Latest posts

Nay Zin Latt
23 Sept, 11:31edited
🌟Justinian I ရဲ့ အားကိုးရဆုံး နဲ့ Byzantine (Eastern Roman) Empire ရဲ့ အကျော်ကြားဆုံးစစ်သူကြီး BelisariusPart - 1#KnowledgeSharesNay Zin Latt
Nay Zin Latt
23 Sept, 08:28edited
.☯️( မွန်ဂို နဲ့ဂျင်ဂစ်ခန် )အငြိမ်းစားယူပြီး စီးပွားရေးလုပ်တော့ အနောက်နိုင်ငံတွေ ၊ စင်္ကာပူ၊ မလေးရှားနဲ့ ထိုင်းဖက် အသွားများတယ်၊တကြော့ပြန် တာဝန်ထမ်းဆောင်တုန်းကတော့ အနောက်နိုင်ငံတွေ၊ တရုတ်နဲ့ အင်ဒိုနီးရှား အသွားများရပြန်တယ်၊ စင်္ကပူနဲ့ ထိုင်းက Transit လောက်ပဲ၊ မြို့ထဲမရောက်ဖြစ်တော့ဘူး၊မွန်ဂိုလ် သွားရဖို့ဖန်လာတော့ သဘောကျမိတယ်၊ လုံးဝမရောက်ဖူးတဲ့နိုင်ငံလေ၊ လူပျိုပေါက်လောက်တုန်းက သမတရုပ်ရှင်ရုံမှာ တင်သွားတဲ့ " ဂျစ်ဂစ်ခန် " ရုပ်ရှင်က Inspiration ပေးသွားခဲ့တယ်၊တကယ်လဲရောက်ရော... ပလုတ်တုတ်နဲ့ ဖြစ်ကုန်ရော၊ မြက်ခင်းပြင်ကျယ်ကြီး တွေဆီခေါ်သွားတယ်၊ ရွက်ဖျင်တဲကြီးတွေကတော့ အိမ်တလုံးစာလောက်ကြီးတယ်၊ပြသနာက အစားအသောက်ပဲ၊ သူတို့ကတော့ မိရိုးဖလာ၊ ရိုးရာ၊ စားနေကျ၊ တမက်တမောပဲ၊ ဘမောင်တို့ကျတော့ စားမဝင်တော့ဘူး၊ဘာရယ်မဟုတ်ဘူး fb မှာ တက်လာတဲ့ ပုံတွေကြည့်ပြီး သတိရသွားလို့၊...........ဂျင်ဂစ်ခန်က အဖိုး၊ မွန်ဂို အင်ပါယာပြည့်ရှင်၊ သူ့မြေးက ကူဗလိုင်ခန်ထက်ထက်မှာ အင်ပါယာက အများကြီး ပိုကြီးသွားတယ်၊ဒါပေမဲ့ ရုံးတွေ၊ အမှတ်တရ ကျောက်ရုပ်တွေမှာ ဂျင်ဂစ်ခန် အကြောင်းတွေချည်းပဲ ။ဒါလဲ ထူးခြားချက်တခုBaMg ☯️.https://t.me/nayzinlatt2023
Nay Zin Latt
23 Sept, 07:02
.☯️စစ်တိုက်တယ်ဆိုတာ ပန်းနဲ့ပေါက်ကြတာ မဟုတ်သလို၊ သင်္ကြန်တွင်း ရေပက်ကြတာလဲမဟုတ်ဘူး၊4926 စစ်ဆင်ရေးဟာ သမိုင်းတခုကျန်စေမဲ့ စစ်ဆင်ရေးဖြစ်သလို အဖက်ဖက်က စဉ်းစားဖြည့်ဆည်းထားတဲ့ စစ်ဆင်ရေးလဲဖြစ်ပါတယ်၊ရခိုင်စစ်ဆင်ရေးဟာ ခိုင်ခံ့တဲ့ တံတိုင်းကြီးကို နာဒါဂီရိ ဆင်ပြောင်ကြီးနဲ့ ချွန်းဖွင့်တိုက်သလိုပါပဲ၊ သေရည်ဆယ်မောင်းတော့ တိုက်မထားဘူး၊ အကြွေးကို အတိုးတွေနဲ့တော့ တိုးထားတယ်၊ခံနှိုင်ရင် ခံလော့ ငရို့.... ချွန်းကုန်ဖွင့်တိုက်လေပြီ....( ကြားရတဲ့သတင်းတွေအရတော့ တဖက်က အတုန်းအရုံးပဲ )☯️.
