gram news
Voice of Myanmar channel avatar

Voice of Myanmar

@vomnews2023

ONLINE MEDIA

ProjectsENMilitary

16,900subscribers

Open the Channel

Latest posts

  • Voice of Myanmar

    26 Sept, 11:42

    အခြေခံပညာကျောင်းတွေမှာ ကျောင်းတက်စရာ မလိုတဲ့ Enroll ကြေး ၂၅ သိန်းအထိ ဈေးပေါက်နေစက်တင်ဘာ ၂၆ - ၂၀၂၆ SN (VOM)အခြေခံပညာကျောင်းတွေမှာ ကျောင်းတက်စရာမလိုဘဲ အမည်စာရင်းသွင်း (Enroll) ပြုလုပ်ကာ ကျောင်းခေါ်ချိန် ယူနေမှုတွေအတွက် ငွေကျပ် ငါးသိန်းမှ ၂၅ သိန်းအထိ ဈေးပေါက်နေတယ်လို့ ပညာရေးအသိုင်းအဝိုင်းက သိရပါတယ်။ကျောင်းသားမိဘ တချို့ဟာ သားသမီးတွေကို ပုဂ္ဂလိကကျောင်း (ဒါမှမဟုတ်) နိုင်ငံတကာကျောင်းတွေမှာ တက်ရောက်စေပြီး အစိုးရကျောင်းတွေမှာ စာမေးပွဲဖြေဆိုခွင့် (ဒါမှမဟုတ်) အောင်လက်မှတ်အတွက် အမည်စာရင်း (Enroll) တင်ထားကာ ကျောင်းခေါ်ချိန် ယူနေကြတယ်လို့ သိရပါတယ်။တချို့သော မိဘတွေကတော့ ၎င်းတို့ရဲ့ သားသမီးတွေကို နေ့စဉ် ကျောင်း‌တက်တာမျိုး မပြုလုပ်စေဘဲ အိမ်မှာသာ Guide ခေါ်၊ စာသင်ကြားပေးကြကာ ကျောင်းမှာ Enroll တင်ထားကြတာလို့ သိရပါတယ်။“ပညာရေးလောကမှာ ဒီလိုလုပ်နေကြတာ ကြာပြီ။ အခုမှ မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကတည်းက လုပ်နေကြတာ။ အစိုးရကျောင်းတွေတင် မဟုတ်ဘူး။ ပုဂ္ဂလိကကျောင်း၊ နိုင်ငံတကာကျောင်းတွေပါ enroll လုပ်နေကြတာတွေ အများကြီးပဲ။ ‌ဘုန်း‌တော်ကြီးသင် ပညာရေးကျောင်းတွေလည်း ရှိတယ်။ တနှစ်ကို ပိုက်ဆံ ဘယ်လောက် ဆိုပြီး ပေးလိုက်တာကို enroll လုပ်တယ်လို့ ခေါ်တယ်။ ဈေးကွက်က အကြီးကြီး ရှိနေတာ” လို့ ပညာရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။Enroll တင်ပြီး ကျောင်းခေါ်ချိန် ယူထားကြတဲ့အတွက် ကျောင်းသား၊ ကျောင်းသူတွေဟာ ကျောင်းမတက်ဖူးဘဲ အောင်စာရင်းထွက်ချိန် အောင်စာရင်းမှာ ပါဝင်နေကြတာတွေ အများကြီးရှိနေပြီး တချို့က Grade - 11 မတက်ဖူးပါဘဲ Grade - 12 စာမေးပွဲကို အောင်မြင်‌နေကြတယ်လို့ သူက ပြောပါတယ်။“ပညာရေးလောက ပျက်စီးယိုယွင်းနေတာပါ။ ကျောင်းမှာ ကျောင်းသား၊ ကျောင်းသူတွေတော့ မရှိဘူး၊ ကျောင်းမတက်ဘူး။ ဒါပေမယ့် အချိန်တန်ရင် စာမေးပွဲ ဝင်ဖြေနိုင်ဖို့ စာရင်းသွင်းထားကြတယ်။ Enroll အတွက် ပေါက်ဈေးက တကျောင်းနဲ့ တကျောင်းတော့ မတူကြဘူး။ အခုက ကုန်ဈေးနှုန်းတွေလည်း တက်နေတာဆိုတော့ Enroll ကြေးလည်း တနှစ်ထက်တနှစ် ဈေးတက်လာမှာပေါ့” လို့ သူက ပြောပါတယ်။လက်ရှိမှာ မြို့လယ်ခေါင်က တချို့သော ကျောင်းတွေမှာ Enroll ကြေး ၁၀ သိန်းကနေ ၂၅ သိန်းဝန်းကျင်အထိ ရှိနေသလို ဆင်ခြေဖုံးလို နေရာမျိုးတွေက ကျောင်းတချို့မှာတော့ ငါးသိန်းကနေ ၁၀ သိန်းဝန်းကျင်အထိ ရှိနေကာ တချို့သော ကျောင်းတွေကတော့ ဂုဏ်ထူး ရရှိနိုင်မှုအပေါ် မူတည်ပြီး Enroll ကြေး ကောက်ခံကြတယ်လို့ သိရပါတယ်။ကျောင်းသားမိဘ တယောက်က “အမှန်အကန် တက်ခိုင်းတဲ့ ကျောင်းတွေလည်း ရှိနိုင်ပါတယ်။ တချို့ အစိုးရကျောင်းတွေကတော့ တပတ် သုံးရက် တက်ပေးရပါတယ်။ တချို့သော အစိုးရကျောင်းတွေကတော့ စာမေးပွဲ လေးကြိမ်ပဲ လာဖြေပေးရုံပါ။ တရက်မှကို တက်ဖို့မလိုတာပါ။ အဲဒီအတွက်လည်း ကြိုတင် ညှိကြရပါတယ်” လို့ ပြောပါတယ်။ဒါအပြင် အခုလို Enroll ယူထားကြတာဟာ နောင်တချိန် အစိုးရစနစ်အောက်က တရားဝင် ကျောင်းပြောင်းလက်မှတ် (ဒါမှမဟုတ်) အတန်းအောင်မြင်ကြောင်း အထောက်အထား လိုအပ်လာနိုင်ခြေ ရှိတဲ့အတွက် အစိုးရကျောင်းမှာ အမည်စာရင်း မပျက်ကွက်အောင် လုပ်ဆောင်ထားကြတာလို့ သိရပါတယ်။ဒါအပြင် ပညာရေးလောကအတွင်း အတန်းကျော် တက်ပေးပါကလည်း ငွေကြေး ဘယ်လောက် ဆိုတာမျိုး သတ်မှတ် တောင်းယူတာတွေလည်း ရှိနေပြီး တာဝန်ရှိသူတွေအနေနဲ့ စုံစမ်း အရေးယူမှုတွေ လုပ်ဆောင်သင့်တယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။အထောက်အထား အတိအကျနဲ့ တိုင်ကြားသူရှိမှ အရေးယူတာမျိုး ပြုလုပ်နေပါက သက်ဆိုင်ရာအဖွဲ့တွေ အနေနဲ့ တာဝန်ခံမှု မရှိသလို ဖြစ်နေတဲ့အပြင် အထောက်အထား ပြည့်စုံဖို့ ဆိုတာကလည်း တိုင်ကြားသူအတွက် ပြဿနာ ရှိနိုင်တာကြောင့် တာဝန်ရှိသူတွေဘက်က အဆင့်ဆင့် စုံစမ်းစစ်ဆေး ကြီးကြပ်စေချင်တယ်လို့ ဆိုပါတယ်။Photo - CJ#voiceofmyanmar #VOM #Enrollကြေး #စာသင်ကျောင်း
    672115Open in Telegram
  • Voice of Myanmar

