gram news
နရီမိုး channel avatar

နရီမိုး

@nyemoee

ProjectsENLanguages

35,700subscribers

Open the Channel

Latest posts

  • နရီမိုး

    24 Sept, 00:15

    “လှူပါ”လို့ ပြောလိုက်တာနဲ့ ဘုန်းကြီးကျောင်းပဲ ပြေးမမြင် နဲ့မင်္ဂလသုတ်မှာ လာတာက ”သုံးတန်စေတနာ ဖြူစင်လန်းလို့ ပေးကမ်း ဝေမျှ လှူနိုင်စေ”တဲ့ကိုယ့်အောက် နိမ့်ကျတဲ့သူတွေကို ပေးကမ်းရမယ်၊ကိုယ့်နဲ့တန်းတူ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတွေကို ဝေမျှရမယ်၊ကိုယ့်ထက် သီလ၊ သမာဓိ၊ ပညာ သာလွန်တဲ့ ရတနာသုံးပါး၊ ကျေးဇူးကြီးမားတဲ့ မိဘ ဆရာသမား ကျေးဇူးရှိသူတွေကို လှူဒါန်းရပါမယ်။လူတော်တော်များများက ဘုန်းကြီးကိုလှူမှ အလှူထင်ကြတယ်။ ဘုရားတည်၊ ကျောင်းဆောက်တာကိုပဲ အလှူ ထင်ကြတယ်။ဘုရားတည်၊ ကျောင်းဆောက်တာကို လှူတာလည်း ဒါနဖြစ်သလို စာသင်ကျောင်းကို လှူရင်လည်း ဒါန ဖြစ်ပါတယ်။နယ်ဘက် ရွာဘက်တွေ ကြည့်လိုက်ရင်ဘုန်းကြီးကျောင်းတွေက နတ်ဘုံ နတ်နန်းတမျှ ကြီးမားပြီး သံဃာက မရှိဘူး။နယ်ဘက် ရွာဘက်တွေက စာသင်ကျောင်းတွေ ကြည့်လိုက်ရင် အမိုးမလုံ၊ မျက်နှာကျက်မရှိ၊ ပန်ကာမရှိ၊ လျှပ်စစ်မီးမရှိ၊ ရေမရှိနဲ့ အနာဂတ်ရဲ့ ကလေးငယ် ကျောင်းသူ ကျောင်းသားတွေ ဒုက္ခရောက်ကြပါတယ်။ဒါကြောင့် လှူချင်သပဆို ဘုရားကျောင်းကန်တွေလည်း လှူပါ။ လူငယ်တွေအတွက် တိုင်းပြည် အနာဂတ်အတွက် အရေးကြီးတဲ့ စာသင်ကျောင်းတွေကောင်းအောင်လည်း လှူပေးပါ။ကိုယ့်ရပ်ရွာ ဖွံ့ဖြိုးတိုးတက်အောင်လည်း စောင့်ရှောက် လှူဒါန်းပါ။စားနိုင် သောက်နိုင်တဲ့သူတွေကိုလည်း လှူသလို မစားနိုင် မသောက်နိုင်တဲ့သူတွေကိုလည်း လှူပေးပါ။နောက်တစ်ခု ရှိတာက လုပ်ငန်းရှင်တွေ တော်တော်များများက ဘုရားဒကာ၊ ကျောင်းဒကာခံယူချင်တော့ ဘုရားတွေ ကျောင်းတွေမှာ ပုံအောပြီးလှူကြတယ်။ကိုယ့် အလုပ်သမားတွေကျတော့ လုပ်ခလစာ တန်အောင် မပေး မတရား စေခိုင်းကြတယ်။ဒါမျိုးတွေ မဖြစ်ပါစေနဲ့ ။လှူသင့်လှူထိုက်တာလည်း လှူပါ၊ အလုပ်သမားတွေ ရသင့်ရထိုက်တဲ့ လုပ်အားခနဲ့ အခွင့်အရေးလည်း မျှတအောင် ပေးကမ်းပါ။ကိုယ့်အောက်နိမ့်ကျတဲ့သူတွေကို ပေးကမ်းချီးမြှင့်ပါ။ဒါဟာ စာဂဖြစ်သလို မေတ္တာ၊ ကရုဏာတရားကို လက်တွေ့ကျင့်သုံးခြင်းဖြစ်လို့ တရားအားထုတ်ခြင်းလည်း ဖြစ်ပါတယ်။အဆင်ပြေရင် ပြေသလို ကိုယ့်သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်း၊ ဆွေမျိုးတွေကိုလည်း ဝေမျှပေးပါ။ဆွေမျိုးတွေကို ချီးမြှောက်စောင့်ရှောက် ထောက်ပံ့တာကလည်း မင်္ဂလာတရားတော်နဲ့အညီ တရားအားထုတ်နေတယ်လို့ မှတ်ပါ။သက်ရှိဘုရား မိဘ နှစ်ပါးကိုလည်း စောင့်ရှောက်လှူဒါန်းရမှာ ဖြစ်ပါတယ်။မိဘနှစ်ပါးကို လှူဒါန်းတာဟာ သက်ရှိဘုရားကို လှူဒါန်းတာနဲ့ တူပါတယ်။မိဘနှစ်ပါးကို လိုအပ်တာတွေကို စောင့်ရှောက်လှူဒါန်းနေတာကလည်း မင်္ဂလသုတ္တန်နည်းအရ တရားအားထုတ်နေတာပါပဲ။တစ်ဖက်မှာတော့ ဘုရားဒကာ၊ ကျောင်းဒကာအမည်ခံ သူဌေးကြီးလုပ်ပြီး မိဘနှစ်ပါးကို ပစ်ထားမယ်ဆိုရင် သဘာဝ မကျပါဘူး။ဘုရားကျောင်းကန်တွေမှာ လှူသင့်တာလည်း လှူပါ။ လူ့ကျင့်ဝတ်တွေကိုလည်း တတ်နိုင်သမျှ ကျေပွန်အောင် ကြိုးစားပါ။ဒါကြောင့် ကိုယ့်အောက်နိမ့်ကျ ကိုယ့်လောက်မှ မချမ်းသာတဲ့သူတွေကို ပေးကမ်းပါ။ ကိုယ့်မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်း ဆွေမျိုးတွေကို ဝေမျှပါ။ကိုယ့်ထက် မြင့်မြတ်တဲ့ ရတနာသုံးပါး၊ မိဘ၊ ဆရာသမား၊ ကျေးဇူးရှင်တွေကိုလည်း လှူဒါန်းပါ။ ဒါတွေအားလုံးဟာ ဒါနတွေချည်းပါပဲ။လှူတဲ့နေရာမှာလည်း (၁) ကံနဲ့ ကံရဲ့အကျိုးကို ယုံကြည်စွာ လှူပါ။ (၂) အယုတ် အလတ် အမြတ်မရွေး ရိုရိုသေသေ လေးလေးစားစားနဲ့ လှူပါ။ (၃) အချိန်ကာလအလိုက် လိုအပ်တာကို လှူပေးပါ။ (၄) အစစအရာရာအဆင်ပြေပါစေဆိုတဲ့ စိတ်လေးထားပြီး ချီးမြှောက်လိုစိတ်နဲ့ လှူပါ။ (၅) သန့်ရှင်းစင်ကြယ်တဲ့ လှူဖွယ်ပစ္စည်းနဲ့
    691648311Open in Telegram
  • နရီမိုး

