းထန် -------------------------------- စစ်တောင်းမြစ်အရှေ့ဘက်ခြမ်း မွန်ပြည်နယ်ကျိုက်ထိုမြို့နယ်နှင့် ပဲခူးတိုင်း ရွှေကျင်မြို့နယ်တို့ ထိစပ်ရာ နယ်မြေရှိ တော်လှန်ရေးလှုပ်ရှားနယ်မြေများအတွင်း စစ်တပ်က ထိုးဖောက်ဝင်ရောက်လာခြင်းကြောင့် KNU၊ PDF ပူးပေါင်းတပ်များက တုံ့ပြန်တိုက်ခိုက်နေ၍ ဒေသတွင်း စစ်ရေးပြင်းထန်နေသည်။သို့ရာတွင် KNUနှင့် NUG တာဝန်ရှိသူများက စခန်းများနှင့်လက်နက်များ စစ်တပ်ကရရှိသွားသည်ကို ငြင်းဆန်ထားကြပြီး စစ်တပ်ဘက်ကမူ စစ်ကြောင်း သုံးကြောင်းဖြင့် ထိုးစစ်ဆင်ကာ မွန်နှင့် ပဲခူးရှိ KNU၊ PDF စခန်းများ တိုက်ခိုက်သိမ်းပိုက်မိကြောင်း နိုဝင်ဘာလ ၉ ရက်က ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသည်။တော်လှန်ရေးတပ်စခန်းများကို စီးနင်းကာ လက်နက်များသိမ်းဆည်းပြီးနောက် သိမ်ဇရပ်မြို့ ဘက်သို့ ပြန်လာသည့် စစ်တပ်၏ စစ်ကားသုံးစီးကိုလည်း နိုဝင်ဘာလ ၁၀ ရက် နံနက်တွင် KNU၊ PDF တပ်များက မိုင်းဆွဲပြီး ချုံခိုတိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ဗိုလ်ကြီး တစ်ဦး၊ တပ်သား တစ်ဦးသေဆုံးပြီး တပ်သား တစ်ဦးကို အရှင် ဖမ်းမိခဲ့သည်။စစ်ရေးလေ့လာသူများက စစ်တပ်သည် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်း ထိစပ်ရာနယ်မြေတွင် စိုးမိုးနယ်မြေရသလောက် ပြန်ယူမည့် သဘောရှိပြီး စစ်ကြောင်း ပြန်ရုပ်သည့် အရိပ်အယောင် မမြင်ရသေးကြောင်း မှတ်ချက်ပြုကြသည်။အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/82216/Myanmar Nowစစ်တောင်းမြစ်အရှေ့ခြမ်းတွင် တော်လှန်ရေးစခန်းများကျပြီးနောက် တိုက်ပွဲဆက်ပြင်းထန် - Myanmar NowLatest news & insightful features on Myanmar
Myanmar Now
13 Nov, 09:43
ရှေးဟောင်းမြို့တော် မြောက်ဦးရှိ မူလတန်းကျောင်း ဗုံးကြဲခံရပြီး ၂ ဦးသေဆုံး --------------------------- စစ်လေယာဉ်က ဘုရားပုထိုးများပေါများသည့် မြောက်ဦးမြို့အရှေ့ဘက် မူလတန်းကျောင်းကို ညအချိန် ဗုံးကြဲခဲ့စဉ် အနီးရှိနေအိမ်များမှ တက္ကသိုလ်ကျောင်းသား/သူ နှစ်ဦး သေဆုံးပြီး ကလေးအပါအဝင် ရှစ်ဦး ဒဏ်ရာရသွားကြသည်။ပြီးခဲ့သည့်ရက်များတွင် စစ်လေယာဥ်များက မြောက်ဦးမြို့ပတ်ဝန်းကျင်၌ နေ့စဥ်နီးပါး ကင်းထောက် ပျံဝဲခဲ့ပြီးနောက် ယခုကဲ့သို့ လေကြောင်းဗုံးကြဲမှုပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု မြို့ခံများက ဆိုကြသည်။ ယမန်နှစ် ဒီဇင်ဘာကလည်း