    26 Sept, 11:36

    တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို တင်းတင်းကျပ်ကျပ် ဖမ်းဆီးဖို့ တရုတ်ရဲစခန်းတွေမှာ ညွှန်ကြားထားစက်တင်ဘာ ၂၆၊ ၂၀၂၆။ NN(VOM)တရုတ်နိုင်ငံထဲ တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို တင်းတင်းကျပ်ကျပ် ဖမ်းဆီးဖို့နဲ့ ဖမ်းမိသူတွေကိုလည်း ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ ချမှတ်ဖို့ တရုတ်နယ်စပ် အာဏာပိုင်တွေက အခုလ ၂၄ ရက်နေ့ကစပြီး သတိပေးစာ ထုတ်ပြန် ထားတယ်လို့ တရုတ်နယ်စပ်မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေဆီကနေ သိရပါတယ်။တရုတ်နိုင်ငံထဲ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား အချင်းချင်း ရန်ဖြစ်တာကနေ လူသတ်မှုတွေအထိ ဖြစ်ခဲ့တာတွေကြောင့် တရုတ်ရဲတပ်ဖွဲ့ဘက်က အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးတာတွေ ပိုလုပ် တာဖြစ် နိုင်တယ်လို့ နယ်စပ်ရောက် မြန်မာနိုင်ငံသား တချို့က ပြောပါတယ်။“လူသတ်မှုဖြစ်တာ နှစ်ခါရှိပြီ၊ ပြီးခဲ့တဲ့လက တစ်ခါ ဒီလမှာ တစ်ခါဖြစ်တယ်။ ကျူခုံမှာ ရန်ဖြစ်တာကနေ အချင်းချင်း လူသတ်မှုအထိ ဖြစ်တာ။ အဲကတည်း က တရုတ်ရဲတွေက မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးတာ ပိုကြမ်းလာတာ” လို့ ကျယ်​ဂေါင်မှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား တယောက်က ပြောပါတယ်။အခုထုတ်ပြန်ချက်ဟာ ရက်ပိုင်းသာ ရှိသေးတာကြောင့် မြန်မာနိုင်ငံသားတွေကြား သိပ်မသိကြသေးဘူးလို့ တရုတ်နိုင်ငံရောက် မြန်မာနိုင်ငံသား တချို့က ပြောပါတယ်။တရုတ်နိုင်ငံထဲကို ခိုးပေါက်တွေကနေ အထောက်အထားမဲ့ ဝင်လာတဲ့ မြန်မာ နိုင်ငံသားတွေအနေနဲ့ ဖမ်းဆီးခံရရင် ထောင်ဒဏ် ရက် ၂၀ ကျခံရမှာ ဖြစ်ပြီး တရုတ်ယွမ်ငွေ တစ်သောင်း (မြန်မာငွေ သိန်းခြောက်ဆယ်ကျော်) ဒဏ်တပ် ခံရမယ်လို့ သိရပါတယ်။ဒါ့အပြင် စက်ရုံတွေထဲမှာ အထောက်အထားမဲ့ နေထိုင်ပြီး လုပ်ကိုင်နေတဲ့သူ တွေကို တွေ့ရှိရင်လည်း စက်ရုံပိုင်ရှင်ကိုပါ ထောင်ဒဏ် ရက် ၂၀ နဲ့ ဒဏ်ငွေ တရုတ်ယွမ် ခုနစ်သောင်းအထိ တပ်ခံရမယ်လို့ အာဏာပိုင်တွေရဲ့ ညွှန်ကြားစာမှာ ပါရှိတယ်လို့ ရွှေလီရောက် မြန်မာနိုင်ငံသား တချို့က သတိပေးနေ ကြပါတယ်။အခုရက်ပိုင်းမှာ နယ်စပ်ကနေ ခိုးဝင်တဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်ရဲတွေက ပိုမိုဖမ်းဆီးနေတယ်လို့လည်း တရုတ်နယ်စပ်မှာ နေထိုင်သူ တချို့ဆီကနေ သိရပါတယ်။“အခုက စာထုတ်ပြီဆိုတော့ ပိုပြီးဖမ်းမယ့်သဘောရှိတယ်။ ခိုးပေါက်က ဝင်တဲ့သူတွေကို ပိုဖမ်းမှာလို့ ပြောတယ်။ စက်ရုံမှာ လုပ်တဲ့သူတွေလည်း အထောက်အထား မရှိရင် အဖမ်းခံရမယ်လို့ ပြောနေတယ်။ သတိနဲ့ နေထိုင် လုပ်ကိုင်ကြဖို့ ပြောချင်တယ်” လို့ တရုတ်နယ်စပ် ကျယ်​ဂေါင်မှာ နေထိုင် သူတယောက်က ပြောပါတယ်။ဖမ်းဆီးထောင်ချခံရတဲ့ သူတွေအနေနဲ့ ချုပ်ရက်ပြည့်ရင် မြန်မာနယ်စပ်ကို ပြည်နှင်ဒဏ်ပေးခံရမှာဖြစ်ပြီး တရုတ်ပြည်ထဲ ပြန်ဝင်ခွင့် ပိတ်ခံရတာမျိုးလည်း ရှိတယ်လို့ သိရပါတယ်။တရုတ်နဲ့မြန်မာကြား နယ်စပ်ဂိတ်တွေကန ခုနှစ်သက်တမ်းရှိတဲ့ နိုင်ငံကူးလက် မှတ်တွေနဲ့ အလည်အပတ်အတွက်သာ ဝင်ထွက်သွားလာခွင့်ပြုထားတာဖြစ် ပြီး ဒီလက်မှတ်တွေ သက်တမ်းလွန်နေထိုင်ရင် တရုတ်ရဲတပ်ဖွဲ့ကဖမ်းဆီးတာ ခံရမှာ ဖြစ်ပါတယ်။မြန်မာနိုင်ငံသား အများစုကတော့ အလုပ်အကိုင်အတွက်ခွင့်မပြုတဲ့ နယ်စပ် ဖြတ်သန်းခွင့် အလည်အပတ် လက်မှတ်တွေကိုင်ဆောင်ပြီး တရုတ်နိုင်ငံထဲ အလုပ်လုပ်နေကြတာကြောင့် တရုတ်ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာကို ခံနေရတယ် လို့ နယ်စပ်မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေဆီကနေ သိရပါတယ်။#voiceofmyanmar #VOM #တရုတ်နယ်စပ်
    61842Open in Telegram
  • Voice of Myanmar