    23 Sept, 23:15

    🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
    Image from a post by နရီမိုးImage from a post by နရီမိုး
    9601247Open in Telegram
  • နရီမိုး

    23 Sept, 07:19

    ဒဲ့ ပဲ။(နရီမိုး)
    Image from a post by နရီမိုးImage from a post by နရီမိုး
    6,5102316718622Open in Telegram
  • နရီမိုး

    23 Sept, 06:26

    တစ်နှစ်ကို ရိက္ခာဖိုး ဒေါ်လာ ၁၈ သန်း သုံးစွဲကုန်ကျရတယ်လို့ ဇော်ဝေစိုးက ထွက်‌ ပြောလာတယ်။ ကာကွယ်ရေးဝန်ကြီးက မပြောဘဲ ကျန်းမာရေး ဝန်ကြီးက ယူနီဖောင်းကြီး ဝတ်ပြပြီး ထွက်ပြောတာဆိုတော့ ....ဘာသဘောလဲပေါ့လဲ။ ဖြစ်နိုင်တဲ့ သဘောကတော့ အလှူငွေ ထည့်ကြပါပေါ့။ မြင်သာအောင်လည်း ဖက်ရွက်ပေါ် ထမင်းစားပြတယ်။ ဒါမှ...... ဝန်ကြီးတောင် ဖက်ပေါ်စားတယ်ဆိုပြီး သနား ထည့်ကြမှာကိုး။ နည်းနည်းတော့ ဇာတ်နာပြရတာပေါ့။ခက်တာက ....ကိုယ်တွေ နောက်ဆုံး ရှေ့တန်းထွက်ခဲ့ချိန်မှာတောင် ဘယ်လောက် တောထဲ ရောက်နေနေ ....ဖက်ရွက်နဲ့ မစားတော့ဘူး။ ဖက်အစား ကြွတ်ကြွတ်အိတ်လေးနဲ့ စားကြရတယ်။ ဆေးစရာမလို၊ သယ်ရတာ လွယ်၊ စားပြီး ပြစ်ခဲ့ရုံပဲကိုး။ ဒါတောင်....တပည့်တွေ စေတနာကောင်းရင် စတီးချိုင့်နဲ့ ဇွန်းနဲ့ စားရသေးတယ်။ ကြည့်ရတာ MoD က မောင်တွေ ဝန်ကြီးအပေါ် စေတနာ ရှိပုံ မရဘူး။(နရီမိုး)
    Image from a post by နရီမိုးImage from a post by နရီမိုး
    6,25028843241343Open in Telegram
  • နရီမိုး

