Latest posts

The Voice Of Spring | နွေဦးအသံ |
22 Sept, 17:09
◼️ရခိုင်-မကွေးအစပ် စစ်တပ်ကို AA ၂ ရက်တာတိုက်ခိုက်မှု စကစများစွာသေဆုံးပြီး လက်နက်အမြောက်အများသိမ်းရ၂၂ စက်တင်ဘာ ||| နွေဦးအသံ |||ရခိုင်နဲ့ မကွေးအစပ် နေရာ ၃ နေရာမှာ အကြမ်းဖက်စစ်တပ်ကို အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေက စက်တင်ဘာ ၂၀ နဲ့ ၂၁ ရက်တို့မှာ ၂ ရက်တာ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။မင်းတုန်းမြို့နယ်အစပ် သဖန်ရောင်ကျေးရွာ၊ ကံကြိုးကျေးရွာနဲ့ ပွိုင့် ၉၄၈ ကုန်းအနီးတို့မှာ ၂ ရက်တာတိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း သေဆုံးခဲ့တဲ့ စစ်အုပ်စု အလောင်းများစွာနဲ့ သိမ်းဆည်းရရှိ လက်နက်ခဲယမ်း အမြောက်အများကို AA က ထပ်မံထုတ်ပြထားတာပါ။ရခိုင်ပြည်နယ်အတွင်း ဆုံးရှုံးထားတဲ့ မြို့နယ်တွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်တပ်က 'ရန်နိုင်အောင်စစ်ဆင်ရေး' လို့ အမည်တပ်ပြီး အင်အားအလုံးအရင်းအသုံးပြုကာ ဖြန့်ကျက်ထိုးစစ်ဆင်နေသော်လည်း သေဆုံးထိခိုက်၊ ဆုံးရှုံးမှုများစွာနဲ့ အထိနာလျက်ရှိတယ်လို့ သတင်းရရှိပါတယ်။
The Voice Of Spring | နွေဦးအသံ |
22 Sept, 17:08

The Voice Of Spring | နွေဦးအသံ |
22 Sept, 15:11
◼️ကော့သောင်းမှာ စစ်ထဲထည့်ဖို့ စစ်တပ်ဖမ်းဆီးထားသူ ၂ ဦးနဲ့ ပစတဦးကို ပကဖ ကယ်ထုတ်🔹စစ်မှုထမ်း(ပစ)က တော်လှန်ရေးရဲဘော်အဖြစ် စစ်တပ်ကို ပြန်လည်တိုက်ခိုက်မည်ဟုဆို၂၂ စက်တင်ဘာ ||| နွေဦးအသံ |||ကော့သောင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က စစ်ထဲထည့်ဖို့ အဓမ္မဖမ်းဆီးချုပ်နှောင်ထားတဲ့ လူငယ် ၂ ဦးနဲ့ စစ်မှုထမ်း(ပစ)တဦးကို မြို့နယ် (ပကဖ) က ကယ်ထုတ်ခဲ့ပြီး စစ်မှုထမ်းတပ်သားက စစ်တပ်ကို ပြန်လည်တိုက်ခိုက်လိုတာကြောင့် စီစဉ်ဆောင်ရွက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။မလိဝမ်းကျေးရွာ၊ စစ်တပ်လက်ပါးစေ အုပ်ချုပ်ရေးမှူးရုံးမှာ စစ်တပ်က စစ်မှုထမ်းတပ်သားအဖြစ်စေခိုင်းဖို့ ပေါ်တာဆွဲဖမ်းဆီးချုပ်နှောင်ထားတဲ့ ကျော်မင်းဦး (၂၁ နှစ်)နဲ့ ကျော်မင်းခန့် (၂၄ နှစ်)တို့ကို ပကဖ ရဲဘော်တွေက စက်တင်ဘာလထဲမှာ သွားရောက်ကယ်တင်နိုင်ခဲ့တယ်လို့ မြို့နယ် ပကဖ က ထုတ်ပြန်ထားတာပါ။အလားတူ ကော့သောင်းအခြေစိုက် စစ်တပ် ခလရ ၂၆၂ မှ ပြည်သူ့ရင်ခွင်ခိုလှုံလိုတဲ့ အပတ်စဉ် ၂၀ ဆင်း စစ်မှုထမ်းတပ်သား(ပစ) ဇော်ကိုကို ကိုလည်း ပကဖ ရဲဘော်တွေက စက်တင်ဘာလထဲမှာပဲ
The Voice Of Spring | နွေဦးအသံ |
22 Sept, 15:11