မြောက်ဦးမြို့ ခရိုင်အဆင့်ဆေးရုံကြီး ဗုံးကြဲခံရပြီး လူ ၄၀ ကျော် သေဆုံးကာ ၈၀ ကျော် ဒဏ်ရာရခဲ့သော အစုလိုက်အပြုံလိုက် သေဆုံးထိခိုက်မှုလည်း ဖြစ်ပေါ် ထားသည်။အာဏာသိမ်းစစ်တပ်က စာသင်ကျောင်းများ၊ ဘာသာရေးနှင့် ကျန်းမာရေးအဆောက်အအုံများ၊ လူနေထိုင်ရာ ကျေးရွာများစသည့် အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်နေမှုများကြောင့် ကလေးသူငယ်များအပါအဝင် အရပ်သားသေဆုံးထိခိုက်မှုများ ဖြစ်ပေါ်နေသည်။ယခုလဆန်းမှာပင် နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း ကနီနှင့် တန့်ဆည်မြို့နယ်တို့ရှိ စာသင်ကျောင်းများကို နှစ်ရက်ဆက် ဗုံးကြဲခံရပြီး ကနီမြို့နယ်တွင် သေဆုံးသူ ၁၁ ဦး ရှိခဲ့ကာ အများစုမှာ ကလေးများ ဖြစ်ကြသည်။အရပ်ဘက်အဖွဲ့တစ်ဖွဲ့ဖြစ်သော ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ယခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအထိ သုံးလအတွင်း နိုင်ငံတဝန်း၌ လူငါးဦးနှင့်အထက်သေဆုံးခဲ့သည့် အရပ်သားအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဥ်ပေါင်း ၂၃ ခု ဖြစ်ပွားခဲ့ကြောင်း၊ အရပ်သားသေဆုံးသူ စုစုပေါင်း ၂၀၇ ဦး ရှိကြောင်း ယမန်နေ့က ထုတ်ပြန်သည်။--------------------------- အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/82210/Myanmar Nowရှေးဟောင်းမြို့တော် မြောက်ဦးရှိ မူလတန်းကျောင်း ဗုံးကြဲခံရပြီး ၂ ဦးသေဆုံး - Myanmar NowLatest news & insightful features on Myanmar
Myanmar Now
12 Nov, 05:50
စစ်တပ်ရဲ့ အမေရိကန်အကြိုက် မြေရှားကမ်းလှမ်းချက်နဲ့ တရုတ်ရဲ့စည်း ၃စည်း -------------------------- ဗိုလ်မင်းအောင်လှိုင်နဲ့ သူ့လော်ဘီတွေက အမေရိကန်အစိုးရကို မြေရှားသတ္တုနဲ့ စျေးခေါ် ချဥ်းကပ်လာတာက တရုတ်နဲ့ ထိပ်တိုက်တွေ့နိုင်ပြီး တော်လှန်ရေးအင်အားစုတွေအတွက်တော့ အခွင့်အလမ်း ဖြစ်လာနိုင်ပါတယ်။အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/82204/Myanmar Nowစစ်တပ်ရဲ့ အမေရိကန်အကြိုက် မြေရှားကမ်းလှမ်းချက်နဲ့ တရုတ်ရဲ့စည်း ၃စည်း - Myanmar NowLatest news & insightful features on Myanmar
Myanmar Now
12 Nov, 05:04
