Latest posts

Thazin Oo
24 Sept, 01:41
🛢 အကြမ်းဖက်သမားများ၏ စက်သုံးဆီသိုလှောင်ရာနေရာကို ဗုံးကြဲရှင်းလင်း▪️ မန္တလေး - မြစ်ကြီးနားလမ်းပိုင်း၊ အင်းတော်မြို့နယ်၊ စက်တောကုန်းကျေးရွာအနီး မှောင်ခိုကွင်းလမ်းရှိ အကြမ်းဖက် KIA/PDF တို့၏ ထောက်ပို့စက်သုံးဆီ သိုလှောင်ရာနေရာ(ဒီဇင်ဘာဆီခြံ) ကို ယနေ့ (၂၃.၉.၂၀၂၆) တွင် ဗုံးကြဲရှင်းလင်းခဲ့ကြောင်း သိရပါတယ်။▪️ ယခုကဲ့သို့ စက်သုံးဆီနှင့် ထောက်ပံ့ရေး လမ်းကြောင်းများကို ထိရောက်စွာ ဖြတ်တောက်ရှင်းလင်းနိုင်ခြင်းအားဖြင့် တရားမဝင် သတ္တုတူးဖော်မှုလုပ်ငန်းများကို ဟန့်တားနိုင်ရုံသာမက အကြမ်းဖက်လုပ်ငန်းများကိုပါ တစ်ပါတည်း တားဆီးပြီးသား ဖြစ်သွားမယ်ဆိုတာ အသေအချာပါပဲ။


Thazin Oo
24 Sept, 01:22
KIA အကြမ်းဖက်အဖွဲ့ရဲ့ ရွှေနဲ့ ကျောက်စိမ်းတူးဖော်လုပ်စားနေတဲ့ တရားမဝင်လုပ်ငန်းတွေထံ သွားရောက်ပို့ဆောင်မယ့် စက်သုံးဆီတွေတင်ဆောင်လာတဲ့ ဆီဘောက်ဆာကားတွေနဲ့ တရားမဝင်ခုတ်ယူထားတဲ့ သစ်တန်ချိန်များစွာ တင်ဆောင်လာတဲ့ ကားတန်းကြီးဟာ မန္တလေး- မြစ်ကြီးနားလမ်းပိုင်း၊ အင်းတော်မြို့နယ်၊ စက်တောကုန်းကျေးရွာအနီး၌ ရောက်ရှိနေကြောင်း ဒေသခံပြည်သူတွေက စက်တင်ဘာလ ၂၃ ရက်မှာ အချိန်နဲ့တစ်ပြေးညီ သတင်းပေးပို့လာပါတယ်....တာဝန်သိပြည်သူတွေရဲ့ သတင်းပေးပို့မှုအရ KIA အကြမ်းဖက်အဖွဲ့ရဲ့ ဆီဘောက်ဆာကားတွေနဲ့ သစ်မှောင်ခိုကားတွေကို လေကြောင်းကနေ ချက်ချင်းသွားရောက်ဗုံးကြဲရှင်းလင်းနိုင်ခဲ့တာကြောင့် ဆီဘောက်ဆာကားတွေအားလုံး သုံးမရအောင်မီးလောင်ပျက်စီးသွားလို့ KIA အကြမ်းဖက်အဖွဲ့က မိဂွမ်မော်တို့၊ နော်ဘူတို့တော့ အရှိုက်ကိုထိမှန်သွားပြီး အသက်မရှုနိုင်အောင် ဖြစ်သွားလေပြီ...မတရားကိုယ်ကျိုးစီးပွားရှာချင်ကြတဲ့ကောင်တွေ ခံကြစမ်း...