    26 Sept, 07:33

    ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ( ၂၀၂၆ - စက်တင်ဘာ ၂၆ ၊ နံနက် ၁၀ နာရီ) Voice of Myanmar#ရွှေဈေး-ကမ္ဘာ့ရွှေဈေး တအောင်စ ၄၂၈၅ ဒေါ်လာရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၇,၁၃၀,၀၀၀ ကျပ်ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၁၀,၁၁၀,၀၀၀ ကျပ် ဝယ်ဈေး ၁၀,၀၇၀,၀၀၀ ကျပ်-၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၉,၇၁၀,၀၀၀ ကျပ် ဝယ်ဈေး ၉,၆၇၀,၀၀၀ ကျပ်စနစ်သစ် (၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၉,၉၉၀,၀၀၀ ကျပ် ဝယ်ဈေး ၉,၉၅၀,၀၀၀ ကျပ်-၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၉,၅၉၀,၀၀၀ ကျပ် ဝယ်ဈေး ၉,၅၅၀,၀၀၀ ကျပ်“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
    83992Open in Telegram
  • Voice of Myanmar

    26 Sept, 07:32

    ဒီပဲယင်းမှာ တတိယအုပ်စု ပါလာတယ် ဟု ပြောခြင်းမှာ ၁ - ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ်ပါတီဝင်များ ဝန်းရံသူများ၊ ၂ - လိုက်ပါ စောင့်ကြည့် ထောက်လှမ်း သတင်းယူသူများပဲ တစ်လျှောက်လုံး ရှိနေခဲ့ရာမှ မုံရွာအဝင်မှာပင် ထို အုပ်စု ၂စုက မဟုတ်သော တတိယအုပ်စုတစ်စု ပါဝင်လာတာ နံပတ်၂ အဖွဲ့က သိလိုက်ရပြီကို ဆိုလိုသည်ဟုလည်း ဦးတက်တိုး က ရှင်းပြခဲ့သည်။ ထို့ကြောင့် ဦးတက်တိုးတို့ဘက်က လုပ်ရဲရင်လုပ်ကြည့် မင်းတို့ဖိုင်တွေ ငါတို့ဆီမှာ အသေးစိတ်ရှိတယ် ဟူသော အခြိမ်းအခြောက်ကို လက်ဦးမှု ယူသွားလေသလား ဟူသည် ကိုလည်း စဉ်းစားနေမိသည်။အပေါ်ထပ်မှာ ကွဲနေကြတယ်ဆရာ ------------------------------------- ထိုသို့သော စကားတွေ နားနှင့်ဆတ်ဆတ်ကြားမိပြီးနောက် မန္တလေးသို့ ရောက်လာသည့် ဆရာကြီးတစ်ဦးနှင့် တွေ့သောအခါ “အပေါ်ထပ်မှာ ကွဲနေကြတယ်ဆရာ” ဟု ပြောခဲ့သည်။ ဘာပဲပြောပြော ဆရာကြီးက ထိုစဉ်ကာလ ဒိမိုကရေစီ နိုင်ငံရေး ရှေ့ဆောင်ပုဂ္ဂိုလ်များနှင့် အနီးကပ်မို့ ပြောပြခြင်း ဖြစ်သည်။ သို့သော် ဆရာကြီးက ကျွန်တော့်ကို မင်းနုပါသေးတယ်ကွာ ဟူသော အကြည့်ဖြင့် ကြည့်ကာ ပယ်ချခဲ့၏။ကျွန်တော်ကတော့ ဘယ်အရာမဆို ပကတိ သတင်းအမှန် အချက်အလက်မှန်များ ရယူစုဆောင်းပြီးမှ စဉ်းစားသုံးသပ်ချင်သည်။ သင်္ချာသဘောအရဆိုလျှင် ပေးထားချက်များ အပေါ်မှ လိုအပ်သည့် ဆောက်လုပ်ချက် ထည့်ကာ အဖြေထုတ်လိုခြင်း ဖြစ်သည်။ ကိုင်း ထားပါတော့။ ကျွန်တော် ထိုသတင်းကြားပြီး ခက်ချင်း ပူပန်သွားတာက ဦးတက်တိုးပဲ ဖြစ်ပါ၏။ သူရော ရှိပါသေးလား။ သူရှိခြင်း မရှိခြင်းက ကျွန်တော်တို့ ရပ်ကွက်လေး ကျန်းမာရေးနှင့် ဆက်စပ်နေသည်လေ။ဆူးငှက်#voiceofmyanmar #VOM #ဆူးငှက်
    65692Open in Telegram
  • Voice of Myanmar