မက်ဆေ့ဂျ်အက်ပ်များကို မယုံပါနဲ့ - တရားဝင် ကုမ္ပဏီ အီးမေးလ်ကိုသာ တောင်းဆိုပါ 🚨တရားဝင် ကုမ္ပဏီများသည် အလုပ်ခေါ်ယူခြင်း၊ ညှိနှိုင်းခြင်းနှင့် အလုပ်ခန့်ထားခြင်းများကို Telegram, WhatsApp သို့မဟုတ် Facebook Messenger ကဲ့သို့သော မက်ဆေ့ဂျ်အက်ပလီကေးရှင်းများမှတစ်ဆင့် သီးသန့် မလုပ်ဆောင်ပါ။အလုပ်ရှင်က ကုမ္ပဏီ၏ တရားဝင် အီးမေးလ် (@companyname.com) မှတစ်ဆင့် ဆက်သွယ်ရန် ငြင်းဆန်ပါက သို့မဟုတ် ကုမ္ပဏီ၏ အချက်အလက်များကို ရှာဖွေအတည်ပြု၍ မရပါက အကောင့်တုဖြင့် လိမ်လည်နေခြင်းဖြစ်နိုင်သည်။သင့်ကိုယ်သင် ကာကွယ်ပါ📲 အန္တရာယ်မှ ကင်းဝေးဖို့ ဒီသတိပေးချက်ကို သင့်မိတ်ဆွေများထံ မျှဝေ (Share) ပေးပါ။
Myanmar Now
11 Nov, 11:33
လျှပ်စစ်မီးသုံးစွဲသူများလိုအပ်သည့် လျှပ်စစ်ဓာတ်အားကိုပြည့်မီအောင် မထုတ်လုပ်နိုင်ကြောင်း စစ်အစိုးရ၏ လျှပ်စစ်ဒုဝန်ကြီးက ဝန်ခံခဲ့ပြီး တရက်လျှင် ၂၄ နာရီလျှပ်စစ်မီး ရရန်အတွက် နှစ်၂၀ ခန့်ကြာမည့် လျှပ်စစ်ထုတ်လုပ်ဖြန့်ချိရေး စီမံချက်များကို စောင့်ရမည်ဟုဆိုသည်။--------------------------- အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/82198/Myanmar Nowလျှပ်စစ်မီးမှန်ရန် အနည်းဆုံးနောက်ထပ် နှစ် ၂၀ စောင့်ရမည်ဟု စစ်တပ်ခန့်ဒုဝန်ကြီးပြော - Myanmar NowLatest news & insightful features on Myanmar
Myanmar Now
11 Nov, 11:25
သမ္မတအရေခြုံ စစ်ခေါင်းဆောင်ကို ထိပ်သီးအစည်းအဝေးတက်ခွင့် အာဆီယံဆက်ပိတ်ပင် --------------------------- နိုင်ငံတကာ အသိအမှတ်ပြုမှုရရန် ကြိုးပမ်းနေသည့် စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်သည် ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခွင့်မရသေးဘဲ စစ်တပ်၏ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတဦးကိုသာ သွားရောက်ခွင့်ရထားသည်။--------------------------- အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/82195/Myanmar Nowသမ္မတအရေခြုံ စစ်ခေါင်းဆောင်ကို ထိပ်သီးအစည်းအဝေးတက်ခွင့် အာဆီယံဆက်ပိတ်ပင် - Myanmar NowLatest news & insightful features on Myanmar
Myanmar Now
22 Sept, 10:46
ပုဂံတဖက်ကမ်း မကွေးတိုင်းမှ ရေနံထွက်သည့်ရွာကို စစ်တပ် ထပ်မံထိုးစစ်ဆင် မီးရှို့ --------------------------- ပခုက္ကူမြို့နယ် မြစ်ခြေမြို့အနီးရှိ တပိုင်တနိုင်ရေနံလုပ်ငန်းများရှိရာ ရေနံချပ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးလိုက်သည်။--------------------------- အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/81287/Myanmar Nowပုဂံတဖက်ကမ်း မကွေးတိုင်းမှ ရေနံထွက်သည့်ရွာကို စစ်တပ် ထပ်မံထိုးစစ်ဆင် မီးရှို့ - Myanmar NowLatest news & insightful features on Myanmar