    23 Sept, 05:59

    မနေ့က ကျင်းပတဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော်ရဲ့ တတိယနေ့ အစည်းအဝေးမှာ ဘိုကလေး မဲဆန္ဒနယ်အမတ်က ဖျာပုံခရိုင်မှာ ဓာတ်မြေဩဇာ စက်ရုံ ဆောက်ပေးနိုင်မလား ဆိုပြီး မေးတယ်။ ဒါနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနက“အရည်အသွေးပြည့်မီတဲ့ သဘာဝဓာတ်ငွေ့ရရှိနိုင်မှုနဲ့ ပိုက်လိုင်းချိတ်ဆက်နိုင်မှုအခြေအနေကြောင့် လတ်တလော မဆောင်ရွက်နိုင်သေးဘူး” လို့ ဖြေကြားထားတယ်။ ------တကယ်လည်း ဓာတ်မြေဩဇာ စက်ရုံ တစ်ရုံ ဖြစ်ဖို့ ဆိုတာ မလွယ်ကူဘူး။ Natural Gas ရှိရမယ်။ Gas quality မှန်ရမယ်။ ဝန်ကြီးပြောတဲ့ Pipeline ရှိရမယ်။ လျှပ်စစ်ရှိရမယ်။ စက်ရုံလည်ပတ်နိုင်တဲ့ Operating Cost ရှိရမယ်။ ထုတ်လုပ်ပြီးတဲ့ဓာတ်မြေဩဇာကို ဈေးကွက်ထဲ ပို့နိုင်ရမယ်။ ပြည်ပက တင်သွင်းတဲ့ မြေဩဇာလိုလည်း Quality ကောင်းရမယ်။ ဒါတွေ မရှိဘဲနဲ့ တည်ဆောက်လို့ မရဘူးပေါ့။------ ဒါပေမယ့် ဒီဖြစ်ရပ်ရဲ့ နောက်ကွယ်မှာ ပိုအရေးတကြီး ဂရုစိုက် အဖြေရှာသင့်တဲ့ အကြောင်းအရာ တစ်ခု ရှိနေတယ်။ ဘာလဲဆိုတော့ မြန်မာတနိုင်ငံလုံး ဓာတ်မြေဩဇာ လိုအပ်ချက်ရဲ့ ၃ ရာခိုင်နှုန်းကိုပဲ ပြည်တွင်းက ထုတ်နိုင်သေးတယ် ဆိုတဲ့ ကိန်းဂဏန်းပဲ။ ဒီ ၃ ရာခိုင်နှုန်းရဖို့အတွက် အဓိက စက်ရုံ ၂ ရုံကနေပဲ ရနေတာ တွေ့ရတယ်။ မြန်မာနိုင်ငံလို ကျေးလက်အခြေပြု စိုက်ပျိုးရေးနိုင်ငံအတွက် ဓာတ်မြေဩဇာက ပြည်တွင်းမှာ ၃ ရာခိုင်နှုန်းပဲ ထုတ်နိုင်တယ် ဆိုတဲ့ ကိန်းဂဏန်းက အတော်လေးတော့ အံ့ဩစရာဖြစ်နေတယ်။----- ဒါနဲ့....... ပြည်ပကနေ ဓာတ်မြေဩဇာ ဘယ်လောက် တင်သွင်းနေသလဲ ဆိုတာ ဆက်စပ်လေ့လာမိတယ်။ စာရင်း ဇယားအရ ဆိုရင်....၂၀၁၅-၁၆ ကတည်းက တစ်နှစ်ကို ၁.၁၅ သန်းတန်ကျော် တင်သွင်းခဲ့ရတယ်။ ၂၀၁၆-၁၇ မှာ ၁.၄၆ သန်းတန်၊ ၂၀၁၇-၁၈ မှာ ၁.၅၂ သန်းတန်၊ ၂၀၁၈-၁၉ မှာ ၁.၇၇သန်းတန်၊ ၂၀၁၉-၂၀၂၀ မှာ ၁.၂ သန်းတန်၊ ၂၀၂၂-၂၀၂၃ မှာ ၂.၂ သန်းတန်၊ ၂၀၂၃-၂၀၂၄ မှာ ၁ သန်းတန်၊ ၂၀၂၄-၂၀၂၅ မှာ ၁.၆ သန်းတန် တင်သွင်းဖို့ ရည်မှန်းထားတာ တွေ့ရတယ်။ အများဆုံးကတော့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်မှာပဲ။----- မြန်မာနိုင်ငံလို စိုက်ပျိုး‌ရေးနိုင်ငံက ဓာတ်မြေဩဇာကို နိုင်ငံခြားက ဝယ်ရမယ်။နိုင်ငံခြားငွေ သုံးရမယ်။နိုင်ငံခြားဈေးနှုန်းကို ကြည့်ရမယ်။သယ်ယူပို့ဆောင်ရေးစရိတ် ထည့်တွက်ရမယ်။Exchange Rate ပြောင်းရင် ပြည်တွင်းဈေး ပြောင်းမယ်။နိုင်ငံတကာ Supply Chain ပြတ်ရင် ပြည်တွင်းမှာ ဈေးတက်မယ်။ ဒါတောင် ခု လက်ရှိအစိုးရက အခွန် Zero line ချပြီး တင်သွင်းခွင့်ပြုနေတာ တွေ့ရတယ်။ သဘောက စက်သုံးဆီလိုပဲ။ အစိုးရက အခွန်လုံးဝမယူဘဲ တင်သွင်းခွင့်ပြုထားတာ။ ဒါပေမယ့် နှစ်စဉ် ၁.၅ သန်းအထက် သုံးနေရတဲ့ အနေအထား၊ ပြည်တွင်းမှာ ၃ သိန်းလောက်ပဲ ထုတ်နိုင်တဲ့အနေအထားကတော့ ရေရှည်အတွက် ဘာလုပ်ကြမလဲဆိုတာ ပြန်စဉ်းစားသင့်ပြီလို့ပဲ ဆိုရမှာပဲ။ ------ ဓာတ်မြေဩဇာဟာ စိုက်ပျိုးရေးကဏ္ဍရဲ့ Input တစ်ခုဆိုတာထက် Food Security ရဲ့ အခြေခံ Infrastructure တစ်ခုလို့တောင် ပြောလို့ရနိုင်တဲ့ အနေအထားတစ်ခုအောက်မှာ ဓာတ်မြေဩဇာကို နှစ်စဉ် သန်းနဲ့ချီပြီး တင်သွင်းနေရတာ နှစ်ပေါင်းများစွာကြာနေတာကို ဘယ်လိုလုပ်ကြမလဲ ဆိုတဲ့ စိန်ခေါ်မှုတစ်ခုကတော့ မဖြစ်မနေ ရင်ဆိုင်ကြဖို့ လိုလာပြီလို့ပဲ တွေးရမှာပါ။ သေချာတာကတော့ စက်သုံးဆီအတွက် သန်လျင်ရေနံချက်စက်ရုံတွေ ပြန်လည်ပတ်နိုင်‌အောင်လုပ်ခဲ့ကြရသလို သဘောဝဓာတ်မြေဩဇာ စက်ရုံတွေ လည်ပတ်နိုင်ဖို့ Investment တွေ လိုနေပြီလား။ မြန်မာနိုင်ငံမှာ ဓာတ်မြေဩဇာထုတ်လုပ်ရေးကို ဘယ်လို National Industrial Strategy နဲ့ တည်ဆောက်မလဲဆိုတဲ့ မေးခွန်းတွေ ရှိလာနေပြီလို့ပဲ ယူဆမိတယ်။(နရီမိုး)
    6,21028667422Open in Telegram
  • နရီမိုး

    23 Sept, 04:55

    လူတွေမှာ အမြဲတမ်းလိုလို ကောင်းတဲ့စိတ်နဲ့ မကောင်းတဲ့ စိတ် ဆိုပြီး အမြဲဒွန့်တွဲနေတဲ့ စိတ်မျိုးရှိတယ်။သာမန်ချိန်ဆို မသိသာပေမယ့် အများနဲ့ လုပ်ရတဲ့ကိစ္စတွေ၊ ကိုယ်ကျိုးစွန့်ရတဲ့ နေရာတွေမှာ ဒီစိတ်တွေက အမြဲစကားပြောတယ်။နောက်...လူတစ်မျိုးရှိတယ်။ အနီးမှာ ဆိုရင်တော့ ဟုတ်ကဲ့၊ ဟုတ်ကဲ့ပဲ။ အဝေးရောက်မှ သောက်တင်း တုပ်တတ်တဲ့သူမျိုး။ အဲ့လိုလူမျိုးက ယောကျာ်းဖြစ်နေရင် ပိုဆိုးတယ်။ အဖွဲ့အစည်းမှာဆိုရင်တော့ အဲ့လိုလူမျိုး ဘယ်လောက်တော်နေနေ ဘယ်သူကမှ မသုံးတော့ဘူး။ အပေါင်းအသင်းဆိုလည်း မသိမသာ ရှောင်သွားကြလိမ့်မယ်။ မသိတာ၊ မတတ်တာက သင်လို့ရတယ်။ မကင်းရာ၊ မကင်းကြောင်း ဖြစ်နေချိန်မှာ ရို့ကျိုးသလို နေပြပြီး ကွယ်ရာကြမှ လက်တီးပုန်းထိုးတတ်ရင်...အဲလိုစိတ်ဓာတ်ပိုင်ရှင်တွေရဲ့ စိတ်က ကြောက်ရတတ်တယ်။အပေါ်က စကားပြန်ဆက်ရရင်...ကောင်းတဲ့စိတ်နဲ့ မကောင်းတဲ့စိတ်ဆိုတဲ့နေရာမှာ...ကိုယ်က ဘယ်ရှုထောင့်က တွေးသလဲ ဆိုတာ အရေးပါတယ်။ လူတိုင်းမှာ အကောင်းမြင်စိတ်ဓာတ်နည်းတတ်တယ်။ ခုလို မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ဆို ပိုဆိုးပေါ့။ ဖြတ်သန်းကြရတဲ့ အခြေအနေကခက်ခက်ခဲခဲကို ဖြတ်သန်းနေကြရတာကိုး။ ကိစ္စတစ်ခုကို မှတ်ချက်ပေးဖို့လည်း သိပ်လွယ်သလို မှတ်ချက်ထဲမှာ Negative View ပါဖို့လည်း သိပ်လွယ်တယ်လို့ ပြောလို့ရနိုင်တာပေါ့။ ခေတ်ကိုက ၁၈ -၁၉ အရွယ်နဲ့တင် ကောင်မလေး ကိစ္စ အကြောင်းပြုပြီး ရန်ဖြစ်တတ်၊ သေအောင် သတ်ဖို့အထိ မိုက်ရူးရဲ ဆန်တတ်နေကြပြီကိုး။ဆရာတော် တစ်ပါးက ဆုံးမဖူးတာလေး သတိရတယ်။ အရာရာကို မစွမ်းနိုင်ရင်တောင် တစ်ချို့အရာတွေကို Positive View နဲ့ကြည့်နိုင်အောင် ကြိုးစားကြည့်ပါတဲ့။ အနည်းဆုံးတော့ စိတ်အေးချမ်းတာပေါ့တဲ့။ နိုင်ငံရေးမှာတော့ ကာလာပါတဲ့ သူတွေအတွက် သမာသမတ်ကြဖို့ ဆိုတာ ခက်ပါတယ်။ အငုံစိတ်ရှိရင်တော့ ပိုဆိုးတာပေါ့။ ဒီတိုင်းပြည်ကို တိုးတက်စေချင်လို့ ပြောတာလား၊ အောက်ဆွဲ အပုတ်ချတာလားဆိုတာက ဘေးက ကြည့်တဲ့သူတွေက ပိုပြီး မြင်ပါတယ်။(နရီမိုး)
    Image from a post by နရီမိုးImage from a post by နရီမိုး
    5,3902805822Open in Telegram
  • နရီမိုး