Nay Zin Latt
23 Sept, 06:43edited
.☯️စမ်းကြည့်တဲ့အနေနဲ့ အပေါ်ကဟာလေးကို (13.9.26 ) မှာ တင်ပေးခဲ့တယ်၊ပထမ တခုနဲ့ ဒုတိယတခုတော့ ဒက်ထိမှန်သွားပြီ တတိယတခု စောင့်ကြည့်ရဦးမယ် ။.


Nay Zin Latt
23 Sept, 02:55edited
“အမေရိကန်အကြွေးပြဿနာရဲ့ အန္တရာယ်က အကြွေးပမာဏတစ်ခုတည်းမှာ မရှိဘူး။ အကြွေးတက်နှုန်း၊ အတိုးကုန်ကျစရိတ်၊ Dollar ယုံကြည်မှုနဲ့ Treasury market confidence တို့ တစ်ပြိုင်နက် ပျက်လာတဲ့အချိန်မှာ အန္တရာယ်က ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းအဖြစ် ပြောင်းသွားနိုင်ပါတယ်။ လက်ရှိအချက်အလက်အရ ချက်ချင်းပေါက်ကွဲမယ့်အခြေအနေထက် ရေရှည်တဖြည်းဖြည်း ပိုမိုအန္တရာယ်များလာတဲ့ trajectory လို့မြင်ရတာ ပိုသင့်တော်ပါတယ်။”( အကျဉ်းမျှသာ၊ အကျယ်ကိုတော့ ဆောင်းပါးအဖြစ်ရေးသွားပါ့မယ် )BaMg ☯️ ( 23.9.26 )( 2942 ).https://t.me/nayzinlatt2023
Nay Zin Latt
23 Sept, 02:55
.☯️အမေရိကန်အကြွေးနဲ့ ကမ္ဘာ့အန္တရာယ်အမေရိကန်ရဲ့ အကြွေးဟာ တဖြည်းဖြည်းတက်လာပြီး “ နှစ်ရှည် တဖြည်းဖြည်း စုပုံလာတဲ့ fiscal risk (ဘဏ္ဍာရေးအန္တရာယ်) " ဖြစ်လာနေပြီ၊ မနက်ဖန်၊ သဘက်ခါမှာ အကြွေးပူပေါင်းမပေါက်နိုင်သေးပေမဲ့၊ ဒီအတိုင်းသာဆက်သွားပြီး မထိမ်းသိမ်းနိုင်လို့ ပေါက်ကွဲထွက်လာမယ်ဆိုရင်တော့ ကမ္ဘာအနှံ့ အနုမြူဗုံးတွေကြဲချလိုက်သလိုဖြစ်သွားမှာတော့အမှန်ပါပဲ ။☘️အမေရိကန်အကြွေး ဘာကြောင့်တက်လာတာလဲအဓိကအကြောင်းရင်းက “အစိုးရအသုံးစရိတ် > အစိုးရဝင်ငွေ” ဖြစ်နေတာပါ။ ရတာထက်သုံးတာများနေတယ်လို့ ပြောရပါလိမ့်မယ် ။• Social Security, Medicare စတဲ့ မဖြစ်မနေအသုံးစရိတ်တွေ တိုးလာခြင်း • ကျန်းမာရေးစောင့်ရှောက်မှုကုန်ကျစရိတ် မြင့်လာခြင်း • ကာကွယ်ရေးနဲ့ အခြားအစိုးရအသုံးစရိတ်များ • အခွန်ဝင်ငွေနဲ့ အသုံးစရိတ်ကြား ကွာဟချက်ကြီးလာခြင်း • အရင်ချေးထားတဲ့အကြွေးအပေါ် အတိုးပေးရတာ ထပ်တိုးလာခြင်းCBO ရဲ့ 2026 ခန့်မှန်းချက်အရ 2026 ဘဏ္ဍာနှစ်မှာ deficit က $1.9 trillion ခန့်ရှိပြီး၊ public-held debt က GDP ရဲ့ 101% ခန့်ရှိပါတယ်။ 2036 မှာ debt/GDP 120% အထိရောက်နိုင်ပါတယ်။အထူးသဖြင့် အန္တရာယ်ရှိတာက “အကြွေးကြောင့် အတိုးတက် → အတိုးပေးဖို့ ထပ်ချေး → အကြွေးပိုတက် → အတိုးပိုတက်” ဆိုတဲ့ debt-interest spiral ဖြစ်လာနိုင်တာပါ။☘️အကြွေးဆက်တက်ရင် ဘယ်အချိန်မှာ “ပေါက်ကွဲ” နိုင်သလဲတိတိကျကျ “ဘယ်အချိန် မှာပေါက်ကွဲမယ်” ဆိုတဲ့ ခန့်မှန်းချက်မျိုးတော့မရှိသေးပါဘူး။အန္တရာယ်က debt/GDP နံပါတ်တစ်ခုကို ရောက်တာထက် Treasury bond (အမေရိကန်အစိုးရငွေချေးစာချုပ်) ကို ကမ္ဘာ့ရင်းနှီးမြှုပ်နှံသူတွေ ယုံကြည်မှုကျသွားတဲ့အချိန်မှာ ပိုမြန်မြန်ပေါ်လာနိုင်ပါတယ်။ ( အမေရိကန်အကြွေးကို ဘယ်လောက်ယုံကြည်နေသေးလဲပေါ်မှာ မူတည်နေတယ် )အထူးသဖြင့်—• Treasury yield ရုတ်တရက်မြင့်လာခြင်း • Dollar အပေါ်ယုံကြည်မှုကျခြင်း • အမေရိကန်အစိုးရအကြွေး refinance လုပ်ရတာ အလွန်စျေးကြီးလာခြင်း • Debt ceiling / government funding crisis တို့က financial market confidence ကို ထိခိုက်ခြင်း • Inflation နဲ့ interest rate တစ်ပြိုင်နက် မြင့်နေခြင်းတို့ပေါင်းလာရင် “fiscal crisis” ပုံစံနဲ့ ပေါက်ကွဲနိုင်ပါတယ်။CBO ကလည်း အကြွေးများလာတာနဲ့အမျှ fiscal crisis ဖြစ်နိုင်ခြေတိုးလာပြီး၊ investor confidence ကျရင် interest rates ရုတ်တရက်မြင့်တက်ကာ စီးပွားရေးနဲ့ financial markets ကို အကြီးအကျယ် ထိခိုက်နိုင်တယ်လို့ သတိပေးထားပါတယ်။ ( အန္တရာယ်ဇုံထဲရောက်လာပြီလို့တော့ ပြောနိုင်တဲ့အခြေအနေပါ )