Myanmar Now
21 Sept, 07:43
စစ်တွေနှင့် ပုဏ္ဏားကျွန်းတို့တွင် AA နှင့် စစ်တပ် အပြန်အလှန်ထိုးစစ်ဆင် --------------------------- စစ်တပ်က မြောက်ဘက် ပုဏ္ဏားကျွန်းနယ်အတွင်း ဒရုန်းထိုးစစ်ဖြင့် ထိုးဖောက်ရန် ကြိုးပမ်းနေသလို AA ဘက်ကလည်း တန်ပြန်ထိုးစစ်ဖြင့် စစ်တပ်အခြေစိုက်သည့် စစ်တွေနယ်အတွင်း ဝင်ရောက်ရန် တိုက်ခိုက် နေသည်။ယခင်ကတည်းက စစ်တပ် ခြေကုပ်ယူခဲ့သည့် ပုဏ္ဏားကျွန်းမြို့နယ် တောင်ဘက်အစွန်ဆုံး ကုလားတန်မြစ် အနောက်ဘက် မြစ်ကမ်းဘေးမှ ရဲရုပ်ပြင်၊ အောင်မြေကုန်း၊ ခမောင်းတော စသည့် ကျေးရွာတို့ကိုလည်း AA က ယခုရက်ပိုင်းအတွင်း ပြန်လည်သိမ်းပိုက်ခဲ့သည်။လတ်တလောတွင် မြို့နယ်နှစ်ခု အစပ် မင်းချောင်းတံတားအနီးနှင့် စစ်တွေမြို့နယ် ဂန့်ဂေါ်ကျွန်းရွာအနီး ကျားမသောက်၊ တောကန် စသည့် ရွာတို့နှင့် ရွှေမင်းဂံဆိပ်ကမ်း ပတ်ဝန်းကျင်တို့တွင် တိုက်ပွဲများ ပြင်းထန်နေသည်။ ထိုရွာများ၏ တောင်ဘက်နှစ်မိုင်ခွဲခန့်အကွာတွင် စစ်တွေ (ဒကစ) ရှိသည်။ပုဏ္ဏားကျွန်းဝင်ပေါက် မင်းချောင်းတံတားဘက်မှ စစ်တပ် ထိုးစစ်ကိုလည်း ခုခံနိုင်ခဲ့ပြီး စစ်သုံ့ပန်းများ ဖမ်းဆီးရမိကာMyanmar Nowစစ်တွေနှင့် ပုဏ္ဏားကျွန်းတို့တွင် AA နှင့် စစ်တပ် အပြန်အလှန်ထိုးစစ်ဆင် - Myanmar NowLatest news & insightful features on Myanmar
Myanmar Now
21 Sept, 04:29
ဖမ်း၍မကုန်သော တရုတ်ကျားဖြန့်နှင့် စစ်တပ်၏ သံသယဖြစ်ဖွယ် နှိမ်နင်းမှုပုံသဏ္ဌာန် --------------------------- စစ်ဗိုလ်ချုပ်များ ကျားဖြန့်နှိမ်နင်းနေမှုသည် ၎င်းတို့မူးယစ်ဆေးနှိမ်နင်းခဲ့ပုံနှင့် ဆင်တူနေပြီး ကျားဖြန့်ငွေလိမ်ဂိုဏ်းများကလည်း စစ်တပ်ထိန်းချုပ်မြို့များတွင် ဆက်လက် ဖြန့်ကြက်လုပ်ကိုင်နေသည်။--------------------------- အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/81260/Myanmar Nowဖမ်း၍မကုန်သော တရုတ်ကျားဖြန့်နှင့် စစ်တပ်၏ သံသယဖြစ်ဖွယ် နှိမ်နင်းမှုပုံသဏ္ဌာန် - Myanmar NowLatest news & insightful features on Myanmar
Myanmar Now
19 Sept, 04:10