Thazin Oo
24 Sept, 00:10
PDF ၃၈ ဦး လက်နက် ၁၃ ကျော်ဖြင့်အလင်းဝင် =========================== ယနေ့ စက်တင်ဘာလ ၂၃ ရက်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုနယ်မြေ စစ်ကိုင်းမြိုတွင် PDF ၃၈ ဦးသည် လက်နက် ၁၃ လက်၊ လက်ပစ်ဗုံးများ၊ ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ပြီး အလင်းဝင်ရောက်လာတဲ့ PDF လူငယ်များအား တာဝန်ရှိသူများက ဆုကြေးငွေများပေးအပ်ကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခဲ့တယ်လို့ သိရပါတယ်။




Thazin Oo
24 Sept, 00:02
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လ ၂၈ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၌ Time Magazine မှ သတင်းထောက် Charlie Campbell ၏ တွေ့ဆုံမေးမြန်းမှုများအပေါ် ဖြေကြားချက်
Thazin Oo
23 Sept, 23:58
Time မဂ္ဂဇင်းနှင့် သတင်းထောက် Charlie Campbell ၏ရေးသားဖော်ပြမှုအပေါ် ပြစ်တင်ရှုတ်ချTime မဂ္ဂဇင်းက “The Future of Myanmar” ခေါင်းစဉ်ဖြင့်မြန်မာနိုင်ငံအစိုးရ၏ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးကြိုးပမ်းမှုများကိုရေးသားရန် စင်ကာပူရှိ မြန်မာသံရုံးမှတစ်ဆင့် အင်တာဗျူးတောင်းခံခဲ့ပြီး နိုင်ငံတော်သမ္မတက သတင်းထောက် Charlie Campbell အားလက်ခံတွေ့ဆုံ၍မေးမြန်းချက်များကိုဖြေကြားခဲ့ကြောင်း သိရသည်။သိုသော် Time Magazine Online တွင်ဖော်ပြရာ၌ မူလသဘောတူညီထားသည့်အမေးအဖြေ (Q&A) ပုံစံအတိုင်းမဖော်ပြဘဲ ဖြေကြားချက်များကို ဆောင်းပါးပုံစံဖြင့် ပြောင်းလဲရေးသားခဲ့သည့်အပြင်ကနဦးသဘောတူညီချက်တွင်မပါဝင်သည့် အကြောင်းအရာများနှင့် တစ်ဖက်သတ်သုံးသပ်ချက်များထည့်သွင်းဖော်ပြခဲ့သည်။ယင်းလုပ်ရပ်သည်မီဒီယာကျင့်ဝတ်နှင့်မလျော်ညီကြောင်းသတ်မှတ်၍ သတင်းထောက် Charlie Campbell၏ရေးသားဖော်ပြမှုအပေါ် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။အများပြည်သူအမှန်အတိုင်းသိရှိနိုင်ရန် နိုင်ငံတော်သမ္မတနှင့် သတင်းထောက်တို၏ အမှန်တကယ်အမေးအဖြေပြုလုပ်ခဲ့သည့်မှတ်တမ်းအပြည့်အစုံကိုဆက်လက် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်းသိရသည်။




Thazin Oo
23 Sept, 23:31
🎍ရောဂါကင်းဝေးပါစေ🎍🙏🎍သောက ကင်းပါစေ🎍🙏🎍ဒေါသကင်းပါစေ🎍🙏🎍ဘေးရန်ကင်းပါစေ🎍🙏🎍ဆင်းရဲဒုက္ခများ ကင်းပါစေ🎍🙏🎍နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ🎍🙏