Nay Zin Latt
23 Sept, 01:38
.☯️( သူတို့တွေ့ကြရင်..... )“တရုတ်သမ္မတ ရှီကျင့်ဖျင်က ၁၉၈၂ ခုနှစ် သဘောတူညီချက်အရ ထိုင်ဝမ်ကို အမေရိကန်က လက်နက်ရောင်းချမှု ရပ်တန့်ဖို့ ထရမ့်ကို ဖိအားပေးမယ်လို့ မျှော်လင့်ရ”ထိုင်ဝမ်ကိစ္စဟာ တရုတ်နိုင်ငံအတွက် အလွန်အကဲဆတ်ပြီး အရေးကြီးဆုံး သံတမန်ရေးရာကိစ္စတွေထဲက တစ်ခုဖြစ်ပါတယ်။တရုတ်ဘက်က ထိုင်ဝမ်ကို သူတို့ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ထားပြီး၊ ထိုင်ဝမ်ကို အမေရိကန်က လက်နက်ရောင်းချနေတာကို ရပ်တန့်ဖို့ အကြိမ်ကြိမ် တောင်းဆိုထားပါတယ်။ဒါကြောင့် ရှီကျင့်ဖျင်နဲ့ ထရမ့်တို့ ဆွေးနွေးတဲ့အခါ ၁၉၈၂ ခုနှစ် အမေရိကန်–တရုတ် ပူးတွဲကြေညာချက်မှာ ပါဝင်တဲ့ ထိုင်ဝမ်လက်နက်ရောင်းချရေးဆိုင်ရာ မူဝါဒတွေကို အခြေခံပြီး အမေရိကန်ရဲ့ လက်နက်ရောင်းချမှုကို ကန့်သတ်ဖို့ တရုတ်ဘက်က တောင်းဆိုလာနိုင်တယ် ဆိုတဲ့ အဓိပ္ပာယ်ပါ။BaMg ☯️.
Nay Zin Latt
23 Sept, 01:34
.☯️( ဒေါသ ချည်းပါပဲလား )“အီရန်နဲ့ သဘောတူညီချက်မရရင် အီရန်ကို အပြီးတိုင် ဖျက်ဆီးပစ်နိုင်တယ်လို့ ထရမ့် ခြိမ်းခြောက်”အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အင်္ဂါနေ့မှာ ပြောလိုက်ရာမှာ—“စစ်ပွဲကို အဆုံးသတ်ဖို့ သဘောတူညီချက်တစ်ခု မရဘူးဆိုရင် အီရန်ကို အပြီးတိုင် ဖျက်ဆီးပစ်နိုင်တယ်” လို့ သတိပေးပြောဆိုခဲ့ပါတယ်။ဒါပေမယ့် တစ်ဖက်မှာလည်း ကုလသမဂ္ဂမှာ သံတမန်ရေးအရ ဆွေးနွေးညှိနှိုင်းမှုတွေ ပြင်းပြင်းထန်ထန် လုပ်ဆောင်နေတဲ့အချိန်မှာ သဘောတူညီချက်တစ်ခု မကြာခင် ရရှိလာနိုင်တယ် လို့လည်း အရိပ်အမြွက် ပြောဆိုခဲ့ပါတယ်။( အီရန်စစ်ဟာ အနည်းဆုံးတော့ လာမဲ့ ကြားဖြတ်ရွေးကောင်ပွဲမှာ ထရမ့်ကို အရေးနိမ့်စေပြီးတဲ့အထိ ကြာလိမ့်မယ်လို့ခန့်မှန်းရပါတယ် )BaMg ☯️.