စစ်တပ်ရဲ့ လေကြောင်းအသာစီးရမှုနဲ့ တော်လှန်ရေးအင်အားစုရဲ့ တန်ပြန်ရင်ဆိုင်မှု --------------------------- တံတားဦးလေတပ်စခန်းကို တော်လှန်ရေးအဖွဲ့တွေက ဒရုန်းနဲ့ ဝင်တိုက်လိုက်တာဟာ စစ်တပ်ရဲ့ အရေးအပါဆုံး လေကြောင်းအသာစီးရမှုကို အပြင်းအထန် ခြိမ်းခြောက်လိုက်တာပဲ ဖြစ်ပါတယ်။--------------------------- အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/81256/Myanmar Nowစစ်တပ်ရဲ့ လေကြောင်းအသာစီးရမှုနဲ့ တော်လှန်ရေးအင်အားစုရဲ့ တန်ပြန်ရင်ဆိုင်မှု - Myanmar NowLatest news & insightful features on Myanmar
Myanmar Now
18 Sept, 11:13
စစ်တပ်အမာခံ ခရိုနီတို့နှင့်ဆက်နွှယ်သည့် သရုပ်ဆောင်များ နိုင်ငံတကာစင်မြင့်တွင် ပါဝင်ခွင့်ငြင်းပယ်ခံရ --------------------------- ဦးတေဇ၏ သမီးဖြစ်သူ ရေချယ်တေဇ (ခေါ်) ထူးထွေးတေဇ၏ အကြောင်း ရေးသားဖော်ပြထားမှုကို Vogue Italia က ဖြုတ်ချဖူးသလို ခရိုနီလက်သစ်အဖြစ် သတ်မှတ်ခံရသူ ဦးနိုင်ဖြိုးကျော်၏ ဇနီးဖြစ်သူ သရုပ်ဆောင် ဝတ်မှုံရွှေရည်ကိုလည်း Vogue Thailand က ယခုအခါ ဖြုတ်ချခဲ့သည်။--------------------------- အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/81244/Myanmar Nowစစ်တပ်အမာခံ ခရိုနီတို့နှင့်ဆက်နွှယ်သည့် သရုပ်ဆောင်များ နိုင်ငံတကာစင်မြင့်တွင် ပါဝင်ခွင့်ငြင်းပယ်ခံရ - Myanmar NowLatest news & insightful features on Myanmar
Myanmar Now
18 Sept, 11:02
ထိုင်းရဲဖမ်းမည့်ဘေးမှလွတ်ရန် ထွက်ပြေးသည့် မြန်မာလုပ်သား အထပ်မြင့်မှပြုတ်ကျသေဆုံး --------------------------- သေဆုံးသူသည် ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင်အလုပ်ရန် ပတ်စ်ပို့နှင့် အလုပ်လုပ်ခွင့်အပါအဝင် အထောက်အထားအပြည့်အစုံရှိသော်လည်း အလုပ်ရှင် (သူဌေး) မပြောင်းရသေးသဖြင့် ထိုင်းရဲဖမ်းမည်ကို ကြောက်ရွံ့ ထွက်ပြေးစဉ် အထပ်မြင့်အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်သည်။--------------------------- အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/81241/Myanmar Nowထိုင်းရဲဖမ်းမည့်ဘေးမှလွတ်ရန် ထွက်ပြေးသည့် မြန်မာလုပ်သား အထပ်မြင့်မှပြုတ်ကျသေဆုံး - Myanmar NowLatest news & insightful features on Myanmar
Myanmar Now
18 Sept, 10:30