The Voice Of Spring | နွေဦးအသံ |
22 Sept, 13:48
◼️စလင်းမှာ မီးဘေးသင့် ပြည်သူတွေကို ပကဖ ငွေကြေးနဲ့ ရိက္ခာတွေ ထောက်ပံ့၂၂ စက်တင်ဘာ ||| နွေဦးအသံ |||မကွေးဒေသ၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ မီးဘေးသင့် ပြည်သူတွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ ရဲဘော်/ရဲမေတွေက ငွေကြေးနဲ့ ရိက္ခာတွေ သွားရောက်ကူညီထောက်ပံ့ခဲ့တယ်လို့ မြို့နယ် ပကဖ ရဲ့ စက်တင်ဘာ ၂၂ ရက်၊ ထုတ်ပြန်ချက်အရ သိရပါတယ်။စစ်တပ် စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတာကြောင့် စားဝတ်နေရေး အခက်အခဲတွေ ရင်ဆိုင်နေကြရတဲ့ မြို့နယ် ပကဖ နဲ့ ရပ်ကျေး ပကဖ တွေရဲ့ မိသားစုဝင် အိမ်ထောင်စု ၅၀ ခန့်ကို ငွေကြေးနဲ့ ဆန်တွေ သွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။နိုင်ငံတဝှမ်းမှာ NUG အစိုးရက ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ တွေကို ကျယ်ပြန့်စွာ ဖွဲ့စည်းထားပြီး လူထုစည်းရုံးရေး၊ ပြည်သူ့စစ်မဟာဗျူဟာ ဖော်ဆောင်ရေးနဲ့ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေ စနစ်တကျ လုပ်ဆောင်လျက်ရှိတယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup✅ဆ
The Voice Of Spring | နွေဦးအသံ |
22 Sept, 13:48

The Voice Of Spring | နွေဦးအသံ |
22 Sept, 13:48

The Voice Of Spring | နွေဦးအသံ |
22 Sept, 11:17
◼️အညာမှာ အောင်ပွဲရရှေ့တန်းပြန်ရဲဘော်တွေနဲ့ ရှေ့တန်းထွက်မယ့်ရဲဘော်တွေကို ဂုဏ်ပြုညစာစားပွဲပြုလုပ်၂၂ စက်တင်ဘာ ||| နွေဦးအသံ |||အညာတမာစစ်ဆင်ရေး ရှေ့တန်းစစ်မြေပြင်မှ ပြန်လာတဲ့ ရဲဘော်တွေနဲ့ ရှေ့တန်းထွက်မယ့် ရဲဘော်တွေကို ကြိုဆိုခြင်းနဲ့ ဂုဏ်ပြုညစာစားပွဲ စက်တင်ဘာ ၂၀ ရက်၊ ညပိုင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။အညာမြေတပ်ပေါင်းစုနဲ့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့မှ ရှေ့တန်းပြန်လာတဲ့ ရဲဘော်တွေ၊ ရှေ့တန်းသွားကြမယ့် ရဲဘော်တွေအတွက် ကြိုဆိုပွဲ၊ ဂုဏ်ပြုညစာစားပွဲကို တော်လှန်ပြည်သူအလှူရှင်တွေရဲ့ ပါဝင်လှူဒါန်းမှုတွေနဲ့ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း အညာမြေတပ်ပေါင်းစုက ဖော်ပြထားတာပါ။တမာမြေစစ်ဆင်ရေး၊ အမေစုစစ်ဆင်ရေးနဲ့ အညာတမာစစ်ဆင်ရေးတွေမှာ အညာမြေတပ်ပေါင်းစုနဲ့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်တွေအနေနဲ့ တောက်လျှောက်လိုက်ပါပြီး တိုက်ပွဲဝင်လျက်ရှိတယ်လို့ ဆိုပါတယ်။အဲဒီစစ်ဆင်ရေးတွေမှာ အောင်ပွဲနဲ့အတူ ပြန်လာနိုင်တဲ့ ရဲဘော်တွေအတွက် ဝမ်းမြောက်ဂုဏ်ယူရသော်လည်း ကျဆုံးခဲ့ရတဲ့
The Voice Of Spring | နွေဦးအသံ |
22 Sept, 11:17

The Voice Of Spring | နွေဦးအသံ |
22 Sept, 06:28edited
◼️ရခိုင်လူမျိုးတို့အထွတ်အမြတ်ထားရာ တောင်ဖူးဘုရားကြီးကို စစ်တပ်ဗုံးကြဲဖျက်ဆီး၊ အမျိုးသမီး တဦးသေဆုံး၂၂ စက်တင်ဘာ ||| နွေဦးအသံ |||ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး တဦးသေဆုံးပြီး တဦးအပြင်းအထန်ဒဏ်ရာရခဲ့တဲ့အပြင် တောင်ဖူးဘုရားကြီးရဲ့ ကျောင်းဆောင်တော်လည်း ကြီးမားစွာပျက်စီးခဲ့တယ်လို့ သိရပါတယ်။ရခိုင်လူမျိုးတို့ အထွတ်အမြတ်ထားတဲ့ သမိုင်းဝင်တောင်ဖူးဗုဒ္ဓရုပ်ပွားတော်မြတ် စံပယ်ရာ သာသနိကမြေဖြစ်တဲ့ တောင်ဖူးကျေးရွာကို စစ်ကောင်စီ လေတပ်က စက်တင်ဘာ ၂၀ ရက် ည ၁ နာရီခန့်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းမီဒီယာအချို့မှာ ဖော်ပြထားတာပါ။တိုက်ခိုက်မှုကြောင့် အသက် ၃၂ နှစ်အရွယ် အမျိုးသမီး တဦးသေဆုံးပြီး အသက် ၄၃ နှစ်အရွယ် အမျိုးသမီး တဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့တဲ့အပြင် ဉာဏ်တော်အမြင့်ဆုံး ရုပ်ပွားတော်များထဲမှ တဆူဖြစ်တဲ့ တောင်ဖူးဘုရား ကျောင်းဆောင်တော်ကြီး ကြီးမားစွာပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ဒါ့အပြင် ကျေးရွာထဲရှိ ဘုန်းတော်ကြီးကျောင်းဆောင်တွေနဲ
The Voice Of Spring | နွေဦးအသံ |
22 Sept, 06:28