Nay Zin Latt
22 Sept, 11:31
I Will Always Love You 🎵 (Cover Song)🤠အချိန်တွေဘယ်လောက်ကြာ နားထောင်လို့ကောင်းနေမယ့် သီချင်းလေးတစ်ပုဒ်ပေါ့🎶🎶🎶Crd
Nay Zin Latt
22 Sept, 11:06



Nay Zin Latt
22 Sept, 11:05
.☯️AI ကိုသွားကလိလိုက်တယ်၊နက္ခတ်နဲ့ရော လက္ခဏာနဲ့ရောပေါ့အတော်အသင့်ထက်ပိုပြီးချမ်းသာတဲ့သူလို့ AI ကဖြေတယ်၊US$ နဲ့ဘယ်လောက်ချမ်းသာနိုင်တဲ့လက်မျိုးလဲလို့မေးတော့...AI က $ 5-10 mil လောက်ချမ်းသာမဲ့သူလို့ဖြေတယ်၊Elon Musk ရဲ့လက်ပါလို့ ပြောတော့AI က " အမှားပြင်" ပါတယ်... လို့ပြန်ဖြေတယ်၊AI ကိုလဲ 100% မယုံကြနဲ့ဦး ကွဲသွားရင် ဟက်တက်ကြီးကွဲမှာ
Nay Zin Latt
22 Sept, 10:08



Nay Zin Latt
22 Sept, 10:08
.☯️( အားလုံးထက် ပိုမိုက်သူ )ကြီးနိုင် ငယ်ညှင်းခေတ်ကြီးမှာ အားလုံးထက်ပိုမိုက်သူကိုကျတော့လဲ ကြောက်ကြသား၊“ရန်သူတွေအတွက်ဆေးမရှိတဲ့ ခေါင်းကိုက်စရာ” — မြောက်ကိုရီးယားက လက်နက်စနစ်သစ် စမ်းသပ်မြောက်ကိုရီးယားက လက်နက်စနစ်သစ်တစ်မျိုးကို စမ်းသပ်လိုက်တယ်လို့ မြောက်ကိုရီးယားအစိုးရပိုင် မီဒီယာက ထုတ်ပြန်ထားပါတယ်။တောင်ကိုရီးယားဘက်ကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ မြောက်ကိုရီးယားက ပင်လယ်ဘက်ကို တာတိုပစ် Ballistic Missile ၂ စင်း ပစ်လွှတ်ခဲ့တယ်လို့ ပြောပါတယ်။မြောက်ကိုရီးယားရဲ့ ထုတ်ပြန်ချက်မှာတော့ ဒီလက်နက်စနစ်က ဘာတွေထူးခြားသလဲဆိုတာကို အသေးစိတ် မပြောထားပါဘူး။ ဒါပေမယ့် ဒီစမ်းသပ်မှုဟာ နိုင်ငံရဲ့ စစ်ရေးအတွက် “အလွန်အရေးကြီးတဲ့ အဓိပ္ပာယ်ရှိတယ်” လို့ ဆိုပါတယ်။ထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေထဲမှာ လမ်းပေါ်ကနေ ရွှေ့ပြောင်းပစ်ခတ်နိုင်တဲ့ ဒုံးကျည်စနစ် တစ်ခုကို တွေ့ရပြီး၊ ဒုံးကျည်ထိပ်ပိုင်းမှာ Hypersonic Glide Vehicle — အသံထက် ၅ ဆကျော်မြန်တဲ့ အမြန်နှုန်းနဲ့ ပျံသန်းနိုင်ပြီး လမ်းကြောင်းကို ပြောင်းလဲနိုင်တဲ့
Nay Zin Latt
22 Sept, 06:42
.☯️မူလအားမကောင်းလဂ်အားမကောင်းပဲကောဇာ၊ ဒသာ လေအပင့်မှာ လေဟုန်စီးတဲ့ သူတွေ....Sept 2026 နဲ့ Jan 2027 ကြားကာလ မုန်တိုင်းကို ခံနှိုင်ဖွယ်ရာ မမြင်လှဘူး ။☯️.