တီးတိန်တွင် ထွက်ပြေးစစ်သုံ့ပန်းအချို့ ပြန်ဖမ်းမိ၊ အချို့ကို ဆက်ရှာဖွေနေ --------------------------- ဗိုလ်မှူးအပါအဝင် ထွက်ပြေးသည့် စစ်သုံ့ပန်း ၈၂ ဦးအနက် အချို့မှာ ခလရ (၂၆၉) တပ်ထံ ပြန်ရောက်သွားပြီး အချို့ကို PDF Zoland က ပြန်ဖမ်းမိကြောင်း၊ အချို့မှာ လွတ်မြောက်နေဆဲဖြစ်သည့်အတွက် ဆက်လက်ရှာဖွေနေကြောင်း သိရသည်။ထွက်ပြေးသွားသည့် စစ်သုံပန်းများသည် ကနေဒီတောင် စခန်းသိမ်းတိုက်ပွဲအပါအဝင် ဖမ်းဆီးထားသည့် စစ်သုံ့ပန်းများဖြစ်ပြီး စုစုပေါင်း ၈၂ ဦးရှိကာ အရပ်သားပြစ်ဒဏ်ချထားသူတစ်ဦးအပါအဝင် ၈၃ ဦးကို ထိန်းသိမ်းထားခြင်းဖြစ်သည်။အရပ်သားပြစ်ဒဏ်ချထားသူတစ်ဦး ကျန်ရစ်ကာ ထိန်းသိမ်းထားသည့် စစ်သုံ့ပန်းအားလုံး အစုလိုက် အပြုံလိုက် ထွက်ပြေးစဉ် တော်လှန်ရေးရဲဘော်အချို့ကို ဓားစာခံအဖြစ် ခေါ်ဆောင်သွားပြီး သေနတ်သုံးလက်ထက်မနည်း ယူသွားကြသည်။ထွက်ပြေးသွားသည့် စစ်သုံ့ပန်းများအနက်အချို့သည် ဖမ်းဆီးခံရသည်မှာ သုံးနှစ်ကျော်ခန့် ရှိပြီဖြစ်ရာ တော်လှန်ရေးရဲဘော်များနှင့်ပါ ရင်းနှီးလာချိန် အခွင့်ကောင်းယူ ထွက်ပြေးသွားခြင်းဖြစ်သည်ဟု PDFMyanmar Nowတီးတိန်တွင် ထွက်ပြေးစစ်သုံ့ပန်းအချို့ ပြန်ဖမ်းမိ၊ အချို့ကို ဆက်ရှာဖွေနေ - Myanmar NowLatest news & insightful features on Myanmar
Myanmar Now
17 Sept, 12:00
ကရင်နီ ဒီးမော့ဆိုတွင် ဒရုန်းတိုက်ခိုက်ခံရ၊ ကလေး ၁ ဦး သေဆုံး --------------------------- ကရင်နီတော်လှန်ရေးတပ် စိုးမိုးနယ်မြေ အတောင်ပံတပ်ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုတွင် မိဘမဲ့ကလေးဂေဟာ ထိမှန်ပြီး ကိုးနှစ်သားတစ်ဦးသေဆုံးကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ထံက သိရသည်။--------------------------- အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/81228/Myanmar Nowကရင်နီ ဒီးမော့ဆိုတွင် ဒရုန်းတိုက်ခိုက်ခံရ၊ ကလေး ၁ ဦး သေဆုံး - Myanmar NowLatest news & insightful features on Myanmar
Myanmar Now
17 Sept, 10:38
စစ်တွေဝန်းကျင်တွင် စစ်တပ်က ပိုလှုပ်ရှားလာ၊ ငါးဖမ်းလှေ ၂ စီး ဖျက်ဆီးခံရ --------------------------- AA ထိန်းချုပ်ထားသည့် ပေါက်တောမြို့နယ် မြစ်ကမ်းဘေးမှ ကျေးရွာအနီး စစ်သင်္ဘောနှစ်စီး ချဉ်းကပ်လာပြီး ငါးဖမ်းသမားများကို ဖမ်းဆီးကာ စက်လှေများကိုဖျက်ဆီးခဲ့ကြသည်။စစ်တွေကို ဗဟိုပြုကာ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပုဏ္ဏားကျွန်းနှင့် ပေါက်တော မြို့နယ်တို့ဘက်တွင် စစ်တပ်က စစ်ရေးပိုလှုပ်ရှားလာသလို ကျောက်ဖြူမြို့နယ်အတွင်း AA ထိန်းချုပ်နေရာများကို ထိုးစစ်ဆင်နေသည်ဟု သိရသည်။စစ်သင်္ဘောများသည် စစ်တွေ- ကျောက်ဖြူတလျှောက် သွားလာနေကြပြီး