    26 Sept, 07:32

    သူတို့အိမ် အခန်း (၂၃၁)ဆူးငှက်ရပ်ကွက်လေး ရှေ့ရေး ပူသူဝေး ------------------------------------- ကျွန်တော်တို့ ရပ်ကွက်လေးက အမှန်တကယ် တည်တံ့ တရားဝင်ရေးကို မေ့လျော့ နေကြသည်။ ကျွန်တော်ကတော့ ဦးတက်တိုး၏ အဆက်အသွယ်က အကြံပေးသလို မြေရာဇဝင်နှင့် ဖြစ်စေချင်သည့် အနေအထား များအား တိုင်းမှူး ဒု တိုင်းမှူးနှင့် မြို့တော်ဝန်တို့ထံ ရပ်ကွက်အနေနှင့် စာတင်ထားလိုက်သည်။ ကိုယ့်အနေနှင့်က ဘယ်လိုမှ စိတ်မချနိုင်သေး။ တရားဝင် စာနှင့်ပေနှင့် အကြောင်းမကြား မထုတ်ပြန်သ၍ စိတ်မအေး နိုင်သေးပေ။ ကျွန်တော့်လို စိတ်ပူသူတွေက ကျွန်တော်တို့ ရဲသုံးဘော်နှင့် ရပ်ကွက်နေ ၅ဦးခန့်မျှသာ ရှိသည်။ ရပ်ကွက်ထဲမှာ နောက်မှ ရောက်လာသူတွေက ပိုမပူသေးသပေါ့လေ။ဓမ္မာရုံရှိရင် ဘူဒိုဇာ မထိုးဘူးတဲ့ ------------------------------------- သည်လိုအခြေအနေတွင် ရပ်ကွက်ထဲက စိုးရိမ်ပူပန်နေသူ အချို့နှင့် ရပ်ကွက်ခံ လူငယ်များ စုစည်းပြီး ဓမ္မာရုံလည်း ဆောက်ဖို့ စီစဉ်နေကြသည်။ ၁၉၉၃ - ၉၄ ခုနှစ် အကွက်ရိုက် ကတည်းက မြေပိုင်ရှင်တစ်ဦးက ဓမ္မာရုံအတွက် မြေလှူထားသည်။ ရပ်ကွက်၏ အဦးအထိပ် အရှေ့မြောက်ထောင့် အရပ်မှာ ရှိသည်။ ထိုနေရာက အတန်ငယ်ကျယ်ဝန်းသည်။ သို့သော် ထူးပေါက်ရေပေါက်နေရာမို့ မြေအတော်ဖို့ကြရမည်။ ဒါလည်းပူစရာမလိုပေ၊ ရပ်ကွက်အတွင်း လူငယ်များ ဦးစီးပြီး ညစဉ်ညတိုင်း လူစုကာ အုန်းပင် ပင်စည်တုံးကြီးတွေရှာဖွေပြီး ထိုရေဝပ်သည့် နေရာမှာ ချကာ မြေဖို့ကြသည်။ထိုစဉ်ကာလ မြေတွေ အသိမ်းခံကြရလွန်းသောကြောင့် မန္တလေးသားတွေ အယူအဆက ကိုယ့်ရပ်ကွက်ထဲ ဓမ္မာရုံရှိလျှင် ဘူဒိုဇာ အထိုးလွတ်နိုင်သည် ဟူလို။ ထို့ကြောင့်လည်း ကျွန်တော်တို့ ရပ်ကွက်မှာ ဓမ္မာရုံလေး တစ်ဆောင် အမြန်အကောင်အထည် ဖော်ကြခြင်း ဖြစ်သည်။ ကြိုးပမ်းကြသူများအနေနှင့် အတော် ပင်ပန်းကြပါ၏။ ကြိုးပမ်းသူတွေကလည်း ရပ်ကွက်လေးထဲ ဦးဆုံးရောက်လာကြကာ ပင်ပန်းဆင်းရဲစွာ ရုန်းကန် အခြေချခဲ့သူများ ဖြစ်ပါ၏။ ထို့ကြောင့် ချွေးဖြင့် ရင်းခဲ့သည့် ကိုယ့်နေရာလေးကို တည်တံ့စေချင်သောကြောင့် လုံ့လစိုက်ကြခြင်း ဖြစ်သည်။ဒေါ်မေရှင်ဆီ လာသော ဝန်ကြီးချုပ် ---------------------------------------- ထိုစဉ်ကာလ အောက်တိုဘာလ၏ ဒုတိယပတ်အကျော်လောက် ဖြစ်မည်။ ကျွန်တော် မြို့ထဲက အပြန် ၂၆ဘီလမ်းအတိုင်း အရှေ့တက်တော့ ၆၂လမ်းမရောက်မီ ယာဉ်ထိန်းရဲများက ယာဉ်ကြောကို ပိတ်ကာ မြစန္ဒာလမ်းအတိုင်း ၂၆ဘီလမ်းဘက် ချိုးလာသည့် ယာဉ်တန်းအတွက် လမ်းကြောင်းရှင်းထားသည်။ ကျွန်တော်လည်း စက်ဘီးလေးရပ်ပြီး စောင့်နေစဉ် ယာဉ်တန်းက မြစန္ဒာလမ်းဘက်က ထွက်လာပြီး အနောက်ဘက် ချိုးသွားသည်။ ယာဉ်တန်းက စီးရေမများလှပေ။ တိုင်းမှူးပင် မဖြစ်နိုင်၊ မြို့တော်ဝန်လေလား၊ မြို့တော်ဝန် ယာဉ်တန်းတော့ မဟုတ်၊ မြို့တော်ဝန် ယာဉ်တန်းက သိသာသည်။ အခုယာဉ်တန်းက ဘယ်သူပါလိမ့်။ထိုစဉ် အနီးရှိ ဒိန်ချဉ်ဆိုင်က မျက်နှာသိမို့ ကျွန်တော့်ကို ဒေါ်မေရှင်ဆီ ဝန်ကြီးချုပ်လာတာဟု လှမ်းပြောသည်။ ဟုတ်တာပေါ့၊ ကျွန်တော် သတိမထားမိတာ၊ သတင်းတွေထဲမှာ ဝန်ကြီးချုပ်က စစ်ကိုင်းတောင် ပုညရှင်ဘုရားသွားဖူးတာ မန္တလေးတောင်ခြေ တိုင်းရင်းဆေးတက္ကသိုလ်သွားတာတွေ ကြားနေသည်။ အခု မန္တလေးသူ နာမည်ကျော် ဂန္ထဝင် အနုပညာရှင်ကြီး ဒေါ်မေရှင်ကို လာတွေ့တာဆိုပဲ။ အနားမှာ ကျွန်တော့်လို စက်ဘီးလေး ထောက်ကာ ရပ်စောင့်နေသူတစ်ဦးက နေ့လယ်ကတည်းက စည်ပင်ခန်းမ ၁မှာ စည်းဝေးနေတာ၊ အဲ့ဒီက တန်းလာတာ နေမှာဟု ပြောနေသည်။ကျွန်တော်လည်း ဝန်ကြီးချုပ်က အဆောင်အယောင် နည်းလှချေလားဟု အောင့်မေ့မိသည်။ ဝန်ကြီးချုပ် ဆိုရင်ဖြင့် ၂၆ဘီလမ်းအတိုင်း အနောက်ဆင်းကာ နန်းတွင်း မပြန်ဘဲ အရှေ့တက်ပြီး ကျွန်တော်တို့ သရက်ကုန်း ကွက်သစ်လေးဆီ လာစေချင်ပါဘိ။ လမ်းလေးတွေ ဝင်းလေးခြံလေးတွေ ကိုယ်ထူကိုယ်ထ လမ်းမီးလေးတွေနှင့် စည်းကမ်းတကျ ဖွဲ့စည်းနေထိုင်သည့် ရပ်ကွက်လေးကို ပြချင်ပါဘိ။ အနည်းငယ် အချိန်ရလျှင် ရပ်ကွက်လေးက ခက်ခက်ခဲခဲ အကောင်အထည်ဖော်နေသည့် ဓမ္မာရုံလေးနေရာကိုလည်း ပြချင်ပါဘိ၊ လမ်းလည်း သင့်နေတာလေ ဟု စိတ်ကူးနေမိသည်။ကြက်ဥအရောင် တိမ်တောင်သဖွယ် --------------------------------------- အလိုလေး.. ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်သတဲ့၊ နောက်ရက်မှာ ထူးထူးခြားခြား ကြားလိုက်ရသည့် သတင်းက မန္တလေးက အပြန် ဝန်ကြီးချုပ်ကို ထိန်းသိမ်းလိုက်ပြီတဲ့။ သတင်းတွေ၊ ကောက်ချက်တွေ၊ သုံးသပ်ချက်တွေ အမျိုးမျိုးပါပဲလေ။ ကျွန်တော်ကတော့ ဦးတက်တိုးပြောသည့် ဒို့မင်းသားက သူ့လူတွေကို ယုံလွန်းတယ်ဟူသောစကား၊ ဒီပဲယင်းကိစ္စမှာ တတိယအုပ်စုပါလာပြီ ဟူသောစကားနှင့် ညကြီးမင်းကြီး တွေ့ခဲ့ရသည့် တပ်မှူးတစ်ဦးပြောသော တစ်ဖက် အုပ်စုက ဟူသည့် စကားများကို ပြန်လည် ကြားယောင်ကာ ဆက်စပ်တွေးနေမိသည်။
  • Voice of Myanmar