Nay Zin Latt
22 Sept, 05:57



Nay Zin Latt
22 Sept, 05:57edited
.☯️Equinox☘️September Equinox ရဲ့ အဓိကအဓိပ္ပါယ်2026 September Equinox က စက်တင်ဘာ 23 ရက် UTC 00:05 ဖြစ်ပြီး မြန်မာစံတော်ချိန်နဲ့ဆို စက်တင်ဘာ 23 မနက် 6:35 ခန့် ဖြစ်ပါတယ်။ အဲဒီအချိန်မှာ နေက ကောင်းကင်အီကွေတာကို မြောက်ဘက်ကနေ တောင်ဘက်ကို ဖြတ်သန်းပါတယ်။Tropical astrology အရ ဒီအချိန်ဟာSun → 0° Libraဝင်တဲ့အချိန်ဖြစ်လို့ Libra Ingress လို့ ခေါ်နိုင်ပါတယ်။☘️ “Balance Point” ဖြစ်လာခြင်းLibra ရဲ့ အဓိက symbolism က
Nay Zin Latt
22 Sept, 01:18



Nay Zin Latt
22 Sept, 01:18edited
.☯️“Greenland နဲ့ပတ်သက်တဲ့ သဘောတူညီချက်အရ အာတိတ်ဒေသ လုံခြုံရေးမှာ NATO လည်း တာဝန်ယူရမယ်လို့ ဒိန်းမတ်က ပြော”ဒိန်းမတ်၊ Greenland နဲ့ အမေရိကန်တို့ဟာ Greenland ရဲ့ လုံခြုံရေးနဲ့ အာတိတ်ဒေသ (Arctic) လုံခြုံရေးဆိုင်ရာ သဘောတူညီချက်တစ်ခု ကို အမေရိကန်နဲ့ ဒိန်းမတ်တို့အကြား ဆွေးနွေးပြီး အင်္ဂါနေ့မှာ New York က UN General Assembly အစည်းအဝေးအတွင်း လက်မှတ်ရေးထိုးဖို့ စီစဉ်ထားတာပါ။• သဘောတူညီချက်ကို New York ရှိ UN General Assembly မှာ အင်္ဂါနေ့ လက်မှတ်ရေးထိုးမယ်။• ဒိန်းမတ်ဝန်ကြီးချုပ်ဟောင်း Lars Løkke Rasmussen ရဲ့ ပြောကြားချက်အရ Arctic ဒေသရဲ့ လုံခြုံရေးကို NATO က အဓိကတာဝန်ယူပေးရမယ့် အခြေအနေ ဖြစ်လာနိုင်တယ်။BaMg ☯️.https://t.me/nayzinlatt2023
Nay Zin Latt
22 Sept, 00:59



Nay Zin Latt
22 Sept, 00:59edited
.☯️( သမိုင်းတခုပဲ )“Paramount က Warner Bros. ကို ဝယ်ယူဖို့ အပြီးသတ်အတည်ပြုချက်ရရှိသွား— ပြည်နယ်တချို့နဲ့ အလုပ်သမားသမဂ္ဂတွေက တရားစွဲထားတဲ့ အမှုတွေကိုလည်း ဖြေရှင်းပြီး ”Paramount Skydance က Warner Bros. ကို ဝယ်ယူမယ့် ဒေါ်လာ ၁၁၀ ဘီလီယံတန် သဘောတူညီချက် အတွက် နောက်ဆုံးအတားအဆီးတွေကို ဖြတ်ကျော်နိုင်ခဲ့ပါတယ်။• Paramount က ဒီဒေါ်လာ ၁၁၀ ဘီလီယံတန် သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ နောက်ဆုံးအဆင့်တွေကို ဖြတ်ကျော်နိုင်ခဲ့တယ်။• Paramount ဘက်က အမေရိကန်နိုင်ငံအတွင်း ရုပ်ရှင်ရုံတွေမှာ ရုပ်ရှင်တွေ ဖြန့်ချိပြသမယ့် အချိုးအစား/တာဝန်ဝတ္တရားတွေကို ၅ နှစ်ကြာ ထိန်းသိမ်းမယ် လို့ ကတိပြုထားပါတယ်။• သဘောတူညီချက်ထဲမှာ CBS နဲ့ CNN တို့ရဲ့ အယ်ဒီတာပိုင်းဆိုင်ရာ ကြီးကြပ်မှု (editorial oversight) နဲ့ပတ်သက်တဲ့ အချက်တွေလည်း ပါဝင်ပါတယ်။“Paramount က Warner Bros. ကို ဝယ်ယူဖို့ အဓိကဥပဒေရေးရာ အတားအဆီးတွေကို ဖြေရှင်းပြီး အောင်မြင်သွားပြီ။ ဒါကြောင့် Hollywood ရဲ့ အကြီးမားဆုံး မီဒီယာကုမ္ပဏီတွေထဲက နှစ်ခု
Related Channels
Other channels in the same section of the catalogue.