ငါးဖမ်းစက်လှေများကို မကြာခဏဖမ်းဆီးမှုများရှိနေသည်။ရသေ့တောင်မြို့နယ် မေယုမြစ်ကမ်းရှိ ကျေးရွာတို့ကိုလည်း စစ်တပ်က လက်နက်ကြီးဖြင့် နေ့စဉ် ပစ်ခတ်နေသောကြောင့် အငူမော်၊ ကုန်တန်း၊ မကျည်းချောင်း စသည့် ကျေးရွာတို့မှ ဒေသခံများ ဘေးလွတ်ရာသို့ထွက်ပြေးနေရသည်။ပြီးခဲ့သည့်ရက်များက စစ်ရေးပြင်းထန်နေသည့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း စစ်တပ်က လေကြောင်း တိုက်ခိုက်မှုများMyanmar Nowစစ်တွေဝန်းကျင်တွင် စစ်တပ်က ပိုလှုပ်ရှားလာ၊ ငါးဖမ်းလှေ ၂ စီး ဖျက်ဆီးခံရ - Myanmar NowLatest news & insightful features on Myanmar
Myanmar Now
17 Sept, 09:04
ရန်ကုန်- မန္တလေးအမြန်လမ်း အုတ်တွင်းမြို့နယ် တိုက်ပွဲတွင် အရပ်သား သေဆုံးမှုများ ရှိနေ --------------------------- ပဲခူးတိုင်း အုတ်တွင်းမြို့နယ်ရှိ အမြန်လမ်းဘေး မိုင်တိုင် ၁၄၄ အနောက်ဘက် ရွှေလောင်းကျေးရွာ နှစ်ရက်ဆက် တိုက်ပွဲတွင် အသက်နှစ်နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အရပ်သား ထိခိုက်သေဆုံးမှုများရှိ သည်။စက်တင်ဘာလ ၁၅ ရက်နှင့် ၁၆ ရက် တိုက်ပွဲများအတွင်း ကလေးအပါအဝင် မိသားစုဝင် သုံးဦး၊ သက်ကြီးပိုင်းအမျိုးသားတစ်ဦး သေဆုံးသည်ဟုသာ ကနဦး သိရပြီး ယနေ့တွင် တိုက်ပွဲများ ငြိမ်နေကြောင်း သိရသည်။တိုက်ပွဲဖြစ်ခဲ့သည့် အုတ်တွင်းမြို့နယ် ရွှေလောင်းကျေးရွာသည် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၄၄ မိုင်၏ အနောက်ဘက် လေးမိုင်အကွာတွင် တည်ရှိပြီး တောင်ငူမြို့နယ်နှင့် ခပေါင်းချောင်းသာ ခြားသည်။PDF တော်လှန်ရေးတပ်ဖွဲ့များ အခြေချလှုပ်ရှားရာ နယ်မြေအတွင်း တည်ရှိသည့် ရွှေလောင်းကျေးရွာကို စစ်တပ်က နယ်မြေရှင်းလင်းရေး ဝင်ရောက်လာသဖြင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။--------------------------- အပြည့်အစုံဖတ်ရန် >Myanmar Nowရန်ကုန်- မန္တလေးအမြန်လမ်း အုတ်တွင်းမြို့နယ် တိုက်ပွဲတွင် အရပ်သား သေဆုံးမှုများ ရှိနေ - Myanmar NowLatest news & insightful features on Myanmar
Myanmar Now
17 Sept, 08:35