    25 Sept, 09:38

    ကျောက်မဲက ရတီမှန်ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ၊ ဖုန်း၊ငွေ ပါသွားစက်တင်ဘာ ၂၅ ၊ ၂၀၂၆ CC (VOM)ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရပ်ကွက် (၂)၊ ပင်လုံလမ်းရှိ ရတီမှန်ရွှေဆိုင်မှာ ဒီကနေ့ စက်တင်ဘာ ၂၅ ရက်နေ့ မနက်ပိုင်းက ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းအားလုံး နဲ့ ဖုန်း၊ငွေသား ပါသွားတယ်လို့ သိရပါတယ်။" ငွေသားက သိန်း ၃၀ လောက် ၊ Iphone ကသုံးလုံးပါသွားတယ်။ ရွှေကတော့အတိကျမသိနိုင်ဘူး ။ဘာလို့ဆို ကောင်တာထဲက ရွှေတွေအကုန်သိမ်းကျုံးယူသွားတာ။ အကုန်ယူသွားတာ ။"ရွှေဆိုင်ကို မျက်နှာဖုံးစွပ်ထားပြီး ဆိုင်ကယ်အုပ်ထုတ်ဆောင်းထားတဲ အမျိုးသားနှစ်ယောက်က ဆိုင်ကယ်နဲ့ရောက်လာပြီး ဓားပြတိုက်သွားတာဖြစ်ကြောင်း ၊ ရွှေထည်ပစ္စည်းက ခန့်မှန်း ၅၀ သားလောက်ရှိနိုင်ကြောင်း ကနဦးသိရပါတယ်။လက်ရှိမှာ ဓားပြတိုက်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။စက်တင်ဘာ ၁၂ ရက် ကလည်း ကျောက်မဲမြို့၊ မြို့မဈေးမှာ ဖွင့်လှစ်ထားတဲ့ ရွှေမိုးရွှေဆိုင်ကို ဓားပြတိုက်ခံရပြီး ရွှေ ၇၀ သားလောက်ပါသွားသလို ဆိုင်ရှင်နဲ့ အမျိုးသားတယောက် သေနတ် နဲ့ပစ်ခံခဲ့ရပါတယ်။ဓာတ်ပုံ - CJ#Voiceofmyanmar #VOM #ကျောက်မဲ #ရတီမှန်ရွှေဆိုင် #ဓားပြတိုက်ခံရ
    1,230111Open in Telegram
  • Voice of Myanmar