Thazin Oo
23 Sept, 16:04
Truth Zon Online Media ရဲ့ သတင်းများကို နေ့စဥ်စောင့်ကြည့်နေသော မိဘပြည်သူများကို ကျေးဇူးတုံ့ပြန်သောအားဖြင့် ဖုန်းဘေလ်များ ခဲခြစ်လှူဒါန်းပေးသွားမှာ ဖြစ်ပါတယ်ရှင်...... ။ကြုံကြိုက်သလို လှူဒါန်းပေးသွားမှာဖြစ်လို့ Join ထားပြီး သတင်းများ ဝင်ရောက်ဖတ်ရှုရင်း ဖုန်းဘေလ်များ ရရှိနိုင်ကြပါစေရှင်....🙏https://t.me/TruthZoneOnlineTelegram"အမှန်တရားဇုံမှ အမှန်တရားများကိုသာ ဖော်ပြပေးပါမယ်ရှင်"
Thazin Oo
23 Sept, 15:36
"ရန်ကုန်က ကြောက်စရာဖြစ်နေပြီလား" သတိထားနိုင်ဖိုအတွက် ကူးယူဖော်ပြပေးလိုက်ပါတယ်လူစည်ကားတဲ့နေရာကို နေ့ခင်းကြောင်တောင်ကြီး ကိုယ်ပိုင်ကားနဲ့သွားတာမိုအန္တရာယ်မရှိလောက်ဘူးလို မထင်ကြပါနဲ့ မနက်တုံးက မိတ်ဆွေတစ်ယောက်ပြောပြလို သူ့ညီကိုတော်တစ်ယောက်အကြောင်းသိလိုက်ရတယ်။ ရန်ကုန်မြိုရဲ့ လူစည်ကားတဲ့နေရာတစ်ခုမှာသူ့ညီက အလုပ်ကိစ္စတစ်ခုပြီးလို လမ်းဘေးမှာရပ်ထားခဲ့တဲ့ ကားလေးပေါ်အတက်မှာ သူ့ကားတောင်စက်မနှိးရသေးဘူး၊ သူ့ဘေးကခုံမှာလူ တစ်ယောက်ဝင်ထိုင်ပြီး နံကြားကိုဓါးနဲ့ထောက်ထားသတဲ့၊ တပြိုင်နက်ထဲမှာဘဲနောက်တံခါးတွေက လော့မကျသေးခင် ဘေးတစ်ဖက်တစ်ချက်စီက လူနှစ်ယောက် နောက်ခုံမှာဝင်ထိုင်သတဲ့။ ပြီးတော့ သူ့နံကြားကိုဓါးနဲ့ထောက်ထားတဲ့သူက သူတိုမောင်းခိုင်းတဲ့ နေရာကိုမောင်းလိုပြောသတဲ့။ ဒီလိုနဲ့ လူပြတ်တဲ့တစ်နေရာရောက်တော့ သူ့ကိုနေလဲခိုင်းပြီး သူတိုထဲကတစ်ယောက်က မောင်းသတဲ့။ တစ်နေရာရောက်တော့ သူ့ကိုဓါးနဲ့ထောက်ထားရင်း ဘယ်သူ့ဆီက ရရ သူတိုချိန်းတဲ့နေရာကို ငွေသားချည်း သိန်းငါးရာ ချက်ချင်းလာပိုပေးဖို ဖုန်းဆက်ခိုင်းသတဲ့။ ဖုန်းဆက်တဲ့အခါမှာလည်း လောင်းကစားရှုးသွားလို ချက်ချင်းပြန်မဆပ်ရင်မဖြစ်လို ချက်ချင်းလာပိုပေးပါလိုပြောခိုင်းသတဲ့။ သူကလည်း အလုပ်ကြီးအကိုင်ကြီးလုပ်နေတဲ့သူမို သိန်းငါးရာလောက်က ပြန်ဆပ်နိုင်တဲ့အနေအထားရှိလို သူ့ဆရာ ကလည်း ချက်ချင်းလာပိုပေးသွားသတဲ့။ ပိုက်ဆံလည်းရပြီးသွားရော ကားကိုလူပြတ်တဲ့နေရာမောင်းသွားပြီး သူ့ကိုထိုးကြိတ်ရိုက်နှက်ကာ ကားပေါ်ကကန်ချခဲ့သတဲ့။ ဒီအဖြစ်မျိုးက လိုင်းပေါ်မှာသိတ်မကြားဖူးသေးတဲ့ ကိစ္စလေးမို ကိုယ်ပိုင်ကားနဲ့သွားလာတဲ့သူတွေအနေနဲ့ မိမိကားပေါ်တက်တဲ့အခါမှာအနီးအနားမှာ လူသူရှိနေရင် ကားပေါ်တက်ပြီးပြီးချင်း စက်မနှိးခင် တံခါးလော့တွေကိုအမြန်ချလိုက်ကြဖိုသတိပေးလိုပါတယ်။ အန္တရာယ်ကင်းကြပါစေမူရင်း Post Link 👇👇👇https://www.facebook.com/win.ne.58/posts/pfbid0HPeCQajTEgEC7TWKQXT6pW17N2WPFf5LaBNvq2VwkBXPuMuTSbuZW1EXZPwfWgwqlFacebookNe Winလူစည်ကားတဲ့နေရာကို နေ့ခင်းကြောင်တောင်ကြီး ကိုယ်ပိုင်ကားနဲ့သွားတာမို့အန္တရာယ်မရှိလောက်ဘူးလို့ မထင်ကြပါနဲ့ မနက်တုံးက မိတ်ဆွေတစ်ယောက်ပြောပြလို့ သူ့ညီကိုတော်တစ်ယောက်အကြောင်းသိလိုက်ရတယ်။ ရန်ကုန်မြို့ရဲ့...
Thazin Oo
22 Sept, 16:04
Truth Zon Online Media ရဲ့ သတင်းများကို နေ့စဥ်စောင့်ကြည့်နေသော မိဘပြည်သူများကို ကျေးဇူးတုံ့ပြန်သောအားဖြင့် ဖုန်းဘေလ်များ ခဲခြစ်လှူဒါန်းပေးသွားမှာ ဖြစ်ပါတယ်ရှင်...... ။ကြုံကြိုက်သလို လှူဒါန်းပေးသွားမှာဖြစ်လို့ Join ထားပြီး သတင်းများ ဝင်ရောက်ဖတ်ရှုရင်း ဖုန်းဘေလ်များ ရရှိနိုင်ကြပါစေရှင်....🙏https://t.me/TruthZoneOnlineTelegram"အမှန်တရားဇုံမှ အမှန်တရားများကိုသာ ဖော်ပြပေးပါမယ်ရှင်"
Thazin Oo
22 Sept, 15:15
ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် (၇၇)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်