    23 Sept, 02:59

    UN စင်မြင့်ထက်မှာ လက်ရှိအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပြောခဲ့တဲ့ မိန့်ခွန်းတွေထဲ အချက် ၂ ချက်က စိတ်ဝင်စားစရာကောင်းတယ်။ လက်ရှိသမ္မတလို့ ပြောရတာက အမေရိကန်အစိုးရရဲ့မူက သမ္မတပြောင်းရင် လိုက်ပြောင်းတတ်လွန်းလို့ပါ။ မဟုတ်ရင်လည်း နိုင်ငံကကို Double standard ကျင့်သုံးတတ်လို့ပါ။ပထမအချက်ကအချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုကို ခိုးဝင်လာတဲ့သူတွေအပေါ် လူ့အခွင့်အရေး ခေါင်းစဉ်နဲ့ အခွင့်ထူးခံတွေ ပေးလို့ မရဘူးတဲ့။ တကယ်လည်း သူ့သက်တမ်းလက်ထက်မှာ ခိုးဝင်ကိစ္စနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ကိုင်တွယ်ခဲ့တာရှိတယ်။ ဒီနေရာမှာ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုရဲ့ စံတန်ဖိုးနဲ့ လူ့အခွင့်အရေး စံတန်ဖိုးကိုတော့ မဖြစ်မနေ နှိုင်းယှဉ်ရလိမ့်မယ်။ခက်တာက UN က သတ်မှတ်ထားတဲ့ လူ့အခွင့်အရေး သတ်မှတ်ချက်မှာ ...ဆိုးဆိုးရွားရွား ညှင်းပန်းနှိမ်စက်ခံရရင် ကမ္ဘာပေါ်က နိုင်ငံတိုင်းကို လွတ်လပ်စွာ သွားပိုင်ခွင့်ရှိတယ်၊ နေထိုင်ခွင့်ရှိတယ်လို့ အဓိပ္ပာယ် ဖွင့်ဆိုထားတာလည်း မြင်ရမှာပဲ။ လက်ရှိ အမေရိကန်မှာပဲဖြစ်ဖြစ်၊ တခြား တတိယနိုင်ငံမှာပဲ ဖြစ်ဖြစ်....ကျွန်တော်တို့တော့ စစ်အစိုးရက သတ်ဖြတ်တော့မှာပါဗျာ ဆိုတဲ့ ခေါင်းစဉ်နဲ့ ခိုလှုံခွင့် လျှောက်ကြသူတွေလည်း နည်းတာမှမဟုတ်ဘဲ။ ဥပမာ ချင်းပြည်နယ်ထဲက အရွယ်ရောက်သူတွေဆိုရင် ဘာသာရေးအရဖြစ်ဖြစ်၊ ဒီလိုနည်းလမ်းနဲ့ဖြစ်ဖြစ် အများဆုံး ပြည်ပထွက်ခွင့် လုပ်ခဲ့တာချည်းပဲ။ ၈၈ အရေအခင်းကနေ တိုင်းပြည်က ထွက်ပြေးပြီး ခိုလှုံခွင့် တောင်းခဲ့ကြသူတွေလည်း အများကြီးပဲ။ ဒါက ကိုယ်တွေနိုင်ငံကိုပဲ ဥပမာ ပေးသေးတာ။ အိမ်နီးချင်းဖြစ်တဲ့ မက္ကစီကိုကဆိုရင် တစ်နေ့၊ တစ်နေ့ ခိုးဝင်သူ‌တွေ နည်းမှာ မဟုတ်ဘူး။ ပူပူနွေးနွေး မကြာခင်က ဖြစ်ခဲ့တဲ့ မော်ရိုကို နိုင်ငံကနေ စပိန်ဘက်ကို နယ်စပ်ဖြတ်ကျော် လုပ်ခဲ့ကြတဲ့ ကိစ္စတွေဆိုလည်း အလာတူပုံစံမျိုးပဲ။ဒီလိုပဲ ခိုးဝင်နဲ့ပတ်သက်ပြီး ကိုယ်တွေမြန်မာကြုံနေရတာက ဘာသာလည်း တူတယ်။ ရုပ်အင်္ဂါအဆင်းအရလည်း ထပ်တူပဲ။ ပြောတဲ့ ဘာသာစကားလည်း တူပါရက်နဲ့ ဘင်္ဂလားဒေ့ရှ် သန်း‌ကောင်စားရင်မှာ ရိုဟင်ဂျာ မရှိတဲ့ ကိစ္စပဲ။ မြန်မာနိုင်ငံမှာမှ ကွက်ပြီး ပေါ်လာတဲ့ လူမျိုး။ ဒါလည်း သူတို့ကိုယ်သူတို့ ခိုးဝင်လို့ ဝန်မခံကြသေးဘူး။ နိုင်ငံသား အပြင် တိုင်းရင်းသားပါ ဖြစ်ခွင့် ရချင်နေကြသေးတာ။ဒုတိယ တစ်ချက်က ICC ဆိုတာ ဟန်ပြစစ်ဆေးရေး လုပ်ပြီး ကိုယ့်နိုင်ငံက စစ်သားတွေကို အကြောင်းမဲ့ အရေးယူတဲ့ အဖွဲ့အစည်းဖြစ်လို့ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ ဒီအဖွဲ့အစည်းကနေ ချက်ခြင်း ထွက်ကြတဲ့။ တကယ်တော့ အမေရိကန်ဆိုတာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေး အကြောင်းပြပြီး ကမ္ဘာ့နိုင်ငံတိုင်းကို ကျူးကျော်စစ် ဆင်နွှဲခဲ့တာ မနည်းမနှောပဲ။ ဥပမာ ဗီယမ်နမ်မှာ မိုင်လေးဆိုတဲ့ ရွာမှာ တစ်ရွာလုံးကို သတ်ဖြတ်ခဲ့တဲ့ စစ်ရာဇဝတ်မှု ရှိခဲ့ဖူးတယ်။ ဒါလည်း ဟန်ပြအရေးယူပြီး ကွန်မန်ဒါက ကွင်းလုံးကျွတ် အမှုက လွတ်တာပါပဲ။ ဆိုလိုတာက ICC ရဲ့ မူအတိုင်းသာလုပ်ရင်...စစ်ကွန်မန်ဒါဖြစ်တဲ့ အမေရိကန်သမ္မတတိုင်း ကြိုးကွင်းစွပ်ခံရသူတွေချည်းပဲ ဖြစ်နေမှာပေါ့။ အီရတ်မှာ ဇီဝဓာတု လက်နက် ရှိပါတယ်ဆိုပြီး အကြောင်းမဲ့ တိုက်ခဲ့တာကအစ...ခုလက်ရှိ အစ္စရေးမှာ နျူလက်နက်ရှိတာကြ မျက်ကွယ်ပြုပြီး အီရန်ကိုကြတော့ နျူလက်နက် မရှိစေချင်လို့ စစ်တိုက်ရတယ် ဆိုပြီး အကြောင်းပြထားတာအဆုံးပေါ့။အဓိက ပြောချင်တာက မြန်မာနဲ့ အနီးစပ်ဆုံး တူနေတဲ့ အချက် ၂ ချက်ကိုပါ။ ခိုးဝင်တွေကို လူ့အခွင့်အရေး ခေါင်းစဉ်အောက် မထားနိုင်ဘူး ဆိုတဲ့အချက်ရယ်၊ ICC ကို သောက်ဂရုမစိုက်ဘူးကွာ ဆိုပြီး UN လိုမျိုး စင်မြင့်ပေါ်မှာ ထပြောတဲ့ကိစ္စပါ။(နရီမိုး)
    5,510412895Open in Telegram
  • နရီမိုး

    23 Sept, 02:05

    UN အခမ်းအနားကြည့်နေရတာ... အတော်လေး ရယ်နေရတယ်။ကမ္ဘာ့ကြီးက ဗီတိုအာဏာသုံးပြီး အုပ်ချုပ်စရာ မလိုတော့ဘူးတဲ့။ သဘောကတော့ လက်ရှိ ဗီတိုအာဏာစနစ်ကို နောက်ပိုင်း ဖွံ့ဖြိုးလာတဲ့ နိုင်ငံတွေက ဖျက်ချင်နေကြတယ်။ ဖျက်နိုင်ဖို့ အတိအလင်း ကြိုးစားနေကြတယ်။တချို့နိုင်ငံတွေက အစ္စရေး လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြတယ်။ ပါလက်စတိုင်းနိုင်ငံ ထူထောင်ဖို့နဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို မတားနိုင်တဲ့ UN ကိုလည်း မေးခွန်းထုတ်တယ်။ နေတာယာဟု မိန့်ခွန်းပြောတော့ ကိုယ်စားလှယ်တွေ အများအပြား ခန်းမထဲက ထွက်သွားကြတယ်။သူ့လူ ပြောခံနေရတော့ ဒေါ်နယ်ထရမ့်ကြီး ဝင်လာပြီး ICC ဆိုတာ မလိုအပ်ဘူး။ ဒီအဖွဲ့အစည်းကနေ အကုန်ထွက်ကြတဲ့။ ဂါဇာနဲ့ပတ်သက်ပြီး တူကီရဲ သမ္မတ ကမိန့်ခွန်းပြောပြန်တော့ အစ္စရေး ကိုယ်စားလှယ်တွေက ခန်းမထဲက ထထွက်ကြပြန်ရော။UN ခန်းမထဲ ဘဲလ်တီပြီး လျှောက်သွားနေတဲ့သူက သွား၊ ဖြစ်ချင်တာတွေ ပြောတဲ့သူကပြော၊ ဆန္ဒပြတဲ့အဖွဲ့တွေကလည်း ခန်းမထဲက ထွက်သွားတဲ့ ပုံစံမျိုးနဲ့ ဆန္ဒပြ။ ကြည့်ရတာ..... ဒီအဖွဲ့ချုပ်ကြီးလည်း ဒီတိုင်းသွားရင် တာရှည်မခံလောက်တော့ဘူး။ တစ်ယောက်တစ်ပေါက် ပြောချင်တာပြော၊ လုပ်ချင်တာလုပ်ပဲ။(နရီမိုး)
    Image from a post by နရီမိုးImage from a post by နရီမိုး
    5,5404117116151Open in Telegram
  • နရီမိုး

    22 Sept, 11:53

    ဒီ ၅ နှစ်အတွင်းမှာ NUG ကို ဦးဆောင်ကြသူတွေက လူငယ်တွေကို False Hope တွေ ချကျွေးပြီး ဂျင်းထည့်ခဲ့ကြတာ မနည်းဘူး။သာမန် False Hope ဆိုရင် ပြောစရာ စကား မရှိပေမယ့်၊ တပ်မတော်ကြီး ပြိုကွဲတော့မှာတို့၊ မကြာခင် နွေဦးတော်လှန်ရေးကြီး အောင်မြင်တော့မှာတို့ဆိုပြီး ဂျင်း အတောင့်လိုက် ထည့်ခဲ့ကြတာမျိုးတော့ လွန်တာပေါ့။ ဒါလည်း ယုံတဲ့သူတွေ ရှိကြတာပဲ။ ဒါ့ကြောင့်လည်း သူတို့တော်လှန်ရေး မအောင်မြင်ရတာ ဆန်းတော့ မဆန်းဘူး။ဒီစာကတော့ လွန်ခဲ့တဲ့ နှစ်များဆီက နေဘုန်းလတ် ဆိုတဲ့ ပုဂ္ဂိုလ်ဆီကနေ ဒေါက်တာ ဆာဆာ က CRPH ကို ဦးဆောင်ပြီး UN မှာ R2P လာဖို့ အဆိုတင်သွင်းခဲ့တာ အောင်မြင်တယ် ဆိုပြီး ဂျင်းထည့်ခဲ့တဲ့ False Hope စာပေါ့။ တချို့ကိစ္စတွေက နည်းနည်းလောက် ဖြစ်လာသေးရင်တောင် အရှက်ပြေရောချလို့ရသေးတယ်။ ခုတော့ ရယ် စရာကြီးကို ဖြစ်လို့။(နရီမိုး)
    Image from a post by နရီမိုးImage from a post by နရီမိုး
    4,150283338421Open in Telegram
  • နရီမိုး