    25 Sept, 09:25

    ရခိုင်ပြည်နယ်မှာ ၄၉၂၆ စစ်ဆင်ရေးစတင်ပြီးနောက် စစ်ရေးပြင်းထန်လာသလို လေကြောင်းဆက်တိုက်ကြဲခံရစက်တင်ဘာ ၂၅ ၊ ၂၀၂၆ GG (VOM)ရခိုင်ပြည်နယ်မှာ ၄၉၂၆ စစ်ဆင်ရေးစတင်ပြီးနောက် စစ်ရေးအခြေအနေပြင်းထန်မှုနဲ့အတူ လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်ဖြစ်ပွားကာ သေဆုံး ၊ ဒဏ်ရာရမှုတွေရှိနေ တယ်လို့ နယ်​မြေခံ​တွေအ​ပြောအရ သိရပါတယ်။ဒီကနေ့ စက်တင်ဘာ ၂၅ ရက်၊ မနက်အစော ၂ နာရီကျော်လောက်မှာ ကျောက်တော်မြို့နယ် ၊ ပြည်တော်သာ (၉) လမ်း၊ ပီစိပိုက်သည်ရွာ၊ ဝကင်းရွာ၊ ဒုံးရပ်ရွာနဲ့ နိဒင်ရွာဘက်မှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး ရှစ်ယောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။" ဒဏ်ရာရတာ ရှစ်ယောက်ရှိတယ် ။ အဲဒီထဲမှာ အမျိုးသမီးတယောက်ကတော့ ဗိုက်ကိုထိထားတာ ဒဏ်ရာပြင်းတယ်သိရတယ်။ ဗုံးအလုံး၂၀လောက်ကြဲသွားတာလို့သိရတယ်။ " လို့ စစ်ရှောင်တွေကူညီနေသူက ပြောပါတယ်။စက်တင်ဘာ ၂၄ ရက်ကလည်း ရသေ့တောင်မြို့နယ်၊ဇီးကိုင်း ရွာဘက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး နေအိမ်ပျက်စီးမှုတွေရှိခဲ့ပါတယ်။၂၃ ရက်နေ့ညပိုင်းက ပုဏ္ဍားကျွန်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး နှစ်ယောက်သေဆုံးခဲ့သလို စစ်တွေနဲ့ ပုဏ္ဍားကျွန်း မြို့နယ်အစပ်က နေရာတချို့မှာလည်း လေကြောင်းတိုက်ခိုက်ခံခဲ့ရပါတယ်။ဂွမြို့နယ် ၊ မင်းပြား ၊ပေါက်တောမြို့နယ်တွေမှာလည်း စက်တင်ဘာ ၂၁ ရက်က လေကြောင်းတိုက်ခိုက်ခံရပြီး တယောက်သေကာ နှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။စက်တင်ဘာ ၂၀ ရက်ကလည်း လက်နက်ကြီးကြောင့် ရသေ့တောင်မြို့နယ်မှာ နှစ်ယောက်သေဆုံးခဲ့သလို ပုဏ္ဏားကျွန်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ကြောင့် တယောက်သေဆုံးခဲ့ပါတယ်။စက်တင်ဘာ ၄ ရက်ကနေ ၁၈ ရက်အတွင်းကလည်း သံတွဲ၊ဂွ ၊ စစ်တွေ၊ ပုဏ္ဏားကျွန်းနဲ့ ပေါက်တောမြို့နယ်တွေမှာ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ခုနှစ်ယောက်ထက်မနည်းသေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၁၀ ယောက်ထက်မနည်းရှိခဲ့တယ်လို့ သိရပါတယ်။ရခိုင်ပြည်နယ်ရှိ လက်လွှတ်ထားရတဲ့မြို့နယ်တွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် အစိုးရတပ်က ၄၉၆ စစ်ဆင်ရေးအမည်နဲ့ စက်တင်ဘာ ၄ ရက်ကစပြီး အင်အားအများအပြားသုံးကာ မြေပြင်စစ်ကြောင်း ၊ လေကြောင်းပစ်ကူ ၊ လက်နက်ကြီးသုံးပြီး ဆက်တိုက် ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။လက်ရှိမှာ ရခိုင် - မကွေးအစပ် ၊ ရခိုင် - ဧရာဝတီ အစပ်ကနေရာတွေမှာ တိုက်ပွဲတွေပြင်းထန်နေသလို ပုဏ္ဏားကျွန်းမြို့နယ်မှာပါ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ဓာတ်ပုံ - CJ #Voiceofmyanmar #VOM #ရခိုင်ပြည်နယ် #လေကြောင်းတိုက်ခိုက်မှု #AA #အစိုးရ
    1,120611Open in Telegram
  • Voice of Myanmar

    25 Sept, 08:59

    မြန်မာနိုင်ငံအထက်ပိုင်းက မြို့နယ်ချို့မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၄ ယောက်သေပြီး ၃၀ ထက်မနည်းဒဏ်ရာရစက်တင်ဘာ ၂၃ ၊ ၂၀၂၆ GG (VOM)မြန်မာနိုင်ငံအထက်ပိုင်းက မြို့နယ်တချို့မှာ ဒီရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၁၄ ယောက်သေဆုံးကာ ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။မနေ့က စက်တင်ဘာ ၂၄ ရက်နေ့ ညနေ ၅ နာရီကျော်လောက်မှာ ကောလင်းမြို့နယ် အရှေ့ခြမ်း ၊ မြစ်ကြီးနား - ရွှေဘို ဗျူဟာလမ်းမကြီးပေါ်မှာရှိတဲ့ ကုက္ကိုကုန်းကျေးရွာကို လေကြောင်းတိုက်ခိုက်ခံရပြီး အမျိုးသားသုံးယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။" ဒဏ်ရာရတဲ့အထဲမှာ ပြင်းထန်တဲ့သူနှစ်ယောက် ပါတယ်သိရတယ်။ အိမ်ငါးလုံးလောက်လည်း ပျက်စီးမှုရှိတယ် ။ " လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။အဲဒီလေကြောင်းတိုက်ခိုက်ခံရတဲ့ရွာဟာ NUG လက်အောက်ခံ ၊ ကောလင်းခရိုင်အမှတ် ၁ တပ်ရင်း စစ်ရေးလှုပ်ရှားတဲ့ နယ်မြေဖြစ်တယ်လို့ သိရပါတယ်။စက်တင်ဘာ ၂၃ ရက်မှာ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ရွှေဘို - မြစ်ကြီးနားလမ်းပိုင်းက စက်တော်ကုန်း ကျေးရွာဘက်မှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့ပြီး ငါးယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ငါးယောက်ထက်မနည်းရှိခဲ့ပါတယ်။မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မာန်လည်ကျေးရွာမှာလည်း စက်တင်ဘာ ၂၂ ရက်က လေကြောင်းတိုက်ခိုက်ခံရပြီး နှစ်ယောက်သေဆုံးကာ ငါးယောက် ဒဏ်ရာရခဲ့ပါတယ်။မကွေးတိုင်းက ပခုက္ကူမြို့နယ်နဲ့ မြစ်ခြေမြို့နယ်ဘက်မှာလည်း လေကြောင်း တိုက်ခိုက်မှုတွေ ရှိခဲ့ပြီး နေအိမ်တွေ ပျက်စီးတာ ၊ဒေသခံတွေ ထောင်နဲ့ချီစစ်ရှောင်နေရပါတယ်။စက်တင်ဘာ ၁၈ ရက်မှာ ကချင်ပြည်နယ် ၊ ရွှေကူမြို့၊ဧရာဝတီမြစ် တဖက်ကမ်းမှာရှိတဲ့ မြို့ကုန်းရွာဘက်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး လေးယောက်သေဆုံးကာ ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ဓာတ်ပုံ - CJ#Voiceofmyanmar #VOM #မြန်မာပြည်အထက်ပိုင်း #လေကြောင်းတိုက်ခိုက် #သေဆုံး #ဒဏ်ရာရ
    910311Open in Telegram
  • Voice of Myanmar