Thazin Oo
22 Sept, 14:01
အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ရှိ Teesta မြစ်အတွင်း မိခင်နဲ့ကွဲကာ ရေစီးထဲ မျောပါသွားတဲ့ ဆင်ကလေးကို ဒေသခံ ငါးဖမ်းသမား ၅ ဦးက ကယ်တင်ပေးခဲ့ပြီး မိခင်ဆင်မကြီးဆီ အရောက် ပြန်လည်ပို့ဆောင်ပေးခဲ့...မှိုင်းဝေ
Thazin Oo
22 Sept, 12:30
forwarded from @thazinoo_onlinelottery969
💰 "ဒီတစ်လော ကိုယ့်ကိုယ်ကိုယ် ကံကောင်းနေသလိုပဲ လို့ ခံစားနေရပြီလား?"ထီဖွင့်ရန် (၈) ရက်သာလိုတော့သည်ရွှေဆည်သူ (online) ထီဖြန့်ချီရေးမှာ ဖုန်းလေးနဲ့ပဲ ကံစမ်းလိုက်ပါရှင်...။အက္ခရာတိုက်စရာမလို မင်္ဂလာစုံတွဲထီ {၂၀} စောင်တွဲတစ်ကဒ် 24000ks{၁၀} စောင်တွဲ တစ်ကဒ် 12000ks📱 09685565846 👈📱 09694255533 👈📱@ShweSaeThu14 👈📱@Thazin14 👈