    22 Sept, 05:26

    ◾ သမ္မတကြီးက “တရားမဝင် ကုန်ကျစရိတ်တွေက ကုန်ဈေးနှုန်းကြီးမြင့်ဖို့အတွက် သက်ရောက်စေတဲ့ အကြောင်းတရား ဖြစ်စေတယ်” ဆိုပြီး ပြောသွားတယ်။ စီးပွားရေးရှုထောင့်က ကြည့်ရင်တော့… “Hidden Tx” ပေါ့။ ကုန်စည်းနှုန်းတက်တယ်လို့ ပြောကြ၊ ဆွေးနွေးကြတဲ့အခါ…ငွေကြေးဖောင်းပွတာတွေ၊ ဒေါ်လာဈေးနဲ့ လောင်စာဈေး တွေက အဓိက အခြေခံအကြောင်းတရားဆိုပေမယ့်…လက်တွေ့မြေပြင်မှာ သမ္မတကြီး ပြောတဲ့ တရားမဝင် ကုန်ကျစရိတ်ကလည်း မဖြစ်မနေ ထည့်တွက်ဖို့ အရေးကြီးတယ်။ -------- ◾ ဥပမာ စက်သုံးဆီ ဈေးနှုန်းပဲ ယေဘူယျ တွေးကြည့်ပေါ့။ ရန်ကုန် သီလဝါကနေ သယ်လာတဲ့ ဆီ တလီတာ တန်ဖိုးက နေပြည်တော်၊ မန္တလေးနဲ့ မြစ်ကြီးနားမှာ ဈေးနှုန်း တန်ဖိုးက အမျိုးမျိုးပြောင်းသွားတယ်။ သာမန် သယ်ယူစရိတ်ကို မူရင်းတန်ဖိုးထဲ ထည့် ပေါင်းပြီး တွက်ချက်ကြတာ ထုံးစံ ဆိုပေမယ့် နောက်ပိုင်း ပြည်နယ်နဲ့ တိုင်းအလိုက်က ဖွင့်ထားတဲ့ ဂိတ်မျိုးစုံကြောင့်နဲ့ အခွန်မျိုးစုံကြောင့်လည်း ကုန်ပစ္စည်းဈေးနှုန်းက ထပ်မြင့် သွား ရတာရှိတယ်။ သေချာတာကတော့…ဘယ်စီးပွားရေးလုပ်ငန်းရှင်ပဲ ဖြစ်ဖြစ်… မြဝတီက သယ်လာတဲ့
    5,5103426231Open in Telegram
  • နရီမိုး

    22 Sept, 04:27

    ◾ မနေ့ကလုပ်တဲ့ လယ်ယာကဏ္ဍကနေ နိုင်ငံ့ထုတ်ကုန်ဆီ ဆိုတဲ့ Workshop မှာ သမ္မတကြီး ပြောသွားတဲ့ ပြည်တွင်းမှာ ဆီထွက်သီးနှံတွေ စိုက်ပျိုးနေပါရက်နဲ့ ပြည်ပကနေ ဆီတင်သွင်းနေရတာ ရှက်စရာ” ဆိုတဲ့ စကားလုံးက အတော်လေး ထိမိတယ်။ ပုံမှန်ကြည့် ရင်…စားသုံးဆီ ကိစ္စသပ်သပ်ပဲလို့ ထင်နိုင်ပေမယ့် နောက်ကွယ်မှာ နိုင်ငံခြားငွေနဲ့ပါ ဆက်စပ်နေတော့…လယ်ယာစိုက်ပျိုးရေးကိစ္စအကြောင်းဆိုတာထက် နိုင်ငံ့စီးပွားရေးနဲ့ နိုင်ငံခြားငွေ စီမံခန့်ခွဲရေးအတွက်ပါ သက်ရောက်မှု ရှိနေတာ မြင်ရတယ်။ -------- ◾ သမ္မတကြီး တွက်ပြသလို လူတစ်ဦးချင်းစီရဲ့ အခြေခံ တစ်ရက် ဆီစားနှုန်းက ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ဘယ်လိုပဲ သတ်မှတ်၊ သတ်မှတ် အောက်ခြေမြေပြင်မှာတော့ အသိပညာမကြွယ်ဝသေးရင်…၊ဒါမှမဟုတ် ချက်ပြုတ်စားသောက်ကြတဲ့ လူနေမှု ဓလေ့ အရ ကို အတော်လေးပြုပြင်ပြောင်းလဲဖို့ ခက်ဦးမယ်။ ဒါက ကျန်းမာရေးလိုက်စားကြသူ တွေကသာ ဒီအမှန်တရားကို နားလည်သဘောပေါက်ကြမယ်။ ခက်တာက…တစ်ဖက်မှာ လည်း စားအုန်းဆီတွေကို သိုလှောင်၊ ဈေးမြှင့်မှ တဆင့်ပြန်ရောင်းကြတဲ့ ကုန်သည် ဇိုး တွေလည်း ရှိကြတာပဲ။ ဒါတွေ
    5,340176148102Open in Telegram
  • နရီမိုး

    22 Sept, 03:26edited

    အောင်ဇော်တို့ကိုလည်း တဖြည်းဖြည်း သဘောကျလာမိတယ်။ အရင်က USDP ညီလာခံမှာ သမ္မတကြီးကပဲ ပါတီ ဥက္ကဋ္ဌ ဝင်ယူတော့မှာလိုလို။ ဦးအောင်လင်းဒွေးကပဲ ဖြစ်တော့မှာလိုလို။ နည်းမျိုးစုံ ပေါက်ကရ ခန့်မှန်း။အရင် ရေးခဲ့သမျှ အကြောင်းအရာတွေထဲ သမ္မတကြီးက ခန့်ပေးလို့ ဦးခင်ရီက ပါတီ ဥက္ကဋ္ဌ ဖြစ်ရတာပါလို့ အပုတ်ချခဲ့တာလည်း ဒင်းတို့ပဲ။ခုကြပြန်တော့ ဦးခင်ရီက အလွန်ပါးနပ်တဲ့သူ ဖြစ်သွားရပြန်ပြီ။ ဒီမောင်တွေ ထမိန်ဝတ်ပြီး သတင်းရေးနေကြလား မသိ။ တော်တော်လည်း မိုးပြော၊ ဂျိုးပြော ပြောနိုင်ကြတဲ့သူတွေ။(နရီမိုး)
    Image from a post by နရီမိုးImage from a post by နရီမိုး
    5,3003584213622Open in Telegram
  • နရီမိုး