    22 Sept, 10:16

    မုန်တိုင်းအရှိန်ကြောင့် မိုးရွာ လေပြင်းတိုက်လို့ စပါးခင်း ၊ ပြောင်းခင်းတွေ လဲကျပျက်စီးခဲ့သလို မြေပဲ၊ကြက်သွန်ခင်းတွေလည်း ပျက်စီးစက်တင်ဘာ ၂၂ ၊ ၂၀၂၆ CC (VOM)ဒီရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ မုန်တိုင်းအရှိန်ကြောင့် မိုးရွာ ၊ လေပြင်းတိုက်လို့ ဧရာဝတီတိုင်း ၊ ပဲခူးတိုင်း ၊ ရန်ကုန်တိုင်း စပါးစိုက်ခင်းအများအပြား နဲ့ ရှမ်းပြည်နယ်ထဲက ပြောင်းစိုက်ခင်းတချို့ အပင်​တွေလဲကျပြီး ပျက်စီးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ဧရာဝတီတိုင်းမှာဆိုရင် ပုသိမ် ၊ အိမ်မဲ၊ ကျောင်းကုန်း၊ ညောင်တုန်း၊ ပန်းတနော်၊ မအူပင်စတဲ့မြို့နယ် တွေက စပါးစိုက်ဧက ရာနဲ့ချီပြီး လဲကျ ပျက်စီးမှုရှိခဲ့ပါတယ်။ရန်ကုန်တိုင်းမှာဆိုရင်လည်း တွံတေးမြို့နယ်၊ ခရမ်းမြို့နယ် ၊ သုံးခွ ၊ သန်လျင်မြို့နယ် အပါအဝင် စတဲ့မြို့နယ်တချို့ မှာ လေပြင်းတိုက်ခတ်မှုကြောင့် စပါးစိုက်ဧက ရာနဲ့ချီပြီး လဲကျခဲ့ကြောင်း ၊ စိုက်ခင်းထဲရေရှိတဲ့ စပါးခင်းတွေကတော့ ပျက်စီးဆုံးရှုံးမှုပိုများတယ်လို့သိရပါတယ်။" စပါးအဖုံးအလုံးတွေဖြစ်နေပြီ။အနှံထွက်တဲ့အပင်ကတချို့တလေပဲထွက်သေးတယ်။အဖုံးရင်
    85082Open in Telegram
  • Voice of Myanmar

    22 Sept, 10:16

    Image from a post by Voice of MyanmarImage from a post by Voice of MyanmarImage from a post by Voice of Myanmar
  • Voice of Myanmar

    22 Sept, 09:36

    အုတ်တွင်းမြို့နယ် တိုက်ပွဲဆက်ဖြစ်​နေလို့ ဒေသခံတွေ နေရပ်မပြန်နိုင်သေးစက်တင်ဘာ ၂၂ - ၂၀၂၆ SS (VOM)ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်မှာ အခုရက်ပိုင်းအတွင်း ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေ စစ်ဘေး တိမ်းရှောင်နေရပြီး လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးဘူးလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။အုတ်တွင်းမြို့နယ်ထဲက ကရင်ရွာ၊ ရွှေလောင်း၊ အင်းဝိုင်းနဲ့ ဘိုကုန်းကျေးရွာတွေဘက်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့ကစပြီး အစိုးရတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေ တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။တိုက်ပွဲ သုံးရက်ကြာ ငြိမ်သက်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့၊ ညနေပိုင်းက ကရင်ရွာကြီးဝန်းကျင်မှာ တကြိမ်၊ မနေ့ စက်တင်ဘာ ၂၁ ရက်၊ နေ့လယ် ၁၂ နာရီဝန်းကျင်က ပဲကြီးခုံကျေးရွာမှာ တကြိမ် ဒရုန်း တိုက်ခိုက်မှုတွေနဲ့အတူ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။“မနေ့က တိုက်ပွဲဖြစ်တဲ့အချိန် ဒရုန်းချတာ ခုနစ်လုံးလောက်ရှိတယ်။ လူအထိအခိုက်တော့ မကြားမိသေးဘူး။ အခု တိုက်ပွဲဖြစ်တဲ့ နေရာတွေက အမြန်လမ်း
    8124411Open in Telegram
  • Voice of Myanmar

    22 Sept, 09:36

    Image from a post by Voice of MyanmarImage from a post by Voice of MyanmarImage from a post by Voice of Myanmar
  • Voice of Myanmar

    22 Sept, 06:59

    စမ်းချောင်းမှာ ကျောင်းသားနှစ်ယောက်ကို ဓားနဲ့ထိုး ရိုက်နှက်ခဲ့တဲ့ ကျူးလွန်သူ ရှစ်ယောက်ကိုဖမ်းမိစက်တင်ဘာ ၂၂ ၊ ၂၀၂၆ GG (VOM)ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်း၊ စမ်းချောင်းလင့်ခ် ၊ ညစျေးတန်းမှာ ကျောင်းသားနှစ်ယောက်ကို ဓားနဲ့ထိုးသွားသူတွေထဲက မိန်းကလေးတယောက်အပါအဝင် လူငယ်ရှစ်ယောက်ကို ဖမ်းဆီးရမိပြီလို့ သိရပါတယ်။ဖမ်းဆီးရမိသူတွေက အသက် ၁၈ နှစ်အရွယ်တွေဖြစ်တဲ့ ရွှေရည်ဝတီ (ခ) သဒ္ဒါ ၊သူရိန်ထွန်း ၊ ဇင်ကို ၊ အသက် ၁၇ နှစ်အရွယ်ဖြစ်တဲ့ မင်းထက်ကျော် နဲ့ နိုင်မင်းခန့် ၊ အသက် ၂၁ နှစ် အောင်အောင်ဦး၊ အသက် ၁၄ နှစ် အောင်မြတ်သူ ၊ အသက် ၁၆ နှစ်အရွယ် ပြည့်စုံအောင် တို့ ဖြစ်တယ်လို့ သိရပါတယ်။" မနေ့က ဖမ်းမိတာလို့ သိရတယ်။ ခုဖမ်းမိတဲ့အထဲက ကောင်မလေးကို တယ်လီဂရမ်မှာ စနောက်လို့ဆိုပြီး ကောင်မလေးရည်းစားက အဖွဲ့လိုက်သွားပြီး IMC ကကျောင်းသားနှစ်ယောက်ကို သွားပြီးလုပ်ကြတာလို့သိရတယ်။ အခုစစ်နေတယ်။ " လို့ လုံခြုံရေးတပ်ဖွဲ့နဲ့နီးစပ်သူ မြို့ခံတယောက်က ပြောပါတယ်။ပြစ်မှုကျူးလွန်သူတွေထဲက အသေးလေးလို့ခေါ်တဲ့
    1,04085Open in Telegram
  • Voice of Myanmar