Thazin Oo
22 Sept, 11:06
ရန်ကုန် - မော်လမြိုင်လမ်းပိုင်းပြေးဆွဲနေသည့် စပိန် DEMU ရထားအား ကျောက်ခဲဖြင့် ပစ်ခတ်သူကို ရထားရဲတပ်ဖွဲ့ ဖမ်းဆီးရမိကြောင်းသိရသည်။
Thazin Oo
22 Sept, 08:02
မလေးရှားရှိ မြန်မာနိုင်ငံသား ၈၆ ဦးကို စက်တင်ဘာ ၂၃ ရက်တွင် ပြန်လည်ခေါ်ယူမည်မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန၏ Tanah Merah ထိန်းသိမ်းရေးစခန်းတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၈၆ ဦးကို စက်တင်ဘာ ၂၃ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက အသိပေးထားသည်။အဆိုပါ မြန်မာနိုင်ငံသား ၈၆ ဦးကို မြန်မာအမျိုးသားလေကြောင်းလိုင်း (MAI) လေယာဉ်အမှတ် 8M-502 ဖြင့် ပြန်လည်ခေါ်ဆောင်မည်ဖြစ်ပြီး မိသားစုဝင်များ သိရှိနိုင်ရန် နေရပ်ပြန်မည့်သူများ၏ အမည်စာရင်းကို သံရုံး၏ Facebook စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ထားသည်။လက်ရှိတွင် မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနအောက်ရှိ ထိန်းသိမ်းရေးစခန်း ၁၅ ခု၌ ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများအနက် နေရပ်ပြန်လိုသူများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းစိစစ်ကာ မြန်မာနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။




Thazin Oo
22 Sept, 06:19
စမ်းချောင်းတွင် ကျောင်းသားနှစ်ဦးအား ဓားဖြင့်ထိုးသူများကို ဖမ်းဆီးရမိ ====================== ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်း၊ စမ်းချောင်းလင့်မုန့်စျေးတန်းတွင် စက်တင်ဘာလ ၂၇ ရက်ညနေက ကျောင်းသားနှစ်ဦးကို ဓားဖြင့်ထိုးသွားသူအမျိုးသမီးတစ်ဦးနှင့် အမျိုးသား ၇ ဦးကို စက်တင်ဘာလ ၂၁ ရက်ကဖမ်းဆီးရမိကြောင်းသိရသည်။ ဖြစ်စဉ်မှာ အာကာကျော်သည်၎င်းနှင့်သိကျွမ်းသော ရွှေရည်ဝတီ (ခ) သဒ္ဒာအား တယ်လီဂရမ်မှနောက်ပြောင်သည်ကို မကျေနပ်သောရွှေရည်ဝတီ၏ ရည်းစား သူရိန်းထွန်းက လူအုပ်စုဖွဲ့ခေါ်လာပြီး ရွေရည်ဝတီကို ထိုကျောင်းသားနှစ်ဦးရှိသည့်နေရာအား ဖုန်းဆက်ချိန်းဆိုစေကာလာရောက်ပြီး ဓားဖြင့်ထိုးခြင်း၊ ကျောက်ခဲဖြင့် ဦးခေါင်းကိုထုခြင်း၊ ဝိုင်းဝန်းထိုးကြိတ်ခြင်းများလုပ်ခဲ့သည်။ ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများကိုစစ်ဆေးရာမှ ပြစ်မှုကျူးလွန်သူများဖြစ်သော ရွှေရည်ဝတီ (ခ) သဒ္ဒါ (၁၈ နှစ်)၊ သူရိန်ထွန်း (၁၈ နှစ်)၊ ဇင်ကို (၁၈ နှစ်)၊ နိုင်မင်းခန့် (၁၇ နှစ်)၊ အောင်အောင်ဦး (၂၁ နှစ်)၊ အောင်မြတ်သူ (၁၄ နှစ်)၊ မင်းထက်ကျော် (၁၇ နှစ်)၊


Thazin Oo
22 Sept, 05:27
စက်တင်ဘာလ ၂၁ ရက်က ဗန်းမော်ဒေသ ဝက်ကုန်းရပ်ကွက်လမ်းဆုံအနီး မူးယစ်ဆေးသုံးစွဲနေကြတဲ့ အကြမ်းဖက် KIA ဘိန်းစားများကို တပ်မတော်က ချေမှုန်းရှင်းလင်းရာ KIA/PDF အလောင်း ၁ လောင်း၊ ၄၀ မမဗုံးပစ်လောင်ချာ ၁ လက်၊ ၄၀ မမဗုံးသီး ၅ လုံး၊တရုတ်ကြိုးဆွဲလက်ပစ်ဗုံး ၃ လုံး၊ နင်းမိုင်းအသေး ၂ လုံး၊ တိုက်မိုင်း ၃ လုံး၊ FPV Suicide Drone(လက်လုပ်ဗုံးသီးပါ)(မကောင်း) ၂ စီးတို့အား သိမ်းဆည်းရမိခဲ့တယ်လို့ သိရှိရပါတယ်။