    22 Sept, 02:58

    မနေ့က ထွက်လာတဲ့ သတင်းဓာတ်ပုံတွေထဲမှာ ရခိုင် ၊ ပုဏ္ဏာကျွန်းဘက်ကနေ ရန်သူ့ လက်နက် ၆၀ နီးပါးကို ရလိုက်တာ ရှိတယ်။ လက်နက်စုဖွဲ့မှု သဘောသဘာဝအရဆိုရင်တော့ စခန်းတစ်ခု၊ ဒါမှမဟုတ် စစ်ကြောင်းလိုက် ပြုတ်တဲ့ သဘောပဲ။အရင်ကရေးခဲ့ဖူးသလို ရခိုင် စစ်ဆင်ရေးဂွင်က စနိုက်ပါနဲ့ ဒရုန်းကို အများအပြား အားပြုနိုင်ရင်ကို အလှည့်အပြောင်း အများကြီး ဖြစ်ပါတယ်။ တိုက်စစ်သဘောသဘာဝမှာ ရန်သူကို ဦးနှိမ်ရတာရှိတယ်။ ဖရိုဖရဲ ဖြစ်အောင် လုပ်ရတာတွေရှိတယ်။ ဒီအခင်းအကျင်းမှာ ဒရုန်းက တိုက်ပွဲရဲ့ အဖြေပဲ။ရန်သူ့စခန်း၊ ရန်သူ့တည်နေရာနဲ့ ရန်သူ့ စုဖွဲ့မှုကို အကောင်းဆုံး ထောက်လှမ်းနိုင်တယ်။ အတိကျဆုံး ချေမှုန်းရေး လုပ်လို့ရတယ်။ နောက်ဆုံး ကိုယ့်ဘက်က အထိမနာဘဲ ကောက်သင်းကောက်သလို အောင်မြေချဲ့နိုင်တယ်။ ဒါတွေက ဒရုန်းကို အသုံးပြုခြင်းရဲ့ လက်တွေ့အကျိုးတရားတွေပါပဲ။လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း AA ရဲ့ ထောက်ပို့ရေး ကွင်းဆက်နေရာတွေကို မကြာ၊ မကြာ ဗုံးကြဲနေမယ်။ လက်နက်ခဲယမ်းရဲ့ အုပ်ချုပ်ထောက်ပံ့ရေး ကွင်းဆက်တွေလည်း ဖြတ်နိုင်မယ်ဆိုရင် ....ရခိုင်က အနှေးနဲ့
    Image from a post by နရီမိုးImage from a post by နရီမိုး
    6,560405852244Open in Telegram
  • နရီမိုး

    22 Sept, 00:15

    အကောင်းဆုံးသော အသက်ရှင်နည်း 🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷“အရှင်ဘုရား...လောကလူတွေဟာ ဘဝမှာ နည်းအမျိုးမျိုးနဲ့ အသက်ရှင်နေကြတယ်၊ဘာနဲ့ အသက်ရှင်ရင် အကောင်းဆုံးဖြစ်မလဲ?” ဘာနဲ့အသက်ရှင်ရမလဲ?လူတွေကတော့ အဖြေအမျိုးမျိုး ထုတ်ကြမှာပေါ့။ထမင်းစားပြီး အသက်ရှင်တဲ့လူရှိတယ်။အလုပ်အကိုင်အမျိုးမျိုးနဲ့ အသက်ရှင်တဲ့လူ ရှိတယ်။ဝန်ထမ်းအလုပ်မျိုးစုံနဲ့ အသက်ရှင်ကြတာရှိ တယ်။အဲဒီလို အသက်မွေး အသက်ရှင်ဖို့ လုပ်ငန်းတွေ အများကြီးထဲမှာ ဘာနဲ့အသက်ရှင်တာဟာအကောင်း ဆုံးလဲဆိုတာ မြတ်စွာဘုရားကဖြေတယ်။“ပညာဇီဝဇီဝိတမာဟု သေဋ္ဌ -အသက်ရှင်ဖို့ အသက်မွေးတဲ့အထဲမှာ အသိပညာနဲ့ အသက်ရှင်တာ အသက်မွေးတာအကောင်းဆုံးပဲ”
    5,27036032651Open in Telegram
  • နရီမိုး

    21 Sept, 23:15

    🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
    Image from a post by နရီမိုးImage from a post by နရီမိုး
    5,53039826111Open in Telegram
  • နရီမိုး

    21 Sept, 05:35

    ကျော်မိုးထွန်းကို UN မှာ နေရာ ပြန်ရဖို့ နီပေါ မိသားစုတွေဘက်က ထောက်ခံ ဆန္ဒပြပွဲတွေ လုပ်လာကြတယ်။ဒီနေရာမှာ ...ကိုယ်ယုံကြည်လို့၊ ကိုယ့်အဖွဲ့အစည်း ဘက်တော်သားမို့ ထောက်ခံတာကိုတော့ အပြစ်မတင်ပါဘူး။ ဒါက ခံယူချက်နဲ့ ဆိုင်တာကိုး။ဒါပေမယ့်...ဖြစ်သင့်တာက လက်ရှိ Bank of America ကနေ ကျော်မိုးထွန်း ဖျောင်ထားတဲ့ ၂.၇၆ သန်း ကိစ္စကို ဘယ်နီပေါကမှ ဒါလေး ထွက်ရှင်းပေးသင့်တယ်လို့ မယူဆကြတာ အတော်လေး ဝမ်းနည်းစရာ ကိစ္စပဲ။ငါတို့ လူ၊ ငါတို့ ယုံကြည်လို့ အစစ်ခံစရာ မလိုဘူး။ ရှင်းပြစရာ မလိုဘူးလို့ ယူဆ တာလည်း ဖြစ်မယ်။ တကယ်တော့ အဲဒီပိုက်ဆံဆိုတာက...မြန်မာပြည်က သန်း ၅၀ ကျော်ရဲ့ ပြည်သူပိုင် ငွေပဲ မဟုတ်ဘူးလားပေါ့လေ။ ဒါက နီပေါ မိသားစုတွေ သီးသန့်ပိုင်တဲ့ ခွက်ခေါက် အလှူခံငွေမှ မဟုတ်ဘဲ။တကယ်တော့ ...ကျော်မိုးထွန်း ကိုယ်တိုင်ကလည်း မရှက်တတ်လို့ နေမယ်။ ဒီလောက် တိုင်းသိ၊ ပြည်သိ အမေရိကန်ဒေါ်လာ ၂.၇၆ သန်းကိစ္စ မရှင်းနိုင်တာတောင် နောက်တဆက်အတွက် ကျွန်တော့်ကို ထောက်ခံပေးကြပါ ဆိုတာကတော့ လွန်လွန်းတယ်။ယိုသူမရှက်၊ မြင်သူရှက် ရတယ် ဆိုတာ
    Image from a post by နရီမိုးImage from a post by နရီမိုးImage from a post by နရီမိုး
    8,1605308210221Open in Telegram
  • နရီမိုး