    22 Sept, 06:59

    Image from a post by Voice of MyanmarImage from a post by Voice of Myanmar
  • Voice of Myanmar

    22 Sept, 06:24

    Image from a post by Voice of MyanmarImage from a post by Voice of Myanmar
  • Voice of Myanmar

    22 Sept, 06:24

    ပုဏ္ဏားကျွန်း သိမ်းဖို့ အစိုးရတပ်က စစ်ရေးအရှိန်နဲ့ထိုးစစ်ဆင်နေစက်တင်ဘာ ၂၂ - ၂၀၂၆ SN (VOM)ရခိုင်ပြည်နယ်အတွင်းက AA ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို ပြန်လည် သိမ်းယူနိုင်ဖို့ အစိုးရတပ်က စစ်ရေးအရှိန် မြှင့်တင်ထားပြီး ဆက်လက် ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲပိုမို ပြင်းထန်လာတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့မှစတင်ကာ အစိုးရတပ်တွေက တိုက်ပွဲ ဖော်ဆောင်လာလာတာဖြစ်ပြီး လက်ရှိမှာတော့ တိုက်ပွဲကာလ ရက်ပေါင်း ၂၀ နီးပါး ရှိလာပြီဖြစ်ပါတယ်။“အစိုးရတပ်က တဖက်မှာလည်း ပုဏ္ဏားကျွန်းကိုရဖို့ ထိုးစစ်ဆင်နေသလို တဖက်မှာလည်း စစ်တွေကို မပေးရရေး ကြိုးပမ်းနေတယ်။ ပုဏ္ဏားကျွန်း - စစ်တွေအစပ်နဲ့ စစ်တွေမြို့ရဲ့ အနီးတဝိုက်က ကာကင်းစခန်းတွေကို အစိုးရတပ်က အဓိက ခြေကုတ်ယူထားတာ တွေ့ရတယ်။ စစ်တွေမြို့ဘက်ကို ဦးတည်တဲ့ စစ်မျက်နှာပြင်မှာ တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာနိုင်တယ်။ နှစ်ဖက်စလုံးက စစ်ရေးအရ အသာစီးရဖို့ ကြိုးပမ်းနေတဲ့ အခြေအနေမှာ ရှိတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။အစိုးရတပ် စစ်ရေး
    963651Open in Telegram
  • Voice of Myanmar

    22 Sept, 05:44

    ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ( ၂၀၂၆ - စက်တင်ဘာ ၂၂ ၊ နံနက် ၁၀ နာရီ) Voice of Myanmar#ရွှေဈေး-ကမ္ဘာ့ရွှေဈေး တအောင်စ ၄၃၄၆ ဒေါ်လာရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၇,၁၅၀,၀၀၀ ကျပ်ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၁၀,၁၀၀,၀၀၀ ကျပ် ဝယ်ဈေး ၁၀,၀၆၀,၀၀၀ ကျပ်
  • Voice of Myanmar

    22 Sept, 05:44

    Image from a post by Voice of MyanmarImage from a post by Voice of Myanmar
  • Voice of Myanmar

    22 Sept, 05:43

    ကလေးမြို့မှာ ကွန်ပျူတာဆိုင်မီးလောင်လို့ ဝန်ထမ်းအမျိုးသမီးသုံးယောက် သေဆုံးစက်တင်ဘာ ၂၂ ၊ ၂၀၂၆ GG (VOM)စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တပ်ဦးသီတာရပ်ကွက်ရှိ ကွန်ပျူတာဆိုင်မှာ မီးလောင်မှုဖြစ်ပြီး ဆိုင်ဝန်ထမ်း အမျိုးသမီးသုံးယောက် သေဆုံးခဲ့တယ်လို့ ကလေးခရိုင်မီးသတ်ဦးစီးဌာနက သိရပါတယ်။စက်တင်ဘာ ၂၁ ရက်နေ့ည ၁၁ နာရီ ၁၀ မိနစ်လောက်မှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ် ပြီး ၊ မီလောင်ကျွမ်းချိန်မကြာပေမယ့် မီးကူးစက်မှုမြန် တဲ့အတွက် ဆိုင်အပေါ်ထပ်မှာ အိပ်နေတဲ့ ဝန်ထမ်းအမျိုးသမီးသုံးယောက် သေဆုံးခဲ့ပါတယ်။" Apple ကွန်ပျူတာမိတ္ထူဆိုင် မီးလောင်တာ။ လောင်တာအိမ်က တအိမ်တည်းပါ။ဆုံးတာက ဆိုင်အလုပ်သမားအမျိုးသမီးသုံးယောက် အပေါ်ထပ်မှာအိပ်ကြတာ။ ပိုင်ရှင်တွေက အောက်ထပ်မှာအိပ်တာ။ သူတို့က ဘေးကင်းတယ်။ မြို့မှာကတော့ ဆိုလာအင်ဗာတာနဲ့ သုံးကြတယ်။ညကျတော့ဖုန်းတွေအားသွင်းတယ်။ အဲဒီကနေ ဖုန်းအားသွင်းကပဲ အပူလွန်ကဲပြီး အနီးနားမှာရှိတဲ့စာရွက်စာတမ်းကို ကူးစက်လောင်တဲ့သဘောပါ။ အောက်ထပ်ကစလောင်တာပါ။မီးကစလောင်တဲ့အချိန်
    61321Open in Telegram
  • Voice of Myanmar

    22 Sept, 05:43

    Image from a post by Voice of MyanmarImage from a post by Voice of MyanmarImage from a post by Voice of MyanmarImage from a post by Voice of Myanmar