စစ်ကိုင်းတိုင်းတွင် တပ်သားသစ်အဓမ္မစုဆောင်းခံထားရသူ ၂၀ ထွက်ပြေး၊ ၁၂ ဦး ပကဖလက်ထဲရောက် --------------------------- ရေဦးမြို့ အမှတ် (၂) အထက်တန်းကျောင်းတွင် ချုပ်နှောင်ခံထားရသည့် အသက် ၂၀ မှ ၃၀ အကြားရှိ လူငယ်အယောက် ၂၀ သည် အစောင့်များမူးနေကြစဉ် ထွက်ပြေးခဲ့ကြခြင်းဖြစ်ပြီး ၁၂ ဦးမှာ ယခု မြို့နယ် ပကဖ စောင့်ရှောက်မှုအောက်တွင် ရောက်ရှိနေကြသည်။ယခုထွက်ပြေးလာသည့် လူငယ်များမှာ လွန်ခဲ့သည့် သုံး၊ လေးလဝန်းကျင်အတွင်း ရေဦးမြို့ပေါ်ရှိ လမ်းပေါ်၊ စားသောက်ဆိုင်များ၊ လူနေအိမ်များထဲအထိ ဝင်ရောက် ဖမ်းဆီးကာ အတင်းအဓမ္မ ခေါ်ဆောင်ချုပ်နှောင် ခံခဲ့ရသည့် လူငယ်များဖြစ်ကြသည်။၂၀၂၄ ခုနှစ် မေလအတွင်းကလည်း ရေဦး အမှတ် (၁) အထက်တန်းကျောင်းတွင် ချုပ်နှောင်ခံထားရသည့် လူငယ် ၁၉ ဦးလွတ်မြောက်ခဲ့ဖူးသည်။--------------------------- အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/81211/Myanmar Nowစစ်ကိုင်းတိုင်းတွင် တပ်သားသစ်အဓမ္မစုဆောင်းခံထားရသူ ၂၀ ထွက်ပြေး၊ ၁၂ ဦး ပကဖလက်ထဲရောက် - Myanmar NowLatest news & insightful features on Myanmar
Myanmar Now
17 Sept, 07:30
နိုင်ကျဉ်း ဦးဒိန်းဒေါင်ကို မြင်းခြံထောင်အစီအစဉ်ဖြင့်သာ မိသားစုက သင်္ဂြိုဟ်ရ --------------------------- မြင်းခြံထောင်တွင် ထောင် ၂၄ နှစ်ချခံထားရသည့် ၈၈ မျိုးဆက် နိုင်ငံရေးအကျဉ်းသားတစ်ဦး ဆေးကုသခွင့် လုံလောက်စွာမရ၍ ကွယ်လွန်ခဲ့ပြီးနောက် မိသားစုဝင်များက ရုပ်အလောင်း ထုတ်ယူခွင့် မရကြောင်း သိရသည်။၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်း၌ နှလုံးသွေးကြောကျဉ်းရောဂါ စတင်ဖြစ်ပွားခဲ့ပြီး နှစ်နှစ်နီးပါး ဝေဒနာ ခံစားခဲ့ရသော်လည်း ကျန်းမာရေးအတွက် လုံလောက်စွာ ဆေးကုသမှု မရရှိကြောင်း ၊ နောက်ဆုံး အခြေအနေတွင် ဆေးရုံပို့ နောက်ကျခဲ့ကြောင်း မိသားစုနှင့်နီးစပ်သူ၊ နိုင်ကျဉ်းအရေး ကူညီဆောင်ရွက် နေသူများက ဆိုကြသည်။ည ၁၀ နာရီ အမောဖောက်လာချိန် ၁၁ နာရီခွဲခန့်တွင်မှသာ မြင်းခြံဆေးရုံကြီးကို ရောက်ရှိခဲ့ပြီး ထိုအကွာ အဝေးသည် တစ်မိုင်ခန့်အကွာ ကားဖြင့်သွားပါက ငါးမိနစ်ခန့်အကွာအဝေးသာဖြစ်သည်။အသက် ၆၀ အရွယ် ဦးဒိန်းဒေါင်သည် မန္တလေး နိုင်ငံရေးအသိုင်းအဝိုင်း၌ လူသိများသူဖြစ်ကာ ၂၀၂၁ စစ်အာဏာသိမ်းမှုအပေါ် တက်ကြွစွာ ဆန္ဒပြခဲ့သူဖြစ်ပြီး ၎င်းသည် ၂၀၂၁Myanmar Nowနိုင်ကျဉ်း ဦးဒိန်းဒေါင်ကို မြင်းခြံထောင်အစီအစဉ်ဖြင့်သာ မိသားစုက သင်္ဂြိုဟ်ရ - Myanmar NowLatest news & insightful features on Myanmar
Followers write to the bot, you answer by reply, your account stays hidden. Created in one tap.
How it works →Related Channels
Other channels in the same section of the catalogue.