    21 Sept, 02:59

    ◾ ပါတီတစ်ခုမှာ အပြောင်းအလဲမဖြစ်မနေ လုပ်ကြရတဲ့ အခြေအနေ တစ်ခု ရောက်လာ ခဲ့ရင်တောင်…နောက်ကွယ်မှာ သဘောတူညီချက်ကို အရင်ယူပြီး ညီလာခံ ကို အောင်ပွဲ အခမ်းအနားပုံစံမျိုးကျင်းပပြီး ကြေညာချက်ထုတ်ပြန်တာမျိုး လုပ်ကြရတာ ထုံးစံ တစ်ခု ပါ။ ဆိုလိုတာက…အခမ်းအနားကျင်းပချိန်ရောက်ခါမှ…ဘယ်လူကို ဘယ်ပို့မယ်၊ ဘယ်သူ က ဘယ်နေရာဆိုတာမျိုး ဖုတ်ပူမီးတိုက် လုပ်လေ့တော့ အတော်လေး ရှားတယ်။ ချွင်းချက် တော့ ရှိနိုင်တာပေါ့။ ဒါပေမယ့် အတော်လေး ရှားမှာပါ။ --------- ◾ လက်ရှိ USDP ကိစ္စမှာလည်း ကောလာဟလတွေ နည်းမျိုးစုံ ဖြန့်ပြီး ပါတီ စိတ်ဝမ်း ကွဲ အောင် မီဒီယာတွေက ပင်းတိုက်ရေးကြတယ်။ တပ်မတော်က အနားယူပါပြီဆိုတဲ့ ဗိုလ်ချုပ်ကြီးမှန်သမျှက နိုင်ငံရေးလုပ်မယ်ဆိုရင်…USDP ထဲ မဖြစ်မနေ ဝင်ရမှာပဲ။ ဒီတစ် ဆက်မှာ တစ်ချို့ကလည်း နေရာရတာရှိမယ်။ တစ်ချို့ကလည်း နေရာမရသေးတာ ရှိမယ်။ ကိုယ့်အသက်အရွယ်နဲ့ မျိုးဆက်တစ်ဆက်ကို ချိန်ပြီး နှိုင်းယှဉ်အကဲခတ်နိုင်ရင်…နေရာ ဆိုတာ ချိန်လို့ရပါတယ်။ ------ ◾ ခုလည်း လေဖမ်းဒန်းစီးပြီး ပါတီဥက္ကဋ္ဌ နေရာတွေ ပေါက်ကရ ရေးခဲ့၊
    Image from a post by နရီမိုးImage from a post by နရီမိုး
    7,57036355311Open in Telegram
  • နရီမိုး

    21 Sept, 00:15

    ဆရာတင်ပြီးကိုးကွယ်မယ်ဆိုရင်အဲဒီအရည်အသွေးရှိတဲ့သူဖြစ်ရမယ်တဲ့ ။"ပိယော ဂရု ဘာဝနီယော ၊ဝတ္တာ စဝနက္ခမော"(၁) "ပိယော" ချစ်ခင်လေးစားလောက်တဲ့ သီလ သမာဓိ ပညာ အရည်းအသွေးရှိရမယ်။(၂)" ဂရု "လေးစားလောက်တဲ့ ကိုယ်ကျင့်တရားရှိရမယ်။(၃) " ဘာဝနိယောတဲ့" ချီးမွမ်းလောက်တဲ့ ကိုယ့်ကျင့်တရားရှိရမယ်( သို့မဟုတ်) မေတ္တာဘာဝနာပွားတဲ့ မေတ္တာစိတ်ထားရှိရမယ်။(၄) "ဝတ္တာ" မကောင်းရင်ပွင့်ပွင့်လင်းလင်းပြောတတ်တယ် ဆုံးမတတ်တယ် အကြံပေးတတ်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်။(၅)" ဝစနက္ခမော "အပြစ်တွေ့လို့ သူ့ကိုသတိပေးရင်ပြောကြားရင်လည်းလက်ခံတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်။တချို့လူတွေက သူများကိုတော့ဆုံးမတတ်တယ် ကိုယ့်ကိုဆုံးမရင်တော့ ဘာပြောလဲ လျှာမရှည်နဲ့ဟုတ်လား..ကိုယ့်ကိုပြောလာရင် မကြိုက်တဲ့လူကပိုများတယ်နော် အဲဒါမျိုးမဖြစ်စေရဘူးတဲ့။"ဝတ္တာ" ကိုယ်ကလည်းဆုံးမတတ်ရမယ်..
    7,10043337291Open in Telegram
  • နရီမိုး

    20 Sept, 23:15

    🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
    Image from a post by နရီမိုးImage from a post by နရီမိုး
    6,90043328173Open in Telegram
  • နရီမိုး

    20 Sept, 02:57

    ပါတီနိုင်ငံရေးအကြောင်း ရေးလေ့၊ ရေးထ မရှိပေမယ့် လက်ရှိ USDP ပါတီရဲ့ ကွန်ကရက်က စိတ်ဝင်စားဖို့ ကောင်းတယ်။ ပါဆင်နယ်အမြင်အရတော့ ...လူဟောင်းအများစုကနေရာပြန်ရနိုင်တယ် ဆိုတာထက် ပါတီတစ်ရပ်ရဲ့ မျိုးဆက်ကူးပြောင်းမှု၊ အတွေ့အကြုံနဲ့ မျက်မှောက်ခေတ်နိုင်ငံရေးလိုအပ်ချက်ကို ပေါင်းစပ်ဖို့ ကြိုးစားမှု အဖြစ်လည်း ယူဆလို့ရနိုင်တယ်။ဘာလို့လဲ ဆိုတော့ USDP ကိုယ်တိုင်ကလည်း စက်တင်ဘာလထဲမှာ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ပါတီဖွဲ့စည်းပုံတွေ ပြန်လည်ရွေးချယ်နေတယ် ဆိုတဲ့အကြောင်း ထုတ်ပြန်ထားတယ်။လက်ရှိကျင်းပနေတဲ့ USDP ပါတီညီလာခံမှာ ခေါင်းဆောင်သစ်ရွေးချယ်ဖို့အတွက် အငြိမ်းစား စစ်ဘက် အရာရှိကြီး ဟောင်းတွေနဲ့ အစိုးရအဖွဲ့ဝင်ဟောင်းတွေ ပါဝင်တဲ့ ကော်မရှင်တစ်ရပ်က ကြီးကြပ်လာတာမျိုး မြင်ရတယ်။ ဒါနဲ့ပတ်သက်ပြီး မျိုးစုံ ယူဆနေကြပေမယ့် ဒီမေးခွန်းရဲ့အဖြေက လာမယ့် ရက်ပိုင်း၊ လပိုင်းအတွင်း ပေါ်လာမယ့် ခေါင်းဆောင်သစ်တွေရဲ့ ဖွဲ့စည်းပုံနဲ့ မူဝါဒတွေ ထုတ်ပြန်မှပဲ အတိအကျ တွေ့ရပါလိမ့်မယ်။နိုင်ငံရေးပါတီတစ်ခုမှာ အတွေ့အကြုံရှိတဲ့ ခေါင်းဆောင်တွေ ရှိနေတာက
    7,620434764321Open in Telegram