Thazin Oo
22 Sept, 04:40
လယ်ယာကဏ္ဍမှ တန်ဖိုးမြှင့်ထုတ်ကုန်နှင့် ပိုကုန်ဈေးကွက်အထိ ချိတ်ဆက်ဆောင်ရွက်ရန်လို“လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို” ဟူသည့် ရည်မှန်းချက်သည် လယ်ယာကဏ္ဍတစ်ခုတည်းကို ဖွံဖြိုးတိုးတက်စေရန်ပြောကြားခြင်းမဟုတ်ဘဲ လယ်ယာထွက်ကုန်မှ ကုန်ကြမ်း၊ ကုန်ကြမ်းမှ တန်ဖိုးမြှင့်ထုတ်ကုန်၊ ပိုကုန်ဈေးကွက်အထိ တန်ဖိုးကွင်းဆက်တစ်လျှောက် ချိတ်ဆက်ပြီး နိုင်ငံ့ထုတ်ကုန်တိုးတက်လာစေရေးကို ရည်မှန်းသည့် မူဝါဒဦးတည်ချက်တစ်ရပ်လည်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့က “လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ထိုပြင် လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍ၊ နည်းပညာကဏ္ဍနှင့် ဈေးကွက်ရရှိရေးတိုအကြား အပြန်အလှန်ချိတ်ဆက်မှုကို ခိုင်မာအောင် တည်ဆောက်ပြီး ယခင်တန်ဖိုးထက် ပိုမိုမြင့်မားလာအောင် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။


Thazin Oo
22 Sept, 04:04
လုံခြုံရေးနှင့် သက်ဆိုင်သည့် မည်သည့်ကိစ္စရပ်မဆို အလေးအနက်ထားထိန်းသိမ်းကြရန် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တိုက်တွန်းသတင်းလုံခြုံရေးကို တစ်ဦးချင်းစီက အထူးဂရုပြုဆောင်ရွက်ကြရမည်ဖြစ်ပြီး သတင်းလုံခြုံမှုကျိုးပေါက်ခြင်းကြောင့် များစွာသောထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်သဖြင့် လုံခြုံရေးနှင့် သက်ဆိုင်သည့် မည်သည့်ကိစ္စရပ်မဆို အလေးအနက်ထားထိန်းသိမ်းကြရန်လိုကြောင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက တိုက်တွန်းပြောကြားပါတယ်။စက်တင်ဘာလ ၂၁ ရက်၊ မွန်းလွဲပိုင်းက ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်းရှိ ရုံးဌာနအသီးသီးမှ တပ်မတော်အရာရှိကြီးများအား နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားစဉ် ယခုလိုတိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။


Thazin Oo
22 Sept, 04:01
forwarded from @iamthazinoo
“လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် သတင်းယူI am Thazin Oo




Thazin Oo
22 Sept, 02:30
forwarded from @thazinoo_onlinelottery969
💰 "ဒီတစ်လော ကိုယ့်ကိုယ်ကိုယ် ကံကောင်းနေသလိုပဲ လို့ ခံစားနေရပြီလား?"ထီဖွင့်ရန် (၈) ရက်သာလိုတော့သည်ရွှေဆည်သူ (online) ထီဖြန့်ချီရေးမှာ ဖုန်းလေးနဲ့ပဲ ကံစမ်းလိုက်ပါရှင်...။အက္ခရာတိုက်စရာမလို မင်္ဂလာစုံတွဲထီ {၂၀} စောင်တွဲတစ်ကဒ် 24000ks{၁၀} စောင်တွဲ တစ်ကဒ် 12000ks📱 09685565846 👈📱 09694255533 👈📱@ShweSaeThu14 👈📱@Thazin14 👈



Related Channels
Other channels in the same section of the catalogue.