The Voice Of Spring | နွေဦးအသံ |
21 Sept, 13:53
◼️ဘီးလင်းမှာ စစ်တပ်က ပေါင် ၅၀၀ ဗုံးများကြဲချတိုက်ခိုက်ခဲ့သဖြင့် စာသင်ကျောင်းများအပါနေအိမ် ၄၀ ခန့်ပျက်စီး၂၁ စက်တင်ဘာ ||| နွေဦးအသံ |||မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ အကြမ်းဖက်လေတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးများကြဲချတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းတွေအပါအဝင် ပြည်သူပိုင်နေအိမ်အဆောက်အအုံ ၄၀ လုံးခန့် ပျက်စီးခဲ့တယ်လို့ KNU ရဲ့ စက်တင်ဘာ ၂၁ ရက်ထုတ်ပြန်ချက်အရ သိရပါတယ်။ကျသောင်းဆိပ်ကျေးရွာကို စစ်ကောင်စီလေတပ်က စက်တင်ဘာ ၁၉ ရက်၊ ည ၁၁ နာရီခန့်မှာ ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ရွာအနောက်ပိုင်းရှိ စာသင်ကျောင်း ၃ ကျောင်း၊ ဝန်ထမ်းအိမ်ရာ ၁ လုံး၊ နေအိမ် ၂ လုံးနဲ့ အရှေ့ပိုင်းရှိ စာသင်ကျောင်း ၂ ကျောင်း အပါအဝင် ပြည်သူပိုင်နေအိမ်အဆောက်အအုံ ၃၆ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ဒါ့အပြင် တရက်တည်းမှာပဲ ကျသောင်းဆိပ်ရွာအနောက်ခြမ်းကို ကတိုင်ဒိ အခြေစိုက်စစ်တပ်က ည ၁၁ နာရီ ၄၀ မိနစ်ခန့်မှာ ၁၂၀ မမ လက်နက်ကြီး ၄ လုံး နဲ့ ထပ်မံပစ်ခတ်ခဲ့တာကြောင့် ပြည်သူလူထုရဲ့ လုပ်ငန်းခွင်တွေနဲ့
The Voice Of Spring | နွေဦးအသံ |
21 Sept, 13:53

The Voice Of Spring | နွေဦးအသံ |
21 Sept, 12:30edited
◼️မင်းကင်းမြို့နယ်ရှိ တိုက်နယ်၊ ရပ်/ကျေးပကဖ တာဝန်ခံများကို လုပ်ငန်းလမ်းညွှန်နဲ့ မွန်းမံစစ်သင်တန်းပေး၂၁ စက်တင်ဘာ ||| နွေဦးအသံ |||စစ်ကိုင်းဒေသ၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်အတွင်းရှိ တိုက်နယ်၊ ရပ်ကွက်/ကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံတွေကို လုပ်ငန်းလမ်းညွှန်နဲ့ မွမ်းမံစစ်သင်တန်း လေ့ကျင့်ပို့ချပေးခဲ့ပြီး စက်တင်ဘာ ၁၈ ရက်မှာ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ကြီးမှူးပြုလုပ်ခဲ့တဲ့ အပတ်စဉ် ၃/၂၀၂၆ ပကဖ လုပ်ငန်းလမ်းညွှန်နဲ့ မွမ်းမံစစ်သင်တန်း ပြီးစီးခဲ့ကြောင်း သင်တန်းဆင်းပွဲဓာတ်ပုံမှတ်တမ်းအချို့နဲ့အတူ မြို့နယ် (ပကဖ)က ထုတ်ပြန်ထားတာပါ။အဆိုပါသင်တန်းကို မင်းကင်းမြို့နယ် တိုက်နယ် ၁ နဲ့ ၂ အတွင်းရှိ ရပ်ကွက်နဲ့ ကျေးရွာ ပကဖ တာဝန်ခံ ၁၉ ဦးတက်ရောက်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်တွေကိုလည်း ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက် မင်းကင်းမြို့နယ် ပကဖ က အသိပေးထားတာ တွေ့ရပါတယ်။Photo | မင်းကင်း ပကဖ
The Voice Of Spring | နွေဦးအသံ |
21 Sept, 12:30
Followers write to the bot, you answer by reply, your account stays hidden. Created in one tap.
How it works →Related Channels
Other channels in the same section of the catalogue.
